ချန်ဂင်တို့စခန်း (၁၈၉)

ဒီအရပ်ကလူတွေ ငှက်ဖျားအရမ်းကူးတဲ့အချိန်၊ မိုးရွာလို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တဲ့အချိန်၊ စစ်တပ်ဂိတ်တွေက ဖြတ်လေးဖြတ် ကျင့်သုံးလို့ ဆေးပစ္စည်းတွေ သယ်မရတဲ့အချိန်။ ဒီအချိန်မှာပဲ နောက်ထပ် ဖိအားတစ်ခု ထပ်တိုးလာတာကတော့ စစ်ရေးအခြေအနေ တင်းမာလာခြင်းပါပဲ။ နမ်ဆန်ယန် နဲ့ လိုင်ဆာ နဲ့ နဂါးခေါင်းချင်းဆိုင်ထားတဲ့အချိန်မှာ နောက်ကျောဘက် အမြီးဘက်မှာလည်း ထိတွေ့မှု တိုက်ပွဲတွေနဲ့ မငြိမ်မသက် ရှိနေပါတယ်။ လီဒိုလမ်းပေါ်က ရှဒူဇွပ်ဘက်မှာ ဖြစ်တာ၊ ကိုယ်တို့ဆီက စစ်ကိုင်းနယ်စပ် ပန်ချယ်၊ မန်စိမ်းဘက်မှာဖြစ်တာတွေပေါ့။ မိုးရိပ်တိမ်ရိပ်တွေကြားမှာပဲ ကင်းထောက် စစ်လေယာဉ်တွေ ခဏခဏ လာနေတာလည်း တွေ့ရတယ်။ ပြောလို့တော့ ဘယ်ရမလဲ။ မကြာခင်မှာ ပွဲကြီးပွဲကောင်းတစ်ခု ဆင်နွှဲဖို့ နှစ်ဘက်စလုံးက ပြင်ဆင်နေကြပုံပါပဲ။ ဒါကြောင့်မို့ ကိုယ်တို့လည်း အရေးအကြောင်းရှိရင် အလုပ်အများကြီး လုပ်နိုင်ဖို့ လိုလေသေးမရှိအောင် ပြင်ဆင်နေရပါတယ်။ အထူးအားဖြင့်တော့ […]

ချန်ဂင်တို့စခန်း (၁၈၈)

ခုရက်ပိုင်း အလုပ်တွေက ရှောရှောရှူရှူ မဖြစ်တာ များပါတယ်။ ဘယ်လောက်ပဲ သတိဝီရိယနဲ့ ကြိုတင်စီမံထားသော်လည်း ထစ်ငေါ့လွဲချော်နေတာချည့်ပဲ။ ငှက်ဖျားတွေ စဖြစ်ပြီ ဆိုကတည်းက ၃ နေရာခွဲပြီး ဆေးတွေမှာတယ်။ ရောက်မလာကြဘူး။ ရောက်တဲ့ဆေးကလည်း မလောက်ဘူး။ နောက်ဆုံးမှာ ပေးစရာဆေးလည်း မရှိတော့ဘူး။ စစ်စရာ test kit လည်း ကုန်ပြီဆိုတဲ့အခြေအနေ ဖြစ်လာတယ်။ လူနာက မလျော့သေးဘူး။ တချို့လူနာတွေကို အမြစ်ဖြတ်ဆေး ပေးထားပါလျက် ၂ ခါပြန်ဖြစ်တယ်။ အရင်လက cerebral malaria နဲ့ ကလေးလည်း high fever နဲ့ ပြန်လာတယ်။ ရွာထဲကလည်း နောက်ထပ် ကလေးလေးတစ်ယောက် ကယောင်ကတမ်း နဲ့ တက်ပြီး ရောက်လာတယ်။ သူတို့စစ်ဖို့ test kit တောင် မရှိတာ။ […]

ချန်ဂင်တို့စခန်း (၁၈၇)

