“La vie est plus belle quand on ecrit soi-meme.” တဲ့။ ဘဝဆိုတာ ကိုယ့်လက်နဲ့ ကိုယ်တိုင်ရေးတော့ ပိုလှတာပေါ့ လို့ ပြောတာ။ ဟုတ်မှာပါလေ။ တစ်နိုင်ငံလုံးမှာ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ သာနေတဲ့အထဲ ကိုယ်တိုင်ဝင်ကူထားတဲ့ တာမခံတိုက်ပွဲလေးက တော်တော်အရသာရှိတာ။ ကွမ်လုံရက် ၄၀ လိုမျိုး တာမခံ ၁၂ ရက် ကို ပြန်ရေးမယ့်သူတောင် မကျန်တော့ဘူး။ အခိုင်အမာဆောက်ထားတဲ့ ခံတပ်ကုန်းတစ်ခု၊ လက်နက်အစုံအလင် နဲ့ လေကြောင်းပစ်ကူပါ မရပ်မနားပေးထားသော်လည်း တောင့်မခံနိုင်ခဲ့ဘူး။ ဒုတိယကမ္ဘာစစ်ပြီးကာနီးမှာ ဟစ်တလာ့ဖင်ဝ မီးနဲ့မြှိုက်တဲ့ စစ်ရှုံးပွဲတွေလို နေမှာပဲ။ ကြင်စိုးနဲ့နောက်လိုက်တွေကို ခေါင်းမီးတောက်စေလိမ့်မယ်။ ဒါပေမယ့်လည်း သူတို့အတွက်တော့ ကမ္ဘာမီးလောင်တုန်း ဆီမီးခွက်ထတောက်သလောက် ရှိမှာပေါ့လေ။ အရူးမီးဝိုင်း ဖြစ်နေပြီကိုး။ လော်ဘီကောင်တွေ […]
Author: Soe Min
ချန်ဂင်တို့စခန်း (၂၄၅)
တိုက်ပွဲတွေစပြီး ၁၂ ရက်အကြာမှာ တာမခံစခန်းကို လက်ရသိမ်းနိုင်ခဲ့ပါတယ်။ ကုန်းမြင့်ပေါ်မှာ ဘန်ကာထဲဝပ်ပြီး တက်လာသမျှ စိမ်ပြေနပြေ ထိုင်ပစ်နေတဲ့ကောင်တွေက သူတို့အတွက် ဆုတ်လမ်းဖွင့်ပေးရင် စခန်းကို စွန့်ခွါမယ် လို့ ညှိလာတယ်ဆိုတော့ အလံဖြူထောင်တဲ့သဘောတော့ မဟုတ်ပါဘူး။ “ယောက်ဖရေ ငါတို့ ပြေးမယ်နော်။ နောက်ကလိုက်မပစ်ကြေး။ ပစ်တဲ့ကောင် တေတေး။” ဆိုတဲ့ သဘောမျိုးတော့ သက်ရောက်ပါတယ်။ မပြေးလည်း စစ်ကူမလာ၊ ရိက္ခာမထောက်နဲ့ သင်းသတ်ထားတဲ့အပင်ကြီးလို ဖြစ်နေမှဟာ။ မနိုင်လို့ပြေးတာပါ။ နိုင်မှဖြင့် မအေရောနှမရော ချန်တဲ့ကောင်တွေ မဟုတ်ဘူး။ ကိုယ်တွေကလည်း စိတ်ရင်းအတိုင်းဆိုရင်ဖြင့် ဒင်းတို့ကို တစ်ကောင်မှ ချန်မထားချင်ပါဘူး။ သို့သော်လည်း စစ်တိုက်တယ်ဆိုတာ စိတ်ခံစားချက်အတိုင်း လိုက်တိုက်ရတာမျိုး မဟုတ်ဘူး။ ကလဲ့စားချေဖို့၊ လက်တုန့်ပြန်ဖို့ချည့်ပဲလည်း မဟုတ်ဘူး။ နိုင်ဖို့အတွက်ဆိုရင် အသက်ကိုတောင် ရင်းထားမှဟာ ခံစားချက်တွေကိုလည်း မြိုသိပ်ရတာပေါ့။ […]
ချန်ဂင်တို့စခန်း (၂၄၄)
