ချန်ဂင်တို့စခန်း (၂၀၁)

လူတိုင်းမှာ အနာဂတ်ကာလနဲ့ပါတ်သက်ပြီး ဘာလုပ်ချင်တယ် ဘာဖြစ်ချင်တယ် ဆိုတဲ့ အကြံအစည် စိတ်ကူးစိတ်သန်းကလေးတွေ ရှိကြတာပါပဲ။ ဒါပေမယ့် ကြံစည်တိုင်းလည်း ဖြစ်မလာဘူးလေ ဆိုသလိုပေါ့။ ကိုယ်မျှော်မှန်းထားတာတွေနဲ့ လက်တွေ့ဖြစ်လာတာနဲ့ တလွဲစီဖြစ်နေတာလည်း ရှိတတ်ပါတယ်။ ယုန်ပေါက်ကလေးတွေ ပြေးလွှားဆော့ကစားနေကြတဲ့အခါ သူတို့ကျယ်ကျယ်ဝန်းဝန်းနေရဖို့ ခြံစည်းရိုးလေး ဘေးဘက်ကို ချဲ့လိုက်မယ် လို့ စိတ်ကူးနေတာ။ ဒါပေမယ့် ဘယ်လိုဖြစ်တယ် မသိဘူး။ တစ်ကောင်ပြီးတစ်ကောင် သေကုန်တာ တစ်ကောင်ပဲ ကျန်တော့တယ်။ အိမ်ထဲခေါ်ပြီး သပ်သပ်စီ ခွဲထားလည်း သေတယ်။ စိတ်ထဲမှာ မကောင်းဘူးလေ။ သတ္တဝါလေးတွေကို သံယောဇဉ်ထားရတာလည်း စိတ်ပင်ပန်းရတာပါကလား။ ဆက်တောင် မွေးချင်စိတ် ပျောက်သွားတယ်။ ကိုယ့်မှာ ခံစားရတာတွေများတယ်။ ထပ်ပြီး မခံစားချင်တော့ဘူး။ ယုန်သေတာကို စာအရှည်ကြီး ရေးဖို့ပြင်နေတယ်။ ကိုယ့်အနီးအနားမှာ လူတွေသေတာမှ အားမနာ။ ဟုတ်တာပေါ့။ ကိုဗစ်လူနာကြီးတုန်းကလည်း […]

ချန်ဂင်တို့စခန်း (၂၀၀)

ယုန်ကလေးတွေ နို့ခွဲပြီ။ သူတို့မှာ ရှေ့သွားလေးတွေပေါက်လာတော့ နို့စို့ရင် နာလို့ထင်တယ်။ ယုန်မေမေက ရုန်းရှာတယ်။ ကန်စွန်းရွက်ကလေးတွေလည်း ပိုးလို့ပက်လက်လန်အောင် ကိုက်စားနေကြတော့ နို့ဆက်မတိုက်တော့ပဲ အရွက်ပြောင်းကျွေးတယ်။ အဲ့ဒီအခါကျတော့ အင်အင်းလေးတွေ ပါလာပြီမို့ အိပ်ခန်းထဲမှာ မထားတော့ပဲ ခြံထဲပြန်ပို့လိုက်တယ်။ ခုန်ပေါက်ပြေးလွှားနေပြီ။ အမွှေးဖွားဖွားနဲ့ ချစ်စရာလေးတွေ။ အကြီးတွေ ကပ်လာတိုင်း သူတို့အမေအမှတ်နဲ့ နို့ဆွဲဆွဲလို့ သူတို့ကိုတောင် အကြီးတွေက ပြန်ကြောက်နေရသေး။ နောက်တော့ သင်စရာပြစရာမလိုပဲ သူတို့အမေတူးထားတဲ့ ကျင်းကလေးထဲ အကုန်ဝင်ဝင်အိပ်နေကြတယ်။ ပျောက်လို့ရှာရင် အဲ့ဒီထဲမှာချည့်ပဲ။ တစ်ကောင်ကတော့ ခြံစည်းရိုးပျဉ်ချပ်ကြားကတိုးထွက်ပြီး အိမ်ဘေးက ခြုံထဲရောက်နေလို့ ပြန်ခေါ်ထားရတယ်။ ငယ်သေးတော့ လွတ်အောင် မပြေးတတ်သေးဘူး။ အပြင်ကကောင်များဖြင့် လူသာ အကပ်ခံတာ။ ခြံထဲထည့်ရင် ချက်ချင်းပြန်ခုန်ထွက်တယ်။ မနေဘူး။ ဒီလကုန်လောက်ဆို သူ့အမေ နောက်တစ်သားပေါက်လိမ့်မယ် ထင်တယ်။ ခြံချဲ့ဦးမှပါ။ […]

