ချန်ဂင်တို့စခန်း (၂၅၀)

တောထဲကဆေးရုံကလေးတစ်ခုမှာ “ဘယ်ဆရာကမှ ဆက်ကုမပေးတော့ဘူး။ လက်လျော့လိုက်ပြီ။”ဆိုတဲ့ ရင်သားကင်ဆာလူနာ ၃ ယောက်တောင် ရောက်နေတယ်ဆိုတာ နည်းနည်းတော့ လွန်လွန်းသလိုပဲနော်။ ခွဲလို့ရသေးတယ်ဆိုတဲ့တစ်ယောက်ကိုတောင် ချက်ချင်းခွဲမပေးနိုင်သေးဘူး။ သွေးတိုးတွေ၊ ဆီးချိုတွေ၊နှလုံးရောဂါတွေ ရှိနေလို့ သမားတော်နဲ့ပြပြီး ဆေးအရင်ကုနေရတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ မခွဲခင် ကင်ဆာဆေးအရင်သွင်းပြီး ကြုံ့သွားမှ ခွဲလို့ရလိမ့်မယ်။ တစ်ယောက်ကတော့ မနှစ်ကကတည်းက ခွဲပေးပြီး ကင်ဆာဆရာဝန်ဆီ လွှတ်လိုက်တာ။ မသွားပဲ အခု နောက်တစ်ဘက်ရော အရင်နေရာမှာပါ ပြန်ထွက်လာမှ “ခွဲပေးဦး။” ဆို ပြန်လာတာ။ ဆေးတွေက မှာထားတယ်လေ။ မရောက်သေးဘူး။ Lymphoma လူနာကလည်း ၂ ယောက်ရှိတယ်။ ဒါတောင် စစ်ပွဲအတွင်းမှာ တစ်ယောက်က သေသွားလို့။ တစ်ယောက်က ဆေးသွင်းနေဆဲ။ တစ်ယောက်ကတော့ ဆေးသွင်းပြီး ၁ နှစ်ခွဲအကြာမှာ ပြန်ဖြစ်လာတာ။ သိပ်တော့ ကြာတော့မယ် […]

ချန်ဂင်တို့စခန်း (၂၄၉)

တောင်းဆိုးပလုံးဆိုးသာ ပစ်ရိုးထုံးစံ ရှိတယ်။ လူနာဆိုး လူနာအရွဲအပြဲတွေကို ပစ်ရိုးထုံးစံ မရှိတာလည်း ဆရာဝန်တွေရဲ့ သဘာဝလား မသိပါဘူး။ ဒီမှာ သူများတကာ စွန့်ပစ်ထားတဲ့ ချေးထုပ်လူနာကြီးတွေကို လက်မခံချင် မကုချင်ပဲနဲ့ အောင့်အည်းသည်းခံပြီး ကုပေးနေရတာလည်း ရှိပါတယ်။ စစ်ပွဲမှာ ဒဏ်ရာရတဲ့လူနာတွေလို ကိုယ်လုပ်ပေးနိုင်ရင် အသက်ရှင်မယ် ဆိုတဲ့ ရလဒ်ကောင်းလည်း မျှော်လင့်လို့မရ။ ဘာတွေလုပ်ပေးလုပ်ပေး၊ ပိုပိုဆိုးလာပြီး အဆုံးသတ်ကျတော့ သေသွားမှာ။ မသေခင်မှာ ဆေးရုံမှာရှိသမျှ ပိုက်ဆံကလေးတွေကို ဖြူကာပြာကာ ကျသွားတဲ့အထိ ဖြုန်းပစ်ခဲ့ဦးမှာ။ သူ့မှာရှိတဲ့ပိုက်ဆံကျတော့ ကိုယ်နဲ့မတွေ့ခင်ကတည်းက ကုန်နှင့်ခဲ့ပြီ။ ကုန်လို့ ကိုယ့်ဆီရောက်လာတာ မဟုတ်လား။ ဘယ်သူ့မှ စောင်းမပြောပါဘူးနော်။ တည့်တည့်ပဲ ပြောနေတာပါ။ ဘယ်သူ့အကြောင်းလဲဆိုတော့ အချိန်လွန်မှ ရောက်လာတတ်တဲ့ ကင်ဆာလူနာတွေ အကြောင်းပါ။ ခွဲစိတ်ဆရာဝန် ဦးစီးတဲ့ ဆေးရုံမို့ ရင်သားကင်ဆာလူနာတွေ […]

