ဒီနေ့မနက် စောစောစီးစီးမှာပဲ စိတ်ဆင်းရဲစရာ ဒေါသဖြစ်စရာ သတင်းတွေနဲ့ နိုးထရပါတယ်။ ကျောက်မဲ နဲ့ နမ္မတူကို ဗုံးတွေ ကြဲသွားပြန်ပြီလေ။ ပြင်ဦးလွင်မှာလည်း ရှော့တိုက်ဒုံးစက်ရုံ ဆောက်မလို့တဲ့။ ဒီကောင်ကြီး ရုရှားက ပြန်လာတိုင်း ပြည်သူတွေကို သတ်ဖြတ်တာ ပိုများလာတယ် လို့ သတိထားမိတာ ကြာပါပြီ။ ကြိုတင်မျှော်လင့်ထားပြီးသားပါ။ အသက်တွေရင်းပြီးမှ ဒီလမ်းရောက်မယ်ဆိုလည်း ရင်းလိုက်ရုံ ရှိတာပေါ့။ ကိုယ့်အသက်မပါပဲ သူများကို ထိုးကျွေးနေတာမှ မဟုတ်တာ။
လူအသေအပျောက်နည်းဖို့၊ တိုင်းပြည် အထိအခိုက်နည်းဖို့ကတော့ တော်လှန်ရေးကြီး မြန်မြန် ပြီး/မပြီး အပေါ်မှာ မူတည်ပါလိမ့်မယ်။ စစ်ကောင်စီနဲ့ ဆန့်ကျင်ဘက်လူတွေကို အကုန်သတ်နိုင်ရင်လည်း တော်လှန်ရေးကြီးက ပြီးသွားလိမ့်မယ်။ နောက်ကို ဘယ်တော့မှ ခေါင်းထောင်မထနိုင်ပဲ စစ်တပ်အသိုင်းအဝိုင်းရဲ့ အဖိနှိပ်ခံ တရည်နိမ့်လူသားအဖြစ် သားစဉ်မြေးဆက် နေသွားကြရုံပဲ ရှိတယ်။ အနေချောင် အစားချောင်ချင်သပဆို မြန်မာရှင်ဘုရင်တွေခေတ်တုန်းကလို တော်ကောက်တင်မြှောက်ခံရအောင် သမီးကညာဆက်ပြီး မောက်မာဝံ့ကြွားလို့ ရပါတယ်။ ခြေတော်တင်ပြီးလို့ ရွှေဘောတော်ကျတယ် ဆိုရင်ပေါ့နော့။ ကိုယ်ကတော့ အဲ့ဒီဘဝနဲ့ အသက်ဆက်မရှင်လိုဘူး။ ကိုယ့်ကိုရော၊ ကိုယ့်လိုသဘောထားရှိသူတွေကိုရော သူတို့ သေအောင်သတ်နိုင်ရင် ကျန်တဲ့သူတွေက ကြောက်ပြီး ငြိမ်ဝပ်ပိပြားသွားမှာပေါ့။ အဲ့လိုမဟုတ်ရင်တော့ ဆန့်ကျင်ဘက်နည်းလမ်းတစ်ခုနဲ့ တော်လှန်ရေးကြီးကို အပြီးသတ်ရပါလိမ့်မယ်။
အဲ့ဒီတော့ တော်လှန်ရေးကြီး မြန်မြန်ပြီးချင်တယ်ဆိုရင် ကိုယ့်ဘာကိုယ် စဉ်းစားလေ။ ကိုယ်တို့ကို သတ်ချင်လည်း ရတယ်။ လာခဲ့။ သတ်ပစ်လိုက်။ မကုန်မချင်း။ မြန်မြန်ကုန်ရင် မြန်မြန်ပွဲသိမ်းတယ်။ အချိန်မဆွဲနဲ့။ ပြတ်ပြတ်သားသားပေါ့။ ကိုယ်တို့ဘက်ကလည်း နောင်တရစရာ မရှိပါဘူး။ ဒီလိုလူတွေနဲ့ အသက်ဆက်မရှင်ချင်ဘူး။ ဒီလိုလူတွေအတွက် တိုက်ပွဲဝင်မပေးနိုင်ဘူး။ “တော်ပြီ။ ရပ်တယ်။ ထွက်တော့မယ်။” တော့ မဆိုပါဘူး။ You can keep going