တရုတ်ပြည်မှာ Anti- Americans တွေ စုပြီး “Nothing’s gonna stop us now.” လုပ်ကြတဲ့အခါ အိမ်ဖြူတော်က လူလိမ်မော်ကြီးကလည်း “ငါ့ အတင်းပြောတဲ့သူ ဖင်နူ” ဆိုပြီး ပြန်ခနဲ့ပါသတဲ့။ ကမ္ဘာကြီးကလည်း အရှက်တရားကင်းမဲ့လိုက်တာ။ အာဏာကိုလက်မလွှတ်နိုင်တဲ့သူတွေချည့် သူတော်ချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကြတယ်။ ဂေါဏေနတွေ ဂေါဏောတယ် လို့တော့ မပြောလိုပါဘူး။ ဟိုဘက်က ခေါင်းဖြူကြီးကလည်း သမဏေန မှ မဟုတ်တာ။ ဘယ်ဘက်က အားပေးမလဲ။ lesser evil ရွေးစမ်း ဆိုလို့တောင် ရွေးစရာ မရှိဘူး။ အတူတူ နဲ့ အနူနူတွေ။ ကမ္ဘာစစ်ကြီးသာ ဖြစ်လိုက်စမ်းပါတော့ကွာ။ အကုန်လုံးစစ်တွေထဖြစ်လည်း အေးတာပဲ။ သူတို့အားလုံးမှာ တူတဲ့အချက်ကတော့ ကောက်ကျစ်ညစ်ပတ်တဲ့အတွင်းစိတ်ကို မုသားနဲ့ အရေခြုံတာပါပဲ။ ကိုယ်တို့အတွက်ကတော့ မအလတစ်ကောင်တည်းနဲ့ […]
Month: September 2025
ကချင်မြေကိုလာတော့ …(၄)
စစ်မျက်နှာ ၃ ခု နဲ့ Stalemate ဖြစ်နေတဲ့ စကမတွေဟာ အခုရက်ပိုင်းမှာ နောက်ထပ် လမ်းအသစ်တစ်ခု ထပ်ထိုးလာပါတယ်။ အဲ့ဒါကတော့ ဝိုင်းမော်ကို အပြင်းအထန် ထိုးစစ်ဆင်ပြီး ဆဒုံး နဲ့ ကမ်ပိုက်တီးလမ်းကို ပြန်ပွင့်အောင် ကြိုးစားနေတာပါ။ မြေရှားထွက်တဲ့ဒေသတွေကို ပြန်သိမ်းချင်တာ အသေအချာပါပဲ။ မိုဒီ နဲ့ တရုတ်ပြည်မှာတွေ့တော့ မြေရှားရောင်းဖို့ ညှိကြသတဲ့။ အမေရိကန်ကို ဝယ်မလား စကားသွားစပ်တာလည်း စကမလော်ဘီတွေပါပဲ။ တော်တော်ဖြစ်နေကြတယ်ပေါ့။ အဖြေမပေါ်သေးတဲ့ စစ်မျက်နှာ ၃ ခု တိုက်ရင်းတန်းလန်းနဲ့ နောက်ထပ်စစ်မျက်နှာတွေ ထပ်ဖွင့်တာ ကချင်ပြည်နယ် အတွင်းမှာပဲ ရှိပါသေးတယ်။ အောက်ဘက် စစ်ကိုင်း၊ မန္တလေး၊ ရှမ်း/ မကွေး နေရာတိုင်းမှာ အထွေထွေထိုးစစ်ကြီး သူ့ဘက်က စနေတာ ဘယ်သူ့အားကိုးနဲ့များပါလိမ့်။ စစ်သားစုဆောင်းရေးအပါတ်စဉ် ၁၅ […]
ကချင်မြေကိုလာတော့ …(၃)
ငလျင်အပြီးမှာ အစတုန်းက ထင်ခဲ့တာက နေပြည်တော်က ဝန်ကြီးဌာနတွေ ကနားဖျင်းထိုး ရုံးတက်နေရလို့ စစ်ပွဲတွေဘက် မလှည့်နိုင်တော့ဘူး လို့ ထင်ခဲ့တာပါ။ တက်တက်စင်အောင် လွဲမှားတဲ့အတွေးပါပဲ။ ပြန်လည်ထူထောင်ရေးနေနေသာသာ ကယ်ဆယ်ရေးတောင် လုပ်ဖော်မရပဲ ငလျင်ဘေးအလှူငွေတွေကို စစ်စားရိတ်ထဲ ပြည့်ပြည့်ဝဝအသုံးချပါတော့တယ်။ ငလျင်ကြောင့် အပစ်အခတ်ရပ်ထားပါမယ် လို့ သတင်းထုတ်ပြန် ကြေငြာနေရင်းကမှ နေရာအနှံ့ ဗုံးကြဲတိုက်ခိုက်နေတာ ကိုယ့်ဆေးရုံလေးတောင် မလွတ်ခဲ့ဘူးလေ။ အဲ့ဒီအချိန်မှာ KIA က ဆခုံတိမ့်ယိမ်းပြည်သူ့စစ်ရဲ့ ဆဒုံး၊ ကံပိုက်တီး၊ ချီဖွေ၊ ဆော့လော် ကချင်အထူးဒေသကို သိမ်းထားပြီးပြီ။ မြစ်ကြီးနား တဘက်ကမ်း ဝိုင်းမော်ထိအောင် စိုးမိုးထားတယ်။ လိုင်ဇာ၊ လွယ်ဂျယ် နဲ့ မြစ်အရှေ့တခြမ်းလုံးကို စိုးမိုးဖို့အတွက် ၂၀၂၄ ဒီဇင်ဘာကတည်းက ဗန်းမော်မြို့ နဲ့ သူ့ပတ်ပတ်လည်မှာရှိတဲ့ တပ်ရင်း၊ တပ်စခန်း၊ လေယာဉ်ကွင်း၊ […]
ကချင်မြေကိုလာတော့ … (၂)
အဲ့ဒီနောက် ဆယ်ဇင်း၊ ဖားကန့်ဘက်ကို ကိုယ်ရောက်တဲ့အခါမှာ ဒီအရပ်တွေဟာ “အာဏာသိမ်းထားတာမှ ဟုတ်ရဲ့လား” လို့ ထင်ရလောက်အောင် လွတ်မြောက်ငြိမ်းချမ်းနေတာ တွေ့ရပါတယ်။ ရဲနဲ့စစ်တပ် ရှိပေမယ့် ရှိမှန်းတောင် မသိရဘူး။ ရဲစခန်းရှေ့ တို့အရေးအော်၊ အလံထောင်၊ ဓါတ်ပုံ၊ ဗီဒီယိုတွေ လိုင်းပေါ်တက်လာလည်း မသိသလိုနေတယ်။ စကစ စစ်ကြောင်း အသွားအလာ ရှိမယ်ဆိုရင် KIA တွေဆီ အသိပေးပြီးမှ အဝင်အထွက် လုပ်တယ်။ စကစရော၊ KIA ရော၊ SNA ရောက ဆယ်ဇင်းမှာ အထိုင်မချပဲ မလှမ်းမကမ်းအရပ်တွေမှာ တပ်ရင်းတပ်စခန်းနဲ့နေတယ်။ ဆယ်ဇင်း နဲ့ ရွှေပြည်မြင့်မှာ ရဲစခန်းပဲ ရှိတယ်။ စကစဟာ ကချင်တွေ တော်လှန်ရေးထဲဝင်ကူနေမှန်းသိလို့ NCA ထိုးဖို့ ခေါ်ပြီး NUG / PDF တွေနဲ့ […]