မုန့်စား ကြွဖို့

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ကိုယ့်အတွက် စွန့်စားသွားလာ လုပ်ကိုင်ရတဲ့ ကိစ္စတွေ ရှိခဲ့ပါတယ်။ စစ်ပွဲနဲ့နီးတဲ့နေရာ၊ စကမတွေ လှုပ်ရှားတဲ့ နေရာတွေဆီကို အဝင်အထွက် လုပ်ရလို့ပါ။ အငယ်တွေကို စိတ်မချလို့ လိုက်စီစဉ်ရပေမယ့် သူတို့က ပြဿနာ မရှိဘူး။ ကိုယ့်မျက်နှာကြီးသာ သွားလေရာ လူတကာသိနေလို့ ဆိုးတာ။ နန့်မွန်းမှာ တစ်ခါဖြစ်ခဲ့ပြီးပြီလေ။ ရွှေမော်ဓေါဘုရား နားထွင်းဖို့ သွားရသလိုပဲ လို့တောင် ပြောခဲ့ဖူးသေးတယ်။ ကြောက်လို့တော့ မဟုတ်ပါဘူး။ အစစအရာရာ သတိထားရတာရယ် စိတ်ပူရတာရယ်ကြောင့်ပါ။ ကိုယ့်အတွက်ဆို သိပ်မပူဘူး။ အငယ်တွေအတွက်ဆို ပိုပူတာပေါ့။ အားလုံး ချောချောမောမော ခရီးဆုံးသွားမှပဲ စိတ်အေးလက်အေး စားလို့အိပ်လို့ ဖြောင့်တော့တယ်။ ကိုယ်တို့အတွက် အထိုင်ဇယားထက် အရွှေ့ဇယားတွေက အန္တရာယ်ပိုများတယ်လေ။ ရောက်လာတဲ့အခြေအနေတွေနဲ့တောင် ဘာမှ မဆိုင်တော့ဘူး။ ရန်ကုန်မှာကတည်းက ဒီလိုပဲ ကျီးလန့်စာစား သွားလာနေရတဲ့ဟာ။ […]

ကောင်မရေ ညည်းဖယ် ညည်းဖယ်

ကိုယ်တွေမှာသာ မပြီးနိုင်၊ မစီးနိုင်၊ အရီးမြိုင် ဖြစ်နေတာ။ ဘင်္ဂလာဒေ့ရှ်တို့၊ ထိုင်းတို့၊ နီပေါတို့များဖြင့် “သွားတော့မယ်” “ရောက်ပြီ” ပဲ။ မြန်ထှာ။ အားကျပါဘိ။ ဘာတွေကွာသွားတာလဲလို့ လိုက်ကြည့်ကြည့်။ သဘောပေါက်သွားမယ်။ စစ်တပ်ကို နိုင်ငံတော်အာဏာပေးမထားဘူး။ အာဏာရှင်ရဲ့လက်ကိုင်တုတ်လည်း မဟုတ်ဘူး။ အဲ့ဒါကြောင့် အစိုးရက ပြည်သူလူထုအပေါ်မှာ မလျော်ဩဇာနဲ့ ဖိနှိပ်နှိမ်နှင်းလို့ရှိရင် ပြည်သူတွေက ပြန်ဖြုတ်ချလို့ လွယ်တယ်။ မြင်ပြီနော်။ တပ်မတော်ကို နိုင်ငံရေးကနေ ဖယ်ထုတ်ရင် ဘာဖြစ်သွားမလဲဆိုတာ။ အာဏာသိမ်းမယ့်သူ မရှိတော့ဘူးလေ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လည်း လုံခြုံတယ်။ “ဝန်ကြီးချုပ်ရဲ့စစ်တပ် မဟုတ်ဘူး။ ပြည်သူတွေရဲ့စစ်တပ်။” လို့ စစ်ခေါင်းဆောင်ကိုယ်တိုင်ပြောသွားတာ။ ဒါမျိုးကမှ နမူနာယူသင့်တာ မဟုတ်လား။ ငါတို့ မြန်မာတွေနှယ် ပြော မပြောချင်ပါဘူး။ ဖိနပ်အသစ် လဲစီးလိုက်ရင် ရတဲ့ဟာကို ဘယ့်နှယ့်ကြောင့် ဖနောင့်အတင်းလှီးဖြတ်နေကြပါလိမ့်။ […]

