စစ်ရေးအခြေအနေအရ ဆေးရုံပေါ်မှာ လူနာတွေအများကြီး တင်မထားချင်လို့ “ရွာထဲမှာ တည်းနေ၊ မနက်တစ်ခါ ညတစ်ခါ လာပြ၊ ဆေးမှန်မှန် လာထိုး။” လို့ ပြန်ပြန်လွှတ်နေရတော့ ပြင်ပလူနာကြည့်ရတဲ့အချိန်တွေက အကန့်အသတ်မဲ့ ဖြစ်လာတာပေါ့လေ။ ကိုယ်ကသာ ညည်းတာ။ ကလေးတွေက မညည်းရှာပါဘူး။ ရေချိုး၊ အဝတ်လျှော်၊ ထမင်းစားတောင် တလှည့်စီ လုပ်ပြီး လူနာကို အချိန်ပြည့် ကြည့်ပေးကြပါတယ်။ ခွဲလူနာကိုလည်း ကိုယ့်ဘာကိုယ် ကန့်သတ်ပစ်လိုက်တယ်။ အခြေအနေနဲ့ အချိန်အခါကို ငဲ့ရသေးတာကိုး။ အင်တာနက်လိုင်းတွေကတော့ တဖြေးဖြေး ပိုပိုဆိုးလာတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း ရွှေလမ်းငွေလမ်းခင်းလို့ပေးတဲ့ တို့ကိုကြီးကျော် ဖြစ်နေပြီ။ ဂိတ်အဆင့်ဆင့်ကို ပိုက်ဆံအဆင့်ဆင့်ပေးပြီးမှ ဖြတ်လို့ရတယ်။ ရဲနဲ့စစ်တပ်ဟာ အုပ်ချုပ်ရေးယန္တရားကို စွန့်လွှတ်လိုက်ပြီး လက်နက်ပြ ပိုက်ဆံတောင်းတဲ့အလုပ်၊ လုတဲ့ယက်တဲ့အလုပ်ပဲ လုပ်ပါတော့တယ်။ သူခိုးတွေ ဓါးပြတွေဆိုတာ သူတို့ကိုယ်တိုင် မဟုတ်ခဲ့ရင်တောင် […]
Author: Soe Min
ချန်ဂင်တို့စခန်း (၁၄၃)
ခုရက်ပိုင်း ဆေးရုံမှာ လာစောင့်နေတဲ့ အရေးပေါ်မဟုတ်သော elective ခွဲလူနာတချို့ကို ချော့ချော့မော့မော့နဲ့ ပြန်လွှတ်ရတယ် ဆိုတာဟာ ကိုယ်မလုပ်နိုင်လို့ လုပ်မပေးချင်လို့ မဟုတ်ပဲ တခြားအကြောင်းတစ်ခု ရှိပါသေးတယ်။ ဆေးရုံအပြည့် လူအပြည့် ခပ်သွက်သွက်ကလေး အတက်အဆင်းလုပ်ပြီး ဆေးလာကုနေကြတာကို သိပ်ပျော်နေတယ် မထင်ပါနဲ့။ လောလောဆယ် စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေသမျှဟာ ဆေးရုံတွေ ကျောင်းတွေချည့်ပဲ ဆိုတာ ကိုယ် မသိပဲ မနေပါဘူး။ ညကတောင် ကြာအင်းဆိပ်ကြီးဘက် လေယာဉ်လေးစင်းနဲ့လာပြီး ပြောင်တလင်းခါအောင် ဗုံးကျဲသွားသေးတာ မဟုတ်လား။ ဆရာဝန်ထဲမှာ အဲ့ဒီကောင်တွေ မျက်စိစပါးမွှေးအစူးဆုံးဟာ ဆရာကြီး ဇော်ဝေစိုး ပြီးရင် ဟောဒီက ရုပ်ချောချော ဆရာဝန်ကလေးပဲ ရှိပါလိမ့်မယ်။ အဲ့ဒါကြောင့် ဒီကောင်တွေ ငါ့ဆီကို အချိန်မရွေး ဗုံးလာကျဲနိုင်တယ်ဆိုတဲ့ သတိနဲ့ အမြဲနေရပါတယ်။ ခွဲခန်းထဲမှာ […]
