ရေစီးတစ်ခါ ရေသာတလှည့် တဲ့။ “စစ်ပွဲတွေ လောလောဆယ် မရှိသေးဘူး။ အေးအေးချမ်းချမ်းပဲ။”လို့ ထင်ခဲ့ရတဲ့ကာလတွေက ကုန်သွားပြန်ပြီလေ။ ဖားကန့်ဘက် ကသိုဏ်းတောင်ပေါ်က စစ်ခွေးဂိတ်ကို KIA က သွားသိမ်းပြီးတဲ့နောက်မှာ ဒီဘက်ပိုင်းက ရွာသူရွာသားတွေအားလုံး လေကြောင်းအန္တရာယ် ဥဩသံကြီး အလိုလို ကြားယောင်နေတာဟာ ဘဝပေးအသိ လို့ ပြောရရင် တော်တော် ရင်နာစရာကောင်းမှာပဲ။ ယူကရိန်း နဲ့ ရုရှားလို ပြည်ပက ကျူးကျော်စစ်လည်း မဟုတ်သလို အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့သူတွေကလည်း စစ်သားတွေ မဟုတ်ကြပါဘူး။ အရပ်သား ပြည်သူတွေပါ။ ကိုယ့်တိုင်းပြည်က တိုင်းသူပြည်သားတွေရဲ့ ရပ်ရွာအိုးအိမ် ဘာသာရေးအဆောက်အဦတွေကို အဲ့ဒီတိုင်းပြည်ရဲ့ စစ်တပ်ကိုယ်တိုင်က ရက်ရက်စက်စက် ဗုံးကျဲ မီးရှို့ သတ်ဖြတ်တယ် ဆိုတဲ့ဖြစ်ရပ်ဟာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေမှာ ရှိရောရှိပါ့မလား မသိဘူး။ ဒါတွေက အရေးမကြီးတော့ပါဘူး။ သူ့ဟာသူ […]
ချန်ဂင်တို့စခန်း
ချန်ဂင်တို့စခန်း (၁၉၇)
ယုန်ပေါက်ကလေးတွေ ဆယ်ရက်သား ရှိလာပြီ။ မျက်လုံးလေးတွေပွင့်ပြီး အမွှေးလေးတွေ စုံလာပြီ။ ကတ္တီပါသားလေးလို နူးနူးညံ့ညံ့လေး။ အဖြူဆွတ်ဆွတ်ကလေး ၂ ကောင်ပါတယ်။ ဝတုတ် လုံးကစ် နေတာပဲ။ တနေ့ကို ၂ ခါတော့ သူ့အမေကိုခေါ်ပြီး နို့တိုက်ပေးတယ်။ သွားကလေးတွေပေါက်လာတော့ သူတို့အမေက နာလို့လားမသိဘူး။ ကုန်းကုန်းထတယ်။ အရွက်မစားနိုင်သေးတော့ နို့ခွဲလို့ မရသေးဘူး ထင်တာပဲ။ လမ်းတော့ တောက်တောက်ပြေးနေပြီ။ အဖိတ်အစင်မရှိ အဖတ်တင်လို့ ဝမ်းသာမိပါတယ်။ နည်းနည်းလေး အလုပ်ရှုပ်ခံလိုက်ရင် သတ္တဝါ ၇ ကောင် အသက်ရှင်တယ်လေ။ သူတို့အမေကို တစ်လသားလောက်က ယူမွေးတာ အသက် ၆ လ အရောက်မှာ ၂ သားပေါက်နေပြီနော်။ ကလေးတွေနို့စွဲတော့ သူ့ခမျာ ပိန်ရှာတယ်။ အစားဖိကျွေးနေရတာ။ နေ့စဉ်ပုံမှန် လုပ်သွားတဲ့ အလုပ်တွေက အချိန်တခု […]
ချန်ဂင်တို့စခန်း (၁၉၆)
