ရွာအကြောင်းလေး စီကာပတ်ကုံး ရေးမိတဲ့အခါ စောင့်မျှော်ဖတ်ရှုကြသူတွေ မနည်းဘူးဆိုလို့ ကိုယ်လည်းပဲ အားတက်သရော ဆက်ရေးနေပါတယ်။ စိတ်ဝင်စားစရာကောင်းတာတော့ မပြောနဲ့။ စာရေးတဲ့သူကိုယ်တိုင်တောင် ရှေ့ဆက် ဘာဖြစ်မယ်မှန်းမသိ။ ရေးရင်းရေးရင်းကို ဇာတ်ရှိန်ကတက်လာတာ။ အခုလောလောဆယ်မှာတော့ တောင်ကြီးက မိုဟာမက်ဆီကို မလာရင် မိုဟာမက်က တောင်ကြီးတွေဆီ သွားရမယ် ဆိုတဲ့စကားနဲ့ ပြောင်းပြန်ပဲ။ ဆရာစိုးက စစ်မြေပြင်ကို မသွားရသေးခင် စစ်ပွဲတွေက ဆရာစိုးရှိရာကို ရောက်လာခဲ့ပြီ ထင်ပါရဲ့။ စစ်မှာတမူ နှမလေးမယ့်ထက်ဖြူနဲ့ ယူရမလား။ စစ်မှာယွန်းမ နှမလေးမယ့်ထက်လှကို ရလေမလား တော့ မပြောတတ်။ ကြည့်ကြသေးတာပေါ့နော။ ဟိုတနေ့ညက လက်နက်အပြည့်အစုံနဲ့အဖွဲ့တွေ လာသွားတာ “တံပိုးနဲ့စည်သံညံညံ စစ်ကြောင်းကြီး ချီလာသံကြား” ဆိုတဲ့အတိုင်း ဖြစ်ကုန်တာပေါ့။ မိဂဒါဝုန် ဟာ မိဂဒါဝုန် မဟုတ်တော့ဘူး လို့ ပြောခဲ့တဲ့အတိုင်းပဲလေ။ အရင်တုန်းက […]
Author: Soe Min
လှထုံတို့ရွာ (၈)
ဗီဇစရိုက်အားဖြင့်ကိုက အအိပ်အစားမက်တဲ့အထဲ ကိုယ်မပါပါဘူး။ မအိပ်မနေ အသက်ရှည် စကားလက်ကိုင်ထားတာ လူမှန်းသိတတ်စအရွယ်ကတည်းကပါ။ ကလေးဘဝကတည်းက အိပ်ပျက်ခံ စာကျက်တတ်တယ်။ ဆေးကျောင်းသားဘဝမှာ အိပ်ငိုက်မှာစိုးလို့ မတ်တပ်လမ်းလျှောက် စာကျက်ခဲ့ရတယ်။ ဆရာဝန်ဖြစ်တဲ့အခါကျတော့ နိုက်ဂျူတီတွေမှာ မိုးစင်စင်လင်းတဲ့ထိ ငိုက်တောင်မငိုက်အားပဲ အလုပ်များနေခဲ့ဖူးပါတယ်။ ဒီတသက် ဒီဘဝမှာတော့ ကိုယ့်အတွက် အိပ်ရေးပျက်တယ် အိပ်ရေးမဝဘူး ဆိုတဲ့ ပြဿနာဟာ စကားထဲထည့်ပြောစရာကို မလိုခဲ့တာပါ။ UHC တို့ သျှင်ပါကူဆေးခန်းတို့မှာ MO လုပ်တုန်းကဆို နေ့ဘက်တနေကုန် ဆေးရုံမှာဆင်းပြီး ညဘက်ကျတော့ ဆေးခန်းမှာ တညလုံးဆက်ဂျူတီဝင်နိုင်ပါတယ်။ ဘာအလုပ်မှ လုပ်စရာမရှိဘူးဆိုရင်တောင် စာရေးတာ စာဖတ်တာ၊ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာနဲ့ မိုးလင်းပေါက် မျက်စိကြောင်နိုင်တဲ့အစားထဲမှာပါတယ်ဗျ။ ဘာစိတ်ကြွဆေးတွေမှ စားဖို့မလို ကိုယ့်ဘာသာကိုယ် ပေါက်မြောက်တက်ကြွနေနိုင်တဲ့သူပါ။ သို့သော်လည်း အခုရက်ပိုင်း ညဘက်ညဘက် လာလာအနှိုးခံရတာကိုတော့ အမှန်အတိုင်းပြောရရင် […]