over my dead body. No regret. ပါ။ လေးလံတဲ့ ကျောက်တုံးကြီးကို တုတ်ချောင်းတစ်ချောင်းနဲ့ ကလော်ထုတ်ချင်တယ် ဆိုရင် တုတ်ရဲ့အစွန်းဖျားဆီမှာ အင်အားရှိသမျှ ဖိနင်းရုံပဲ ရှိတယ်။ အစွန်းရောက်ချင်လည်း ရောက်ပစေတော့။ မျှမျှတတ အလယ်မှာနေပြီး ကူချင်ယောင် မ ချင်ယောင်ဆောင်နေလို့ လူမြင်ရုံပဲ ရှိမယ်။ အလုပ်မဖြစ်ဘူး။ စစ်အုပ်စုကိုတွန်းလှန်ဖို့ စစ်အုပ်စုနဲ့ ဆန့်ကျင်ဖက်အစွန်းမှာ အားထည့်မယ်။ နေမယ်လေ။ ဘာဖြစ်သေးလဲ။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလည်း နေနိုင်တယ်။ သံသရာဆုံးလည်း မုန်းလို့ရတယ်။ မခွဲနိုင်တဲ့သူတွေ အကုန်လိုက်သွားကြ။ တစ်ယောက်မှ မကျန်လည်း ဖြစ်တယ်။
သူတို့ဘက်က လက်နက်အင်အား၊ ငွေကြေးအင်အား၊ ပြည်ပအင််အားကြီးနောက်ခံနဲ့ ဖိထားတယ်။ ကိုယ်တို့ဘက်မှာ ပြည်သူ့အင်အားပဲ ရှိတယ်။ အဲ့ဒီအင်အားက ဟိုဘက်ထက်အားသာရင် ကိုယ်တို့နိုင်မယ်။ ကိုယ့်ဘက်မှာ အင်အားမလုံလောက်ရင်၊ အလဲလဲ အကွဲကွဲနဲ့ ကိုယ့်တပ်ကိုယ် ပြန်နင်းနေရင်၊ တော်လှန်ရေးတပ်သားတွေ အကျအဆုံးများရင်၊ တော်လှန်ရေးအင်အားစုတွေ တော်လှန်ရေးက စွန့်ခွါသွားရင် ကိုယ်တို့ ရှုံးမယ်။ ရှင်းရှင်းလေးပဲ။ ကိုယ့်ရဲ့ ရပ်တည်ချက် နဲ့ ဦးတည်ရာ ကို ကိုယ့်ဘာသာ ရှာဖွေစူးစမ်းကြည့်။ ငါ ဘာဖြစ်ချင်တာလဲ။ ငါ ဘာတွေ လုပ်နေလဲ။ စိုက်ထုတ်မှုနဲ့ အရွေ့က တထပ်တည်းရော ကျရဲ့လား။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည် ဆိုတာ မျက်နှာချင်းဆိုင် တွန်းဖို့တော့ မဟုတ်ဘူး။ အဲ့ဒါမျိုးတွေ ကိုယ့်ဘာသာ တွေးတတ်မြင်တတ်၊ ဝေခွဲတတ်တဲ့ ဦးနှောက်များရင် အရေးသာမယ်။ ဉာဏ်ရည်မမီတဲ့သူက သူများလှည့်စားတိုင်း ရွာလည်ရင်း လမ်းတွေ ပျောက်နေမယ်။ “ငါကမှ ပညာယှိ။ ကျန်တာ ငတုံး။” လို့ မဆိုလိုပါဘူး။ ဉာဏ်သာတဲ့သူ အနိုင်ရမှာ။ ကိုယ့်ဘာသာကိုယ် သိဖို့ပဲ လိုတယ်။
