ချန်ဂင်တို့စခန်း (၁၄၂)

အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ ဆိုတာ အခုရာသီကို ပြောတာပါ။ ညအိပ်တဲ့အခါ ကလီယိုပါထရာ လို တစ်ကိုယ်လုံးကို စောင်ထဲထည့်လိပ်ပြီး အိပ်ပေမယ့် ဟိုဘက်ကနေ သည်ဘက် စောင်းလိုက်ရင် အသားနဲ့ထိမထားတဲ့ စောင်ထည်တွေက နွေးမှမနွေးတာကိုး။ လက်စသတ်တော့ အနွေးဓါတ်ဆိုတာ စောင်ကပေးတာ မဟုတ်ပဲ ကိုယ့်ကိုယ်ငွေ့နဲ့ နွေးနေတဲ့ စောင်လေးက အပူရှိန်အပြင်မထွက်သွားအောင် ထိမ်းပေးထားတာပဲ။ မနက်စောစော အရုဏ်တက်ရင်တော့ ဘယ်လောက်ချမ်းချမ်း စောင်ပုံထဲကထွက်ပြီး ဆေးရုံကိုပြန်ပါတယ်။ နှင်းဝေတဲ့ဆောင်း မနက်ခင်းအလှက ချမ်းရကျိုးနပ်တယ်။ ဆေးရုံရောက်ရင်တော့ မီးဖိုဆောင်မှာ မနက်စာပြင်ဆင်နေတုန်း မီးပုံကလေးဖိုလို့ မီးလှုံပါတယ်။ မီးပုံက မီးမမွှေးရသေးဘူး။ မီးပုံနားမှာ မြန်မြန်လာပါတော့ လို့ စောင့်နေကြတာက ဆိတ်ကလေး ၃ ကောင်နဲ့ ခွေးကလေးတစ်ကောင်ပါ။ သူတို့က ဒီနေရာမှာ လာလာမီးလှုံနေကျဆိုတော့ လူတွေမလာခင်ကတည်းက နေရာဦးထားနှင့်တယ်။ သတ္တဝါကလေးတွေလည်း […]

ချန်ဂင်တို့စခန်း (၁၄၁)

“မင်္ဂလာရှိသော နေ့သစ်ရောက်ခဲ့ပြီ။” လို့ သီချင်းလေး ညည်းမိရင် ကြားမိတဲ့လူတွေကလည်း “လက်ထပ်ပွဲလေး ကျင်းပကြတော့မည်။” ဆို မင်္ဂလာဆောင်တွေ မျက်စိထဲ တန်းမြင်ယောင်လာမှာပါပဲ။ ကိုယ့်အဖို့ကတော့ မင်္ဂလာရှိသော နေ့သစ်ဆိုတာ အလုပ်သစ် အကိုင်သစ်ကို အောင်အောင်မြင်မြင် ခြေလှမ်းစနိုင်တာကို ပြောချင်တာပါ။ ဒီနေ့ ကိုယ်တို့ မေ့ဆေးစက်အသစ်နဲ့ လူနာကို မေ့ဆေးစပေးတယ်။ အဆင်ပြေတယ်။ အောင်မြင်တယ်။ လူနာလည်း အန္တရာယ်ကင်းကင်းနဲ့ မနာမကျင် ခွဲစိတ်ခံရတယ်။ အားလုံး စိတ်ချမ်းသာ ပျော်ရွှင်ရတယ်။ အဲ့ဒါကို မင်္ဂလာရှိသော နေ့သစ် လို့ ပြောတာ။ သို့သော် လွယ်လွယ်နဲ့ စံပါယ်တွေ ပွင့်ခဲ့တာတော့ မဟုတ်ပါဘူး။ ခွဲခန်းကလေး ပြည့်စုံလာအောင် ကိုယ်အများကြီး ပြင်ဆင်စုဆောင်းခဲ့ရတယ်။ မနှစ်က ဒီရက်မှာ ကလေးမွေးပေးတုန်းက ကိုယ်တို့မှာ မွေးခုံတောင် မရှိခဲ့ပါဘူး။ OPD […]

