ချန်ဂင်တို့စခန်း (၁၂၃)

တိုက်ပွဲတွေတော့ ခဏရပ်သွားပြန်ပြီ။ မိုးညှင်းဘက်မှာတော့ ရဟတ်ယာဉ်တွေ အတက်အဆင်း များတုန်းပဲ။ ဂိတ်တွေမှာလည်း အစစ်အဆေး တင်းကြပ်နေတုန်း။ ထိုးစစ်ဆင်လာမလိုလို အရိပ်အရောင် ပြပြီးမှ ခဏနေဦး လို့ စောင့်ခိုင်းထားသလို ပုံစံမျိုး။ လှုပ်ရှားသွားလာနေကြသူတွေအားလုံး လက်နက်ကိုယ်စီလွယ်ထားကြတယ်။ လေကြောင်းရန်ကာကွယ်ရေးအတွက် လုပ်စရာရှိတာတွေ လုပ်နေကြတယ်။ ရွာသူရွာသားတွေကအစ ဘယ်သူမှ အမှုမဲ့ အမှတ်မဲ့ မနေတော့ဘူး။ ဆေးရုံမှာတော့ ကိုယ်တို့တွေ ပုံမှန်လူနာကြည့်တာက တစ်ဘက်၊ ပြင်စရာရှိတာတွေ ပြင်ဆင်သိုမှီးနေတာက တစ်ဘက်။ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ နားနားနေနေ အလုပ်လုပ်ရင်း စိတ်ဖိစီးမှုလေးတွေ လျော့ကျသွားတာပေါ့။ လောလောဆယ် တိုက်ပွဲတွေကိုယ့်အနားမှာ မရှိပေမယ့် မကြာခင်မှာ ရှိလာတော့မယ်ဆိုတာ သဘောပေါက်ပြီး အားလုံးပြင်ဆင်နေကြတယ်။ ဟိုပင် မိုးညှင်းဘက် ကြည့်ကြည့်၊ အင်းတော်ကြီး ဖားကန့်ဘက်ကို ကြည့်ကြည့် လူတိုင်းလူတိုင်းက ဒီဘက်ကို […]

ချန်ဂင်တို့စခန်း (၁၂၂)

အများပြည်သူ ပို့သအပ်သောမေတ္တာ၊ ထားရှိအပ်သော စေတနာတို့ကြောင့် ကိုယ်တို့တဖွဲ့လုံး လုံခြုံနွေးထွေးစွာ အိပ်စက်ရပါတယ်။ အရင်ကထက်တောင် ဇိမ်ကျသေး။ ဘေးရန်လည်း ကင်းတယ်ဗျ။ မနက်လင်းမှ အေးအေးဆေးဆေး ဆေးရုံပြန်ဝင်တယ်။ လူနာမှ မရှိတာ။ မဏိစန္ဒာတစ်ယောက်ပဲ ကျန်တယ်လေ။ သွေးလှူရှင်ရှာပြီး သွေးထပ်သွင်းရတယ်။ ချိန်တာတွေ ချက်တာတွေ တိုင်းတာတွေ မှတ်တာတွေ လုပ်၊ သမားတော်ဆီ စာပို့နေတုန်းကျမှ ပြင်ပလူနာတွေ တဖွဲဖွဲ ရောက်လာကြတာ။ ဒီမနက် လမ်းတွေပြန်ဖွင့်ပြီတဲ့။ ဈေးဆိုင်ကယ်တွေ ဝင်လာကြပြီ။ ဝေခါလမ်းဘက်တော့ ပိတ်ထားတုန်းပဲ။ မနေ့ကလာတဲ့ ရဟတ်ယာဉ်ဟာ ဆယ်ဇင်းတဘက် စစ်ကိုင်းတိုင်း ပန်ခြယ်ဘုရားနားက စစ်ကောင်စီစခန်းဟောင်းမှာ လာထိုင်ထားတဲ့ SNA စစ်တပ်ကို ရိက္ခာလာပို့တာ လို့ ပြောတယ်။ ဆယ်ဇင်းထဲမှာ စစ်ကောင်စီ ထိုင်ထားတုန်းပဲ။ အရင်တုန်းက ဆယ်ဇင်း-ရွှေပြည်မြင့် တံတားထိပ်မှာ တပ်ထားတဲ့ […]

