ချန်ဂင်တို့စခန်း (၃၂၀)

အနေကြာလာလို့ အသားကျနေပြီ ဆိုပေမယ့်လည်း ညဉ့်နက်သန်းခေါင် အရေးပေါ်လူနာတွေ ဆက်တိုက် ခွဲခန်းဝင်ရတာ၊ လေယာဉ်နဲ့ ဗုံးလာကျဲလို့ ကျင်းထဲဆင်းဝပ်ရတာတွေကို စိတ်ထဲမနှစ်မြို့နိုင်ပါဘူး။ အလုပ်လုပ်ရလို့၊ အိပ်ရေးပျက်လို့ မဟုတ်ပဲ အရမ်းချမ်းလို့ပါ။ ဒီချိန်က ညညဆို မီးပုံဘေးမှာထိုင်၊ စောင်ပုံထဲမှာ ကွေးနေမှ နွေးနွေးထွေးထွေး နေလို့ကောင်းတာမှလား။ ဒါပေမယ့်လည်း လူနာလာပြီဆိုမှတော့ ကိုယ်နေကောင်းဖို့ထက် သူတို့နေကောင်းဖို့ အရေးကြီးပါတယ်။ မွေးလူနာ၊ ခွဲလူနာ၊ အသည်းအသန်လူနာတွေမို့သာ စစ်ပွဲအတွင်း ညကြီးအချိန်မတော် ရောက်လာကြတာ။ ညဘက် ၂ ချက်တီးကျော်မှ လေယာဉ် ၂ ခါလာတော့ သူတို့လည်း ကျင်းထဲဆင်းပုန်းရတာပဲ။ ဗုံးလည်း ၄ လုံးချသံကြားရတယ်။ ဒါပေမယ့် အသေအပျောက် မရှိပါဘူး။ မှောင်ကြီးမည်းကြီး ကျင်းထဲဆင်းပြေးရလို့ ဆေးရုံက ကလေးတစ်ယောက် ခြေကျင်းဝတ်က ကျိုးသွားတာပဲ ရှိတယ်။ သတိနဲ့နေတာတော့ […]

ချန်ဂင်တို့စခန်း (၃၁၉)

ဆောင်းတွင်းကြီးမှာ မိုးတွေရွာရင် တော်တော်အေးမယ် ထင်ပေမယ့် အရမ်းကြီးတော့ မအေးပါဘူး။ ခါတိုင်းဆို မနက်မနက် အုံ့ဆိုင်းမှိုင်းဝေနေတာ။ ခုတော့ အရာအားလုံးက ရေချိုးသန့်စင်ထားသလို ရှင်းသန့်ဝင်းဖန့်နေတယ်။ လမ်းကလေးတွေလည်း ဖုန်သိပ်သွားပြီ။ ညက မိုးသည်းခဲ့တာတောင်မသိလိုက်အောင် အိပ်ပျော်သွားတာပဲ။ ဒီတစ်ပါတ်လုံး မိုးလင်းမိုးချုပ် တစ်ရက်မှ အနားမရပါဘူး။ လူနာများလို့ပါ။ အဲ့လောက် အလုပ်လုပ်ချင်နေတဲ့သူဆိုတော့ လူနာများရင် ပျော်နေမှာပဲ လို့ မထင်လိုက်ပါနဲ့။ ကိုယ် ဘာမှ လုပ်ပေးလို့ မရတဲ့လူနာတွေ လာရင် မပျော်နိုင်ပါဘူး။ အများအားဖြင့်တော့ ကင်ဆာလူနာတွေ လာရင် မပျော်ဘူး။ ခွဲပေးရုံနဲ့ ပြီးမယ့်ကိစ္စလည်း မဟုတ်ဘူး။ biopsy ပို့ရမယ်။ oncologist နဲ့ ပြရမယ်။ သွေးတွေအခါခါ ဖောက်ရမယ်။ ကင်ဆာဆေးတွေ မှာပေးရမယ်။ ဆေးလည်းမှန်မှန်သွင်းပေးရမယ်။ အားလုံးလုပ်ပေးပြီး ပျောက်သွားကောင်းသွားတယ် ဆိုတာလည်း […]

ချန်ဂင်တို့စခန်း (၃၁၈)