ချန်ဂင်တို့စခန်း (၁၃၉)

ကိုယ်တို့ဆေးရုံကို 24 hour service ပြန်ပေးမှ ရပါတော့မယ်။ လူနာတွေက ညဘက်အထိလည်း ဝင်လာမစဲ တသဲသဲနဲ့။ Ambulance ကားတွေနဲ့ကို ရောက်လာတာ။ အဆောင်မှာ ထမင်းစားနေရင်လည်း ထမင်းဝိုင်းထိ လိုက်လာခေါ်တာဗျား။ ခံရပါများလို့ ကိုယ်တွေလည်း နပ်လာပြီ။ Ambulance လာရင် လူနာကို ဖုတ်ကနဲချပြီး ပေးမပြန်တော့ဘူး။ နေဦး စောင့်ဦး။ ဥစ္စာရင်း မှန်မမှန် အရင်ကြည့်ဦးမယ် ဆို တားထားရတယ်။ နို့မို့ brought dead တွေ ပစ်ချသွားရင် ဆေးရုံမှာ ရေခဲတိုက်တွေ ရင်ခွဲရုံတွေလည်း ရှိတာ မဟုတ်။ ကြပ်ကြပ်သတ်သတ် လူနာတွေကြားမှာ ပူပူနွေးနွေး အလောင်းကြီး တစ်ညလုံးထားလို့ ဘယ်သူက အိပ်ရဲမှာတုန်း။ အထူးသဖြင့်တော့ ကားတိုက်၊ ဆိုင်ကယ်တိုက် head injury တွေလာရင် […]

ချန်ဂင်တို့စခန်း (၁၃၈)

ခုရက်ပိုင်း စာသိပ်မရေးနိုင်ပါဘူး။ လိုင်းကလည်း သိပ်မကောင်း။ ပြတ်တောင်းပြတ်တောင်းနဲ့ရယ်။ အဲ့ဒီ မကောင်းတဲ့လိုင်းနဲ့ပဲ စိတ်ရှည်လက်ရှည် အလုပ်တွေပြီးအောင် လုပ်ရပါတယ်။ လူနာတွေကလည်း များလိုက်တာမှဆိုတာ တနေကုန်ကို မနားရပါဘူး။ ခွဲလူနာကလည်း နေ့တိုင်း ၃-၄ ယောက်လောက် ဝင်နေရတာ။ waiting list နဲ့ ထားနေရပါပြီ။ လူနာကုတင်မလွတ်တော့လို့ တချို့လူနာတွေက ရွာထဲမှာ၊ စစ်ရှောင်စခန်းမှာ၊ နေပြီး မနက်တစ်ခါ ညတစ်ခါ သွေးတိုင်း၊ သွေးဖောက်၊ ဆေးထိုး လာကြရပါတယ်။ တချို့လည်း day care center ဆန်ဆန်ပဲ မနက်ဆေးရုံလာ ခွဲ။ ညနေ spinal ပြေတော့ ဆေးရုံဆင်းပြီး အိမ်ပြန်အိပ်ခိုင်းရတယ်။ အကုန်လုံးကတော့ ပြုံးပြုံးပျော်ပျော်ပါပဲ။ ကိုယ်တို့မှာတော့ ပင်ပန်းတာပေါ့။ ညဘက်ဆို ခါးတောင် ပြန်ပြန်နာတယ်။ အစားအသောက်ကတော့ လူနာတွေ […]

ချန်ဂင်တို့စခန်း (၁၃၇)