ဘလအိုင်ဆူးဇန် ဟောင်အာယူး

လူစည်ရာ ပွဲဖြစ်တိုင်းမှာ ဖျာအရှည်ကြီး မခင်းတတ်ပေမယ့်လည်း ခုတစ်ပုဒ်ပြီးတာနဲ့ နောက်တစ်ပုဒ် စာအရှည်ကြီးရေးတဲ့သူတစ်ယောက် ဖြစ်နေတာ အမှန်ပါပဲ။ ဒါပေသိ စကားကျတော့ ဘယ်သူနဲ့မှ ရှည်ရှည်ဝေးဝေး မပြောနိုင်ပါဘူး။ ဘယ်သူနဲ့ဖြစ်ဖြစ် နေကောင်းတယ်။ အဆင်ပြေပါတယ်။ ကျေးဇူးတင်ပါတယ်။ ဒီစကား ၃ ခွန်းပဲ အပ်ကြောင်းထပ်အောင် ပြောနေရတာ။ ကိုယ်က သူများကို မေးရင်လည်း ဒါပဲလေ။ နေကောင်းလား။ အဆင်ပြေလား။ ဂရုစိုက်နော်။ ဒီလောက်ပဲ ပြောစရာရှိတယ်။ ခေတ်ကာလ social life style က သည်အတိုင်းပဲ ဖြစ်နေပါပြီ။ မမြင်တာ မဆုံတာ ကြာပေမယ့်လည်း စကားလက်ဆုံ ပြောစရာကုန်နေတဲ့အတိုင်း။ သူလည်း သူ့ဒုက္ခနဲ့သူ။ ကိုယ်လည်း ကိုယ့်ဒုက္ခနဲ့ကိုယ်။ ရပ်တည်ဖို့ ရုန်းကန်၊ ရှင်သန်ဖို့ ရွေးချယ်နေရတဲ့အချိန်မှာ “ဟိန်းဝေယံ က စိုးပြည့်သဇင်ကို […]

သေတဲ့စကားကိုဖြင့် မကြားချင်ဘူးနော် အတည်

အန်ကယ်တင် နဲ့ အန်ကယ်ဖျင်တို့ နှစ်ယောက်ဟာ အာဏာကိုလက်ကိုင်ထားလို့ ကမ္ဘာကို အံတုရုံနဲ့ အားမရပဲ ဇရာကို အံတုဖို့ပါ ကြိုးစားနေကြပါတယ်။ “အသက် ၁၅၀ ရှည်စေဖို့ တကိုယ်လုံးဖြုတ်ပြီး အစားထိုးစို့။” လို့ ကြွေးကျော်နေသဗျ။ ပင်စင်မယူရဲတဲ့ တို့အိမ်က သေမင်းငင််ကလေးသိရင် “သားလည်းပါမယ်။” ဆို ဒိုင်ဗင်ပစ်နေဦးမယ်။ သက်ရှိတို့ရဲ့ သဘာဝ၊ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ရသလိုပဲ။ ကြွေချိန်ခြောက်ချိန်ဆိုတာလည်း ရှောင်လွှဲလို့မှ မရတာ။ အိုချိန်ကျချိန်မှာ နောက်လူတွေကို နေရာဖယ်မပေးပဲ ထိပ်ကနေပိတ်ဆို့ပြီး နှိပ်ကွပ်နေတဲ့သူဆိုတာ လောကနိယာမ သဘာဝတရားကြီးနဲ့ ဆန့်ကျင်တဲ့ အဆိပ်အတောက်ပါပဲ။ အဲ့ဒီအဆိပ်အတောက်တွေရဲ့ဒဏ်ကို စကမတပ်ထဲကအကောင်တွေ အကုန်လုံး ခံစားနေရတယ်။ မြန်မာတပြည်လုံးလည်း ခံစားနေရတယ်။ တကမ္ဘာလုံးလည်း အလူးအလဲ ခံစားနေရပါသည်လေ။ ဒီကမ္ဘာကြီး စစ်မီးတွေတောက်လောင်နေရတာ လူငယ်လူရွယ်တွေကြောင့်မှ မဟုတ်တာ။ အိုကြီးအိုမတွေ တရားလက်လွတ်ဖြစ်နေတာကြောင့်ချည့်ပဲ။ […]

