ချန်ဂင်တို့စခန်း (၂၆၀)

အောက်ပြည်အောက်ရွာမှာ မိုးသက်လေပြင်းတွေတောင် တိုက်ခတ်နေပြီ လို့ ပြောသံကြားတယ်။ ဒီမှာလည်း ၂ ရက်တစ်ခါ၊ ၃ ရက်တစ်ခါလောက် မိုးရွာပါတယ်။ လေပြင်းပြင်းတိုက်ပေမယ့် မုန်တိုင်းတော့ မဟုတ်သေးဘူး။ မုန်တိုင်းတွေက မြန်မာပြည်မြောက်ဖျားကို ရောက်ရင် အားပျော့သွားပြီး မိုးချည့်ပဲ သည်းသည်းမည်းမည်း ရွာတတ်တာမျိုးပါ။ ဒီကရေတွေနဲ့မှ ဧရာဝတီအဖြစ် တပြည်လုံးကို ဖြတ်သန်းစီးဆင်းရမှာ မဟုတ်လား။ ရွာပါစေလေ။ ကိုယ်တွေလည်း အေးအေးချမ်းချမ်း နေရတာပေါ့။ ကိုယ့်နေရာက အင်းတော်ကြီးကန်ရဲ့ သဘာဝပတ်ဝန်းကျင် နဲ့ ဇီဝစက်ဝန်းထဲမှာ ပါတာဆိုတော့ သူ့ eco system ကြီး မပျက်စီးပဲ ဖြစ်စဉ်ဖြစ်မြဲ ဖြစ်နေကျသော သဘာဝတရားကြီးအတိုင်း သမားရိုးကျ ရှိနေတာ ကောင်းပါတယ်။ ရွှေတွေကျောက်တွေ မတရားသဖြင့်တူးလွန်းလို့ မြေဆီလွှာတွေ အထက်အောက် ကျွမ်းသဒ္ဒါလန်ကုန်တာတောင် အင်မတန် နှမျောဖို့ကောင်းတာ။ ဒီလိုဆိုရင် […]

ချန်ဂင်တို့စခန်း (၂၅၉)

မိုးတွေ အုံ့လိုက်ရွာလိုက်နဲ့ လေးငါးရက် ရှိတဲ့အခါ ရာသီဥတုကလည်း ချက်ချင်းပြောင်းသွားပါတယ်။ အနွေးထည်တွေ ဘာတွေတောင် ပြန်ထုတ်ဝတ်ယူရတယ်။ ဆိုလာတွေ အားပြန်မပြည့်တော့ဘူး။ ရုတ်တရက်ကြီး မိုးတွင်းရောက်သွားသလိုပါပဲ။ ဟိုးအရင်နှစ်ကလည်း သင်္ကြန်ပြီးတာနဲ့ ဝါဝင်တဲ့အထိ တောက်လျှောက် မိုးတွေရွာဖူးတာမို့ အခုလည်း ဘယ်ပြောနိုင်ပါ့မလဲ။ ခြင်တွေပေါလာလို့ ငှက်ဖျားလူနာတွေ တက်လာတာနဲ့ ဆေးတွေပဲ တွင်တွင်မှာနေရတယ်။ မနှစ်ကတုန်းကလိုဆို ကြောက်စရာကြီးရယ်။ ရွာထဲကို ဗုံးလာကျဲတော့ ရွာသားတွေက လယ်တောထဲကို ထွက်ပြေးပြီး ပုန်းအိပ်ကြရတယ်။ အဲ့ဒီမှာ ခြင်ကိုက်တော့ အခု တစ်ရွာလုံး ကလေးလူကြီးမကျန် ငှက်ဖျားမိလာကြရော။ ဆေးရုံက လူတွေပါ ဖျားကြတယ် ပိုးတွေ့တယ်လေ။ မှာထားတဲ့ဆေးတွေ ရောက်မလာသေးတော့ စိတ်ထဲမှာ နေလို့မဖြောင့်ဘူး။ ခြေဆုံးခေါင်းဆုံး Daily dressing ထည့်ရတဲ့ လူနာတွေလည်း များသမို့ ဂွမ်းတွေပတ်တီးတွေတောင် မှာလို့မလောက်အောင် […]

