“နှင်းငွေ့ကျံ လေပြန်လောင်း၊ ညှာညောင်းကြွေလု စုံတခွင်” တဲ့။ တောထဲက နွေဦးဟာ ရန်ကုန်ကနွေဦးနဲ့တော့ ဘာတစ်ခုမှ မတူပါဘူး။ မနက်ခင်း စောစောထရင် သစ်ပင်သစ်ရွက်ကလေးတွေက နှင်းငွေ့တွေ လိမ်းကျံထားသလို စိုစိုစွတ်စွတ်နဲ့ အအေးဓါတ် မပျောက်သေးဘူး။ နေ့ခင်းဘက်ကျမှ ကျောကော့အောင် ပူလာပြီး ညနေလေးစောင်းတဲ့အခါ လေပွေလေရူးလေးတွေနဲ့ မိုးရွာတော့မလား အောင့်မေ့ရတယ်။ သစ်ရွက်ခြောက်တွေ ကြွေထားတာလည်း အများကြီးပဲလေ။ အပင်ပေါ်မှာ ကြွေလုတည်းလည်း ရွက်ဝါလေးတွေ မကုန်တတ်သေးလို့ ရိုးတံကျဲတဲချည့်တော့ ဖြစ်မနေဘူး။ ကလေးတွေကို ဆေးရုံခေါင်မိုးပေါ် တံမျက်စည်း တက်လှဲခိုင်းပြီး သစ်ရွက်ခြောက်တွေ မီးပုံရှို့တဲ့အခါ OG ward ထဲက မွေးကင်းစကလေးတွေ ရှူမိမှာစိုးလို့ ကမန်းကတန်း နေရာရွှေ့ရသေးတယ်။ မွေးလူနာကလည်း ပြတ်တယ်လို့ကို မရှိတာလေ။ ခွဲလူနာလည်း မပြတ်ပါဘူး။ စစ်ပွဲ မရှိတော့ပေမယ့် တို့စိတို့စိနဲ့ […]
Author: Soe Min
ချန်ဂင်တို့စခန်း (၃၃၁)
စစ်ရှုံးလို့ ဖျင်ပြေးပေါင်တာတောင်မှ တရုတ်ကြီးဆီ တခြမ်း၊ ရုရှားကြီးဆီ တစ်ခြမ်း၊ အီကြာကွေး ဖမ်းတဲ့ မအလ ဟာ လေယာဉ်ပျံပေါ်ကတောင် မဆင်းနိုင်ပဲ မီဒီယာတွေခေါ် အင်တာဗျူးရတဲ့အထိ အရသာတွေတွေ့နေပါတယ်။ ဘေဂျင်းကို သွားတာပဲဖြစ်ဖြစ်၊ မော်စကိုကိုသွားတာပဲဖြစ်ဖြစ် တိုင်းပြည်ကို ရောင်းစားပြီး လက်နက်တွေ ဝယ်ယူဖို့သာ ဖြစ်တဲ့အပြင် အဲ့ဒီလက်နက်တွေဟာလည်း ပြည်သူကိုသတ်ဖြတ်ဖို့အတွက်သာ ရည်ရွယ်ပါတယ်။ ဒါက သူ့ဦးဏှောက်၊ သူ့ဉာဏ်ရည်နဲ့ ပလေးလို့ရတဲ့ နောက်ဆုံးဖဲချပ်ပါ။ ဒါပြီးရင် သူ့မှာ ရွှေ့စရာ အကွက်လည်း မရှိတော့ဘူး။ သူကမှ သုံးပွင့်ဆိုင် ကစားလိုတယ် ဆိုရင်ဖြင့် ကင်မလာမန်းက ဘောင်းထဲဝင်အောင် လိုက်ရိုက်ရမယ့် မိန်းအက်တာကလည်း သုံးယောက်ပဲ ရှိပါမယ်။ ပူတင်ကြီးက ဘာပြောသလဲ။ ဘာတွေ လုပ်ပေးလိုက်သလဲ။ ဒီအခါမှာ ပေါက်ဖော်ကြီးဆီကရော ဘာအသံထွက်လာပြီး ဘယ်လိုတုံ့ပြန်သလဲ။ ကိုယ်တို့ […]
ချန်ဂင်တို့စခန်း (၃၃၀)