ကိုယ့်ဘာသာကိုယ် ပြန်သုံးသပ်ရသလောက် ဆိုရင်တော့ တော်လှန်ရေးကြီးက မပြီးသေးပါဘူး။ ကြာဦးမှာပါ။ ကိုယ်တို့လည်း ရေရှည်တော်လှန်ဖို့ ပြင်ဆင်ထားကြတယ်။ မနေ့က နမ္မတူ၊ ကျောက်မဲကို အသည်းအသန် ဗုံးကြဲပြီး ရက်မဆိုင်းပဲ ခုမနက် သီပေါကို ထပ်ဗုံးကြဲလာတယ်။ လားရှိုးထိ မရောက်ရောက်အောင် လမ်းဖွင့်မယ့် သဘောပါပဲ။ လားရှိုး ဟိုဘက် သိန္နီ၊ ကွတ်ခိုင်ကိုလည်း ကိုးကန့်ဆီက မရအရပြန်တောင်းနေတာ ဟိုက ရွှေ့စရာရှိတာတွေတောင် ရွှေ့ပြီးနေပြီ။ ဝ ဘက်က ဝင်ကူမှာစိုးလို့ “မကူရဘူး။ လက်နက်မရောင်းရဘူး” တားထားလို့ ဝ က စာထုတ်ပြီးတောင် ဝန်ခံထားပြီ။ ကိုးကန့် နဲ့ ဝ က ချည်ပြီးတုပ်ပြီး မီးသေချိန် မှာ တရုတ်ကြီးစကားနားမထောင်တာ ပလောင်တွေပဲကျန်လို့ စစ်ရှုံးကောင်တွေကို ငွေကြေး၊ လက်နက် ပုံပေးပြီး တရုတ်ဘက်က proxy war ကစားတာပါ။ ဒါ လူတိုင်းသိတဲ့ကိစ္စ။ အမေရိကန်ကြီးက ဇ မရှိလို့ တော်လှန်ရေးဘက်က မကူရဲသေးတာ။
ခက်တာက TNLA ကို ဘယ်သူမှ မကူနိုင်ဘူး။ KIA ကို ဗန်းမော်၊ ဖားကန့်၊ လမြန်မှာ ကိုယ့်ဟာနဲ့ကိုယ် အလုပ်ပေးထားတယ်။ ဘာစစ်ပွဲမှ မရှိလည်းပဲ လမ်းကြုံလို့၊ အလည်လာတယ်၊ အစမ်းလေ့ကျင့်တယ်ဆိုပြီး ဗုံးတွေ ဒရုံးတွေ လက်ဆောင်လာလာပေးသွားတယ်။ မူဆယ်ဘက်မှာ ဝင်ကူမှာစိုးလို့လည်း ကိုးကန့်တွေ၊ ပလောင်တွေကို KIA နဲ့ ရန်တိုက်ပေးထားတယ်။ အကူအညီတွေ အားလုံးဖြတ်တောက်ပြီးတော့မှ TNLA ကို တရုတ်ကြီးက စာကလေး အမွှေးနှုပ်တဲ့ ကိစ္စပါ။ NUG က ဘာလုပ်နေသလဲ။ PDF က ဝင်မတိုက်ဘူးလားဆိုရင်တော့ အဲ့ဒါ ရူးလို့မေးတဲ့စကား၊ သွေးခွဲချင်လို့ သပ်လျှိုတဲ့ အမေးပါပဲ။ ဦးရည်မွန်ရော၊ ဦးဇော်ဝေစိုးရော၊ ဦးခင်မောင်လွင်ပါ အဲ့ဒီဘက် ခဏခဏရောက်ပါတယ်။ ဓါတ်ပုံတွေလည်း သူတို့တင်ထားပါတယ်။ အဝေးရောက်အစိုးရ၊ လေလှိုင်းအစိုးရ မဟုတ်ပါဘူး။ အဲ့ဒီဘက်မှာ NUG MOH, MOD လက်အောက်ကနေ အလုပ်လုပ်နေတဲ့ ဆရာဝန်တွေလည်း ရှိတယ်။ ဒီနေ့အထိ အဆက်အသွယ် မပြတ်သေးပါဘူး။ ၁၀၂၇ မှာကတည်းက PDF ရဲဘော်များစွာ အသက်ကိုစတေးခဲ့ရတယ် ဆိုတာ အားလုံးသိပြီးသားကိစ္စပါ။ “မင်းတို့က အ လို့ စတေးခံရတာလေ။ မြို့ရတော့ သူတို့ပဲ နယ်မြေလု ခြံစည်းရိုးခတ်ကြတာ။” လို့ မြေပြင်အထိရောက်အောင် သွေးလာလာခွဲတာလည်း ရိုးနေပါပြီ။ ဒါပေမယ့် အဲ့ဒီစစ်မျက်နှာကနေ PDF တွေ တပ်ရုပ်ဆုတ်ခွါလာတယ်ဆိုတာ မရှိပါဘူး။ မတ္တရာပတ်ပတ်လည်ကို အသည်းအသန် ချေမှုန်းနေတာ မြေပြန့်ကနေ နောက်ထပ်စစ်ကူလာမှာစိုးလို့ပါ။ မြန်မာဆရာဝန်တွေဟာ TNLA နယ်မြေတွေမှာရော၊ MNDAA နယ်မြေတွေမှာရော အလုပ်လုပ်လျက် ရှိနေပါတယ်။ Ghost လုပ်ထားတာ တစ်ခုပါပဲ။ အဲ့ဒါကြောင့် TNLA ကို တရုတ်က အသားကုန် သမနေတာကို မြန်မာတွေက ထိုင်ကြည့်နေတာ မဟုတ်တဲ့အကြောင်း ပြောတာပါ။ မြောက်ပိုင်း တကြောလုံးက တကယ်တမ်းမှာ တရုတ်နဲ့ စစ်တိုက်နေရတယ်ဆိုတာ သိအောင်ပြောပြတာ။ “ငါတို့က တရုတ်ကို မကြောက်ဘူး။ စစ်ဖြစ်လာရင် ခံချမှာပဲ။” ဆိုတာမျိုး မဘသ ဆန္ဒပြပွဲမှာ ကျွေးကြော်နေတာ မဟုတ်ဘူး။ လက်တွေ့မှာ တကယ်ကို ခံချနေတာ။
အထွေထွေထိုးစစ်က D day ခေါ်ပြီး မတိုက်တာပဲ ရှိတယ်။ တပြည်လုံးမှာ စစ်ပွဲတွေ မဖြစ်တဲ့နေရာ ဘယ်မှာရှိသလဲ။ တန်ခူးလလည်း စစ်ပွဲ၊ တပေါင်းလအထိလည်း စစ်ပွဲ။ ၁၂ လရာသီလုံး စစ်တိုက်နေတာ နှစ်နဲ့ချီခဲ့ပြီ။ မထူးပါဘူး။ အထွေထွေ ခံစစ်ကြီး တပြိုင်နက်တည်း ကျင်းပနေတယ် လို့သာ ပြောလိုက်ကြပါစို့။ ကရင်နီမှာလည်း ကြံ့ကြံ့ခံ တော်လှန်နေဆဲပဲ။ သို့သော် အတွင်းစည်းထဲတော့ ပေါက်လာခဲ့ပြီ။ ကယားတွေ၊ ကယန်းတွေမှာလည်း စကမတွေဘက်က ကူတိုက်ပေးတဲ့ သစ္စာဖောက်အဖွဲ့အစည်းတွေ ရှိတယ်ဗျ။ ကရင်တွေဆီမှာတော့ ပြောမနေနဲ့တော့။ ကချင်တွေမှာလည်း ရှမ်းနီ နဲ့ တိုက်ရတယ်။ ဒီတစ်ခါမှာ ရန်သူတွေက စုဆောင်းရေးတပ်သားသစ်ချည့်ပဲ သုံးတာ မဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင် တွေထဲကနေ ရန်သူဖြစ်အောင် သွေးခွဲ စည်းရုံးပြီး နောက်ကျောက ဓါးနဲ့ ထိုးခိုင်းတာ။
လောက်ကိုင်မှာ ကျားဖြန့်ခေါင်းစဉ်တပ််ပြီး အပြတ်ရှင်းခဲ့ပေမယ့် မြဝတီမှာတော့ အဲ့ဒီကျားဖြန့်တွေက (စကမ + စောချစ်သူ) လက်အောက်မှာ စည်ပင် ထွန်းကားနေတာ တရုတ်ကြီးရော ထိုင်းကြီးရော ဘာမှ မတတ်နိုင်ဘူး။ အဲ့ကောင်က တရုတ်ဆီဖမ်းပို့မှာကြောက်လို့ နေပြည်တော်မလာဘူး၊ လခ မယူဘူးပဲ လုပ်ထားတာ။ စစ်ကျတော့ ဟိုဘက်က ကူတိုက်တယ်။ ပအို့ကိုရင်၊ ရှမ်းကိုရင်လေးတွေ လူကုန်ကူးခံရပြီး ထိုင်းမှာ ပေါင်ကြားဘတ်ညှပ် ပိုက်ဆံရှာရတဲ့ကားဆို Netflix မှာ လူကြည့်အရမ်းများ။ မူးယစ်ဆေးကိစ္စ၊ လူကုန်ကူး ပြဿနာ၊ ကျားဖျန့်လောင်းကစားဝိုင်း၊ ဘယ်အကြောင်းအရာနဲ့ဖြစ်ဖြစ် လွှတ်ထားလို့ မရတော့ဘူးဆိုတဲ့ အခြေအနေတွေ တကမ္ဘာလုံးက သိမြင်နေသော်ငြားလည်း မသိချင်ယောင်ဆောင်နေကြဆဲဖြစ်ပါတယ်။ အေးလေ။ သူတို့လည်း ဇ မရှိလို့ ဖြစ်မှာပေါ့။ ကျားဖြန့်ဆိုတဲ့ကောင်တွေဟာ ပြင်သစ်က ဘီလျံနာကိုတောင် “ဘရက်ပစ်ခမျာ ကင်ဆာဖြစ်လို့ ကူညီပါဦး ချွေးမလေးရယ်။” ဆို ဒေါ်လာ ၇ သိန်းလောက် အသာလေး ဘတ်သွားနိုင်တာ။ တို့ဆီမှာ “အမေရိကန်လေယာဉ်မှူးကြီး တင်တောင်းမယ့်ငွေအပြည့်နဲ့ လေဆိပ်ရောက်နေပြီ။ မြန်မာငွေ မပါလို့ လာရွေးလှည့်ပါဦး။” ဆိုတဲ့အကွက်လောက်တော့ သနားတယ်။ လွှတ်ထားလေ။ အာဆီယံမှာရော၊ အာရှမှာရော၊ နောက်ဆိုရင် ကမ္ဘာမှာရော အင်မတန်ကျော်ကြားတဲ့ ဒုစရိုက်နယ်မြေကြီး ဖြစ်လာမှာပေါ့။ ပျော်စရာကြီး။ ဂျိန်းစဘွန်းကားတွေ၊ ဂျက်ကီချန်းကားတွေ မြန်မာပြည်မှာ ဇာတ်အိမ်လာတည်တော့ ငတို့ဆီကဟာတွေလည်း ဖြတ်လျှောက်ခန်းလေးဘာလေး မျက်နှာပြလို့ ရတော့မယ်။
အနောက်ဘက် စစ်မျက်နှာမှာ ရခိုင်ကိုတော့ လေယာဉ်နဲ့ ဗုံးသွားချတာပဲ တတ်နိုင်တယ်။ အမ်း-ပဒါန်းလမ်းမှာ အင်အားထောင်ချီထိုးတာလည်း နှစ်ပေါက်နေပြီ။ သောင်းချီတက်တက်၊ သိန်းချီတက်တက် ပြုတ်မှာကြောက်လို့ မတက်ရဲဘူး။ တချိန်က ဂျီနိုဆိုက်လုပ်ပါတယ်ဆိုပြီး ICJ ရောက်ခဲ့ရတဲ့ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်ကိုယ်တိုင်က လက်နက်တွေပေး၊ စစ်သင်တန်းပေးပြီး “ရခိုင်တွေကို နိုင်အောင်ပြန်တိုက်စမ်းပါ။ မင်းတို့နိုင်ရင် ပြည်နယ်တခုပေးမယ်။” ဆိုပြီး ဖျားယောင်း စစ်တိုက်ခိုင်းရတဲ့အထိ အဖြစ်ဆိုးတယ်။ “အဖွားကြီးတက်ရင် တပါးကျွန် ဖြစ်မယ်။” ဆိုတဲ့ကောင်တွေကို တစ်ယောက်ချင်း မေးမေးပြီး ပါးရိုက်ချင်တာ။ ကုန်းစမ်း။ တရုတ်လှည့်ကုန်း၊ ကယ်လားလှည့်ကုန်း။ ကုန်း။ မင်းတို့ ပထွေးတွေကိုယ်တိုင် တယ်ရုတ်ကယ်လား အားမရလို့ ရယ်ရှားတောင် ခုန်ခုန်ကုန်းနေတာ။
