စစ်ဘောင်ကျယ်လာပြီး စစ်ပွဲတွေ နေရာတကာဖြစ်လာတဲ့အခါ ဆေးရုံမှာ လာပြတဲ့ လူနာတွေကို လိပ်စာမေးရခက်လာပါတယ်။ ဘယ်သူ့ကိုမေးမေး စစ်ရှောင်စခန်းက လာတယ်ချည့် ဖြေနေကြတာကိုး။ အားမငယ်ပါနဲ့။ ဒီက ဆရာဝန်တွေလည်းပဲ စစ်ခွေးအန္တရာယ်ကို ရှောင်လာတဲ့ စစ်ရှောင်ဆရာဝန်တွေချည့်ပါ။ “နင်လည်းပဲ နင့်အိမ်ပြန်သင့်ပြီ။ ငါလည်းပဲ ငါ့အိမ်ပြန်တော့မည်။” လို့တောင် အားပေးနိုင်တဲ့ အခြေအနေ မရှိပါဘူး။ သူလည်း မရေရာ ကိုယ်လည်း မရေရာ ဘဝမျိုး။ သို့ပေမယ့် သူတို့ကလူနာ၊ ကိုယ်က ဆရာဝန်အနေအထားမှာ ကူညီနိုင်တဲ့သူဖြစ်ခွင့်ရတာ ကျေနပ်စရာပါလေ။ ခုချိန်မှာ သူတို့အတွက် primary health care service တွေ ဘယ်မှာမှ မရနိုင်တော့ဘူး။ အထူးသဖြင့် ဆင်းရဲတဲ့ စစ်ပြေး ဒုက္ခသည်တွေမှာ မမာမကျန်းဖြစ်လာတဲ့အခါ နူရာမှာ ဝဲစွဲသလို ဖြစ်တာပေါ့။ ဆေးတွေဝါးတွေ ဖမ်းဆီးပိတ်ဆို့ထားတော့ […]
Author: Soe Min
ချန်ဂင်တို့စခန်း (၃၂၅)
“ဟိုဘက်အိမ်က ညတိုင်းညတိုင်း စာအကျယ်ကြီးကျက်တာ။ တက်ဆယ်တန်းကျောင်းသူကို ကျွန်တော်တို့အဖွဲ့က ချစ်စနိုးလေးနဲ့ ရေဒီယို ကမာရွတ်လို့ ပေးထားတယ်။” ကိုယ်တို့ဘေးအိမ်က မမပေထုံတန်တစ်ယောက် ပီကင်းကပြန်လာတာနဲ့ “ဆင်ဖမ်းပါ။ ကျားဖမ်းပါ။” ညံညံစာစာ အသံထွက်ပြနေတာ “ရေဒီယိုဘန်ကောက်” လို့ နံမည်ပေးရမယ့်ပုံပါပဲ။ စာရမရတော့ မသိဘူး။ လူကြားအောင် အော်နေတာတော့ အမှန်ပဲ။ သူက စာအော်ကျက်တော့ ဒီဘက်က စောချစ်သူကလည်း အော်တာပေါ့။ “ကိုယ်ခန္ဓာကြွေမှာကိုစိုး။ အိုး အိုး။ နင်းထားတဲ့ကြမ်းပြင် ကျွံသွားမလား။ မဲဆောက်လွင်ပြင် ဖြတ်ကျော်လာသူ လေညှင်းကလေး။ အိမ်ထဲကြွပါ။” ဆိုပြီး သူခေါ်ထားတဲ့သူ တစ်ယောက်မှ မပါပါဘူးတဲ့။ ကဲ ဘယ်လိုလုပ်မလဲ။ ခရု ခါးတောင်းကျိုက် ဖမ်းနေတယ် လို့ ဆိုချင်ဆိုကွယ်။ မြန်မာပြည်နယ်စပ်က ရွှေကုက္ကိုမြို့ပိစိလေးကို ဒေါ်နယ်ထွမ့် နဲ့ ရှီကျင့်ဖျင် နှစ်ယောက်ပေါင်းပြီး […]
ချန်ဂင်တို့စခန်း (၃၂၄)
