ကိုယ့်ဆီကို စစ်ရောက်လာလို့ တစ်ရွာလုံး စစ်ရှောင်စစ်ပြေးလုပ်ရတဲ့အခါကျမှပဲ စစ်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုရှင်သန်ကျန်ရစ်အောင် မွေးမြူရသလဲ ပိုသဘောပေါက်လာပါတယ်။ ၁၂ ရက်ကြာ အကြိတ်အနယ် တိုက်ခိုက် သိမ်းပိုက်ယူရတဲ့ တာမခံတိုက်ပွဲမှာ ဒဏ်ရာရတဲ့ အရပ်သားလူနာ တစ်ယောက်ပဲ ရှိခဲ့တာကို မဖြစ်နိုင်ဘူး လို့ ကိုယ်က ယူဆခဲ့တယ်။ မြေပြင်အခြေအနေ ဘယ်လိုရှိသလဲ သိရအောင် စစ်ရှောင်စခန်းထိ လိုက်သွားပြီး လူနာတွေ ရှိရင် ဆေးရုံပို့ဖို့ ရပ်မိရပ်ဖတွေနဲ့ ချိတ်ဆက်မေးမြန်းခဲ့သေးတယ်။ အဲ့ဒီနောက် ဆယ်ဇင်းမှာ စစ်ပြန်ဖြစ်တော့မှပဲ KIA က အရပ်သားတွေ အထိအခိုက်မရှိအောင် ဘယ်လိုလုပ်ထားသလဲ ကိုယ်တိုင်သိရတာ။ အလစ်အငိုက်ယူပြီးတိုက်တာ မဟုတ်ဘူး။ မတိုက်ခင်ကတည်းက “လက်နက်ချမလား၊ ဆုတ်ခွါမလား၊ ဘယ်ရက်ဘယ်ရက် နောက်ဆုံးထားပြီး အဖြေပေး။ အဲ့ဒီရက်ကျော်ရင် တိုက်မှာ။” လို့ စာအရင်ပို့ထားတယ်။ ရွာထဲကလူတွေကိုလည်း […]
ချန်ဂင်တို့စခန်း
ချန်ဂင်တို့စခန်း (၂၅၅)
ဒီအရပ်ဒေသမှာ ဆေးရုံကလေးတစ်ခု စဆောက်ဖို့ ဘယ်တုန်းက စိတ်ကူးရသွားသလဲဆိုရင် ချင်းပြည်နယ်မှာ အငြိမ်း ဆောက်ထားတဲ့ ဆေးရုံလှလှကလေးကို လေယာဉ်နဲ့ ဗုံးကျဲပြီး ရစရာမရှိအောင် ဖျက်စီးပစ်လိုက်တဲ့အချိန်က စပါတယ်။ စစ်သားတွေက ဆရာဝန် နဲ့ ဆေးဝန်ထမ်းတွေကို အငြိုးတကြီး ပစ်မှတ်ထားတိုက်ခိုက်နေမှန်းကို ရန်ကုန်မှာကတည်းက သိပြီးသားပါ။ “ဒီကောင်တွေကို မှတ်လောက်သားလောက်အောင် ဆုံးမပြလိုက်ဦးမယ်။” လို့ အမြဲတွေးသလို သူတို့ပစ်သတ်ထားတဲ့ ပြည်သူလူထုကို ကုသပေးတဲ့ ဆေးစခန်းတွေကိုလည်း ရှာဖွေဖျက်စီးလေ့ရှိပါတယ်။ ကိုယ့်ရဲ့စိတ်နေသဘောထားအရတော့ အဲ့သလိုဖိနှိပ်မှုမျိုးကို ဘယ်သောအခါမှ ခေါင်းငုံ့မခံတတ်ပါဘူး။ “ဒီကောင်တွေ ဆေးရုံဖျက်ရင် ငါ ဆေးရုံဆောက်ပြမယ်။” ဆိုတဲ့စိတ်နဲ့ ဒီအခြေအနေထိရောက်အောင် လုပ်ခဲ့တာပါ။ ဒီမှာ ဆေးရုံဆောက်ဖို့ စဉ်းစားတဲ့အခါမှာ ပထမဆုံးနဲ့ အရေးအကြီးဆုံး ထည့်သွင်းစဉ်းစားရတဲ့အချက်က စစ်သားတွေ လာဖျက်စီးမယ့် အန္တရာယ်ကို ဘယ်လို ကာကွယ်ပြင်ဆင်ထားမလဲ ဆိုတဲ့အချက်ပါပဲ။ […]
