ချိန်းထားတဲ့နေရာမှာ သူငယ်ချင်းတွေ မရောက်သေးလို့ ထိုင်မလို့ လုပ်နေတုန်း လေယာဉ်မယ်လို waitress လေးက “ဘယ်နှစ်ယောက် လာမှာလဲ။” တဲ့။ “၃-၄ ယောက်လောက် ရှိမယ် ညီမ။” လို့ မှန်းဖြေလိုက်တော့ “ဪ မတီခင်တို့ ဖြစ်လိမ့်မယ်။” တဲ့။ ရန်ကုန်က ဟာမတွေများ အားနေ အစားချည့် လှိမ့်စားနေလို့ ဆိုင်ကတောင် မှတ်မိနေပြီ။ “စောင့်ဦးမလား။ တစ်ခုခု မှာထားနှင့်မလား။” “သမီးတို့ဆိုင်က ဘာတွေရသလဲ ကလေး။” “ဟုတ်ကဲ့။ သမီးတို့ဆိုင်ရဲ့ signature ကတော့ ဘိန်းမုန့်ပါ။” တဲ့။ “အေးကုန်မှာစိုးလို့ တစ်ယောက်စာပဲ အရင် serve လုပ်ထားနှင့်မယ်နော်။ ပိုက်ဆံကြိုရှင်းရပါတယ် ရှင့်။” တဲ့။ ဪ ခက်ပြီ။ တောသူဌေး မြို့တက်လာစမို့ အိပ်ထဲမှာလည်း တစ်သောင်းတန်ကြီး ဖြစ်နေတယ်။ […]
Author: Soe Min
ဆိုင်းကြိုက်တဲ့မောင်
သီတင်းကျွတ်လပြည့်ဆိုတာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက် အထွဋ်အမြတ်ထားတဲ့ နေ့တနေ့ပါပဲ။ ဆရာသမား မိဘတွေကို ကန်တော့ကြတယ်။ လူငယ်လူရွယ်တွေ မီးထွန်းပွဲလည်ကြတယ်။ ဆီမီးပူဇော်ကြတယ်။ မီးပုံးပျံတွေ လွှတ်ကြတယ်။ ဘာသာရေးပွဲဆိုလည်း ဟုတ်။ ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာဆိုလည်း ဟုတ်ပါတယ်။ ဒီလိုအခါကြီးရက်ကြီး ပွဲခင်းထဲကိုမှ ပါရာမော်တာ နဲ့ ဗုံးကြဲတိုက်ခိုက်လို့ လူ ၂၀ ကျော်သေပြီး လူ ၄၀ ကျော် အပြင်းအထန် ဒဏ်ရာရတယ်ဆိုတာ အင်မတန်မှ ယုတ်မာရိုင်းစိုင်းပြီး ဘာသာ သာသနာကို စော်ကားတဲ့ အပြုအမူမျိုးပါပဲ။ ဘယ်လိုအကြောင်းနဲ့မှ ခွင့်လွှတ်စရာ မရှိဘူး။ နမခတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး ဆိုတဲ့နံမည်ကိုလည်း မေ့မသွားအောင်၊ လူမှားစရာ မရှိအောင်၊ စာနဲ့သေသေချာချာကို ရေးမှတ်ထားပါတယ်။ (၆.၁၀.၂၀၂၅) နေ့စွဲနဲ့ပါ။ ဆစ်ခ်တွေရဲ့ ရွှေကျောင်းတော်ကြီးထဲကို ပန်ချာပီတွေ ဘုရားပွဲကျင်းပတဲ့ဆီ […]
မင်းလေးမက်တဲ့ အိပ်မက်ထဲ
