ချန်ဂင်တို့စခန်း (၁၈၃)

ငှက်ဖျားဟာ နောက်စရာတော့ မဟုတ်ဘူးနော်။ လျှော့မတွက်နဲ့။ လတဝက်ကျိုးရုံရှိသေး လူ ၅၀ လောက် ပေါ့စတစ်ထွက်နေပြီ။ ပိုးမတွေ့လည်း ချမ်းတုန်တဲ့ တက်ဖျားကျဖျားဆို ငှက်ဖျားအဖြစ်နဲ့ပဲ ကုရတာပဲ။ clinical malaria ပေါ့။ ၁၅ ရက်အတွင်းမှာ လူ ၇၀ လောက် ငှက်ဖျားဖြစ်နေတယ်ဆိုတာ တော်တော်များတာပဲ။ ဒါတောင် ကိုယ့်ဆေးရုံက မြို့ထဲရွာထဲက ဆေးရုံ မဟုတ်ဘူး။ တောထဲတောင်ထဲက ဆေးရုံ။ ရွာမှာရှိတဲ့ လူဦးရေနဲ့ဆို မများလွန်းဘူးလား။ စာသင်ကျောင်းက ကလေးတွေ ၁၇ ယောက်ပါတယ်။ တခုခုတော့ လုပ်ဦးမှ။ အခုလောလောဆယ်တော့ ပေးစရာ ငှက်ဖျားဆေးလည်း ကုန်ပြီ။ ဒိတ်မကောင်းတဲ့ဟာတွေပဲ ကျန်တော့တယ်။ စစ်စရာ test kits တွေလည်း ပြတ်တော့မယ်။ နောက်ထပ် မှာထားတာတွေက မရောက်သေးဘူး။ အမှန်ကတော့ […]

ချန်ဂင်တို့စခန်း (၁၈၂)

အိမ်ဘေးမှာ မွေးထားတဲ့ ယုန်ကလေး ၆ ကောင်မှာ ဧည့်သည်ယုန်သူငယ်လေးက ယုန်ခြံထဲမှာ မပျော်ပိုက်ဘူး။ ခုန်ထွက်သွားတာ နှစ်ခါရှိပြီ။ အဝေးကြီးတော့ မသွား။ အိမ်ဘေးခြုံပုတ်တွေထဲတင်နေပြီး အထဲကအကောင်တွေကို ခြံပြင်က လာလာချောင်းတယ်။ အစာကျွေးရင် သူ့အတွက်ပါ အပြင်မှာ ချချကျွေးထားရတယ်။ လာစားတယ်။ သို့သော် လူလာရင် ခြုံထဲဝင်ပြေးတယ်။ ဟိုအကောင်တွေလို မတ်တတ်ရပ်ပြီး လူဆီမှာ အစာလာမတောင်းဘူး။ ခြင်းတောင်းလေးနဲ့ထောင်ဖမ်းပြီး ခြံထဲပြန်ထည့်လည်း နောက်နေ့ သူ့ဘာသူ ပြန်ထွက်သွားတာပဲ။ မနေ့ကတော့ သူအစားငမ်းနေတုန်း ရုတ်တရက်ဖမ်းထားလိုက်တော့ အော်လိုက်တာ ငယ်သံကိုပါရော။ ခြံထဲမှာလည်း ငြိမ်ငြိမ်မနေ။ ပတ်ပြေးနေတယ်။ ပြီး မျက်စိရှေ့တင် သူ့ဘာသာ ခုန်ထွက်သွားပြန်ရော။ ကိုင်း ရှိပစေတော့။ သူ့ဘာသာ လွတ်လွတ်လပ် နေပါစေ။ အစာတော့ လာစားနေသားပဲဟာ။ ဒီမှာ တနေ့တနေ့ ယုန်စာချည့်ပဲ […]

ချန်ဂင်တို့စခန်း (၁၈၁)