မိုးတွင်းကာလအတွင်း လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်သွားလို့ ဆေးရုံမှာ လူနာကျဲသွားလိမ့်မယ် ထင်ခဲ့တာ တက်တက်စင်အောင် လွဲပါတယ်။ ဒီလမှာ ဆေးရုံကို OPD လာပြတဲ့လူနာ ၈၈၀ကျော်နဲ့ စံချိန်ချိုးသွားတာ။ ငှက်ဖျားလူနာကချည့် ၁၄၀ ကျော်နဲ့ဆိုတော့ စံချိန်မကျိုးပဲနေမလား။ ကျောင်းတောင် ခနပိတ်ထားရတဲ့ ဥစ္စာ။ ဒါပေမယ့်လည်း အသေအပျောက်က တစ်ယောက်ပဲ ရှိတာ ကိုယ်တို့အများကြီး လုပ်ပေးနိုင်တာ သိသာပါတယ်။ အဲ့ဒီကလေးတောင် ငှက်ဖျားချည့်သက်သက်ဆို သေချင်မှသေမယ်။ သူ့ရောဂါအခံကြောင့် ၅ ရက်လောက် သတိလစ်နေတဲ့အချိန်မှာ နမိုးနီးယား ဝင်ပြီး သေတာ။ ဒါဆိုရင် ဆေးတွေ အကုန်မြန်တာ၊ အောက်ဆီဂျင်တွေ အလျဉ်မမီအောင် ပြတ်တောက်သွားတာ လက်ခံနိုင်လောက်တဲ့ အကြောင်းတရား လို့ ပြောရမှာပေါ့။ အခက်အခဲတွေ ဘယ်လောက်များများ နိုင်နိုင်နင်းနင်း ကျော်ဖြတ်လာခဲ့တယ်။ မှာထားတာတွေ ပို့လိုက်တာတွေကလည်း […]

ချန်ဂင်တို့စခန်း (၁၈၆)

စာတွေကလည်း ရေးနိုင်လိုက်တာနော်။ ရေးစရာတွေကလည်း ကုန်ကို မကုန်နိုင်ဘူး။ တောထဲမှာနေရတာ တော်တော်ကို အားအားယားယား သာသာယာယာ ရှိလို့သာ စာကလေးရေးလိုက် ဓါတ်ပုံလေးတင်လိုက်နဲ့ အပူအပင်မရှိ အေးအေးလူလူ ဖြတ်သန်းနေနိုင်တာလို့ ထင်နေရင် မှားပါလိမ့်မယ်။ ဒီက ဘဝတွေဟာ နေ့စဉ်နေ့တိုင်း တနေ့တမျိုး မရိုးရလေအောင် စိန်ခေါ်မှုတွေ အခက်အခဲတွေကို ပင်ပင်ပန်းပန်း ရင်ဆိုင်ဖြတ်သန်းရတာပါ။ မိုးရွာတာချင်းတူရင်တောင် တောနဲ့မြို့မှာ ကြုံရတာချင်း မတူဘူး။ ဒီညတော့ အေးအေးချမ်းချမ်း အိပ်ရပြီကွာ ဆို စောင်ခြုံထဲ ကွေးလို့ မရဘူး။ မိုးယိုတဲ့နေရာတွေအောက်က ရေစိုရင် ပျက်စီးတတ်သောပစ္စည်းများကို ရွှေ့ရဖယ်ရတယ်။ မိုးက ရက်ဆက်လာရင် ဆေးရုံရှေ့က မြေနီလမ်းကလေးက မခြောက်တော့ဘူး။ ရွှံ့တွေနဲ့နူးပြီး ဆိုင်ကယ်တဖြတ်စာတောင် မနည်းဖြတ်ရတယ်။ ခြေထောက်နစ်သွားရင် ဖိနပ်တောင် ကျွတ်ကျန်ခဲ့တာ။ ဆွဲနှုတ်လို့မရ။ အသွားအပြန် ဗွက်နစ်လိုက် […]

ချန်ဂင်တို့စခန်း (၁၈၅)