မနေ့ညကတော့ သန်းခေါင်ကျော် ၂ ချက်တီးကာမှ အဖွဲ့လိုက်ကြီး ဆေးရုံကို ပြန်ရပါတယ်။ “အရေးမကြီးရင် မနက်မှ လာပါလား။” လို့ ပြောရအောင်ကလည်း လူနာက ဗိုက်ကြီးသည်။ ဗိုက်နာနေပြီဆိုတော့ ပြန်ရမှာပေါ့။ “ခေါ်လာခဲ့လေ။ ဆေးရုံကို။” ဆိုတော့ “ခေါ်စရာ မရှိဘူး။ စစ်ရှောင်စခန်းမှာ နေတာ။ ပို့မယ့်သူလည်း မရှိ။ သားအမိ နှစ်ယောက်တည်းရယ်။” တဲ့။ ဖြစ်မှဖြစ်ရလေ။ ဆံထုံးလည်းစိုက် ဆီလည်းစိုက်။ အနှီးတွေ ကလေးအဝတ်အစားတွေပါ စိုက်မွေးပေးရုံနဲ့တောင် မရသေးပါလား။ ဖုတ်သွင်းရထားနဲ့ပါ သွားပင့်ရတဲ့ မဟာဇနက္ကဗိုက်နဲ့ လာတိုးနေတယ်။ သည်းညည်းခံရတာတွေလည်း မိုင်ကုန်နေပါပြီ။ စိတ်တိုပေမယ့်လည်း သွားခေါ်ရတာပါပဲ။ စစ်ရှောင် စခန်းဆိုတော့ ဒုက္ခသည်ပဲ ဥစ္စာ။ အိပ်ရေးပျက်တာတော့ ကိုယ်တွေတင် မကပါဘူး။ ဆေးရုံရှိသမျှ လူနာတွေ အကုန် လန့်နိုးတယ်။ အော်လိုက်တာမှ […]

ချန်ဂင်တို့စခန်း (၁၃၆)

ဒီမနက် မိုးတွေရွာပြန်ပြီ။ ပိုအေးလာတာပေါ့။ ရာသီဥတုက ကြမ်းတော့ ပန်းနာသမားတွေ ရင်ထထကြပ်ကြတယ်။ ဆေးရုံမှာ မှုတ်စက်ကလေးနဲ့ ရှုလိုက်ရင် ချောင်သွားမှန်း သိနေကြတော့ ဆေးကို မှန်မှန်မသောက်ပဲ ရင်ကြပ်ခါမှ ဆေးရုံပြေးပြေးလာကြတယ်။ ညကြီးသန်းခေါင် ဆေးရုံပြန်ပြီး လူနာကြည့်ရတာ အဆင်မပြေပါဘူး လို့ ဘယ်လောက်ပဲ ပြောပြော လူဆိုတာ ကိုယ့်ကိစ္စပဲ ကိုယ်သိကြတာလေ။ အလကားရတဲ့အရာတွေဆိုတော့ မရှိတော့တဲ့အခါကျမှပဲ တန်ဖိုးနားလည်ကြမယ့်သူတွေ။ သူတို့ရှူချင်တဲ့ လေမှုတ်စက်ကလေးက မီးစက်နှိုးမှ အလုပ်လုပ်တာ။ မီးအားမမှန်ရင် အငွေ့မထွက်ဘူး။ ဒါနဲ့ စက်အသစ်တစ်လုံး ထပ်ဝယ်ထားပြီး မေ့ဆေးဆရာဝန်ဆီ အကူအညီတောင်းတဲ့အခါ ဆရာမေ့က မီးမထွန်းပဲ အငွေ့ထွက်တဲ့ ပပဝတီဆေးငွေ့လွှတ်ဗူးကလေးတွေ ပို့ပေးတာ အဆင်ပြေသွားတယ်။ သို့သော်လည်း ရေရှည်ကျ ဆက်မသုံးနိုင်တော့ပဲ မီးစက်ပြန်နှိုးရတယ်။ သူက အောက်ဆီဂျင်ဆလင်ဒါနဲ့ တွဲသုံးရတာလေ။ ဒီတစ်လနှစ်လအတွင်း အောက်ဆီဂျင် […]