ချန်ဂင်တို့စခန်း (၂၅၄)
ဒီသင်္ကြန်မှာ အခါကြီးရက်ကြီးမို့ ဟိုကောင်တွေဆီကနေ ကိုယ်တို့ဆေးရုံကို ဗုံးတွေ စက်သေနတ်တွေနဲ့ ရေလာကန်တော့ပါတယ်။ ဘုန်းနဲ့ကံနဲ့ ရွှေသဇင်မို့ အပျက်အစီး အထိအခိုက် မရှိပါဘူး။ ရွာလည်ခေါင်တည့်တည့်ချတဲ့ ဗုံး ၂ လုံးက မြေကြီးထဲကို ကျင်းအနက်ကြီးတူးဝင်သွားပြီး မကွဲခဲ့ဘူး။ ကလေးတွေရဲ့အိပ်ဆောင်ပေါ် တစ်လုံးကွဲပေမယ့် လူမရှိလို့ တော်သေးတာပေါ့။ Goiter ခွဲထားတဲ့ ကလေးမလေးက ချောင်းထဲဆင်းပြေးတာ 0.5 နဲ့ အတွဲလိုက် လှမ်းဆွဲလို့ ရုပ်ရှင်ထဲကလို ဖုန်တွေတထောင်းထောင်း ထကုန်သတဲ့။ ဘုရားမ တယ်။ ဘုရားသခင် ကွယ်ကာပေးတယ် ဆိုတာ တကယ်ပါပဲ။ ၆ လုံးကျလို့တောင် အထိအခိုက် မရှိတာ အံ့ဩစရာ။ ဒီတစ်ခါတော့ လူနာတွေတင်မကဘူး။ ရွာထဲကလူတွေပါ အထုပ်အပိုးတွေသယ်ပြီး ထွက်ပြေးကြပါတယ်။ ညကျ တစ်ခေါက်ပြန်လာမှာ စိုးတာကိုး။ ကိုယ်တို့လည်း လူနာတွေ […]
ချန်ဂင်တို့စခန်း (၂၅၃)
“သင်္ကြန်လေ သုတ်ဖြူးဆော်သွေး အေးအေးညှင်းညှင်း ဂီတတွေ ဆောင်ကျဉ်းလို့နေ။” တဲ့။ ဘယ်သူပက်ပက် မပက်ပက်၊ ဘယ်သူစိုစို မစိုစို၊ နားထဲမှာတော့ သင်္ကြန်သီချင်းတွေ ကြားယောင်နေတဲ့ အခါမဟုတ်လား။ သင်္ကြန်အကြိုနေ့ပဲ ရောက်လာခဲ့ပြီဥစ္စာ။ လူတစ်ယောက်မှ မရှိတဲ့အရပ်မှာ ရောက်နေလည်း ကိုယ့်စိတ်ကိုယ့်အတွေးနဲ့ တစ်ယောက်တည်း သင်္ကြန်ကျလို့ ရချင်ရမှာပဲ။ အလုပ်မအားလည်း အလုပ်ထဲကနေ ခေါင်းမဖော်နိုင်တဲ့ကြားက “အိပ်မက်စေတမန် ညှင်းသွဲ့ဝန်းရံ လေသွေးပြန်” ဆို သီချင်းလေး တပိုင်းတစ ညည်းလိုက်မိရင် ဒါ သင်္ကြန်ပဲ။ ကိုယ်ဆို ဒီနေ့မှ အဖျားကျ ဒီနေ့ပဲ ခွဲခန်းထဲဝင်ပြီး ချွေးသံတရွှဲရွှဲနဲ့ သင်္ကြန်ကျရတယ်။ PDF ကျောင်းဆရာမလေးတစ်ယောက် လည်ပင်းကြီးရောဂါဖြစ်နေလို့ ခွဲပေးရတာ။ ရောက်လာတာ တစ်ပါတ်လောက်ရှိပေမယ့် ခွဲခန်းပြင်နေတာရော၊ စစ်ပွဲဖြစ်နေတာရော၊ ဆာဂျင်က ဖျားနေတာကြောင့်ရော အကြွေးတင်နေလို့။ သူများတွေ သင်္ကြန်တွင်းကြီး […]