အခုရက်ပိုင်း ဆေးခန်းမှာ စည်ကားနေတာကတော့ ငှက်ဖျားပါ။ စစ်လိုက်ရင် တစ်နေ့ သုံးလေးယောက်လောက် ပိုးတွေ့နေပါတယ်။ မတွေ့လည်း သူတို့အဖျားက ငှက်ဖျားဆေးပေးမှ သက်သာတယ်။ ဆေးရုံက ဆရာလေးတွေတောင် ငှက်ဖျားပိုးတွေ့လို့ ဆေးသောက်နေရပြီ။ ဆေးရုံမှာရှိတဲ့ ငှက်ဖျားဆေးတွေလည်း ကုန်သွားလို့ ထပ်မှာနေရပြီ။ မနှစ်ကတုန်းက ငှက်ဖျားလူနာ ဒီလောက် မရှိပေမယ့် ဒီနှစ်​တော့ outbreak ဖြစ်တယ် ပြောရမလိုပဲ။ ကိုယ်ကိုယ်တိုင်တောင် ဘယ်နေ့ဖြစ်မလဲ မသိနိုင်ဘူး။ ညနေညနေဆို ခြင်တွေ တအားပေါလာပြီ။ မြန်မာပြည်မှာ အလုပ်လုပ်တဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ ငှက်ဖျားဆိုတာ ကြောက်စရာ လို့တော့ မမြင်ပါဘူး။ ငှက်ဖျားနဲ့သေတဲ့ လေပါတီမမြရင်တောင် အနှစ် ၁၀၀ ပြည့် အငြိမ့်ပွဲလုပ်တာ ၁၀ နှစ်လောက် ရှိနေပြီ။ ကျုပ်တို့ဆီ ခုထက်ထိ ငှက်ဖျားကို နိုင်အောင် မကုနိုင်သေးဘူး။ […]

ချန်ဂင်တို့စခန်း (၁၈၀)

မိုးတွင်းစာ စုတယ်ဆိုတာ တော်တော်ပင်ပန်းတဲ့ အလုပ်မှန်း ကလေးဘဝကတည်းက သိပါတယ်။ ကိုယ်တို့အိမ်က မင်္ဂလာဆောင်ဖိတ်စာရိုက်တဲ့ စာပုံနှိပ်စက် ဆိုတော့ ဝါတွင်းတစ်တွင်းလုံး အလုပ်ပါးတယ်လေ။ မိုးတွင်းစာ မစုလို့ မရဘူး။ ဆရာဝန်အလုပ်လုပ်တော့ အချိန်တန် လခလေး သူ့ဟာသူဝင်နေလို့ လောက်တာမလောက်တာ အပထား။ သည်နွေမိုးဆောင်း ပြောင်းသော်လည်း ကိုယ့်အပူမပါတာ။ အခု ဒီဘက်မှာ မိုးတွင်းစာ စုနေတယ် ဆိုတာက ကိုယ့်အတွက် မဟုတ်ပါဘူး။ လူနာတွေအတွက်ပါ။ ကားလမ်းပိတ်လို့ ပစ္စည်းတွေသယ်မရရင် ဘာနဲ့ဆေးကုမှာတုန်း။ လက်ဆေးဆပ်ပြာတောင် ဂါလံပုံးနဲ့ ဝယ်မလောက်လို့ ကိုယ့်ဘာကိုယ်စပ်သုံးနေရတဲ့ဟာကို။ ကိုယ်တို့ဆေးရုံရဲ့ တစ်လတစ်လ ဆေးဝယ်ရတဲ့ ကုန်ကျစားရိတ်ဟာ သိန်း လေးငါးဆယ်ထက်တော့မနည်းပါဘူး။ ဒီကလူနာတွေက “မြို့တက်ပြီး ဒီဆေးလေးဝယ်ပေးပါ။ ဆေးရုံမှာ မရှိတဲ့ဟာမို့ပါ။” လို့ စာရွက်ကလေးနဲ့ ရေးပြီး ဆိုင်ကယ်ကယ်ရီနဲ့ လွှတ်ရင် […]

