တန်ဆောင်မုန်းလမှာ မိုးတွေရွာ နေတာ ပျော်စရာတော့ မကောင်းပါဘူး။ ကထိန် မလှည့်ရ၊ မီးပုံးပျံ မလွှတ်ရလို့ မဟုတ်ဘူး။ ရေထဲမိုးထဲ မဖြစ်မနေ သွားလာနေရတဲ့ဒုက္ခက မကျွတ်နိုင်သေးလို့ပါ။ သွားလမ်းလည်း မသာသလို လာလမ်းလည်း မဖြောင့်ဘူး။ လမ်းလို့သာပြောရတယ်။ အာသောကမင်းကြီးခင်းသွားသလား မှတ်ရ။ ချိုင့်ခွက်ကြီးတွေက ရေတွင်းပေါင်း ၈၄၀၀၀၊ ရေကန်ပေါင်း ၈၄၀၀၀။ ဗွက်အိုင်ကြီးခုနစ်ထွေလည်း ဖြတ်ရသေး။ သူများတကာတွေ ဒီရာသီမှာ တိမ်ပင်လယ် ကြည့်နေကြပြီဆို။ ကိုယ်တို့မှာတော့ ဒီမိုးတိတ်တာနဲ့ တန်း မီးလှုံရမယ့်သဘောရှိတယ်။ ရာသီဥတုက အအေးဘက်ကို ပြောင်းလာပြီ။ စစ်ပွဲတွေလည်း နည်းနည်း အေးသွားပြီး လူသစ်စုတာ၊ ဂိတ်ပိတ်ပြီး ပိုက်ဆံတောင်းတာလောက်ပဲ လုပ်တော့တယ်။ ဖားကန့်ဘက်က အင်အား ၄၀၀ လောက် ထုတ်နှုတ်သွားပြီး သံလမ်းရိုးဘက်ကို ပြန်မဲနေတယ်။ ဗန်းမော်ဘက်ကတော့ အသံတွေ […]
Author: Soe Min
လွင်ပြင်ကန္တာ ကြမ်းသတဲ့လား
ချန်ဂင်တို့ဆေးရုံကို စဆောက်တုန်းက အလှူရှင်တွေ ငွေကုန်ကြေးကျ များမှာစိုးလို့ အဆောက်အဦး ခိုင်ခိုင်မာမာတောင် သိပ်မဆောက်ပါဘူး။ အဟောင်းအပျက်တွေကို ပြုပြင်ပြီးနေခဲ့တယ်။ အသစ် ဆောက်တဲ့ခွဲခန်းကိုတောင် အတွင်းခန်းပဲ အုတ်ပတ်ပြီး အပြင်တစ်လွှာကို အထပ်သားနဲ့ကာခဲ့တယ်။ တော်ပြီလေ။ တစ်မိုးနှစ်မိုးလောက်ဆို တော်လှန်ရေးက ပြီးတော့မှာ လို့ ထင်ခဲ့တာ။ မမအိုဂျီက လူနာတွေကိို ၆ လ လောက် ခွါချိန်းရင် “အဲ့လောက်ကြီး မကြာပါနဲ့။ တော်ကြာ ကိုယ်တို့အိမ်ပြန်သွားရင် ခွဲပေးမယ့်သူ မရှိပဲနေမယ်။” လို့ ပြောခဲ့သေးတယ်။ တကယ်လည်း ကိုယ်တို့ဘက်က အရေးသာတဲ့အချိန်တွေ အများကြီး ရှိခဲ့တာပဲ။ အဲ့သလိုဖြစ်လာတိုင်း ငပုတစ်ကောင်က တရုတ်ခြေသလုံးပြေးဖက်လိုက်၊ ရုရှားခြေသလုံးပြေးဖက်လိုက်နဲ့ တိုင်းပြည်ကို ထိုးအပ်ပြီး ပြည်သူကို ရက်ရက်စက်စက်သတ်ဖြတ်လို့ သူ့အတွက် ထွက်ပေါက်ရှာခဲ့တယ်။ စစ်တိုက်စရာ စစ်သားကုန်တဲ့အခါ အတင်းအဓမ္မ စစ်သားစုဆောင်းပြီး […]
မကူးသောငါး မနားသောငှက်