စစ်ပွဲတွေ အေးသွားတာ တစ်လလောက်တော့ ရှိပြီ။ လက်ကျန်လူနာတွေလည်း ရှင်းထားတာ ကုန်သလောက်ရှိပြီ။ တော်လှန်ရေးက မပြီးသေးတော့ နောက်ပွဲတွေအတွက် ဆက်ပြင်ထားရသေးတာပေါ့။ ဆေးဝါး၊ ရိက္ခာ၊ လက်နက်၊ လူအင်အား၊ စိတ်ဓါတ်အင်အားအပြင် ငွေကြေးလည်း ပါရပါတယ်။ စစ်တိုက်တယ်ဆိုတာ ပိုက်ဆံရှိမှ တိုက်လို့ရတာကိုး။ ဆေးကုတဲ့အခါမှာလည်း ပိုက်ဆံရှိမှ ကုလို့ရတာပဲ။ ချန်ဂင်လည်း ပိုက်ဆံရှာရတယ်။ ကိုယ့်အတွက်တော့ မဟုတ်ဘူး။ ဆေးရုံအတွက်။ တော်လှန်ရေးအတွက်။ ဟိုကြက်သတုံးကောင် ပြန်လာရင် ပထွေးကပေးတဲ့ လက်နက်တွေနဲ့ ပြည်သူကို နှိပ်စက်ဦးမှာ မှလား။ လာပလေ့စေ။ ငါတို့လည်း ဘယ်မှထွက်မပြေးဘူး။ ရိုးပြာမြေဝယ် မြေ့စေတော့။ ပထဝီမြေပုံနဲ့ကြည့်ရင် ဒီဘက်စစ်မျက်နှာဟာ ဥရုမြစ်ရိုးတလျှောက်မှာ တွေ့ရမယ်။ ခန္တီး၊ ဖားကန့်က ဆင်းလာရင် တာမခန်၊ ဆယ်ဇင်း၊ ရေပေါ်မီး၊ နောင်ပိုအောင်၊ ဟုမ္မလင်းကျမှ ချင်းတွင်းမြစ်ထဲ […]
ချန်ဂင်တို့စခန်း (၃၂၉)
ကမ္ဘာကြီးက ဘာတွေဖြစ်ဦးမလဲ မသိပါဘူး။ ကိုယ်တို့ဆီမှာတော့ ဘာမှကို မဖြစ်သေးတာ။ ဒီလောက် သောက်သုံးမကျတဲ့ကောင်ကြီး ပေါက်ပန်းဈေးတွေပြောဆိုပြီး ပူတင်ကြီး ခြေသလုံးဖက်နေခိုက် ဒီဘက်မှာ အာဏာကောက်သိမ်းမယ့်သူ တစ်ယောက်မှ မရှိတာ အံ့ဩစရာပဲ။ အကုန်လုံးအတူတူ သေမယ့်လမ်းကိုပဲ ရွေးထားကြပုံရတယ်။ PDF တွေ နေပြည်တော်လာသိမ်းကာမှ အလံဖြူထောင်ပြီး “အသက်ချမ်းသာပေးပါ” တောင်းပန်မလို့လား။ ဒါမှမဟုတ် “ဖေဖေပြန်လာရင် ဝက်နာ ၅၀၀ နဲ့ အနုမြူလက်နက်တွေ ပါလာမယ်” ဆိုတာ တကယ်ကြီး ယုံနေတာလား။ ဟိုကဖြင့် မပြုတ်ခင်မပြတ်ခင်ကတည်းက ပန်းဆိုးတန်းက စာအုပ်အဟောင်းတွေ မိတ္တူကူးပြီး ရောင်းပြနေပြီ။ ရုရှားအနေနဲ့ ယူကရိန်းနဲ့ တောင် စစ်ပြေငြိမ်းပြီးမှ မြန်မာပြည်ကို အရေးလုပ်စရာ ဘာအကြောင်းမှ မရှိဘူး။ ကြင်စိုးလို အကောင်မျိုးနဲ့ ပလူးပလဲ လုပ်ရတာ သူ့အတွက် သိက္ခာကျ၊ […]
ချန်ဂင်တို့စခန်း (၃၂၈)