လူနာပြန်နည်းသွားတာ ၂ ရက်လောက် ရှိပြီမို့ နားနားနေနေလေး အလုပ်လက်ကျန်တွေဖြတ်ရင်း ကုန်သွားတဲ့ ဆေးဝါးရိက္ခာ လိုအပ်ရာရာတွေကို ရှာဖွေစုဆောင်းရပါတယ်။ ညဘက်တွေမအိပ်ရတဲ့ အိပ်ချိန်အကြွေးတွေလည်း ပြန်ဆပ်ရတာပေါ့။ လေယာဉ်လာသလား မလာသလားတောင် မသိတော့အောင် တချိုးတည်း အိပ်ပျော်သွားတော့တယ်။ လွှဲတဲ့ပို့တဲ့လူနာတွေလည်း ပြန်ရောက်တာ ရောက်ပြီ။ နောက်ထပ်လွှဲရပို့ရမယ့်ဆီကို ချောချောမောမောရောက်အောင်လည်း ချိတ်ဆက်စီစဉ်ရတယ်။ ရေစီးတစ်ခါ ရေသာတစ်လှည့်ဆိုတာ ဒီလိုမျိုး နေမှာပဲ။ နားတယ်ဆိုပေမယ့် အလုပ်မလုပ်ပဲနေတယ် ပြောတာ မဟုတ်ဘူး။ ဖုတ်ပူမီးတိုက် အသည်းအသန် အလုပ်မလုပ်တာပဲ ရှိတယ်။ ဖြေးဖြေးအေးအေး သက်သက်သာသာတော့ အလုပ်လုပ်ရသေးတာပဲ။ ဘာပဲပြောပြော အသက်ရှူချောင်တယ်လေ။ နားလို့ရသ၍ နားထား။ ခဏနေကျတော့ အလုပ်တွေပြန်ပိလာဦးမှာ။ ခံစားချက်ကတော့ ထုံပေပေကြီးရယ်။ ဘာကိုမှ ထိထိမိမိ မခံစားရဘူး။ ချစ်ရွှင်သနား တည်ကျားကြမ်းကြုပ် စက်ဆုပ်အံ့ဩတွေကို စိုင်းစိုင်းခမ်းလှိုင် အိုက်တင်လုပ်ပြနေသလိုပဲ။ […]
ချန်ဂင်တို့စခန်း (၂၄၃)
ခုရက်ပိုင်း အတောအတွင်း level up ဖြစ်သွားတဲ့ ကိုယ်တို့ရဲ့ စူပါပါဝါကတော့ ညဉ့်နက်သန်းခေါင် အိပ်ပျော်နေဆဲမှာတောင် ကောင်းကင်က လေယာဉ်သံကို ကြားနိုင်ပြီး ဖြတ်ကနဲနိုး၊ ဝုန်းကနဲထထိုင်၊ အိမ်နောက်က ခံတုတ် ကျင်းထဲကို ဒိုင်ဗင်ပစ်သလို လှစ်ကနဲရောက်သွားတာပါပဲ။ တနေကုန်လည်း ခွဲခန်းထဲက မထွက်ရ၊ ညကျပြန်တော့လည်း အိပ်ကောင်းခြင်း မအိပ်ရ။ တခြားသွားပြီး ရှောင်အိပ်လို့လည်း မရပြန်ဘူးဗျ။ လူနာက ညဘက်မှာလည်း ရောက်လာတတ်ပြီး ညကြီးမင်းကြီး အရေးပေါ်ခွဲခန်းဝင်ချင် ဝင်ရသေးတာ။ လူမပြောနဲ့။ ခွဲခန်းထဲကပစ္စည်းတွေတောင် အနားမရရှာဘူး။ case ပြီးတာနဲ့ တိုက်ချွတ်ဆေးကြောပြီး ပြန်ပေါင်းထားရတာ။ နောက်တစ်ခေါက်ပြန်သုံးရမယ့်လူနာက ရှိနေသေးတယ်လေ။ တာမခံ- ဖားကန့်တကြောမှာ ရှိတဲ့ ဆေးခန်းတွေက စစ်ရေးအခြေအနေအရ ပိတ်ကုန်တော့ အဲ့ဒီဘက်က မွေးလူနာတွေ အောက်ကမထွက်နိုင်တဲ့အခါ ကိုယ်တို့ဆေးရုံပဲ ပြေးလာစရာ ရှိတယ်လေ။ […]
ချန်ဂင်တို့စခန်း (၂၄၂)