မိုးလေဝသကတော့ မုန်တိုင်းရှိတယ်။ နောက်ထပ် ၅ ရက်လောက် မိုးရွာဦးမယ် လို့ ပြောပါတယ်။ အပြင်မှာလည်း မိုးတွေရွာနေတာ မတိတ်သေးပါဘူး။ မိုးမတိတ်သ၍ လမ်းက ဘယ်လိုမှ သွားမရနိုင်တာ သေချာတာပေါ့။ ဒီတစ်ခါလမ်းပိတ်တာ ရေကြီးတာက ကိုယ်တို့ဆီက တောလမ်းတွေတင်မကဘူး။ ဟိုးသံလမ်းရိုးပေါ်က ကတ္တရာလမ်းပေါ်ပါ ရေလွှမ်းနေတာမို့ ဆေးတွေလည်း မှာမရဘူး။ အောက်ဆီဂျင်တွေလည်း ဖြည့်မရဘူး။ ဓါတ်ခွဲခန်းက သွေးအဖြေ၊ အသားစအဖြေတွေလည်း ထွက်မလာတော့ပါဘူး။ ဘာမှကို လုပ်မရတော့တာ။ တယ်လီဖုန်းလိုင်းရော၊ အင်တာနက်လိုင်းရော ပျောက်နေတယ်။ ကိုယ့်ဆီက စာဝင်စာထွက်ကို စစ်ချင်ရင် ညသန်းခေါင်ကျော် ၂ ချက် ၃ နာရီလောက် ထပြီး ကိုယ်ပို့တဲ့စာရောက်မရောက်စစ်။ ကိုယ့်ဆီဝင်တဲ့စာ တက်ဖတ်ရတယ်။ တခါတလေ တစ်ပါတ်စာပျောက်နေတဲ့ နိုတီတွေက အဲ့ဒီအချိန်ရောက်ကာမှ တတိန်တိန်နဲ့ အားလုံးစုပြုံ တက်လာတော့တယ်။ […]
ချန်ဂင်တို့စခန်း (၁၉၅)
ညဘက်တွေမှာ မိုးအရမ်းသည်းတာ ၃ ည ရှိပြီ။ ရေတွေသွန်ချလိုက်သလို ရွာတယ်။ လျှပ်စီးတွေ အဆက်မပြတ်လက်ပြီး အုန်းအုန်းထနေအောင် မိုးကြိုးတွေပစ်တယ်။ ကိုယ့်ခေါင်မိုးပေါ်ကို ပစ်ချလိုက်သလို သိမ့်ကနဲသိမ့်ကနံ တုန်သွားတယ်။ တံတားဦးက လေယာဉ်တက်တယ် သတင်းရလို့ ကိုယ်တို့လည်း မအိပ်သေးပါဘူး။ ဒါပေသိ မိုးကြိုးက ဗုံးထက်ပိုပြင်းနေလို့ သူတို့လည်း ပစ်နိုင်မယ် မထင်ပါဘူး။ နန်ဆမ်ယန်မှာ ၄ လုံးကျဲသွားတယ် လို့ သိရတယ်။ မိုးလင်းတဲ့အခါ ကိုယ်တို့အိပ်တဲ့အိမ်အောက်မှာ ရေပြင်ကြီးမှ ဖွေးနေတာပဲ။ ရွာမြီးဘက်မှာတော့ အိမ်ဝင်းထဲ ရေတွေကြီးနေကြပြီ။ ချောင်းကလေးထဲက ရေပြင်ဟာ အမြင့်ဆုံး ကမ်းပါးစပ်ကို ထိလာပြီ။ ရေတွေက ချောင်းနဲ့အပြည့်တင် မဟုတ်ဘူး။ ဘေးဘက်ကိုပါ လျှံထွက်လာတယ်။ ခုချိန်ဆို ကားလမ်းပိုင်းတော်တော်များများ ရေမြုပ်သွားပြီ။ တောင်ပေါ်တွေမှာ မိုးရေစီးကြောင်းတွေနဲ့ မြေတွေပြိုမယ်။ ချိုင့်ဝှမ်းမြေနိမ့်က […]
ချန်ဂင်တို့စခန်း (၁၉၄)
