ဂန္ဓာလရာဇ်

တကမ္ဘာလုံးကရော၊ သူတို့ကိုယ်သူတို့ပါ China / Chinese လို့ခေါ်နေသော်လည်းပဲ ကိုယ့်ဘာသာစကား အသုံးအနှုံးနဲ့ “တရုတ်” လို့ အစဉ်အဆက်ခေါ်လာတာ ကိုယ်တို့တိုင်းပြည်ပဲ ရှိပါလိမ့်မယ်။ တရုတ်နိုင်ငံကို မြန်မာလို အခေါ်အဝေါ်တင် မဟုတ်ဘူး။ ပါဠိဘာသာနဲ့ပါ ကိုယ်ပိုင်နာမ် အမည်ပေးထားတာ ရှိပါတယ်။ “ဂန္ဓာလရာဇ်” တဲ့။ ဟိုးရှေးရှေးကတည်းက ကိုယ်တို့တိုင်းပြည်နဲ့ ထိစပ်ပတ်သက်ခဲ့ကြတဲ့ သမိုင်းတွေ ရှိပါတယ်။ သံတမန်တွေ စေလွှတ်ခဲ့ဖူးတယ်။ စစ်ပွဲတွေလည်း ဖြစ်ခဲ့ဖူးတယ်။ မြန်မာရာဇဝင်မှာ တရုတ်ကျူးကျော်စစ်ကြောင့် ထွက်ပြေးခဲ့ရဖူးတဲ့ နရသီဟပတေ့မင်းကို တရုတ်ပြေးမင်း လို့ အမည်ပေးခဲ့ကြဖူးတယ်။ မနုဿဗေဒ ပညာရှင်တွေ ပြောတာကတော့ မြန်မာလူမျိုးဆိုတာ တရုတ်ဘက်ကလာတဲ့ တိဘက််မြန်မာအနွယ်တွေနဲ့ အောက်ပိုင်းမှာရှိတဲ့ မွန်ခမာအနွယ်တွေ သွေးနှောပေါက်ဖွားပြီး ဖြစ်ပေါ်လာတာတဲ့။ ကိုယ့်ဘိုးစဉ်ဘောင်ဆက်ထဲမှာ တရုတ်မပါပေမယ့်လည်း gene mapping လုပ်လိုက်ရင် ကိုယ့်ဆီမှာ […]

နေ့စဉ်ဗုံးကျဲသော နေ့ရက်များအကြောင်း

စာသင်ကျောင်း၊ ဆေးရုံ နဲ့ ဘာသာရေးအဆောက်အဦတွေကို ပစ်မှတ်ထားပြီး ချေမှုန်းနေတဲ့ မြန်မာစစ်သားတွေဟာ ၄ နှစ်လုံးလုံး သူတို့ ဘယ်သူတွေနဲ့ စစ်တိုက်နေရတယ်၊ ဘယ်သူ့အတွက် စစ်တိုက်နေရတယ် ဆိုတာ သိပုံမပေါ်ပါဘူး။ လူတစ်ယောက်ရဲ့အသိဉာဏ်ကို အဲ့သလောက်ထိ နိမ့်ကျသွားအောင်လည်း brainwash လုပ်နိုင်သားပဲ။ “ငါတို့ဟာ ပြည်သူတွေနဲ့ စစ်တိုက်နေရတာပါလား။ ငါတို့သတ်ဖြတ်နေတာ အပြစ်မဲ့တဲ့ ပြည်သူတွေပါလား။” ဆိုပြီး တစ်ယောက်တလေတောင် အမြင်မှန်မရကြတာလည်း အံ့ဩပါရဲ့။ သူတို့မှာ ရပ်ထဲရွာထဲ မိဘဆွေမျိုး၊ မောင်နှမသားချင်းတွေ မရှိကြဘူးလား။ ဘယ်လိုမျက်နှာနဲ့ တပ်ပြင်ထွက်နေကြပါလိမ့်။ ကိုယ့်ဆေးရုံ ဗုံးမှန်တာကို ဝမ်းသာအားရ လာမန့်တဲ့ စစ်သားအကောင့်တစ်ခုကို မြင်တဲ့အခါ မအလတပ်ထဲက စစ်သားတွေရဲ့ စိတ်နေသဘောထားဟာ ဒီအတိုင်း ရှိပါလား လို့ သနားမိပါတယ်။ လူစိတ်ဆိုတာ သူတို့မှာ မရှိဘူးကွယ်။ အထက်ကခိုင်းရင် […]