ဂန္ဓာလရာဇ်ကလူတွေက ဘာတွေဖြစ်ချင်နေကြတာလဲကွယ်။ ငြိမ်းချမ်းရေးကို လိုချင်ရင် အာဏာရှင်ကို အရင်ဖယ်ထုတ်ပစ်ရမယ်မှန်း မသိဘူးလား။ ကိုမြအေး နဲ့ ပေါက်ယူချန်းကို ဇာတ်ညွှန်းတွေပေးပြီး ကြော်ငြာဝင်ခိုင်းတာက ဖြူဖြူထွေးဆန်လွန်းပါတယ်။ နေစမ်းပါဦး ကိုမြအေးရယ်။ မေးစမ်းပါရစေ။ ကျုပ်တို့တောထဲမှာ အသေအကျေတိုက်ယူလို့ စစ်ရှုံးတာတောင် နားမထောင်တဲ့ အရူးကောင်ကြီးက ခများပြောရင် တစ်ခွန်းတည်းနဲ့ စကားအောင်ရမယ် ထင်နေတာလား။ ကြူကြူလှကြီးလည်း အားနာပါဦး။ ရွေးကောက်ပွဲကို ဘယ်နေရာမှာလုပ်မယ် စိတ်ကူးလို့လဲ။ စစ်တပ် ကိုယ်စားလှယ်တွေချည့် ပြိုင်ဘက်မရှိအရွေးခံ၊ ၁၀၀% ထောက်ခံမဲရတယ်လို့ စာရင်းပြရင်တောင် အစိုးရဖွဲ့နိုင်လောက်တဲ့ ထိုင်ခုံအရေအတွက် မပြည့်နိုင်တော့ဘူး။ သူတို့စစ်တပ်ထဲမှာ နေပြည်တော်မှာတင် ရုံးအစေ့ ဝန်အစေ့ ခန့်လောက်တဲ့ ဗိုလ်ချုပ်အင်အား မရှိတော့ဘူး မဟုတ်လား။ တိုင်းမှူးတွေတောင် အပိုင်စားနယ်မြေ မရှိတော့ပဲ နတ်စင်ပေါ် ငုတ်တုတ် ရုံးတက်နေကြရတာ။ အရှုံးအနိုင် အဖြေထွက်ပြီးသားကြီးကို […]

ချန်ဂင်တို့စခန်း (၃၁၇)

“နီးဖို့ရာဆိုရင် ဝါဆိုတောင်မှ ပြာသိုနားတွင် ထားလိုက်ချင်” တဲ့။ “ကုန်နိုင်ခဲလိုက်တာ” လို့ ထင်တဲ့သူလည်း ထင်မယ်။ “ကုန်လွယ်လွန်းလိုက်တာ” လို့ အောင့်မေ့တဲ့သူလည်း ရှိမယ်။ ကာလအပိုင်းအခြား တစ်ခုတည်းပေမယ့် ဆွဲဆန့်ချင်တဲ့သူ၊ ချုံ့ချချင်တဲ့သူ မတူနိုင်ဘူးပေါ့လေ။ ဘယ်လိုပဲပြောပြော။ မအလကြီးတောင် အာဏာလုသက် ၄ နှစ် ပြည့်တော့မယ်။ သီချင်းတွေဘာတွေ ဆိုနိုင်သေးပုံထောက် ပျော်များပျော်နေသလား မသိပါဘူး။ တနိုင်ငံလုံး သဘောမတူလည်းပဲ လူတွေအများကြီးသတ်ပြီး အစိုးရသက်တမ်းတစ်ခုစာ မရအရ အုပ်ချုပ်သွားသေးတယ်။ အာဏာကို ပြည်သူ့လက်ထဲမထည့်ချင်တဲ့ စစ်တပ်အသိုင်းအဝိုင်းကြီးကလည်း သူတို့သိပ်ဖြစ်ချင်နေတဲ့ စစ်အစိုးရ စစ်စစ်ကြီးအဖြစ် ဘာပဲလုပ်ရလုပ်ရ လုပ်ပြီး တိုင်းပြည်ကြီးပျက်ကာမှ ပျက်စေတော့ ဆိုတဲ့ သဘောထားနဲ့ အောက်လူတွေ မကုန်မချင်း စတေးသွားခဲ့တယ်။ ကဲ အခု ဘယ်လိုလဲ။ ကုန်လွန်ခဲ့ပြီးတဲ့ ၄ နှစ်ဟာ […]

ချန်ဂင်တို့စခန်း (၃၁၆)

