တန်ဆောင်မုန်းလမှာ မိုးတွေရွာ နေတာ ပျော်စရာတော့ မကောင်းပါဘူး။ ကထိန် မလှည့်ရ၊ မီးပုံးပျံ မလွှတ်ရလို့ မဟုတ်ဘူး။ ရေထဲမိုးထဲ မဖြစ်မနေ သွားလာနေရတဲ့ဒုက္ခက မကျွတ်နိုင်သေးလို့ပါ။ သွားလမ်းလည်း မသာသလို လာလမ်းလည်း မဖြောင့်ဘူး။ လမ်းလို့သာပြောရတယ်။ အာသောကမင်းကြီးခင်းသွားသလား မှတ်ရ။ ချိုင့်ခွက်ကြီးတွေက ရေတွင်းပေါင်း ၈၄၀၀၀၊ ရေကန်ပေါင်း ၈၄၀၀၀။ ဗွက်အိုင်ကြီးခုနစ်ထွေလည်း ဖြတ်ရသေး။ သူများတကာတွေ ဒီရာသီမှာ တိမ်ပင်လယ် ကြည့်နေကြပြီဆို။ ကိုယ်တို့မှာတော့ ဒီမိုးတိတ်တာနဲ့ တန်း မီးလှုံရမယ့်သဘောရှိတယ်။ ရာသီဥတုက အအေးဘက်ကို ပြောင်းလာပြီ။ စစ်ပွဲတွေလည်း နည်းနည်း အေးသွားပြီး လူသစ်စုတာ၊ ဂိတ်ပိတ်ပြီး ပိုက်ဆံတောင်းတာလောက်ပဲ လုပ်တော့တယ်။ ဖားကန့်ဘက်က အင်အား ၄၀၀ လောက် ထုတ်နှုတ်သွားပြီး သံလမ်းရိုးဘက်ကို ပြန်မဲနေတယ်။ ဗန်းမော်ဘက်ကတော့ အသံတွေ […]
Month: November 2025
လွင်ပြင်ကန္တာ ကြမ်းသတဲ့လား
ချန်ဂင်တို့ဆေးရုံကို စဆောက်တုန်းက အလှူရှင်တွေ ငွေကုန်ကြေးကျ များမှာစိုးလို့ အဆောက်အဦး ခိုင်ခိုင်မာမာတောင် သိပ်မဆောက်ပါဘူး။ အဟောင်းအပျက်တွေကို ပြုပြင်ပြီးနေခဲ့တယ်။ အသစ် ဆောက်တဲ့ခွဲခန်းကိုတောင် အတွင်းခန်းပဲ အုတ်ပတ်ပြီး အပြင်တစ်လွှာကို အထပ်သားနဲ့ကာခဲ့တယ်။ တော်ပြီလေ။ တစ်မိုးနှစ်မိုးလောက်ဆို တော်လှန်ရေးက ပြီးတော့မှာ လို့ ထင်ခဲ့တာ။ မမအိုဂျီက လူနာတွေကိို ၆ လ လောက် ခွါချိန်းရင် “အဲ့လောက်ကြီး မကြာပါနဲ့။ တော်ကြာ ကိုယ်တို့အိမ်ပြန်သွားရင် ခွဲပေးမယ့်သူ မရှိပဲနေမယ်။” လို့ ပြောခဲ့သေးတယ်။ တကယ်လည်း ကိုယ်တို့ဘက်က အရေးသာတဲ့အချိန်တွေ အများကြီး ရှိခဲ့တာပဲ။ အဲ့သလိုဖြစ်လာတိုင်း ငပုတစ်ကောင်က တရုတ်ခြေသလုံးပြေးဖက်လိုက်၊ ရုရှားခြေသလုံးပြေးဖက်လိုက်နဲ့ တိုင်းပြည်ကို ထိုးအပ်ပြီး ပြည်သူကို ရက်ရက်စက်စက်သတ်ဖြတ်လို့ သူ့အတွက် ထွက်ပေါက်ရှာခဲ့တယ်။ စစ်တိုက်စရာ စစ်သားကုန်တဲ့အခါ အတင်းအဓမ္မ စစ်သားစုဆောင်းပြီး […]