မနေ့ည သန်းခေါင်ကျော်ကတည်းက ခွဲခန်းထဲ ဝင်သွားလိုက်တာ၊ အပြင်ထွက်ပြီးအစားစားလိုက်၊ လူနာကြည့်လိုက်၊ ခွဲခန်းပြန်ဝင်လိုက် ပတ်ချာလည်နေရော။ ဒီတစ်ခါတော့ ဆာဂျင်ဆိုတာ မက်ကင်းနစ်တစ်ယောက်နဲ့ သိပ်တူတာပဲ လို့ ခံစားမိပါတယ်။ ရောဂါကုနေတာမှ မဟုတ်တာ။ ခန္ဓာကိုယ်မှာ ဒဏ်ရာရတော့ ဘယ်အပိုင်းတွေမှာ ဘယ်လောက်ထိ ပျက်စီးသွားသလဲ၊ အဲ့ဒါကို ဘယ်လိုပြန်ပြင်မလဲ။ ဒါပဲ ခေါင်းထဲထည့်ထားရတာလေ။ ပြင်မရလောက်အောင် ထိခိုက်လာတာတွေကျတော့လည်း ကယ်စရာအသက်ကို ပါမလာတော့တာကြောင့် ကိုယ်တို့လုပ်ဖို့ မလိုဘူး။ ဆယ်ဇင်းကိုတိုက်တုန်းက ၂ ရက်ကြာမှ လူနာရောက်လာပေမယ့် ဒီတစ်ခါ ကိုယ်တို့ဆီက ဆေးအဖွဲ့ လွှတ်ထားတာကြောင့် နာရီပိုင်းအတွင်း လူနာလက်ခံရရှိတယ်။ အလုပ်လည်း ပိုတွင်တယ်။ နီးစပ်ရာကလူတွေလည်း ဝိုင်းကြဝန်းကြရတာပေါ့။ ရှေ့တန်းကရောက်လာတဲ့လူနာတွေကို လဲစရာ ပုဆိုးဖိနပ်ကအစ ဆီးဆင်ပြီး လူနာစောင့်လုပ်ပေးတဲ့ စေတနာရှင်တွေလည်း ရှိတယ်။ ခွဲခန်းကိစ္စပြီးရင် အစာရေစာကအစ အိပ်ရာထိုင်ခင်းအထိ […]
ချန်ဂင်တို့စခန်း (၂၄၁)
“ပွဲဦးစရန် ခုနစ်သံချီဆွယ် ဪ သွားလိုက်ကြတာ လူတွေ မနည်းတယ်။ လာလေ။ စောစောသွားမှ တို့နေရာရမယ်။” ဘယ်နေရာမှာ ဘာပွဲရှိသလဲရယ်လို့ အချိန်နှင့်အမျှ စောင့်မျှော်နားဆင်နေကြတဲ့ သောတရှင်အပေါင်းတို့ရေ။ ချန်ဂင်တို့ဆီမှာလည်း ပွဲတွေ က တော့မှာပါနော်။ ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းတော့ ရွှေဆိုင်းက ဗေထိဆော်နေပါပြီ။ သို့ပေမယ့်လည်း ဒီမှာ ကမယ့်ပွဲက စစ်ပွဲမို့လို့ “ပြေးလိုက်ကြတာ လူတွေမနည်းတယ်။” လို့ပဲ ပြောရမှာပေါ့။ အစောပိုင်းကတည်းက စုဆောင်းရေးကြောင့် ကျီးလန့်စာစားဖြစ်နေရတဲ့ ရပ်တွေရွာတွေဟာ ပွဲစမယ့် အရိပ်အယောင်မြင်တာနဲ့ တိတ်ဆိတ်ခြောက်ကပ် သွားတာပါပဲ။ ကိုယ်တို့အဖွဲ့ကတော့ “လာလေ။ စောစောသွားမှ တို့နေရာရမယ်။” ဆိုတဲ့အထဲပါသဗျ။ ဘေးကင်းလုံခြုံတဲ့ တစ်နေရာကနေ လူနာတွေကို လက်ခံဖို့၊ အရေးပေါ် ကယ်ဆယ်ကုသပြီး ဆေးရုံကို လွှဲပို့ဖို့ လိုအပ်တာတွေ အကုန်ပြင်ဆင်နေရပါတယ်။ တောင်ကြီးက […]