မြို့ပေါ်မှာနေတဲ့သူတွေဟာ အရွယ်ကောင်းလေးတွေကို ဘယ်ကရောက်လာမှန်းမသိတဲ့ လူတစ်စုက ရိုက်မောင်းပုတ်မောင်း ဖမ်းဆီးခေါ်ဆောင်ပြီး စစ်သားစုဆောင်းရေးလုပ်တဲ့ လူမုဆိုးတွေဆီမှာ ပိုက်ဆံနဲ့ရောင်းစားတဲ့အဖြစ်တွေ တော်တော်များများ ကြုံဖူးကြမယ် ထင်ပါတယ်။ သတင်းတွေထဲမှာပါသလို ကိုယ့်မျက်စိအောက်မှာ မြင်လိုက်ရတာလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်သားသမီးမဟုတ်တဲ့အခါ ဝင်တောင် ဆွဲမယ့်တားမယ့်သူ မရှိပဲ ဒီအတိုင်းထိုင်ကြည့်၊ ရပ်ကြည့်၊ လက်ပိုက်ကြည့်နေကြတယ် မှလား။ ရုတ်ရုတ်သဲသဲတောင် မဖြစ်လိုက်ဘူး။ ခေါ်တဲ့ကား မောင်းထွက်သွားတာနဲ့ နေမြဲတိုင်း၊ စားမြဲတိုင်း ပျော်မြဲတိုင်း ပြန်ဖြစ်သွားမှာပဲ။ သားသမီးချင်းစာနာတဲ့ စိတ်မှ မရှိပဲကိုး။ နေတိုးတို့ မြင့်မြတ်တို့ဆို ကိုယ်တိုင် သားယောက်ကျားလေးမွေးထားပါလျက် ရွေးကောက်ပွဲလုပ်ဖို့ အတင်းခိုင်းတဲ့ ပေါ်လစီကားကို မျက်နှာပြောင်ပြောင် ရိုက်ရဲကြတယ်။ စစ်အစိုးရအောက်မှာ ဘယ်လိုနေရထိုင်ရ အလုပ်လုပ်ရတယ်ဆိုတာ သိလျက်သားနဲ့ သူတို့သားသမီးတွေလက်ထက်အထိတိုင်အောင် ဒီအတိုင်းပဲ ဆက်အဖိနှိပ်ခံမယ့်လမ်းကို မောင်းသွင်းကြတယ်။ ကိုယ်တိုင်သတ္တိမရှိလို့ မတော်လှန်ရဲရင်တောင် […]
ဘယ်သွားနေလဲ မောင်ရေခဲ
“လူဆိုတာ အမြဲ ယုံကြည်ရာတစ်ခုအတွက် အသက်ကိုတောင် စတေးရတာပဲ။” ဆိုတဲ့ အဆိုတော်ကြီးက ဘာတွေကို ယုံကြည်ပြီး ဘာတွေကို စတေးသလဲတော့ ကိုယ်လည်း မပြောတတ်ပါဘူး။ ကိုယ်ကတော့ ဗုဒ္ဓဘာသာပီပီ ကံ၊ ကံ၏အကျိုးကိုပဲ ယုံကြည်ပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ ဘဲစားဘဲချေ မရှိဘူး။ ကိုယ်စိုက်တဲ့အသီး ကိုယ်စားရမှာ။ သူတပါးအသက်တွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့သူတွေဟာ တချိန်ကျရင် သူတို့ကိုယ်တိုင်သေခြင်းဆိုးနဲ့ သေရမှာချည့်ပဲ။ ဝဋ်ဆိုတာ ကြာချင်သာကြာမယ်။ မလာပဲတော့ မနေဘူး။ “ဦးနေဝင်းတို့၊ ဦးသန်းရွှေတို့၊ ဘုန်းကြီးသက်ရှည်၊ ၉၀ တန်းအထိ နေသွားသားပဲ။ ဝဋ်လည်းလည်တာ မမြင်လိုက်ပါဘူး။” လို့ မအောင့်မေ့နဲ့။ ဒီတစ်ဘဝတည်းနဲ့ ပြီးသွားတဲ့ ကိစ္စမှ မဟုတ်တာ။ ဘယ်ငရဲမှာ ဘယ်နှစ်ကမ္ဘာခံစားနေရသလဲ ကိုယ်လည်း လိုက်ကြည့်နိုင်တာ မဟုတ်။ […]