ချန်ဂင်တို့စခန်း (၁၂၁)

မနက်ခင်း နှင်းတွေကျတာ ပိတ်ပိတ်ကိုပိန်းနေတာပံ။ မနှစ်တုန်းက နှင်းဝေတဲ့ဆောင်းမှာ ကြာတာတွေ သိပ်များခဲ့ပေမယ့် ဒီနှစ်မှာတော့မကြာတော့ပါဘူး။ တော်တော် အရှိန်ရလာပြီ။ စာရေးရတာတောင်မှ နေ့စဉ်မှတ်တမ်းဆန်ဆန် ဒီနေ့ဘာဖြစ်ခဲ့သလဲ အကြောင်းအရာကနေ live လွှင့်သလိုမျိုး “အခုဖြစ်နေတာလေ” ဆို အချိန်နဲ့ တပြေးညီ အမီလိုက် ရေးနေရသလိုပဲ။ ညက အိပ်မပျော်ခင် စာတစ်ပုဒ် အဆုံးသတ်ပြီး တင်ပေးလိုက်ရင် မနက်ကျတော့ နောက်တစ်ပုဒ်အတွက် နိဒါန်းပြန်စနေရပါရောလား။ အရင်ဆုံး ရေးပြရတဲ့ အကြောင်းအရာကလည်း”စိတ်မပူပါနဲ့။ ဘေးကင်းပါတယ်။” ဖြစ်လာပြီဗျ။ စာဖတ်သူတိုင်းကတော့ စိတ်တွေပူပြီး ဘေးကင်းပါစေ ဝိုင်းဆုတောင်းပေးကြတာပေါ့လေ။ ကိုယ်ကိုယ်တိုင်လည်း သတိကြီးစွာ ထားပြီးနေပါတယ်။ တိုက်ပွဲက အသံကြားရတဲ့အရပ်ထိ နီးလာပြီဆိုတော့ အရေးကြီးတဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီး သယ်ဆောင်ရန် အသင့် ပြင်ဆင် ထားရတယ်။ တကယ်တော့ အသက်ထက် ဘယ်ပစ္စည်းမှ တန်ဖိုးမကြီးပါဘူး။ […]

ချန်ဂင်တို့စခန်း (၁၂၀)

အို ဟိုး တရံတခါဆီက ပုဂံရာဇဝင် အချစ်ဇာတ်လမ်းမှာ မှတ်တမ်းတင်တဲ့ မင်းကျန်စစ် နှလုံးသားဝေဒနာကို နားမလည်နိုင်ပေမယ့်လည်း ကိုယ်တို့ဆေးရုံက မဏိစန္ဒာ ရဲ့ ကျောက်ကပ်ဝေဒနာကိုတော့ ဖြစ်တဲ့နည်းနဲ့ နားလည်အောင် ကြိုးစားနေရပါတယ်။ အစတုန်းက နောက် ခေါ်နေတယ် အောင့်မေ့တာ။ သူ့နံမည် အရင်းကိုက မဏိစန္ဒာပါတဲ့။ ပိုးအိစံ ခရေစီတွေက မွေးထားလား မသိပါဘူး။ ကောင်မလေးက ခုမှ အသက် ၂၀ ရှိသေးတာပါ။ အထင်တော့ မသေးနဲ့နော်။ သူက သူ့ကျန်စစ်သားနဲ့တောင် တွေ့ပြီးသွားပြီ။ အိမ်ထောင်နဲ့။ ကောင်လေးက သူ့ကို ဂရုစိုက်ရှာပါတယ်။ မဏိစန္ဒာရဲ့ ဝေဒနာက နှလုံးသားဝေဒနာ မဟုတ်ပါဘူး။ ကျောက်ကပ်ဝေဒနာပါ။ သူ့တကိုယ်လုံးက “လဝန်းလေးနဲ့တူတယ် မေ့ကိုလားကွယ်” ဖြစ်နေရှာတယ်။ ဖောဖောကို ယောင်လို့။ ကိုယ်တို့ဆီကို သူလာပြတာ ဇွန်လကတည်းက။ […]