အညာလွမ်းချင်း

“လေတွေမိုးတွေရွာပါလို့ ကဆုန်လပြည့်ကျော် လူပျိုလေးတွေလာပြန်တော့ ခုံဖိနပ်နဲ့ဆော်” လေတွေလာတာကတော့ ဟုတ်ပါပြီ။ အခုကိုပဲ လေတွေပြင်းလိုက်တာမှ အမိုးတွေအကာတွေကို လန်ထွက်နေရော။ လူပျိုတွေလာရင် ခုံဖိနပ်နဲ့ဆော်တာက ဘာလို့ပါလိမ့်။ မသိဘူးလေ။ ကလေးတုန်းကတော့ ဒီလိုပဲ ပါးစပ်ထဲတွေ့ကရာ ပေါက်ပန်းဈေးတွေ လျှောက်အော်ကြတာပဲဟာကို။ ကလေးပါးစပ် သဘင်သည်ပါးစပ်ဆိုတာ မုခသိုက်အဝင်အပါတဲ့။ လူပြက်ကြီးတွေ ပြက်လုံးထုတ်ရင်လည်း ကလေးတွေပါးစပ်ထဲ စွဲကျန်ရစ်ခဲ့တာပဲ။ “ကျုပ်သားကိုတဲ့စွန်ချီ။ ငှက်ပလီ ဘယ်ကိုကြွပါလိမ်ံ့။ ငှက်ဘုရားတကာ စွန်စတော်ဘယ်ရီရောင် ဘယ်ကိုကြွပါလိမ့်။ ပြန်ချပါအုန်း ဟုန်းဟုန်းဟုန်း။” ဆိုလည်း ရွာမှာ ကလေးတိုင်းဆိုတတ်တယ်။ ကိုယ်တွေငယ်ငယ်တုန်းက ဖုန်းဆိုတာလည်း မပေါ်သေးဘူး။ ဂိမ်းဆိုတာလည်း မရှိသေးဘူး။ မော်တော်ကားတောင် ထွန်စက်သံကြားရင် ရွာပြင်ကိုထွက်ကြည့်ရတာ။ ရွာမှာ ကားမမြင်ဖူးတဲ့သူတွေ တပုံကြီး။ “ဪ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်အချိန်တွေကပေါ့နော်။” လို့ မထင်နဲ့။ […]

ရွှေမန်ကျည်းရယ် ခုနစ်စဉ်

ကိုယ်တို့ဆေးရုံကလေးဟာ လေယာဉ်ပျံတောင် ၄ ခါတိတိ ဗုံးလာကျဲပြီးပြီဆိုတော့ ဘယ်နားလေးမှာပါလိမ့် လို့ လျှို့ဝှက်ထားစရာ မလိုတော့ဘူး ထင်ပါတယ်။ အဲ့ဒီမှာလည်း ဆက်မှရှိမနေတော့တာ။ သတင်းထဲမှာလည်း ပါလာပြီးသားလေ။ “တုံပင်” လို့ ခေါ်တဲ့ ရွာကလေးအနီးမှာ ရှိပါတယ်။ ရွာထဲမှာတော့ မဟုတ်ဘူးပေါ့။ ရွာအပြင်က ရိုးလို့ခေါ်မလား၊ ခင်တန်းလို့ခေါ်မလား မသိတဲ့ ခြုံပုတ်တောတန်းကလေးထဲမှာ။ အဲ့ဒီနေရာက အရင်တုန်းက ရွာဟောင်းကလေးပါ။ စစ်ပွဲကြောင့် ရွာပျက်သွားလို့ အခုနေရာကို ရွှေ့လာကြတာ။ ကုန်းမို့မို့ကလေးက ညောင်ပင်အကြီးကြီးတွေဟာ အရင်တုန်းကရှိတဲ့ စေတီအဟောင်းကလေးတွေရဲ့ အုတ်ပုံတွေပဲ။ ကိုယ်တို့လာမနေခင်တုန်းက တဝင်းလုံးဟာ လူတစ်ရပ်လောက်မြင့်တဲ့ ဂျာမနီခြုံကြီးတွေ ဖုံးလို့နေတယ်။ ဆေးရုံတည်ကစက မြွေတွေမြွေတွေဆိုတာ ဝင်လိုက်ထွက်လိုက် တက်လိုက်ဆင်းလိုက်ပဲ။ ဒါပေမယ့် ခုချိန်ထိအောင် ဘယ်သူ့ကိုမှ မကိုက်ဖူးဘူး။ ကိုယ်တို့မလာခင်တုန်းက အဲ့ဒီအထဲမှာ လူသူမနေပါဘူး။ အိမ်အိုအိမ်ပျက်တွေ […]