ချန်ဂင်တို့စခန်း (၂၅၂)
“မှော်ရုံနယ်မြေ ချစ်ဦးရာမ” ဒုံး ဒုံး “သီတာရွှေစင် မောင်ကြီးနှမ” ဒုံး ဒုံး ဒုံး “ညီငယ်ဖော်မကွာ အတူလိုက်လာရ” “နေရာလည်းမရ မောင်လေးလက္ခဏဘဝ” ဒီသီချင်းကြားရင် ယူတို့ကတော့ ဖင်လေးလိမ်ကျစ်လိမ်ကျစ်နဲ့ ကနေတဲ့ တိုင်ရွန်ကို မြင်ယောင်မှာပေါ့။ အိုင်ကတော့ မော်လမြိုင်မှာ “ချစ်သူဝေးဝေး သွားပါနဲ့လားကွယ်” လုပ်နေရတဲ့ ဒုချုပ်ကြီးကိုပဲ မြင်ယောင်ပါတယ်။ ဟျောင့်ရေ မင်းတော့ အချွန်နဲ့ မခံရပြီ။ ဒိန်းဂျားပဲ။ တာ့ကောကြီးက ထိပ်ဆုံးက ၉ ယောက်မှာ ၅ ယောက်က ကျားဖြန့်နဲ့ ဆနွင်းမကင်းတွေ ဖြစ်နေလို့ လောက်ကိုးကောင် ဆိုပြီး သတင်းစာထဲမှာ ရေးနေတယ်။ ဆိုးတာက မကင်းတဲ့ထဲမှာ ကြင်စိုးပါပြီး ကင်းတဲ့ထဲမှာ မောင်လေးလက္ခဏကို ထည့်လိုက်တော့ “ဒါက ဘာအထာလဲ။ အနော်ရထာလား။” လို့ မေးကြည့်ပါဦး။ […]
ချန်ဂင်တို့စခန်း (၂၅၁)
ရာသီဥတုက ပူလိုက်တာ။ ဒါပေမယ့် မနက်စောစော နေမထွက်ခင်မှာတော့ ချမ်းနေတုန်းပဲ။ အဲ့ဒီအချိန်လောက်ဆို အိမ်ကကောင်ကလည်း အိပ်ယာပေါ် အတင်းတက်ပြီး ပါးလျက်နားလျက်နဲ့ နှိုးတော့တာ။ ကုတင်ခေါင်းရင်းက ပြူတင်းပေါက်လေး ဖွင့်ပေးလိုက်ရင် ခုန်ထွက်သွားပြီး သူ့ကိစ္စသူသွားရှင်းတယ်။ ပြန်လာရင် တံခါးကို လက်နဲ့ပုတ်ပြီး ဖွင့်ခိုင်းတယ်။ သူ့အတွက် အိမ်ဆောက်ပေးထားလည်း အဲ့ဒီအိမ်မှာ မနေဘူး။ ခုတင်ဘေးမှာ အိပ်ယာပြင်ပေးထားလည်း တရေးနိုးတာနဲ့ လူဘေးမှာ တိုးဝှေ့ပြီး ဝင်အိပ်ရော။ ကြိုးချည်ထားစရာ မလိုတော့ဘူး။ လူမြင်ရင် မြင်တဲ့နေရာက ပြေးလာပြီး တကောက်ကောက်လိုက်တယ်။ အလိုလိုက်မှန်းသိလို့ ဆိုးလာပြီ။ တုတ်ကလေးပြပြပြီး ထိန်းရတယ်။ ရန်ကုန်က ကာကွယ်ဆေးတွေ ရောက်လာလို့ ထိုးပေးပြီးပြီ။ နောက်ရက်ကျရင် သံချပေးရဦးမယ်။ သူလည်းပဲ အပူဒဏ် မခံနိုင်တဲ့ထဲမှာပါတယ်။ မနက်ခင်းသာ ခုန်ပေါက်ပြေးလွှားနေတာ။ နေ့ခင်းဘက် ပူလာရင် အိမ်ထဲက […]