ငယ်ငယ်တုန်းက အိမ်နားမှာ မီးလောင်လို့ရှိရင် သယ်စရာပိုးစရာ အထုပ်ကလေးတွေပြင်ပြီး ငုတ်တုတ်ထိုင်စောင့်နေခဲ့ဖူးတယ်။ ပြီးရင်တော့ နီးသလား ဝေးသလား။ ကိုယ့်အိမ်ကို ရောက်လာနိုင်သလား။ ဘာတွေသယ်ပြီး ဘယ်ကိုပြေးမလဲ။ စဉ်းစားတွက်ချက်ရတာပေါ့။ အခု ဆေးရုံနားမှာ စစ်ပွဲတွေ ရောက်လာပြန်ပါပြီ။ ခါတိုင်းလိုပဲ ပစ္စည်းတွေ၊ သိမ်းလိုက်၊ ထုပ်လိုက်၊ ရွှေ့လိုက်၊ ပြောင်းလိုက်။ လူတွေလည်း တစုစီ တနေရာစီ ခွဲနေပြီးမှ အလုပ်တွေ ပြန်ပေါင်းလုပ်လိုက်။ လူနာတွေလည်း ဆင်းလို့ရတဲ့လူနာ ဆင်း။ ဆင်းမရသေးရင် လုံခြုံတဲ့ နေရာရွှေ့ထားရတယ်လေ။ ကိုယ်တွေက ထွက်ပြေးပြီး သူတို့ကို ထားခဲ့လို့ ဘယ်ဖြစ်မလဲ။ အဲ့သလို အရေးထဲ အကြောင်းထဲဆို မွေးလူနာကလည်း နေ့တိုင်းကို ရှိတော့တာဗျ။ တခြားသွားလို့လည်း မရတော့ပဲကိုး။ ဆေးရုံပိတ်ထားလို့ မရတဲ့အပြင် လူနာတွေက တိုးတောင်လာသေး။ ဆေးသင်တန်းက ကလေးတွေ […]
ချန်ဂင်တို့စခန်း (၃၂၃)
လက်နက်ကြီးသံတွေက နီးနီးလာပြီး တနေကုန်လည်း အဆက်မပြတ်ကြားနေရပါတယ်။ အဲ့သလိုမျိုး ကြားနေရတာလည်း တစ်ပါတ်လောက် ရှိသွားပါပြီ။ သဘောကတော့ သူတို့ဆီမှာ လက်နက်ခဲယမ်းတွေ မကုန်နိုင်မခမ်းနိုင် ကျန်သေးတယ် ဆိုတာပေါ့။ စစ်တိုက်ရင် ကျည်ဆန်တစ်တောင့်တောင် အလဟဿ မဖြစ်အောင် ချွေချွေတာတာ တိုက်နေရတဲ့အချိန်မှာ သူတို့ဘက်မှာတော့ ၄၀ မမ တွေ၊ ၆၀ မမ တွေ ရမ်းသမ်းပစ်ခတ်လို့ မကုန်နိုင်အောင် ပေါများနေတယ် ထင်ပါရဲ့။ လေယာဉ် တစ်ခါတစ်ခါ လာရတဲ့ စားရိတ်၊ လေယာဉ်ဗုံးတစ်လုံးတစ်လုံး ကျဲချရတဲ့ ကုန်ကျငွေကလည်း တစ်နှစ်ပါတ်လုံး နေရာအနှံ့ဆိုတော့ ကိုယ်တို့ခန့်မှန်းတွက်ဆထားတာထက် အများကြီးပိုကုန်ကျမှာပဲ လို့ သဘောပေါက်ပါတယ်။ ဆေးဖိုးရုန်းနေရတဲ့ကိုယ်တောင် ဒီလောက်ဝန်လေးနေတာ အမြောက်ဆံ၊ ဗုံးဆံဖိုး ဒလဟောသုံးနိုင်အောင် ဘယ်က ပိုက်ဆံတွေများ အဲ့လောက်ရနေပါလိမ့်။ အံ့ဩစရာကြီး။ မနှစ်က ဆယ်ဇင်းမှာ […]
ချန်ဂင်တို့စခန်း (၃၂၂)