ချန်ဂင်တို့စခန်း (၁၄၀)
ကချင်ပြည်နယ်မှာ ဗုံးတွေကျဲပြန်ပြီ လို့ သတင်းတက်လာတော့ စိတ်ပူတဲ့သူတွေက သတင်းမေးကြ၊ ဖုန်းဆက်ကြနဲ့ပေါ့။ စာရေးတာလေး ဖတ်ရမှ သူတို့လည်း စိတ်သက်သာတယ် လို့ ဆိုတယ်။ လေယာဉ်နဲ့ ဗုံးကျဲတာ ဟုတ်ပါတယ်။ ကိုယ်တို့အပေါ်က ဖြတ်ပျံသွားပေမယ့် ကိုယ်တို့စခန်းကိုတော့ ကျဲမသွားဘူး။ ဖားကန့်ဘက် တနိုင်းဘက်မှာ သွားကျဲတာ။ အဲ့ဒီဘက်မှာ တိုက်ပွဲတွေဖြစ်နေလို့ ထွက်ပေါက်ရအောင် လေကြောင်းပစ်ကူပေးတာမျိုးလည်း မဟုတ်ဘူး။ ဒီအတိုင်းပဲ အလကားနေရင်း KIA စခန်းရှိမယ် ထင်တဲ့နေရာတွေကို ဆာပရိုက်တိုက်ပြီး ဗုံးသွားကျဲတာ။ နို့မို့ရင် “မြောက်ပိုင်းမှာ စစ်ပွဲတွေ ငြိမ်နေပြန်ပြီ။ မင်းတို့ကောင်တွေ အလုပ်မလုပ်ကြဘူးလား။” လို့ အဆူခံရမှာ စိုးလို့ “မိုးသံလေသံ မောင်မကြားလား။” လုပ်ပြီး စစ်တိုက်ပြတာနေမှာ။ စစ်ပွဲက မရပ်ပါဘူး။ ရှိတာပေါ့။ ဒီဘက်မှာ မတိုက်ဘူးလေ။ စစ်ကိုင်းထဲ ဆင်းတိုက်တာ။ […]
ချန်ဂင်တို့စခန်း (၁၄၂)
အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ ဆိုတာ အခုရာသီကို ပြောတာပါ။ ညအိပ်တဲ့အခါ ကလီယိုပါထရာ လို တစ်ကိုယ်လုံးကို စောင်ထဲထည့်လိပ်ပြီး အိပ်ပေမယ့် ဟိုဘက်ကနေ သည်ဘက် စောင်းလိုက်ရင် အသားနဲ့ထိမထားတဲ့ စောင်ထည်တွေက နွေးမှမနွေးတာကိုး။ လက်စသတ်တော့ အနွေးဓါတ်ဆိုတာ စောင်ကပေးတာ မဟုတ်ပဲ ကိုယ့်ကိုယ်ငွေ့နဲ့ နွေးနေတဲ့ စောင်လေးက အပူရှိန်အပြင်မထွက်သွားအောင် ထိမ်းပေးထားတာပဲ။ မနက်စောစော အရုဏ်တက်ရင်တော့ ဘယ်လောက်ချမ်းချမ်း စောင်ပုံထဲကထွက်ပြီး ဆေးရုံကိုပြန်ပါတယ်။ နှင်းဝေတဲ့ဆောင်း မနက်ခင်းအလှက ချမ်းရကျိုးနပ်တယ်။ ဆေးရုံရောက်ရင်တော့ မီးဖိုဆောင်မှာ မနက်စာပြင်ဆင်နေတုန်း မီးပုံကလေးဖိုလို့ မီးလှုံပါတယ်။ မီးပုံက မီးမမွှေးရသေးဘူး။ မီးပုံနားမှာ မြန်မြန်လာပါတော့ လို့ စောင့်နေကြတာက ဆိတ်ကလေး ၃ ကောင်နဲ့ ခွေးကလေးတစ်ကောင်ပါ။ သူတို့က ဒီနေရာမှာ လာလာမီးလှုံနေကျဆိုတော့ လူတွေမလာခင်ကတည်းက နေရာဦးထားနှင့်တယ်။ သတ္တဝါကလေးတွေလည်း […]