စစ်ကိုင်း၊ မကွေး၊ ပဲခူးကတော့ တစတစနဲ့ လက်လွှတ်နေရတာ ကြာပြီလေ။ ကိုယ့်နယ်နဲ့ကိုယ် “သူ့ကျွန်မခံပြီ” ဇာတ်ကားရိုက်နေကြလို့ NUG တောင် အကုန်လုံး ဩဇာမညောင်းဘူး။ ဒါပေသိ မြေပြင်မှာ သူကိုယ်တိုင် မောင်းနေတာ ထောင်းလမောင်းကိုကျေလို့။ စစ်ခွေးတွေခမျာ ဟိုရွာကို အကိုထွန်းရောက်နေတယ်ကြား သွားကြဲလိုက်ရင််း၊ ဒီနားမှာ ဦးရည်မွန် ရှိလေမလား သွားကြဲလိုက်ရင်းနဲ့ search fire လုပ်နေရတယ်။ သီတာယုမွန်ဆို မနှဲလေး ဦးမင်းကျော် အသုတ်ခံရသလိုပဲ။ ပြေးလိုက်ရတာ ဘိနပ်တောင်မပါ။ ထမီပါမပါတော့ သူ့တပ်ကလူတွေ မေးမှ သိမယ်။ တို့က မကြည့်ဘူး။ ရွံလို့။ တကယ်တော့ အဲ့ဒီဟာမက အမည်ခံ ရုပ်ပြပါ။ စစ်တပ်ကလော်ဘီလုပ်ပြီး ဝါဒဖြန့်နိုင်အောင် မင်းသမီးတင်ထားတာ။ လီလီနိုင်ကျော် အရင်က ဘာလုပ်စားတယ် ရုပ်ရှင်တလောကလုံး အသိ။ မန်းလေးမှာ အရုဏ်တော်လှည့်ရင်တောင် ဆင်ဖြူတော်ဝန်လုပ်ဖို့ ကြည့်ပျော်ရှုပျော် ၂ ယောက်လောက် ရှာထားရသေးတာ။ သူတို့ဘက်က လော်ဘီလုပ်ချင်လည်း သခင်လတ်တို့ မီမီဝိုင်းတို့ ဥပဓိရုပ်နဲ့ ရပါ့မလား။ လင်တရူး၊ မယားတရူးတွေ တုန်ဆင်းလောက်မယ့်ဟာတွေ ရှာထားရတာပေါ့။ ဘဲကွဲပါတီတောင် မေးစေ့ထက်ခြမ်းကွဲ ခေါင်းကြီးတစ်ကောင် တိုက်ပုံဝတ်ပြီး ထိုင်ခိုင်းထားတဲ့ဥစ္စာ။ ဒါမျိုးတွေ ပေါလွန်းလို့ပါဗျာ။ ဒေါ်ဦးမဏ္ဍပ်က ဆေးလိပ် သမတွေပါ။ နဂါးအစစ်မှ မဟုတ်ပဲ။ ရန်လုပ်မနေပါဘူး။
အိမ်း။ ငါလေးလည်း ကိုရီးယားဇာတ်လမ်းတွဲရိုက်ရင် ချန်ဂင် မဟုတ်ပဲ ပတ်ခြုံတီး လို့ နံမည်ရတော့မယ်။ အကုန်ပတ်တီးနေတာ တော်တော်တောင် ခြုံငုံမိသွားပြီ။ လိုရင်းကတော့ တနိုင်ငံလုံးမှာ စစ်ဖြစ်နေပြီ။ ဖြစ်နေဦးမှာ။ နိုင်သည် ရှုံးသည် ထိုနှစ်လီ ဒယ်ဒီ မသိပါ။ ဒယ်ဒီသိတာ အဆုံးမှာ ငါတို့နိုင်ရမှာ။ မနိုင်မချင်း အသားကုန်ဗျင်း မသေမချင်း စစ်တိုက်မှာ။ ငါတို့နိုင်မှ မင်းဘဝ အောက်တန်းမကျမှာ။ ကိုင်း ဆန်လောင်းတော့လေ။ ဘာကြောင်ကြည့်နေတာလဲ။ ဆရာလေးက အရမ်းချောလို့လား။ တို့မှာ ရှေ့ဆက်စရာ အိမ်တွေရှိသေးတယ် ဒကာလေး ဒကာမလေးတို့။