ငယ်ငယ်တုန်းက ကျောင်းမှာသင်ခဲ့ရတဲ့စာတွေထဲမှာ ကိုယ်အညံ့ဆုံးကတော့ ပထဝီ ပါ။ ဘယ်ကိုမှ မရောက်ဖူးပဲ အရပ်ဒေသတွေအကြောင်းကို စာအုပ်ထဲပါတဲ့အတိုင်း အလွတ်ကျက်ရတာကိုး။ ကိုယ်တို့ ကြီးပြင်းခဲ့ရတဲ့ ပညာရေးကလည်း စာစီစာကုံးတောင် အလွတ်ကျက် ခိုင်းတဲ့အထိ အဖြစ်ဆိုးတယ်လေ။ ဒါပေမယ့်လည်း ကျက်ခဲ့ပါတယ်။ ဘယ်လောက်တောင် ကျက်ခဲ့သလဲ ဆို နမ္မတီး ရောက်တော့ သကြားစက် ကို လိုက်ရှာမိတယ်။ ဆားမှော် ဆိုတာကော ဘယ်နားလဲ လိုက်မေးတယ်။ နမ္မတီး နဲ့ ဆားမှော်မှာ သကြားစက် ရှိတယ်။ ဝိုင်းမော်မြို့နယ်မှာ ဝါရှောင်ဆည်ရှိတယ်။ စာအုပ်ထဲမှာသင်တယ်။ မယ်သီတာခိုးတာ ဘယ်သူလဲ။ အပြင်မှာ အဲ့ဒါကြီးတွေ အလုပ်မလုပ်တော့တာဖြင့် ကြာလှပြီ။ ကိုယ်တို့ဖြေတဲ့ စာမေးပွဲမှာတော့ အဲ့ဒါမပါရင် အမှတ်မရဘူး။ ကျက်ဆိုကျက်လိုက်။ စာကကျက်ရတာ မခက်ပါဘူး။ မြေပုံပဲ မဆွဲတတ်တာ။ ပထဝီဖြေရင် […]

ချန်ဂင်တို့စခန်း (၁၈၄)

ဒီနေ့မနက် အိပ်ယာနိုးတော့ ယုန်ကလေးတွေက ကောက်ရိုးတွေချီပြီး အသိုက်လုပ်နေတာတွေ့တယ်။ ကလေးမွေးချင်နေပြီလား မသိ။ မီးဖိုထဲက ကန်စွန်းရွက်တွေယူပြီးပြန်လာတော့ ယုန်တွေက အစားစားဖို့ စိတ်မဝင်စားပဲ ယောက်ယက်ခတ်နေကြတယ်။ ခုန အသိုက်ထဲမှာတော့ ယုန်ပေါက်ကလေးတွေ ရွစိရွစိနဲ့။ ခြောက်ကောင်တောင်။ ကျန်တဲ့ယုန်တွေက အချင်းချင်း လုံးထွေးကိုက်ခဲပြီး ဘာလို့ပတ်ပြေးနေကြမှန်း မသိဘူး။ ကလေးမွေးထားတဲ့ ယုန်မလေးနောက်ကို အတင်းလိုက်ပြီး မုန်ယိုနေကြတယ်။ အကောင်လေးတွေက ကြွက်ပေါက်ကလေးတွေလို အရေခွံကြည်ကြည် နီတာရဲကလေးမို့ သူ့အမေနဲ့လည်း ခွဲမထားချင်သေးဘူး။ ဟိုက သူ့ကလေးသူ မမှတ်မိတော့ရင် နို့မတိုက်မှာစိုးလို့။ ယုန်က နို့တိုက်သတ္တဝါ ဟုတ်သလား မဟုတ်သလားတောင် ဇဝေဇဝါရယ်။ အဲ့ဒီနောက်တော့ ခွဲလူနာ ၂ ယောက် ရှိလို့ အဲ့ဒီကောင်လေးတွေကို မေ့သွားရော။ ခွဲခန်းက ပြန်ထွက်လာတော့ ယုန်ပေါက်ကလေးတွေ သေနေပြီဗျား။ ပုရွက်ဆိတ်တောင် တက်လို့။ […]