ချန်ဂင်တို့စခန်း (၁၁၉)

ဒီနေ့ည မီးစက်ပိတ်ချိန်လောက်မှာ လူနာတစ်ယောက် ပို့လို့ရသေးလား မေးလာလို့ ကိုယ်တို့လည်း ပြင်ဆင်ပြီး စောင့်နေပါတယ်။ တခြားရွာက လာမှာပါ။ ဒါပေမယ့် လူနာက ရောက်လာတဲ့အချိန်မှာ အသက်မပါလာသလောက်ပါပဲ။ ကားပေါ်က ချချချင်း တစ်ချက်နှစ်ချက် မေးထိုးပြီး အသက်ပျောက်သွားတယ်။ မနက်တုန်းက အကောင်းကြီး ဆိုတာကလွဲလို့ ဘာတစ်ခုမှ မေးမရပေမယ့် ကိုယ်ကတော့ သူဘာကြောင့်သေလဲ ချက်ချင်း cause of death ရှာလို့ရသွားပါတယ်။ ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျဦးမယ်။ မနှစ်က ဆယ်ဇင်းမှာကတည်းက ဒါမြင်ရင် ဒီကောင် ဘာကောင် လို့ တန်းပြီး ဟောကိန်းထုတ်နိုင်တာ စာထဲထည့်ရေးဖူးပြီးသားပါ။ ဒါပေသိ ပူပူနွေးနွေး အလောင်းကောင်ကြီး ရှေ့ထားပြီး “ပေါက်တဲ့သူ မှန်မှန်ပြော အီးဘွတ်တရားဟော” မလုပ်နိုင်ပါဘူး။ ဥက္ကဌ လာတော့မှ တိုးတိုးတိတ်တိတ် လက်ကုပ်ပြီး ခေါ်မေးကြည့်တယ်။ […]

ချန်ဂင်တို့စခန်း (၁၁၈)

မနေ့ကတော့ တနေကုန် အလုပ်တွေများပြီး ထမင်းတောင် အလုအယက် စားရတဲ့ နေ့တစ်နေ့ပါပဲ။ မနက်စောစောကတည်းက တညလုံး သတိလစ်နေတဲ့ overdose တစ်ယောက် လာပို့တာ ဆေးရုံကိုရောက်တော့ အသက်ကမျှင်းမျှင်းကလေးပဲ တချက်တချက် ရှူတော့တယ်။ တောင့်တင်းအေးစက်နေပြီ။ တော်တော်ကြီး နှာနှပ်ယူရတာ။ ဖြေဆေးတွေ မရအရ ဆောင်ထားလို့သာ တော်တော့တယ်။ ရလိုရငြားဆို လိုက်ဆယ်တာ မောင်မင်းကြီးသား အသက်ပြင်းတော့ ပြန်ပြန်ပါလာတယ်။ ဒါတောင်တနေကုန် စောင့်ကြည့်ရတယ်။ Naloxone ၃ ခါ ထိုးယူရတာ။ အသက်ရှူနှေးနှေးပြီး ရပ်သွားပြန်ရင်း နှာစွပ်ကြီးနဲ့တေ့ပြီး ဘောလုံးကိုညှစ်ပေးရပြန်ရင်း။ airway ထည့်လိုက်ရင်လည်း အစာတွေ အန်အန်ထွက်လာရော။ အန်ဖတ်ဆို့မှာကိုလည်း ကြောက်ရသေးတာ။ သွေးပေါင်တိုင်းမရ။ သွေးကြောရှာမရနဲ့။ တဆေးရုံလုံး ဝိုင်းဝိုင်းလည်အောင် ပြုစုလိုက်မှ ခုမနက် သတိလည်လာပြီး ငုတ်တုတ်ထထိုင်တယ်။ သူ့မေးရင်တော့ “အို […]