ချန်ဂင်တို့စခန်း (၂၅၈)

ဆယ်ဇင်းစစ်ပွဲက ပြီးသွားပါပြီ။ စကစတွေက ၁၁၆ တပ်ရင်းရော ရဲစခန်းရော စွန့်ခွါသွားခဲ့ပြီ။ သူ့အနားဝန်းကျင်မှာ စစ်ကောင်စီစခန်းဆိုလို့ အင်းတော်ကြီးက လုံးတုံဂိတ်မှာတစ်ခု၊ ဟိုဘက်မှာဆိုရင် ဖားကန့်က တပ်တွေပဲ ရှိတော့မယ်။ ဒါပေမယ့်လည်း ကိုယ်ခန့်မှန်းထားသလို လူနာတွေက ဆက်ပြီး လာနေတယ်။ ထူးဆန်းတာကတော့ နောက်ဆုံးရောက်လာတဲ့ လူနာ နှစ်ယောက်ဟာ အရင်က ရောက်နေကျ ဗုံးဆံမှန်လူနာတွေနဲ့ မတူတာပါပဲ။ မတူတာမှ တော်တော့ကို မတူတာပါ။ ၃၀.၄.၂၀၂၄ ည ၈ နာရီခွဲလောက်မှာ drop bomb မှန်တဲ့ လူနာတစ်ယောက် လာပါတယ်။ ဒဏ်ရာက နောက်ကျောဘက် လက်ပြင်ရိုး ၂ ခုကြားမှာ။ အဝင်အထွက် ၂ ပေါက်လို့ ထင်တာပဲ။ လိပ်ပြာပုံရှိတယ်။ အထဲကို ဗုံးဆံဝင်သွားသလား သိချင်လို့ ရင်ဘတ်ဓါတ်မှန်ရိုက်တယ်။ ဘာမှမရှိဘူး။ […]

ချန်ဂင်တို့စခန်း (၂၅၇)

ဗေဒင်ဟောမစားပေမယ့်လည်း “ငါ ထင်ရင် လွဲခဲတယ်။” ဆိုတဲ့အထိတော့ ရှေ့ဖြစ် ခန့်မှန်းနိုင်ပါတယ်။ ဆယ်ဇင်း ရဲစခန်းရော ၁၁၆ တပ်ရင်းရော အကုန် သိမ်းပြီးပြီဆိုတော့ ရှေ့တန်းပို့ထားတဲ့ ဆေးခန်းလေးသိမ်းပြီး ဆေးရုံလူနာတွေ စိတ်အေးလက်အေး ကုရတော့မယ် လို့ ထင်မထားပါဘူး။ စခန်းသိမ်းပွဲပြီးရင် after shock တွေ လာတတ်တယ်။ စခန်းကုန်းထဲမှာ မိုင်းတွေအတွဲလိုက် ထောင်ထားခဲ့တာတွေ။ လေယာဉ်နဲ့ ဗုံးလာချတာတွေက သူတို့လည်း လုပ်နေကျမို့ လက်ယဉ်နေသလို ကိုယ်တို့လည်း ခံရဖန်များလို့ မှတ်မိနေပါပြီ။ မိုင်းရှင်းတယ်ဆိုတာ ကျွမ်းကျင်တဲ့ မိုင်းပညာရှင်နဲ့ စံနစ်တကျ ဖြုတ်လည်း အခန့်မသင့်ရင် ပေါက်ကွဲတတ်သေးတာပဲ။ စစ်ပွဲပြီးသွားပြီမို့ ကိုယ့်အိမ်ကိုယ့်ယာကလေး အကောင်းအတိုင်းမှ ကျန်ပါလေစ ပြန်ကြည့်တဲ့ အရပ်သားတွေလည်း စစ်သားတွေ ထောင်ပစ်ခဲ့တဲ့ မိုင်းနဲ့ ညားတတ်သေးတယ်။ ဒါကြောင့်မို့ ကိုယ်ကတော့ […]

ချန်ဂင်တို့စခန်း (၂၅၆)

