ချန်ဂင်တို့စခန်း (၂၃၄)

ကိုယ်တို့ငယ်ငယ်တုန်းကတော့ ဆန်ဆိုတာ သမဆိုင်က ဝယ်ရတဲ့ဟာမို့လို့ ခဲ သလဲ ဖွဲ ဆန်ကွဲ မစင်ဘူး။ ထမင်းချက်ခါနီးတိုင်း ဆန်မဆေးခင် ဆန်ကောလေးတစ်ချပ်နဲ့ ပျာတီးသန့်စင်ပြီး စပါးလုံးကောက်ရတယ်။ ဆန်တွေကို ဆန်ကောထဲထည့်ပြီး လေးငါးချက်လောက်မွှေ့ ၊ ဗျပ်ကနဲဗျပ်ကနဲ ခါထုတ်လိုက်ရင် စပါးလုံးကသပ်သပ်၊ ဆန်ကွဲကသပ်သပ်၊ ခဲလုံးကသပ်သပ်၊ သူ့ဟာနဲ့သူ တူရာတူရာ စုသွားပြီး မလိုချင်တာကို ကောက်ယူလွှင့်ပစ်လိုက်ရုံပဲ။ ဆန်ကျိုးဆန်ကွဲတွေဆိုလည်း ဆန်ကောင်းနဲ့ တူတူရောမချက်ပဲ ဆန်ပြုတ်ပြုတ်ဖို့၊ ခွေးစာဝက်စာကျိုဖို့လောက်သာ ထားတယ်။ ဟော အခု ခွေးပစ်တဲ့တုတ်က အာဏာထသိမ်းလိုက်တဲ့ ၃ နှစ်ကာလမှာလည်း ဆန်ကောဝိုင်းဆန်ပျာလိုက်သည့်အလား တူရာတူရာတွေစုသွားကြတာပါပဲ။ ကိုယ်တွေက ကိုယ်တွေသပ်သပ်၊ ဟိုခွေးသူတောင်းစားတွေက ခွေးသူတောင်းစားသပ်သပ် ဖြစ်သွားတာ မြင်တယ်မှလား။ ဒီဘက်မှာ ရှိနေတာ ဘယ်လိုလူတွေလဲ၊ ဟိုဘက်မှာ အမြီးနန့်နေတာ ဘာကောင်တွေလဲ။ သိသိသာသာကို […]

ချန်ဂင်တို့စခန်း (၂၃၃)

ဦးအောင်ဒင်က မမြဝင်းကို တောထဲဖမ်းခေါ်သွားတဲ့အခါ သူ့ခမျာ “တစ်နေ့တစ်နေ့နဲ့ တရွေ့ရွေ့ အချိန်တွေကုန်ပြီ” ဆို ငိုမဲ့မဲ့လေး သီချင်းဆိုရင်း လွမ်းနေတာ “ဆယ့်နှစ်လရာသီ” ပါတဲ့။ ကိုယ်တို့များဖြင့် တောထဲမှာ ဆေးရုံထောင်ထားတာတောင် ၂၆ လ ရှိနေပြီ။ မင်းမခယောက်ကျား လုပ်နေလျက်နဲ့ ပြည်တော်မပြန်နိုင်တဲ့ ဘဝ။ ဘယ်သူ့ကိုမှလည်း “မေ့ကာနေသလား ရက်စက်လေအား။” အပြစ်မတင်ပါဘူး။ ဘယ်သူမှ မခိုင်းပဲ ကိုယ့်အသိနဲ့ကိုယ် လုပ်နေတာမို့ မသိနိုင် မလုပ်နိုင် နေနိုင်လွန်းတဲ့သူတွေကို ကြေးနှိုင်းတွက်ကပ်နေစရာ အကြောင်းမရှိ။ သူတို့လုပ်တာ သူတို့သမိုင်း ကိုယ်လုပ်တာ ကိုယ့်သမိုင်း။ သူတို့ကလည်း “ဒီကောင်တွေ အ လို့ တောထဲရောက်နေတာ။” လို့ ထင်ကြမှာပဲ။ ကိုယ်တို့ကလည်း အဲ့ဒီလူတွေ လည်ပုံလည်နည်းမျိုးကို ရွံလွန်းလို့။ သူတိူ့မပါတာနဲ့ပဲ တော်လှန်ရေးကြီးက နှောင့်နှေးသွားစရာလား။ ”ကိုကိုကယ်ရင် […]