ယုန်မလေးက နောက်တစ်သား ပေါက်ပြန်ပြီ။ ဒီတစ်ခါ ၇ ကောင်တောင်။ တစ်လတောင် မပြည့်သေးဘူး။ နောက်တစ်သားမွေးတယ်ဆိုတော့ တော်တော်မြန်တာပဲ။ ခုတစ်ခေါက်တော့ ကလေးတွေ တက်အနင်းမခံရအောင် သူတို့သားအမိတစ်မြုံကို အိပ်ခန်းထဲထည့်ပြီး nursing home လုပ်လိုက်တယ်။ အပြင်မှာနေရင် သူ့ဆီကအနံ့တွေကြောင့် နောက်က တရုံးရုံးလိုက်နေကြတာကိုး။ အတူတူထားပေမယ့် နို့တိုက်တာလည်း မတွေ့လို့ မနေနိုင်တော့ဘူး။ သူ့ကိုဖမ်းချုပ်လှဲပြီး ကလေးတွေကို တစ်ကောင်ချင်း ကြယ်သီးတပ်သလို လိုက်တပ်မှ သူလည်းငြိမ် ကလေးတွေလည်း နို့ဝတယ်။ အကောင်လေးတွေက အရေပြားပါးပါးကြည်ကြည်လေးတွေမို့ နို့ဝသွားရင် ဗိုက်ကလေး တင်းပြောင်လာရော။ အီအီးတွေ ရှူရှူးတွေလည်း ထွက်ကြတယ်။ တနေ့ ၂ ခါတော့ ယုန်နို့တိုက်တဲ့ အလုပ်ရတာပေါ့လေ။ နောက်တော့ အနံ့ပြင်းလွန်းလို့ သူတို့အမေကို အပြင်ပြန်ထုတ်ပြီး နို့တိုက်ချိန်ကျမှ အထဲခေါ်တိုက်တော့တယ်။ ကိုယ်တွေမရှိရင် သူတို့ […]
ချန်ဂင်တို့စခန်း (၁၉၃)
တခါတခါတော့လည်း ဘဝက ရယ်စရာကောင်းပါတယ်။ အခုဆို နေရင်းထိုင်ရင်း ရေသန့်ပုလင်းတွေနဲ့ နေထိုင်ရသော ဘဝ ဖြစ်သွားတယ်။ ရောက်လေရာအရပ်မှာ ရေသန့်ပုလင်းလေး တကိုင်ကိုင်နဲ့ “ကျွန်တော်ကတော့ ရေပဲ။” ဆို စွမ်းဇာနည် လုပ်ပြနေရတယ်။ သောက်ပြီးသား ရေသန့်ဗူးခွံတွေလည်း လွှင့်မပစ်နိုင်ပဲ အခန်းထဲသိမ်းထားရသေး။ ရှူရှူးပေါက်ရင် အဲ့ထဲပဲပေါက်ရတာလေ။ တော်နေကြာ ကျောက်က ဂလောက် ဆို ထွက်ကျလာမလား၊ ဖလွတ် ဆိုပြုတ်ကျလာမလား မှ မသိတာ။ လာတာတော့ လာတော့မယ်။ နာတာက ခါးကနေ ခါးစောင်း၊ ခါးစောင်းကနေ ပေါင်ခြံအထက်နားလောက်ဆီ ရောက်လာပြီ။ အမြဲနာနေတာတော့ မဟုတ်ပါဘူး။ ရံဖန်ရံခါလောက်သာပါ။ ဆေးထိုးဆေးသောက်လိုက်ရင် ပျောက်သွားရော။ ကိုယ့်ဆရာသမားများက ကုသမှုအကြံဉာဏ်များ ပေးကြသလို စာဖတ်သူမိတ်ဆွေများဆီကလည်း ကိုယ်တွေ့ဆေးနည်းမျိုးစုံ ဝေငှကြပါတယ်။ ဆေးတွေဝါးတွေလည်း ပို့ပေးကြတယ်ဗျ။ တော်တော်များများလည်း ဒီမှာ […]