ကိုယ့်ဆီကို စစ်ရောက်လာလို့ တစ်ရွာလုံး စစ်ရှောင်စစ်ပြေးလုပ်ရတဲ့အခါကျမှပဲ စစ်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုရှင်သန်ကျန်ရစ်အောင် မွေးမြူရသလဲ ပိုသဘောပေါက်လာပါတယ်။ ၁၂ ရက်ကြာ အကြိတ်အနယ် တိုက်ခိုက် သိမ်းပိုက်ယူရတဲ့ တာမခံတိုက်ပွဲမှာ ဒဏ်ရာရတဲ့ အရပ်သားလူနာ တစ်ယောက်ပဲ ရှိခဲ့တာကို မဖြစ်နိုင်ဘူး လို့ ကိုယ်က ယူဆခဲ့တယ်။ မြေပြင်အခြေအနေ ဘယ်လိုရှိသလဲ သိရအောင် စစ်ရှောင်စခန်းထိ လိုက်သွားပြီး လူနာတွေ ရှိရင် ဆေးရုံပို့ဖို့ ရပ်မိရပ်ဖတွေနဲ့ ချိတ်ဆက်မေးမြန်းခဲ့သေးတယ်။ အဲ့ဒီနောက် ဆယ်ဇင်းမှာ စစ်ပြန်ဖြစ်တော့မှပဲ KIA က အရပ်သားတွေ အထိအခိုက်မရှိအောင် ဘယ်လိုလုပ်ထားသလဲ ကိုယ်တိုင်သိရတာ။ အလစ်အငိုက်ယူပြီးတိုက်တာ မဟုတ်ဘူး။ မတိုက်ခင်ကတည်းက “လက်နက်ချမလား၊ ဆုတ်ခွါမလား၊ ဘယ်ရက်ဘယ်ရက် နောက်ဆုံးထားပြီး အဖြေပေး။ အဲ့ဒီရက်ကျော်ရင် တိုက်မှာ။” လို့ စာအရင်ပို့ထားတယ်။ ရွာထဲကလူတွေကိုလည်း […]

ချန်ဂင်တို့စခန်း (၂၅၅)

ဒီအရပ်ဒေသမှာ ဆေးရုံကလေးတစ်ခု စဆောက်ဖို့ ဘယ်တုန်းက စိတ်ကူးရသွားသလဲဆိုရင် ချင်းပြည်နယ်မှာ အငြိမ်း ဆောက်ထားတဲ့ ဆေးရုံလှလှကလေးကို လေယာဉ်နဲ့ ဗုံးကျဲပြီး ရစရာမရှိအောင် ဖျက်စီးပစ်လိုက်တဲ့အချိန်က စပါတယ်။ စစ်သားတွေက ဆရာဝန် နဲ့ ဆေးဝန်ထမ်းတွေကို အငြိုးတကြီး ပစ်မှတ်ထားတိုက်ခိုက်နေမှန်းကို ရန်ကုန်မှာကတည်းက သိပြီးသားပါ။ “ဒီကောင်တွေကို မှတ်လောက်သားလောက်အောင် ဆုံးမပြလိုက်ဦးမယ်။” လို့ အမြဲတွေးသလို သူတို့ပစ်သတ်ထားတဲ့ ပြည်သူလူထုကို ကုသပေးတဲ့ ဆေးစခန်းတွေကိုလည်း ရှာဖွေဖျက်စီးလေ့ရှိပါတယ်။ ကိုယ့်ရဲ့စိတ်နေသဘောထားအရတော့ အဲ့သလိုဖိနှိပ်မှုမျိုးကို ဘယ်သောအခါမှ ခေါင်းငုံ့မခံတတ်ပါဘူး။ “ဒီကောင်တွေ ဆေးရုံဖျက်ရင် ငါ ဆေးရုံဆောက်ပြမယ်။” ဆိုတဲ့စိတ်နဲ့ ဒီအခြေအနေထိရောက်အောင် လုပ်ခဲ့တာပါ။ ဒီမှာ ဆေးရုံဆောက်ဖို့ စဉ်းစားတဲ့အခါမှာ ပထမဆုံးနဲ့ အရေးအကြီးဆုံး ထည့်သွင်းစဉ်းစားရတဲ့အချက်က စစ်သားတွေ လာဖျက်စီးမယ့် အန္တရာယ်ကို ဘယ်လို ကာကွယ်ပြင်ဆင်ထားမလဲ ဆိုတဲ့အချက်ပါပဲ။ […]