ချန်ဂင်တို့စခန်း (၁၉၉)

“မိုးသံလေသံ မောင်မကြားလား။” တဲ့။ ကြားတာပေါ့။ မိုးသံလေသံတင် ဘယ်ကမလဲ။ သူ့အနောက်က ကပ်ပါလာတဲ့ လေယာဉ်သံလည်း ကြားတယ်။ အဲ့ဒီလေယာဉ်သံကိုမှ ဟတ်စကီးအသံလား ဂျက်ဖိုက်တာ အသံလား ကွဲကွဲပြားပြား ကြားတယ်။ Dolby Sound System နဲ့ ရုပ်ရှင်ရုံထဲမှာ ကြည့်နေရသလို ဘယ်ဘက်ကနေဝင်လာပြီး ဘယ်အရပ်ကို ထွက်သွားသလဲ။ နိမ့်နိမ့်လေးလာသလား၊ ဟိုးအမြင့်က ပျံသွားသလား ပါ ကြားတယ်။ ဪ ကိုယ်တွေတောင် စစ်ရေးအတွေ့အကြုံ မနည်းတော့ပါလား။ စစ်မြေပြင်မှာနေရတဲ့ ပြည်သူတွေရဲ့ဘဝက သည်အတိုင်းပဲ ရှိပေမပေါ့လေ။ တံတားဦးကနေ တက်လာတယ်၊ မြစ်ကြီးနားကနေ တက်လာတယ်။ ဘယ်နှစ်စီးတက်ပြီး ဘယ်ဘက်ကို ပျံသွားတယ် ဆိုတဲ့သတင်းရတာနဲ့ နားသာစွင့်နေလိုက်။ ကိုယ့်ဘက်လာတာမှန်ရင် အသံတော့ ကြားရမှာပဲ။ အုန်းကနဲဒိုင်းကနဲ သိမ့်သိမ့်တုန်သွားရင်တော့ အဲ့ဒါ ချလိုက်တာ။ တစ်လုံးဖြင့်တစ်လုံး […]

ချန်ဂင်တို့စခန်း (၁၉၈)

ရေစီးတစ်ခါ ရေသာတလှည့် တဲ့။ “စစ်ပွဲတွေ လောလောဆယ် မရှိသေးဘူး။ အေးအေးချမ်းချမ်းပဲ။”လို့ ထင်ခဲ့ရတဲ့ကာလတွေက ကုန်သွားပြန်ပြီလေ။ ဖားကန့်ဘက် ကသိုဏ်းတောင်ပေါ်က စစ်ခွေးဂိတ်ကို KIA က သွားသိမ်းပြီးတဲ့နောက်မှာ ဒီဘက်ပိုင်းက ရွာသူရွာသားတွေအားလုံး လေကြောင်းအန္တရာယ် ဥဩသံကြီး အလိုလို ကြားယောင်နေတာဟာ ဘဝပေးအသိ လို့ ပြောရရင် တော်တော် ရင်နာစရာကောင်းမှာပဲ။ ယူကရိန်း နဲ့ ရုရှားလို ပြည်ပက ကျူးကျော်စစ်လည်း မဟုတ်သလို အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတဲ့သူတွေကလည်း စစ်သားတွေ မဟုတ်ကြပါဘူး။ အရပ်သား ပြည်သူတွေပါ။ ကိုယ့်တိုင်းပြည်က တိုင်းသူပြည်သားတွေရဲ့ ရပ်ရွာအိုးအိမ် ဘာသာရေးအဆောက်အဦတွေကို အဲ့ဒီတိုင်းပြည်ရဲ့ စစ်တပ်ကိုယ်တိုင်က ရက်ရက်စက်စက် ဗုံးကျဲ မီးရှို့ သတ်ဖြတ်တယ် ဆိုတဲ့ဖြစ်ရပ်ဟာ ကမ္ဘာပေါ်က တခြားနိုင်ငံတွေမှာ ရှိရောရှိပါ့မလား မသိဘူး။ ဒါတွေက အရေးမကြီးတော့ပါဘူး။ သူ့ဟာသူ […]