“တိမ်ယံအတွင်းက နှင်းကျပြီ။ အာကာတံတိုင်းက မှိုင်းလို့ရီ ဟေမန်ခါမီ အထူးပဲ ချမ်းတော့သည်။” တဲ့။ ရန်ကုန်မှာ မချမ်းသေးဘူး လို့ ပြောပေမယ့် ကိုယ်တို့ဆီမှာတော့ ချမ်းနေပါပြီ။ နေဝင်တာနဲ့ အေးလာတာ။ မနက်မနက်ဆိုလည်း မီးလှုံရတယ်။ နေက မွန်းတည့်ခါနီးမှ ပွင့်တာ။ ညဘက်ဆို နှင်းစက်တွေ အိမ်ခေါင်မိုးပေါ်ကျတာ တဖျောက်ဖျောက်နဲ့ မိုးရွာနေသလား အောင့်မေ့ရတယ်။ အဝတ်တွေ မရုပ်ပဲထားရင် စိုရွှဲကုန်ရော။ တံခါးတွေ လုံအောင်ပိတ်ပြီး စောင်ထူထူနဲ့လိပ်အိပ်ရတာ နွေးနွေးထွေးထွေးနဲ့ ဇိမ်ရှိပါတယ်။ အိမ်ပြင်မှာအေးလို့ ဆိုဖီမ လည်း အခန်းထဲဝင်၊ အခင်းလေးနဲ့ပဲ အိပ်တော့တယ်။ သူတို့လည်း သူတို့သဘာဝနဲ့ ခိုလှုံရာ ရှာတတ်သားပါလေ။ မိဖြူက သူ့သမီး စူစူလေးနဲ့အတူ အိမ်ရှေ့အိမ်က မီးပုံကြားမှာ အိပ်တယ်။ မိကျားက loki နဲ့ ဆေးရုံမှာအိပ်တာ။ […]

ချန်ဂင်တို့စခန်း (၃၁၅)

ရန်ကုန်မှာရှိတဲ့ ကိုယ့်မိတ်ဆွေသူငယ်ချင်းတစ်ယောက်က သူ့သားလေးကိုခေါ်ပြီး ကိုယ့်ဆီလာနေရမလား တိုင်ပင်တဲ့အခါ ကိုယ့်မှာ တော်တော်စိတ်မကောင်းဖြစ်သွားပါတယ်။ ဖြစ်မှဖြစ်ရလေ။ သူတို့ တော်တော်ပူပန်နေရတာပဲ။ “လူပျို့မေမေ ဆန်တစ်အိပ်နဲ့ ရွှေမန်းဆိုတောင်တော်ရိပ် ပုန်းအိပ်လို့ခိုလှည့်ပါ” ဆိုတဲ့ခေတ်ကို ရောက်နေတာလား။ မိန်းကလေးတွေလက်ထဲ ပါသွားရင် ဘာအရေးလဲ။ အခုဟာက ဟိုခွေးသူတောင်းစားတွေလက်ထဲပါသွားရင် ရာဘတွေကျွေးပြီး အသေခံစစ်တိုက်ခိုင်းတော့မှာလေ။ ထော့ကျိုးထော့ကျိုးနဲ့ ကုန်းပိုးပြီး အလံဖြူထောင်ထွက်နိုင်အောင်တောင် မနည်းဆုတောင်းယူရမှာ။ ကိုယ့်သားကိုယ့်သမီးကိုယ် တယုတယပျိုးထောင်လာခဲ့တာ စစ်သားတွေအထုပ်ထမ်းဖို့ လူသားဒိုင်းကာလုပ်ဖို့တော့ မဟုတ်ပါဘူး။ သူ့လိုပဲ စစ်တပ်ဘက်မှာရောက်နေတဲ့ သူငယ်ချင်းသားသမီးတွေ လိုက်ရှာကြည့်တော့ အကုန် နိုင်ငံခြားမှာ ရောက်နေတာဗျ။ ကိုယ်တိုင်က ခုချိန်ထိ မအလမေတ္တာရိပ်အောက်မှာ ဘုရားစာလေးတွေ ရှဲပြီး မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ လုပ်နေပေမယ့် သားသမီးကျ လွတ်ရာကျွတ်ရာ ပို့ထားပြီးသားပါ။ အဖေနံမည်အတုနဲ့ အမေရိကား၊ အင်္ဂလန်ရောက်နေသူတွေတောင် နည်းတာမဟုတ်ဘူး။ ဟိုမှာ စာမေးပွဲဖြေ […]