ချန်ဂင်တို့စခန်း (၁၇၉)

ပူလိုက်တာ။ မိုးမရွာတာ ၃ ရက်လောက်ရှိပြီဆိုတော့ နေက ကော့နေအောင် ပူပါတယ်။ လမ်းတွေပြန်ခြောက်သွားပေမယ့် ကားတွေ ပေးမဝင်ဘူး။ ဒီဘက်မှာ စစ်ပွဲအခြေအနေ မငြိမ်သက်လို့ပါ။ ဒါကြောင့်မို့ OPD လူနာတွေ မလာနိုင်ပဲ ရွာထဲကလူနာတွေပဲ လာပြနိုင်တော့တယ်။ ဒါတောင်မှ ပြီးခဲ့တဲ့လအတွက် OPD လူနာ ၈၀၀ ကျော်၊ ခွဲလူနာ ၄၂ ယောက်နဲ့ စံချိန်သစ်တင်သွားပါတယ်။ ဒီလအခြေအနေ ဘယ်လိုရှိမလဲ ဆက်ကြည့်ရမှာပေါ့။ ရာသီဥတူကြောင့် သက်ကြီးရွယ်အိုတွေ heat stroke မရဖို့ ဂရုစိုက်နေရသလို ရွာထဲမှာ ငှက်ဖျားပိုးတွေ့တဲ့ လူနာလည်း တက်လာပါတယ်။ heat stroke နဲ့ လာတဲ့ PDF ကလေးက encephalitis ရတာ လေးရက်လောက်နေမှ ငှက်ဖျားပိုးတွေ့လို့ သူ့ကိုလည်း Cerebral malaria […]

ချန်ဂင်တို့စခန်း (၁၇၈)

မုန်တိုင်းပြီးတော့ မိုးရာသီထဲ ဆက်ဝင်သွားပါတယ်။ ရွာတော့လည်း အပူချိန်လျော့ပြီး နေလို့ကောင်းတာပေါ့။ လမ်းတွေတော့ ပျက်သွားပြီ။ ကားတွေလည်း ဒီဘက်ကို ပေးမဝင်ပဲ ပိတ်ထားတဲ့ရက်တွေ များတယ်။ ဆေးရုံမှာ လူနာနည်းသွားတာပေါ့လေ။ ပြင်စရာရှိတာပြင် စုဆောင်းစရာ ရှိတာတွေ စုဆောင်းဖို့ အချိန်ရသွားတယ်။ မီးစက်အသစ် မီးစလောင်း အသစ်တွေ ရပြီ။ အားကိုးရတဲ့ ကိုယ့်ဆရာလေး တစ်ယောက်ကတော့ ခေါင်းမှာတပ်တဲ့ ဆလိုက်မီးလေး လှမ်းပို့ပေးတယ်။ ကျေးဇူးကြီးလှပါဘိ။ ခက်ခဲတဲ့ဒေသပေမယ့် ဆေးတွေဝါးတွေ ပစ္စည်းကိရိယာတွေ လိုလေသေးမရှိ ပြည့်စုံအောင် ဖြည့်ဆည်းပေးကြတာ တော်ရုံတန်ရုံ စေတနာ သဒ္ဓါတရားတော့ မဟုတ်ပါဘူး။ ကိုယ့်ဆီကနေတဆင့် လိုအပ်တဲ့ ရှေ့တန်းဆေးတပ်ဖွဲ့တွေဆီရောက်အောင်လည်း ပြန်ဖြန့်ပေးပါတယ်။ သိတဲ့အတိုင်းပဲ။ ကိုဗစ်စင်တာဖွင့်တုန်းက သုံးမကုန်တဲ့ PPE ဝတ်စုံတွေတောင် အလဟဿဖြစ်မစိုးလို့ မကုန်ကုန်အောင် သုံးပစ်တာ။ ကိုယ့်ဆီကဆေးတွေ မသုံးလိုက်ရပဲ […]