ချစ်၍ခေါ်ရာ

လမ်းသွားနေရင်း “ဆရာ” လို့ ခေါ်သံကြားရင် ကိုယ့်များခေါ်လေသလား အမှတ်တမဲ့ လှည့်ကြည့်မိတာ အကျင့်ပါနေပြီ။ မကြည့်နဲ့။ မကြည့်နဲ့။ ငါက ဆရာမှ မဟုတ်တာ။ “ဆရာကြီး” လို့ ခေါ်မှ လှည့်ကြည့်မယ်။ ပြန်ခေါ်စမ်း။ ဆရာကြီး။ မခေါ်ရင် လှည့်မကြည့်ဘူးနော်။ မကြားချင်ယောင် ဆောင်နေလိုက်မှာ။ အဲ့လိုမျိုး အိုက်တင်ခံတတ်တဲ့ အလေ့အထကလည်း ကိုယ့်မှာ မရှိပဲကိုး။ ကိုယ့်ခေါ်သလား မခေါ်သလား မသိရင် မထူးပဲနေမယ်လေ။ အသိဖြစ်နေတော့ ဘယ်လို လုပ်မလဲ။ အဲ့ဒါကြောင့် ကြည့်တော့ ကြည့်မိတယ်။ ဘယ်သူခေါ်တာလဲ။ ဘယ်သူ့ကိုခေါ်တာလဲပေါ့။ ဆရာဆိုတာ လူတိုင်းကိုခေါ်တာ မဟုတ်ဘူး။ ငယ်ငယ်ကဆို ရှုံးတဲ့သူ ဆရာခေါ်ကြေး ကစားရတာ။ ဒါပေသိ ဆေးကျောင်းပြီး လုပ်ငန်းခွင်ဝင်ကတည်းက ကိုယ့်မှာ ဆရာတပ်အခေါ်ခံထိုက်သော အဆင့်အတန်းထဲ ရောက်သွားပါတော့တယ်။ အင်္ဂလိပ်လိုခေါ်တဲ့ […]

မိုးတွေရွာသော နေ့တနေ့

မိုးသည်းသည်း လမ်းကြမ်းကြမ်းမှာ ကားကပျက်။ ဒုက္ခတော်တော်ရောက်တာပဲ။ ဝပ်ရှော့ဆရာ သွားခေါ်ဖို့ကလည်း လွယ်တာ မဟုတ်။ အချိန်လွန်လို့ မိုးကြီးချုပ်ရင် တောထဲမှာပဲ အိပ်ရမယ့်သဘောရှိတယ်။ လမ်းတွေပိတ်ထားတော့ ကားအသွားအလာလည်း မရှိသလောက်ပဲ။ ဖုန်းလိုင်းတွေလည်း မမိဘူးလေ။ ဘာမှ လုပ်မရပဲ စိတ်ပျက်နေမယ့်အတူတူ ဖုန်းအားလေးရှိတုန်း စာထိုင်ရေးနေလိုက်တယ်။ တခါတခါမှာ ကိုယ်မတတ်နိုင်တဲ့ကိစ္စတွေမှာ ဒီအတိုင်းထိုင်စောင့်နေမယ့်အတူတူ တခုခုလုပ်နေလိုက်တာက အာရုံတွေ မပျံ့လွင့်ဘူး။ စိတ်ပျက်အားငယ်ဖို့လည်း အချိန်မရဘူး။ ဆေးရုံကို ဗုံးလာကြဲရင် ဗုံးကြဲခံရတဲ့အကြောင်း စာထိုင်ရေးတယ်။ တောထဲမှာ ကားပျက်နေရင် ကားပျက်တယ်ဆိုတဲ့အကြောင်း စာထိုင်ရေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံးတော့ စာထိုင်ရေးနေနိုင်တဲ့ အခြေအနေရှိတယ်။ ဘာလို့ စိတ်ပျက်ရမှာလဲ။ ဘဝမှာ ဒီလိုပဲ ကျော်ဖြတ်လာခဲ့တဲ့ အခက်အခဲတွေ အများကြီးပဲဟာ။ This too shall pass.” လို့ သဘောထားလိုက်မှာပေါ့။ […]