တနေကုန် မအားတော့ စာရေးတာ အိပ်ချိန်ထဲက ဖဲ့ပြီး အရေးများတယ်။ ညဦးပိုင်းမှာ ပိုးကောင်လေးတွေ လာလို့ သန်းခေါင်ကျော် တရေးနိုး ရေးဖြစ်နေတာ တရေးနိုးသော် အကြံပေါ်လို့ မဟုတ်ပါဘူး။ Sound sleep မရပဲ REM sleep တွေနဲ့ အိပ်ရတဲ့အခါ ဦးနှောက်က မှတ်ဉာဏ်အဟောင်းတွေ ပြန်ပြန်လှန်တယ်လေ။ အဲ့ဒီအခါကျ အိပ်မက်တွေမက်ကရော။ အိပ်မက်တော်တော်များများက မသိစိတ်မှာဖြစ်ပေါ်နေတာမို့ နိုးလာရင် မမှတ်မိပေမယ့် တချို့ကျတော့လည်း နိုးတဝက်အိပ်တဝက်မို့ တကယ်ဖြစ်နေသလို ခံစားပြီး နိုးလာတဲ့အခါ အတွေးတွေကျန်တယ်။ ကိုယ့်အရွယ်က အိပ်မက်မက်ရင်း ရှူရှူးတွေပေါက်ချတဲ့အရွယ်တော့ မဟုတ်သေးဘူး။ နတ်တို့ကလည်း လာလာနှိုးပြီး မဆော်ပါဘူး။ သွေးလေခြောက်ခြားစရာလည်း မရှိတော့ စိတ်စွဲလန်း၍ မက်သော အိပ်မက်များသာ ရှိတယ်။ ကိုယ် ဘာတွေကိုများ အစွဲအလန်းကြီးနေပါလိမ့်။ အခုလောလောဆယ် လန့်နိုးလာတာက […]
ဆရာ နှင့် သူ၏လူနာများ
“ကိုကို့မှာ ကိုကို့မှာ ပဒက်တွေဝိုင်းသလား သမီးမသိပါ မာမီရယ်။ ကိုကို့မှာ ကိုကို့မှာ လည်ပင်းတက်နင်းသလား သမီးမသိပါ မာမီရယ်။ သမီးတခုတော့ပြောမယ် တောင်းပန်တယ်။ လူငယ်တွေအချင်းချင်း သတ်နေပြီ။ ပျူစစ်မှုထမ်းတွေ မဆွဲပါနဲ့။ ကိုကိုနဲ့ လက်နက်ချပါ မာမီရယ်။” ဒါလေးကတော့ ကန့်ဘလူမှာ ပျူတွေအသည်းစွဲ TikTok ကတဲ့ သီချင်းလေးပါတဲ့။ စခန်းလာသိမ်းတဲ့ ပဒက်တွေတောင် သူတို့နဲ့ ဝင်ကပေးရမလို ဖြစ်နေပြီ။ အင်တာဗျူးတဲ့ ဗိုလ်ပိုင်ချဲတောင် ပြောရင်းပြောရင်း ရယ်ချင်လာတာ မျက်နှာပိုးသပ်မရဘူး။ လူငယ်ဆိုတာ စစ်မြေပြင်မှာ ကင်းစောင့်ရင်းလည်း ပျော်အောင်နေကြရတာပါပဲ။ ဝါသဝ ဘုန်းကြီးပျံကျမှ “အကြိုက် ကစမ်း ငါးကောင်တို့။” ဆို ခင်ရတနာစိုး ဆိုင်းငှါးပေးမယ် သပ်လား။ ဘိန်းခင်းထဲမှာ ဘိန်းပန်းလှလှလေးတွေ ပွင့်သလိုပဲ တော်လှန်ရေးကာလအတွင်းမှာ တော်လှန်ရေးတေးသံလေးတွေလည်း စဲမသွားဘူး။ အနိဌာရုံတွေကြားမှာ၊ […]
ဟောရင်းသာ ပျံတော်မူရမယ် ဆန်ဖြူဖြူတစ်ခွက် ရဖို့မမြင်