ဆောက်ဖြစ်ရင် ကျောင်းဒကာ
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကချင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၆၃ ကြိမ် လုပ်ခဲ့တယ်လို့ သတင်းထဲမှာပါတော့ အနည်းဆုံးတစ်နေ့ကို ၉ ကြိမ် လောက် ဗုံးကြဲခံရတဲ့သဘောပါပဲ။ ဗန်းမော်မှာလည်း အခေါက်ခေါက် အခါခါကြဲ၊ လမြန်ဘက်မှာလည်း နေ့တိုင်းကြဲ၊ မလန်းမှာလည်း ကြဲနေတာ မဟုတ်လား။ ဒါတောင် ကချင်ပြည်နယ် တစ်နယ်ပဲ ရှိသေးတာ။ ကျောက်မဲ၊ သီပေါတဝိုက်၊ အင်းတော်၊ ဗန်းမောက်တဝိုက်၊ မိုးကုတ်တဝိုက်၊ မုံရွာတဝိုက်မှာ နေ့တိုင်း ဗုံးချနေတာ မပါသေးဘူး။ ချင်း၊ ကရင်၊ ကရင်နီ၊ ရခိုင်မှာ ဗုံးမိုးရွာနေတာလည်း နည်းမှ မနည်းတာ။ တနိုင်ငံလုံးမှာ လေကြောင်းစစ်ဆင်ရေးတွေချည့် အခါမလပ် ဆင်နွှဲနေတဲ့ပုံပေါ်ပါတယ်။ တံတားဦးလေတပ်၊ နေပြည်တော်လေတပ်၊ မင်္ဂလာဒုံလေတပ်၊ မိတ္ထီလာလေတပ်တွေကနေ နေ့ညမပြတ် လေယာဉ် အတက်အဆင်း ရှိကြမယ် ထင်ပါရဲ့။ ငှက်သိုက်ဖြိုတဲ့ကမ်ပိန်းလေးများ […]
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို
သီတင်းဝါလကျွတ်ပြီဆိုတော့ ဘာသာ သာသနာကိုအလေးထားတဲ့ မြန်မာစစ်တပ်ကြီးဟာ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ လူတစ်ထောင်ပြည့်အောင် သတ်ပြီး ယဇ်ပူဇော်မလို့ ထင်ပါရဲ့။ တနိုင်ငံလုံးလှည့်ပြီး လူသတ်နေတော့တာ။ ဖားကန့် မလန်းဘက်မှာလည်း တပ်ခွဲတစ်ခွဲ ပတ်သိမ်းပြီး အကုန်သတ်ပစ်တယ်။ မသတ်ခင်လည်း ရက်ရက်စက်စက် နှိပ်စက်ပြထားတယ်။ ကိုယ့်ဆီက ဘုရားတကာကြီးတွေကျတော့ နိုင်နိုင်ဦးတို့၊ မျိုးမင်းထွေးတို့ကို လွှတ်ပေးလိုက်တာ အခု အဲ့ဒီကောင်တွေက အငြှိုးနဲ့ လူပြန်သတ်နေရောဗျ။ အဲ့လို အကောင်ကြီးတွေမိဖို့ဆိုတာ ကိုယ့်ဘက်က အသက်တွေအများကြီး ရင်းရတယ်။ မိလည်းမိရော အထက်ကကောင်တွေက ပဏ္ဏာယူပြီး “ဟ ဘယ်သူများလဲလို့။ ယောက်ဖပဲ။ တခြားလူတွေမှ မဟုတ်တာ။ ပြန် ပြန်။” ဆို လွှတ်ပေးလိုက်ရော။ အဲ့လိုနဲ့ သံသရာလည်နေတာ တော်လှန်ရေးကြီးက မပြီးတော့ဘူး။ တာမခန်တုန်းကလည်း သက်ပိုင်ထွန်းကို လွှတ်ပေးလိုက်လို့ ဆိုင်းတောင် Lucky […]