ချန်ဂင်တို့စခန်း (၁၄၁)
“မင်္ဂလာရှိသော နေ့သစ်ရောက်ခဲ့ပြီ။” လို့ သီချင်းလေး ညည်းမိရင် ကြားမိတဲ့လူတွေကလည်း “လက်ထပ်ပွဲလေး ကျင်းပကြတော့မည်။” ဆို မင်္ဂလာဆောင်တွေ မျက်စိထဲ တန်းမြင်ယောင်လာမှာပါပဲ။ ကိုယ့်အဖို့ကတော့ မင်္ဂလာရှိသော နေ့သစ်ဆိုတာ အလုပ်သစ် အကိုင်သစ်ကို အောင်အောင်မြင်မြင် ခြေလှမ်းစနိုင်တာကို ပြောချင်တာပါ။ ဒီနေ့ ကိုယ်တို့ မေ့ဆေးစက်အသစ်နဲ့ လူနာကို မေ့ဆေးစပေးတယ်။ အဆင်ပြေတယ်။ အောင်မြင်တယ်။ လူနာလည်း အန္တရာယ်ကင်းကင်းနဲ့ မနာမကျင် ခွဲစိတ်ခံရတယ်။ အားလုံး စိတ်ချမ်းသာ ပျော်ရွှင်ရတယ်။ အဲ့ဒါကို မင်္ဂလာရှိသော နေ့သစ် လို့ ပြောတာ။ သို့သော် လွယ်လွယ်နဲ့ စံပါယ်တွေ ပွင့်ခဲ့တာတော့ မဟုတ်ပါဘူး။ ခွဲခန်းကလေး ပြည့်စုံလာအောင် ကိုယ်အများကြီး ပြင်ဆင်စုဆောင်းခဲ့ရတယ်။ မနှစ်က ဒီရက်မှာ ကလေးမွေးပေးတုန်းက ကိုယ်တို့မှာ မွေးခုံတောင် မရှိခဲ့ပါဘူး။ OPD […]
ချန်ဂင်တို့စခန်း (၁၃၉)
ကိုယ်တို့ဆေးရုံကို 24 hour service ပြန်ပေးမှ ရပါတော့မယ်။ လူနာတွေက ညဘက်အထိလည်း ဝင်လာမစဲ တသဲသဲနဲ့။ Ambulance ကားတွေနဲ့ကို ရောက်လာတာ။ အဆောင်မှာ ထမင်းစားနေရင်လည်း ထမင်းဝိုင်းထိ လိုက်လာခေါ်တာဗျား။ ခံရပါများလို့ ကိုယ်တွေလည်း နပ်လာပြီ။ Ambulance လာရင် လူနာကို ဖုတ်ကနဲချပြီး ပေးမပြန်တော့ဘူး။ နေဦး စောင့်ဦး။ ဥစ္စာရင်း မှန်မမှန် အရင်ကြည့်ဦးမယ် ဆို တားထားရတယ်။ နို့မို့ brought dead တွေ ပစ်ချသွားရင် ဆေးရုံမှာ ရေခဲတိုက်တွေ ရင်ခွဲရုံတွေလည်း ရှိတာ မဟုတ်။ ကြပ်ကြပ်သတ်သတ် လူနာတွေကြားမှာ ပူပူနွေးနွေး အလောင်းကြီး တစ်ညလုံးထားလို့ ဘယ်သူက အိပ်ရဲမှာတုန်း။ အထူးသဖြင့်တော့ ကားတိုက်၊ ဆိုင်ကယ်တိုက် head injury တွေလာရင် […]