ချန်ဂင်တို့စခန်း (၁၉၇)

ယုန်ပေါက်ကလေးတွေ ဆယ်ရက်သား ရှိလာပြီ။ မျက်လုံးလေးတွေပွင့်ပြီး အမွှေးလေးတွေ စုံလာပြီ။ ကတ္တီပါသားလေးလို နူးနူးညံ့ညံ့လေး။ အဖြူဆွတ်ဆွတ်ကလေး ၂ ကောင်ပါတယ်။ ဝတုတ် လုံးကစ် နေတာပဲ။ တနေ့ကို ၂ ခါတော့ သူ့အမေကိုခေါ်ပြီး နို့တိုက်ပေးတယ်။ သွားကလေးတွေပေါက်လာတော့ သူတို့အမေက နာလို့လားမသိဘူး။ ကုန်းကုန်းထတယ်။ အရွက်မစားနိုင်သေးတော့ နို့ခွဲလို့ မရသေးဘူး ထင်တာပဲ။ လမ်းတော့ တောက်တောက်ပြေးနေပြီ။ အဖိတ်အစင်မရှိ အဖတ်တင်လို့ ဝမ်းသာမိပါတယ်။ နည်းနည်းလေး အလုပ်ရှုပ်ခံလိုက်ရင် သတ္တဝါ ၇ ကောင် အသက်ရှင်တယ်လေ။ သူတို့အမေကို တစ်လသားလောက်က ယူမွေးတာ အသက် ၆ လ အရောက်မှာ ၂ သားပေါက်နေပြီနော်။ ကလေးတွေနို့စွဲတော့ သူ့ခမျာ ပိန်ရှာတယ်။ အစားဖိကျွေးနေရတာ။ နေ့စဉ်ပုံမှန် လုပ်သွားတဲ့ အလုပ်တွေက အချိန်တခု […]

ချန်ဂင်တို့စခန်း (၁၉၆)

မိုးလေဝသကတော့ မုန်တိုင်းရှိတယ်။ နောက်ထပ် ၅ ရက်လောက် မိုးရွာဦးမယ် လို့ ပြောပါတယ်။ အပြင်မှာလည်း မိုးတွေရွာနေတာ မတိတ်သေးပါဘူး။ မိုးမတိတ်သ၍ လမ်းက ဘယ်လိုမှ သွားမရနိုင်တာ သေချာတာပေါ့။ ဒီတစ်ခါလမ်းပိတ်တာ ရေကြီးတာက ကိုယ်တို့ဆီက တောလမ်းတွေတင်မကဘူး။ ဟိုးသံလမ်းရိုးပေါ်က ကတ္တရာလမ်းပေါ်ပါ ရေလွှမ်းနေတာမို့ ဆေးတွေလည်း မှာမရဘူး။ အောက်ဆီဂျင်တွေလည်း ဖြည့်မရဘူး။ ဓါတ်ခွဲခန်းက သွေးအဖြေ၊ အသားစအဖြေတွေလည်း ထွက်မလာတော့ပါဘူး။ ဘာမှကို လုပ်မရတော့တာ။ တယ်လီဖုန်းလိုင်းရော၊ အင်တာနက်လိုင်းရော ပျောက်နေတယ်။ ကိုယ့်ဆီက စာဝင်စာထွက်ကို စစ်ချင်ရင် ညသန်းခေါင်ကျော် ၂ ချက် ၃ နာရီလောက် ထပြီး ကိုယ်ပို့တဲ့စာရောက်မရောက်စစ်။ ကိုယ့်ဆီဝင်တဲ့စာ တက်ဖတ်ရတယ်။ တခါတလေ တစ်ပါတ်စာပျောက်နေတဲ့ နိုတီတွေက အဲ့ဒီအချိန်ရောက်ကာမှ တတိန်တိန်နဲ့ အားလုံးစုပြုံ တက်လာတော့တယ်။ […]