အသက်ကို ဉာဏ်စောင့်သတဲ့နော်
ဘဝမှာ အသက်ဘေးနဲ့ နီးနီးကပ်ကပ် ကြုံခဲ့ပြီး လွတ်မြောက်လာတာ နှစ်ခါရှိပြီလို့ ပြောရမှာပဲ။ ကိုဗစ်ဆိုတာ သေတတ်မှန်းလည်းသိတယ်။ သေချာပေါက် ကူးမယ်မှန်းလည်း သိတယ်။ အဲ့ဒီကြားထဲကမှ သေမှာကြောက်ရမှာကို သေရမှာထက် ပိုကြောက်တဲ့စိတ်နဲ့ ခေါင်းမာမာ ဝင်တိုးခဲ့တာလေ။ အခုတော့ သေနိုင်ပါရိုးလား လေပါတီရယ် လို့ သက်ပြင်းသက်မချနိုင်ပြီပေါ့။ ကိုယ်တို့ တည်းအိမ်တစ်အိမ်လုံးတော့ ဘယ်သူမှ ပြေးမလွတ်ပါဘူး။ ထမင်းလာလာပြင်ကျွေးတဲ့ သားအမိနှစ်ယောက်ပါ အိပ်ယာထဲ အတုံးအရုံးလဲကုန်တာ။ ချောင်းဆိုးတဲ့ဆရာမလေးဆိုလည်း အသံတောင်မထွက်နိုင်လောက်အောင် မရပ်မနားဆိုး၊ ဖျားတဲ့ကလေးဆိုလည်း တကိုယ်လုံးခြစ်ခြစ်တောက်ပူပြီး ရေတောင်မသောက်နိုင်။ ဒီရောဂါနဲ့ နှစ်ပေါက်အောင်နေလာရတဲ့ ဆရာဝန်တစ်ယောက်မို့ သူ့အကြောင်းကို လှစ်လှစ်ကလေးနေအောင်ကို သိပါတယ်။ ပေါ့ပေါ့လေး မနေပါဘူး။ ပို့သသောမေတ္တာများကြောင့်ရော ကုသသောစေတနာများကြောင့်ရော ဘာဝေဒနာမှ မခံစားရပဲ ပိန်းကြာဖက် ရေမတင်တာ အင်မတန် အံ့ဩစရာကောင်းသား။ ရန်ကုန်မှာတောင် ရှာမရ […]
လှထုံတို့ရွာ (၇)
တော်လောက်ပြီ ထင်တယ် လို့ နိဂုံးကလေး အဆုံးသတ်မယ် ကြံပေမယ့်လည်း လှထုံတို့ရွာအကြောင်းက ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေလို့ လာပြန်ပြီ နောက်တစ်ပိုင်းနော်။ ရွာရောက်ပြီး ၃ ရက်မြောက်နေ့ ဆေးခန်းစမဖွင့်ခင်မှာ swab ယူပြီး ပိုးမတွေ့ခဲ့ပေမယ့် ၇ ရက်မြောက်နေ့မှာ ထပ်ယူတဲ့အခါ positive ဖြစ်သွားပါပြီ။ အစကတည်းက ဘယ်လိုမှ ပြေးမလွတ်လောက်ဘူးလို့ တွက်ထားပြီးသားမို့ ထူးထူးထွေထွေ တွေဝေအံ့ဩနေချိန် မရှိပါဘူး။ မနှစ်ကတစ်နှစ်လုံး ပိုးမကိုက်အောင် ရှောင်ရှားနေနိုင်ခဲ့ပေမယ့် ဒီတခါတော့ မလွတ်တော့ပါလား လို့ပဲ သဘောထားလိုက်ပါတယ်။ အမေတွေ အဒေါ်တွေတောင် ကျော်ဖြတ်လာနိုင်ခဲ့သေးတာ ကိုယ့်အတွက်လည်း အချိန်ကာလတစ်ခုကြာရင် ပျောက်ကင်းသွားပါလိမ့်မယ်။ အခုလောလောဆယ်တော့ ကိုဗစ်နဲ့ ဟန်းနီးမွန်းကာလမို့ ထင်ပါရဲ့။ ဆေးတစ်ခွက်လောက် သောက်လိုက်ရင် ပိန်းကြာဖက် ရေမတင်သည့်နှယ်ပဲ။ ခုမနက် ဗော်လံတီယာလေးတွေဆီက ဖုန်းလာတော့ […]