ချန်ဂင်တို့စခန်း (၂၃၂)

ကလေးတွေ ဂိမ်းဆော့တဲ့အခါ လယ်ဗယ်တက်တက်လာရင် ပို၍ပို၍ အခက်အခဲတွေ ရင်ဆိုင်လာရသလိုပါပဲ။ ဘဝက ကိုယ့်ကိုစစ်တဲ့ စာမေးပွဲတွေဟာ အရင်ကနဲ့စာရင် ခက်သည်ထက် ခက်ခက်လာလို့ ဒီတစ်ခါတော့ဖြင့် “အား” ကနဲအော်ပြီး ထွက်ပြေးချင်စိတ်တောင် ပေါက်ပါတယ်။ တောထဲတောင်ထဲ အလွန်ခက်ခဲရှားပါးတဲ့အရပ်မှာ လိုတိုင်းတတိုင်း ရအောင် ရှာဖွေစုဆောင်းပြီး ဆေးကုနေတဲ့ကာလအတွင်း သတ္တိကိုလည်း စမ်းသပ်ပြီးပြီ။ သီလကိုလည်း စမ်းသပ်ပြီးပြီ။ ပညာကိုစမ်းနေတာလည်း မပြီးနိုင်မစီးနိုင်။ ဘယ်အထိအောင်များ တတ်ပြရဦးမှာပါလိမ့်။ သံလမ်းရိုးဘက်က ပြန်လာတဲ့အခါ ကိုယ့်ရဲ့ လုံခြုံရေးစည်းက ကျိုးပေါက်ခဲ့ပြီမို့ အရမ်းကို သတိဝီရိယထားပြီး စွန့်စွန့်စားစား ခရီးနှင်ရတယ်။ လူလည်း အရေခွံလဲရတယ်။ ယာဉ်လည်း အမျိုးမျိုးပြောင်းရတယ်။ အဖွဲ့လည်း အုပ်စုခွဲပြန်ရတယ်။ ဒီရပ်ဒီရွာမှာ ကိုယ့်ကို စွန့်စွန့်စားစား စောင့်ရှောက်ပို့ဆောင်မယ့်သူ မရှားဘူး။ သူတို့ကျေးဇူးနဲ့ ဆေးရုံကို ဘေးကင်းလုံခြုံစွာ ပြန်ရောက်ပါတယ်။ […]

ချန်ဂင်တို့စခန်း (၂၃၁)

“အကိုတို့ရဲ့မေတ္တာ၊ မမတို့က ချစ်တာ၊ စေတနာက ထူးတာ… အာ့ဟဟ ထူးတာ။ အဝေရာညွှန်းပြုပါလို့ မြတ်ပရမေကို အပ်ပါသည် …” အဲ့သလောက် ခြေဆင်းကလေးနဲ့ဆို ချန်ဂင် ဘာသီချင်းဆိုတော့မယ်မှန်း ပရိသတ်ကြီးက သိပြီးလောက်ပါပြီ။ စိတ်ပူနေတဲ့သူတွေ ဘဝင်အေးအောင်လို့ “အခြေလည်းဖြိုးတယ် အနေလည်းတိုးတယ် မသေပဲကိုးကွယ်” ဆိုတဲ့အကြောင်းကို ပေတရာဆီလျှောက်ပါလို့ မြင်သလောက် ပြနေရတာလည်း အမှန်ပါပဲ။ လူချင်းတွေ့တဲ့သူတွေကတော့ “အောင်မယ်မင်း မသေလို့တွေ့ရ။ မေ့နိုင်ပါ့ဦးမလား။” ဆို ပြေးကိုဖက်ကြတာ။ ငါ့နှယ်နော်။ တီးပေးမယ့်သူများရှိရင် အဲ့သီချင်း အစအဆုံးဆိုပြီး ထကပလိုက်ချင်ရဲ့။ မမြရင်နဲ့ ကိုယ်နဲ့ကလည်း အဖြစ်ချင်းတူပါပေတယ်။ ကိုယ့်ရဲ့အသက်ကိုးချောင်းထဲက နောက်တစ်ချောင်းကို ထားပစ်ခဲ့ရပြန်ပြီခမျ။ ၂၃၀ နဲ့ ရပ်သွားတော့မယ့်ဟာ ဘုရားသခင် အလိုတော်အရ ၂၃၁ ကို ဆက်ရေးနိုင်ခဲ့ပြီလေ။ တကယ်တော့လည်း ကိုယ့်အသက်နဲ့ ရင်းရလို့သာ […]