ခွဲခွာသူအား အမှတ်တရ

ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက် ဆုံးသွားပါတယ်။ ဒေါက်တာထွဋ်ကျော်ဝင်း တဲ့။ အရမ်းကြီးခင်တဲ့အထဲမှာ မပါပါဘူး။ ကျောင်းတုန်းကတော့ မကြာခဏ ငြင်းခုန်ထေ့ငေါ့လေ့ ရှိသူချင်းပါ။ သို့သော်လည်း သူရောကိုယ်ရော တစ်ယောက်နဲ့တစ်ယောက် စိတ်မဆိုးကြပါဘူး။ အယူအဆမတူလို့ စကားနိုင်လုကြတာလေ။ အမုန်းပွားစရာ အကြောင်းမှမရှိပဲ။ အယူအဆကတော့ တူစရာ အကြောင်း မရှိပါဘူး။ ဆေးကျောင်းတစ်ကျောင်းတည်း အတူတက်ကြပေမယ့် ရောက်လာတဲ့ နောက်ခံအသိုင်းအဝိုင်းချင်းက အင်မတန် ကွာခြားပါတယ်။ ယွမ်မွမ်း လို့ အခု ကလေးတွေ ခေါ်ကြတဲ့ ဆေးတက္ကသိုလ် (၁)မှာ ကျောင်းသားတွေဟာ အုန်းနို့ကျောက်ကျော အလွှာအထပ်ကလေးတွေလို တစ်လွှာနဲ့တစ်လွှာ မရောပဲ သီးသန့်ကလေးတွေ နေကြပါတယ်။ သူက အပေါ်ဆုံးအလွှာမှာ ရှိပြီး ကိုယ်ကတော့ အောက်ဆုံးအလွှာမှာ လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားပါတယ်။ သူတို့က နှိမ့်ချဆက်ဆံတာ မဟုတ်သလို ကိုယ့်ဘက်က […]

ချန်ဂင်တို့စခန်း (၃၃၈)

ဇာတ်လမ်းတွဲတွေ အရမ်းရှည်လာတဲ့အခါ ဘယ်လောက်ပဲ စိတ်ဝင်စားစရာကောင်းကောင်း “နင်တို့ဟာက ပြီးကို မပြီးနိုင်တော့ပါလား။” ဆို ဆက်မကြည့်ချင်တော့ပဲ ငြီးငွေ့သွားတတ်တယ်။ ချန်ဂင်လည်း အပိုင်း ၃၀၀ ကျော်လာတော့ သိပ်စိတ်မပါတော့တာလည်း ဖြစ်တတ်ပါတယ်။ တစ်ပိုင်းချင်းရေးနေလို့သာ ဖတ်ကြည့်နေတာ။ လုံးချင်းစာအုပ်ထုတ်ရင် ဝယ်ဖတ်ကြပါ့မလား မသိဘူး။ စာအုပ်ထုတ်ဖို့ ကမ်းလှမ်းလာတဲ့သူတွေ ရှိပေမယ့်လည်း ကိုယ့်ဟာကိုယ်တောင် ဘယ်တော့ဘယ်လို ဇာတ်သိမ်းမှန်း မသိတဲ့ဟာ။ တန်းလန်းကြီး ရပ်သွားမှာစိုးလို့ မထုတ်ဖြစ်ခဲ့ဘူး။ ဇာတ်သိမ်းခန်း ဆိုတာ ဇာတ်လိုက်က game over သွားတာလည်း ဖြစ်နိုင်သလို အောင်စည်အောင်မောင်းတီးပြီး ပြည်တော်ဝင်တာလည်း ဖြစ်နိုင်တာပေါ့။ သို့သော်လည်း ကံကြမ္မာဆိုတာက ကိုယ်ထင်သလို ဖြစ်ချင်မှ ဖြစ်တာဆိုတော့ ကိုယ်တို့ရဲ့ “ချန်ဂင်တို့စခန်း” ဇာတ်သိမ်းပိုင်းကလေးကို မထင်မှတ်တဲ့ အချိုးအကွေ့နဲ့ ဇာတ်သိမ်းရပါတော့မယ်။ ဆေးရုံကို ဗုံးလာကျဲလို့ အပျက်အစီး […]