လိုင်ဆာက စစ်ရှောင်စခန်းမှာ ကလေးမလေး ၃ ယောက် သူတို့ဆရာမအိမ် အလည်သွားတဲ့အခါ အဲ့ဒီဆရာမရဲ့ယောက်ကျားဖြစ်သူက ပြန်ပေးဆွဲပြီး ရက်ရက်စက်စက် သတ်ပစ်လိုက်ပါတယ်။ စစ်ဘေးစစ်ဒဏ်ကြောင့် နေရပ်အိုးအိမ်စွန့်ခွါပြီး ထွက်ပြေးလာရတဲ့ ဒုက္ခသည် ကလေးသူငယ်လေးတွေအပေါ်မှာ အဲ့သလောက်တောင် အကြင်နာတရားကင်းမဲ့လှတာ ဘယ်လိုလူယုတ်မာမျိုးပါလိမ့် လို့ စုံစမ်းကြည့်တဲ့အခါ အရင်ကတည်းက လူသတ်မှုနဲ့ သေဒဏ် ချထားပြီးသားကို လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွတ်လာတဲ့သူ လို့ ဆိုပါတယ်။ အကျဉ်းထောင်တွေအားလုံးမှာ ရာဇဝတ်သားတွေကို အပြင်ထုတ်ပြီး နိုင်ငံရေးအကျဉ်းသားတွေချည့် ဖမ်းထည့်ထားတဲ့ ဘဘကြီးများရဲ့ အစီအမံပေပဲ။ ဒင်းတို့သားတွေမြေးတွေ အနာကင်း အဆင်းလှ၊ ကျန်းမာ သက်ရှည်ကြပါစေဗျာ။ တူသောအကျိုးပေးပါစီ။ ရှိရှိသမျှ ဘုရားတိုင်း စူးရစေရဲ့။ စစ်ရှောင်စခန်းက ဒုက္ခသည်တွေဟာ ပညာသင်မယ်လို့ ကျောင်းတက်ရင်လည်း လေယာဉ်နဲ့ ဗုံးကျဲခံရတယ်။ အစားအစာ ရှားပါးလို့ လှူတန်းကျွေးမွေးပြန်ရင်လည်း ပေါင် […]
ချန်ဂင်တို့စခန်း (၃၂၇)
ပုံမတင်၊ စာမရေးတာ ကြာသွားရင် “ဘာများဖြစ်နေတယ် မသိဘူး။” ဆို စိုးရိမ်ပူပန်တဲ့သူတွေ ရှိမှန်းသိပါတယ်။ “ဘာထူးသေးလဲ” ဆိုပြီး မက်ဆင်ဂျာမှာ လာလာမေးတတ်တဲ့ သတင်းဌာနက သူငယ်ချင်းလည်း ရှိတယ်ဗျ။ “ဘာမှ မထူးပါဘူး” လို့ အမြဲဖြေနေကျပါ။ တိုးတက်မှုတွေရှိသော်ငြားလည်း ကိုယ်လိုချင်တဲ့ အပြောင်းအလဲမှ မရသေးတာ။ ထူးခြားတဲ့ ပြောင်းလဲမှု လို့ မဆိုနိုင်ပါဘူး။ သို့သော်လည်း အဲ့ဒီ “မထူးပါဘူး” လို့ ပြန်ဖြေနိုင်သေးတာကိုက ဖြစ်ရိုးဖြစ်စဉ်ထက် ပိုထူးခြားနေတာ။ စစ်တွေတို့၊ ဗန်းမော်တို့မှာ ရှိတဲ့ စစ်ဗိုလ်စစ်သားတွေ ကိုယ့်လို ပြန်ဖြေနိုင်မှာမှ မဟုတ်တာ။ မနေ့က၊ သည်ကနေ့ နဲ့ မနက်ဖြန် အကြားမှာ ကြီးကြီးမားမား ပြောင်းလဲသွားတာ မရှိပေမယ့် ချန်ဂင်အဟောင်းလေးတွေ ပြန်ဖတ်လိုက်ရင် အဲ့ဒီအချိန်တုန်းကနဲ့ အရမ်းကို ကွာခြားပြောင်းလဲသွားတဲ့ လက်ရှိအခြေအနေကို […]