ချန်ဂင်တို့စခန်း (၂၃၀)

“ချော်ရည်အပြည့်နဲ့ မီးပြင်းတောင်ကိုလေ သံကွန်ခြာတောင် လုံအောင်မဖုံးနိုင်ပေ။ မဆိုင်တာတွေးပြီး မကြောက်နဲ့ မိန်းကလေးရေ။ နေပါစေ။ လူတွေသိလေ ပိုကောင်းလေ။” ပြောင်းလဲမှုတွေက အရှိန်အဟုန်နဲ့ ဖြစ်လာတဲ့အခါ သက်ရောက်မှုတွေကလည်း အင်နဲ့အားနဲ့ ဖြစ်လာပါတယ်။ ဒီအခြေအနေရောက်မှတော့ သံကွန်ခြာသော်လည်းကောင်း၊ တာတမံသော်လည်းကောင်း ဖုံးအုပ်တားဆီးခြင်းငှါ မစွမ်းသာတော့ဘူးပေါ့။ မျောက် ၃ ကောင်ပုံ ဇောက်ထိုးချိတ်တာ၊ မာရဝိဇယပရိတ်ရွတ်တာဆိုတာတွေလည်း မိုးကြိုးပစ်ရာ ထန်းလက်နဲ့ကာသလိုသာ ရှိပေလိမ့်မယ်။ ဒယ်ဒီပါပါး ဖားသားဖေဖေ တရုတ်ကြီးက အကြိမ်ကြိမ်အခါခါ တော်ဖို့ရပ်ဖို့ပြောတာတောင် “ကြားစကားများ မယုံနဲ့ဟေ့ ။ ဘေးဖယ်ထား။” ဆို ခပ်မိုက်မိုက် ဆက်ချစ်နေကြတုန်း။ မောင်ကြင်စိုးကလေး ကြိုးစင်တက်ရမယ့် ခြေလှမ်းတွေကို ဘယ်အရာကမှ တားဆီးပိတ်ပင်စရာ မရှိတော့ပါဘူး။ ဧကန်ဧက ဒိဌအမြန် ကြည့်ဖို့သာပြင် ရုံတင်ရန်အသင့် ဖြစ်နေပြီ။ အမယ် လိုင်းပေါ်များ တက်တက်ဖတ်လိုက်ရင် […]

ချန်ဂင်တို့စခန်း (၂၂၉)

“မင်နီကြက်ခြေခတ်တွေ မြင်တိုင်းလေ မူလတန်းကျောင်းသားဘဝကို အောင့်မေ့တယ်။ စာတွေဖြေစဉ်တိုင်းမှားနေလို့၊ သင်္ချာတွေ အဖြေရှာတိုင်း မှားနေလို့ ဆရာမက ကြက်ခြေခတ်တယ်။ မမှားဖို့ ကြိုးစားရဦးမယ်။” ကိုစောဘွဲ့မှူးရေးတဲ့ ဒီသီချင်းဟာ လွှမ်းမိုး ဆိုတုန်းကနဲ့ ကဗျာဘွဲ့မှူး ပြန်ဆိုတာနဲ့မှာ စာသားနည်းနည်းပြောင်းပါတယ်။ ဆင်ဆာကြောင့် ဖြစ်မယ် ထင်ပါရဲ့။ ဆရာမ က အလကားနေရင်း ကြက်ခြေခတ်တာ မဟုတ်ဘူး။ မှားနေလို့ ဆိုတာထည့်ဆိုပြီး မမှားဖို့ ကြိုးစားရဦးမယ် လို့ ထပ်ဖြည့်ထားပါတယ်။ကိုယ်လည်း ငယ်ငယ်က မင်နီကြက်ခြေခတ်တွေ ရခဲ့ဖူးတာပေါ့။ ကြက်ခြေခတ်တွေ များများရမှ ကိုယ် ဘာမှားနေမှန်းသိပြီး ပြင်စရာ ရှိတာပြင်၊ စာမေးပွဲဖြေတော့ မမှားအောင် ဂရုစိုက်ပြီး အမှတ်တွေ အများကြီး ရတာလေ။ ဒါ့ကြောင့် ကိုယ်က ကြက်ခြေခတ်တွေကို မကြောက်ဘူး။ ကိုယ့်အမှားကိုယ် မသိမှာ မပြင်နိုင်မှာကိုပဲ […]