ဒီနေ့မနက် စောစောစီးစီးမှာပဲ စိတ်ဆင်းရဲစရာ ဒေါသဖြစ်စရာ သတင်းတွေနဲ့ နိုးထရပါတယ်။ ကျောက်မဲ နဲ့ နမ္မတူကို ဗုံးတွေ ကြဲသွားပြန်ပြီလေ။ ပြင်ဦးလွင်မှာလည်း ရှော့တိုက်ဒုံးစက်ရုံ ဆောက်မလို့တဲ့။ ဒီကောင်ကြီး ရုရှားက ပြန်လာတိုင်း ပြည်သူတွေကို သတ်ဖြတ်တာ ပိုများလာတယ် လို့ သတိထားမိတာ ကြာပါပြီ။ ကြိုတင်မျှော်လင့်ထားပြီးသားပါ။ အသက်တွေရင်းပြီးမှ ဒီလမ်းရောက်မယ်ဆိုလည်း ရင်းလိုက်ရုံ ရှိတာပေါ့။ ကိုယ့်အသက်မပါပဲ သူများကို ထိုးကျွေးနေတာမှ မဟုတ်တာ။ လူအသေအပျောက်နည်းဖို့၊ တိုင်းပြည် အထိအခိုက်နည်းဖို့ကတော့ တော်လှန်ရေးကြီး မြန်မြန် ပြီး/မပြီး အပေါ်မှာ မူတည်ပါလိမ့်မယ်။ စစ်ကောင်စီနဲ့ ဆန့်ကျင်ဘက်လူတွေကို အကုန်သတ်နိုင်ရင်လည်း တော်လှန်ရေးကြီးက ပြီးသွားလိမ့်မယ်။ နောက်ကို ဘယ်တော့မှ ခေါင်းထောင်မထနိုင်ပဲ စစ်တပ်အသိုင်းအဝိုင်းရဲ့ အဖိနှိပ်ခံ တရည်နိမ့်လူသားအဖြစ် သားစဉ်မြေးဆက် နေသွားကြရုံပဲ ရှိတယ်။ အနေချောင် […]
အလီဘာဘာ နှင့် ခိုးသားငါးရာ
စာအုပ်ရိုက်တဲ့ဆီက “ပရီအော်ဒါကောက်ထားလို့ရပါပြီ။ ဘယ်ကိုပို့ပေးရမလဲ ပြောပါ။” ဆိုလို့ post တင်လိုက်ပြီး ရေသွားချိုးမိပါတယ်။ ပြန်လာတဲ့အခါ အမှာစာတွေ ဒလဟောတက်နေလို့ ထမင်းတောင် ဖြောင့်ဖြောင့်မစားနိုင်ဘူး။ စာတွေပြန်ရ၊ စာရင်းကောက်ရနဲ့ အပြင်သွားဖို့ အစီအစဉ် ဖျက်လိုက်ရပါတယ်။ ဒီအတိုင်းဆို ပထမအကြိမ် ပုံနှိပ်တဲ့ အရေအတွက်နဲ့ လောက်မှာ မဟုတ်ဘူး။ “မှာထားတာကြာပြီ။ ရောက်မလာသေးဘူး။” ဆိုတာတွေကိုလည်း အားနာရဦးမယ်။ ဒီချိန်ကြီး ဈေးရောင်းရတာ စစ်ဒဏ်ဗုံးဒဏ်ခံနေရတဲ့သူတွေကို ပိုလို့တောင် အားနာရပါတယ်။ ဒါကြောင့်မို့ တော်လှန်ရေးထုတ်ကုန်အနေနဲ့ fund raising လုပ်ပြီး မရောင်းတာ။ သူတို့ကို ခေါင်းစဉ်တပ်ပြီး “ကူကြပါဦး။ လှူကြပါဦး။” ရောင်းရင် ကိုယ်လည်း revolution porn လုပ်ရာကျမယ်။ အဲ့ဒါကြောင့် “ဝယ်ချင်ဝယ်။ မဝယ်ချင်နေ။ သုံးချင်သလို သုံးမှာ။” လို့ ပြောရောင်းတာ။ […]