လှထုံတို့ရွာ (၆)
ဆေးခန်းကပြန်လာတိုင်း ရေချိုးခေါင်းလျှော်နေကျဟာ မနေ့ကတော့ ရေနဲ့ထိလိုက်တာနဲ့ ချမ်းတုန်တက်လာပြီး အဝတ်တွေတောင် မလျှော်နိုင်ပဲ ထားခဲ့ရတယ်။ ကူးပြီထင်ပါရဲ့လေ ဆို အိပ်ယာထဲတန်းဝင်သွားရင်း အခုမကူးလည်း နောက်ကူးမယ့်တူတူ မြန်မြန်ကူးတာ ကောင်းပါတယ် လို့ပဲ သဘောထားလိုက်ပါတယ်။ သို့သော်လည်း ထုံးစံအတိုင်း အိပ်ရေးဝဝ အိပ်လိုက်ရတော့ သည်မနက် ပြန်ကောင်းနေသားပဲ။ ဒါ ကိုယ်အမြဲဖြစ်နေကျလေ။ လူနာတွေကြည့်ရင်း ကိုယ့်အကြောင်းကိုယ် မေ့သွားရော။ မနေ့က တင်ထားတဲ့အထဲမှာ အဖွားတစ်ယောက်ကတော့ အောက်ဆီဂျင် တက်မလာပဲ ကျကျသွားတယ်။ နားထောင်လိုက်တော့ တရွှီရွှီမြည်အောင်ကို ကြပ်နေတာ။ အောက်ဆီဂျင်မဝတော့ အယောင်ယောင် အမှားမှားတွေလည်း ဖြစ်လို့။ ရှိုက်ပြီးရှူတဲ့ဆေးဗူးလေးနဲ့လည်း မသက်သာဘူး။ cannula ပြန်ထိုးပြီး ဆေးတွေထိုးပေးရတယ်။ အောက်ဆီဂျင်လည်း ပိုက်နဲ့ တစ်ခု နှာစွပ်နဲ့တစ်ခု နှစ်အိုးပြိုင်ပေးရတယ်။ ကျန်တဲ့လူနာတွေကတော့ သက်သာနေကြသားပဲ။ သက်သာတယ်ဆိုတာနဲ့ အတင်းပြန်ချင်တယ် […]
လှထုံတို့ရွာ (၅)
တောကြိုအုံကြားမှာ စာရင်းမဝင် အင်းမဝင် ကိုဗစ်စင်တာကြီးထောင်တယ်ဆိုတော့ ပေတရာခင်ခင်ကြီးတို့်များ သိရင် အမယ်လေး ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော လို့ လှောင်မလား မသိပါဘူး။ သူက အိမ်မှာ ကိုယ့်ဘာသာသေတဲ့ဟာတွေဘယ်နှစ်သိန်းရှိရှိ PM လုပ်မထားရင်၊ သူ့ဆီမှာ ကိုဗစ်အမည်ပေါက်စာရင်းမဝင်ရင်၊ ထည့်တွက်စရာ မလိုဘူး လို့ ပညာရှိစကား မိန့်ကြားထားတာကိုး။ သူသူငါငါ ကိုယ့်ဘာသာကိုယ် test kit ကလေးတွေနဲ့ နှာခေါင်းကော်လို့ နှစ်ကြောင်းပေါ်ခဲ့ရင်တောင် NHL မှာ PCR နဲ့ မစစ်ရသေးရင် “ကိုဗစ်ဟု အဓိပ္ပါယ်သက်ရောက်ခြင်း မရှိစေရ။” ပဲ။ အဲ့လိုဆိုတော့ လှထုံတို့တစ်ရွာလုံး ပြုတ်ပြုတ်ပြုန်းသွားရင်တောင် သူ့အတွက်တော့ ဘောင်မဝင်တန်းမဝင်တွေပဲ။ တောကလူတွေ ဘာနဲ့သေသေ သေချင်တာနဲ့သေ။ အရေးကိုမပါတာ။ ဒါပေမယ့် ရွာထဲမှာ လေးတန်းမအောင်တဲ့ ကလေးပေါက်စကတောင် နှာခေါင်းနှိုက်စရာမလိုပဲ […]