ခုရက်ပိုင်း လေယာဉ်တွေ ဒရုန်းတွေ ညတိုင်းဝဲပေမယ့် ဖြတ်သွားရုံပဲမို့ အထိအခိုက် မရှိပါဘူး။ ကျင်းထဲခုန်ဆင်းရင်း ခြေထောက်ကျိုးတဲ့ကလေးမလေးကိုတော့ ဆရာအော်သိုခေါ်ပြီး internal fixation လုပ်ပေးလိုက်တယ်။ ဆေးရုံမှာ အော်သိုဆာဂျင်မရှိပေမယ့် သူတို့ခွဲပေးမှ ပြန်ကောင်းနိုင်မယ့်လူနာတွေကို စုထားပြီး ၂ ရက် ၃ ရက် ဆက်တိုက်ခွဲပေးခဲ့တာ ၃ ခါတောင် ရှိသွားပြီ။ အဆက်မပြတ် လည်ပတ်နေတဲ့ ဆေးရုံတစ်ရုံက ကုန်ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ စက်ရုံတစ်ရုံလိုပါပဲ။ ဒီလထဲမှာ ငှက်ဖျားလူနာတွေ ပြန်များလာလို့ ငှက်ဖျားဆေးရဖို့ လုံးပန်းရပြန်တယ်။ ရောဂါသုံးမျိုးအတွက် အထောက်အပံ့တွေ ရပ်သွားလို့ နောင်ဆို အဲ့ဒီဆေးတွေ မရနိုင်တော့ဘူး လို့ ပြောကြတယ်။ ထိုင်းနယ်စပ်က ဆေးရုံတွေတောင် ပိတ်ပစ်ရတော့မယ်တဲ့။ ကိုယ်တို့ဆေးရုံလည်း အဲ့သလိုမျိုး အလှူရှင် တစုံတယောက်၊ အဖွဲ့အစည်း တခုခုရဲ့ အထောက်အပံ့ကို […]
ချန်ဂင်တို့စခန်း (၃၂၁)
နေ့တိုင်းနေ့တိုင်း မရပ်မနား အလုပ်လုပ်လာခဲ့တာ နှစ်တွေလည်း ကြာခဲ့ပါပြီ။ မောတယ်ပန်းတယ်လည်း သဘောမထားခဲ့ပါဘူး။ တခါတရံမှာ ခြေပစ်လက်ပစ် အိပ်ချပလိုက်တော့မှသာ “ပင်ပန်းလိုက်တာနော်။” လို့ တရေးနိုးထယောင်မိတာပဲ ရှိပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ဘက်က လုပ်စရာရှိတဲ့အလုပ်တွေကတော့ ဘာတစ်ခုမှ အကြွေးကျန်မနေပါဘူး။ ကိုယ်ကသာ ရှေ့ကိုရောက်နှင့်နေလို့ ပြန်ပြန်စောင့်နေရတာပါ။ ကိုယ်လုပ်ခဲ့သမျှ မပြီးမပြတ်၊ မအောင်မြင်ပဲ တန်းလန်းကြီးကျန်နေတာ ဘာတစ်ခုမှ မရှိပါဘူး။ ကိုယ့်အတွက်နဲ့တော့ တော်လှန်ရေးခရီး တစ်မိနစ် တစ်စက္ကန့်မျှ နှောင့်နှေးကြန့်ကြာခြင်း မရှိရလေအောင် ရှေ့ကကြိုပြီး ပြေးနှင့်သူပါ။ စစ်အစိုးရကိုတော်လှန်တာတောင် သူများတွေလို အာဏာသိမ်းပြီးမှ ထဆန့်ကျင်တာ မဟုတ်ပဲ ဟိုးရှေးရှေး ပဝေသဏီကလည်းက အကောင့်အစစ် ရုပ်အစစ်ပြပြီး စိတ်ထဲရှိတဲ့အတိုင်း ရေးသားလာခဲ့တာလေ။ ကျောချမှ ဓါးပြမှန်းသိတဲ့သူ မဟုတ်ဘူး။ အပွေးမြင်ကတည်းက အပင်ကို သိတဲ့သူ။ ဘူတန်ကနေ စာတွေ […]