ချန်ဂင်တို့စခန်း (၂၄၈)

စစ်ပွဲပြီးသွားတော့ ဆေးရုံမှာ လူနာကုန်သလောက် ဖြစ်သွားပါပြီ။ စစ်ရှောင်လာတဲ့သူတွေလည်း အိမ်ပြန်စောင့်ကြရတယ်။ ဆယ်ဇင်းမှာတုန်းကဆိုရင် ဒီလိုအချိန်ကျမှ စိမ်ပြေနပြေ ဖောက်သယ်ကြလို့ ရွာလုံးကုန်တာလေ။ စကစလက်ထဲရောက်သွားတဲ့ရွာနဲ့ KIA /KPDF လက်အောက် ရောက်သွားတဲ့မြို့ရွာတွေ ဘာတွေဘယ်လိုကွာသလဲ ဒေသခံ အရပ်သားတွေက အသိဆုံးပဲ။ ဆယ်ဇင်း နဲ့ တာမခံ ကို ယှဉ်ကြည့်လိုက်ရင်ကို သိသာတယ်။ ယုတ်တဲ့သူတွေကတော့ ယုတ်ကိုယုတ်တာနော်။ ဆယ်ဇင်းမှာတုန်းက ရဲစခန်းနောက်ဘက် ဘောလုံးကွင်းအဟောင်းထဲမှာ မိုင်းတွေမြှုတ်ထားလို့ ကလေး ၅ ယောက် ဆေးရုံရောက်လာသလိုပဲ။ တာမခံမှာလည်း စစ်တပ်ကုန်းထဲ မိုင်းတွေမြှုတ်ထားတာ ကောင်လေးတစ်ယောက် နင်းမိလို့ ခုလေးတင်ပဲ ခြေထောက်ဖြတ်ပလိုက်ရတယ်။ လူနာနည်းတယ်ဆိုသော်လည်း တစ်ရက်တစ်ယောက်လောက်တော့ မှန်မှန်ခွဲနေရပါသေးတယ်။ သူ့ရှေ့ကလူနာကလည်း မျှောတိုင်နဲ့ရိုက်မိလို့ ခြေကျင်းဝတ်က တွဲလောင်းကြီး ပြဲထွက်သွားတာ။ အဲ့ဒီလူကိုတော့ မဖြတ်ချင်သေးလို့ အရိုးချင်းတည့်အောင် တေ့ပြီး […]

ချန်ဂင်တို့စခန်း (၂၄၇)

“ဗျာပါဆံ ဝေအောင်ချပါလို့ ခန်းဝမှာတဲ့ တမှိုင်တွေတွေ မင်း ဘာပြုနေ။ ဝိုင်းတော်သားတို့ မာပါစေ ပန်းသပြေ ညောင်ရေလောင်း မင်း အောင်ဆုတောင်း။ တည်အိမ်မှာ နံမည်ရစ်ပါလို့ ငယ်ချစ်ကယ်တဲ့ ချိုးတည် မောရှာရော့မယ်။ မန်ကျည်းပင် တောင်ကိုင်းက ပျိုတို့မောင် တည်အိမ်ထိုးတယ် ဆင်းပါ့ရွှေချိုး။” ဗျာပါဆံ ဆိုတာ ရှေးရှေးတုန်းက မိန်းကလေးတွေ ပူပုံပန်းနဲ့ ဆံပင်ကိုမှ သေချာသပ်သပ်ရပ်ရပ် မဖြီးနိုင်မသင်နိုင်၊ လျော့တိလျော့ရဲကလေး ဂုတ်ပေါ်မှာဝဲကျနေတဲ့ ဆံပင်ပုံကို ဆိုလိုတာပါ။ ဒါပေသိ နန်းတော်ထဲက မင်းသမီးလေးများဆိုတော့ အဲ့သလို ကပိုကယို ဆံမြိတ်ကလေးချပြီး ထုံးပုံမျိုးလေးကိုက ယဉ်သလိုလိုရှိလို့ အရပ်သူတွေက အတုခိုးပြီးလိုက်ထုံးရာက ဖက်ရှင် trend တစ်ခု ဖြစ်လာပုံရပါတယ်။ ရင်ထဲကအပူမီးတစ်ခုခုကြောင့် အိမ်ဦးမှာထိုင်ပြီး ဖြေလျော့ခွေဖြစ်နေရှာသူ အမျိုးသမီးလေးကို “ဘာဖြစ်လို့လဲ ဟင်။” လို့ […]

ချန်ဂင်တို့စခန်း (၂၄၆)

“La vie est plus belle quand on ecrit soi-meme.” တဲ့။ ဘဝဆိုတာ ကိုယ့်လက်နဲ့ ကိုယ်တိုင်ရေးတော့ ပိုလှတာပေါ့ လို့ ပြောတာ။ ဟုတ်မှာပါလေ။ တစ်နိုင်ငံလုံးမှာ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ သာနေတဲ့အထဲ ကိုယ်တိုင်ဝင်ကူထားတဲ့ တာမခံတိုက်ပွဲလေးက တော်တော်အရသာရှိတာ။ ကွမ်လုံရက် ၄၀ လိုမျိုး တာမခံ ၁၂ ရက် ကို ပြန်ရေးမယ့်သူတောင် မကျန်တော့ဘူး။ အခိုင်အမာဆောက်ထားတဲ့ ခံတပ်ကုန်းတစ်ခု၊ လက်နက်အစုံအလင် နဲ့ လေကြောင်းပစ်ကူပါ မရပ်မနားပေးထားသော်လည်း တောင့်မခံနိုင်ခဲ့ဘူး။ ဒုတိယကမ္ဘာစစ်ပြီးကာနီးမှာ ဟစ်တလာ့ဖင်ဝ မီးနဲ့မြှိုက်တဲ့ စစ်ရှုံးပွဲတွေလို နေမှာပဲ။ ကြင်စိုးနဲ့နောက်လိုက်တွေကို ခေါင်းမီးတောက်စေလိမ့်မယ်။ ဒါပေမယ့်လည်း သူတို့အတွက်တော့ ကမ္ဘာမီးလောင်တုန်း ဆီမီးခွက်ထတောက်သလောက် ရှိမှာပေါ့လေ။ အရူးမီးဝိုင်း ဖြစ်နေပြီကိုး။ လော်ဘီကောင်တွေ […]

ချန်ဂင်တို့စခန်း (၂၄၅)

တိုက်ပွဲတွေစပြီး ၁၂ ရက်အကြာမှာ တာမခံစခန်းကို လက်ရသိမ်းနိုင်ခဲ့ပါတယ်။ ကုန်းမြင့်ပေါ်မှာ ဘန်ကာထဲဝပ်ပြီး တက်လာသမျှ စိမ်ပြေနပြေ ထိုင်ပစ်နေတဲ့ကောင်တွေက သူတို့အတွက် ဆုတ်လမ်းဖွင့်ပေးရင် စခန်းကို စွန့်ခွါမယ် လို့ ညှိလာတယ်ဆိုတော့ အလံဖြူထောင်တဲ့သဘောတော့ မဟုတ်ပါဘူး။ “ယောက်ဖရေ ငါတို့ ပြေးမယ်နော်။ နောက်ကလိုက်မပစ်ကြေး။ ပစ်တဲ့ကောင် တေတေး။” ဆိုတဲ့ သဘောမျိုးတော့ သက်ရောက်ပါတယ်။ မပြေးလည်း စစ်ကူမလာ၊ ရိက္ခာမထောက်နဲ့ သင်းသတ်ထားတဲ့အပင်ကြီးလို ဖြစ်နေမှဟာ။ မနိုင်လို့ပြေးတာပါ။ နိုင်မှဖြင့် မအေရောနှမရော ချန်တဲ့ကောင်တွေ မဟုတ်ဘူး။ ကိုယ်တွေကလည်း စိတ်ရင်းအတိုင်းဆိုရင်ဖြင့် ဒင်းတို့ကို တစ်ကောင်မှ ချန်မထားချင်ပါဘူး။ သို့သော်လည်း စစ်တိုက်တယ်ဆိုတာ စိတ်ခံစားချက်အတိုင်း လိုက်တိုက်ရတာမျိုး မဟုတ်ဘူး။ ကလဲ့စားချေဖို့၊ လက်တုန့်ပြန်ဖို့ချည့်ပဲလည်း မဟုတ်ဘူး။ နိုင်ဖို့အတွက်ဆိုရင် အသက်ကိုတောင် ရင်းထားမှဟာ ခံစားချက်တွေကိုလည်း မြိုသိပ်ရတာပေါ့။ […]