မုန်တိုင်းက ထန်ထန် ရေဆန်က ကြမ်းကြမ်း

ဗီယက်နမ်၊ ဟောင်ကောင်၊ ထိုင်ဝမ်ကို ဗြောင်းဆန်အောင် မွှေသွားတဲ့ တိုင်ဖွန်းမုန်တိုင်းကြီးဟာ ကချင်ပြည်နယ်မှာလည်း အဖျားခတ်လာလိမ့်မယ် လို့ မျှော်လင့်ထားပါတယ်။ မနေ့ကတော့ လျှပ်စီးတွေ မိုးကြိုးတွေနဲ့ အုန်းအုန်းဆန်အောင် သည်းထန်နေရာက ဒီနေ့မနက်လည်းရောက်ရော နေကျဲကျဲတောက် ပူလောင် အိုက်စပ်နေပါလေရော။ အခုလေးတင် ရေချိုးပြီးစ ရှိသေး။ ချွေးတွေက ပြန်ထွက်လာပြီ။ တနေ့ ၃ ခါလောက် ရေချိုးနေရတယ်။ ကိုယ်တို့ချိုးနေကျ စမ်းချောင်းကလေးက နေ့တဝက်လောက် မိုးတိတ်သွားရင် ကြည်လင်နေရောပဲ။ နေ့တဝက်လောက် မိုးရွာသွားရင်တော့ ရေတိုးပြီး နောက်ကျိနေတယ်။ ကိုယ်တို့မှာ မိုးရွာတာကြာရင် ရေကောင်းသုံးလို့ မရဘူး။ မိုးရေခံသုံးရတယ်။ အခုလိုမျိုး ပူတဲ့အချိန်ဆိုရင်တော့ ရေချိုးရတာ အင်မတန်ဇိမ်ရှိတယ်။ ရေကကြည်လို့ သန့်လို့၊ အေးစိမ့်နေတာ။ ညဘက်လည်း ရေချိုးချင် ထချိုးတာပဲ။ လမင်းကြီးက ထိန်ထိန်သာလို့။ လမသာရင် […]

ခင်တို့အိမ်မှာ မြိန်မြိန်စားချင်တယ်

ခုတလောတော့ တရုတ်ဇာတ်လမ်းတိုတွေ ပျင်းလာလို့ Netflix ဘက်ကို ပြောင်းကြည့်ဖြစ်ပါတယ်။ အမှန်တော့ Netflix ကိုပဲကြိုက်တာပါ။ ဒါပေမယ့် ဇာတ်ကားတစ်ကားဆုံးအောင် အချိန်မပေးနိုင်ပဲပြတ်တောင်း ပြတ်တောင်း ကြည့်နေရတာမို့ အရသာပျက်လို့ တိုးလို့တန်းလန်းတွေ များတယ်။ ဆေးရုံမရှိတော့ပေမယ့် အလုပ်က ပိုတောင်ရှုပ်သေး။ လူလည်း ပိုပင်ပန်းသေး။ စာတောင် တစ်ပိုဒ်ရေးလိုက်၊ ချထားလိုက်၊ ရောက်တဲ့နေရာက ပြန်ဆက်ရေးလိုက်နဲ့ ဆက်ရာတွေ ထင်နေမှာ။ ရေးနိုင်တုန်း တွန်းရေးထားရတာလေ။ နောင်ကျ အသက်ကြီးလာတော့ မျက်စိကမွဲ၊ ဉာဏ်ကနည်းသွားရင် ဘယ်လိုလုပ်မတုန်း။ ကိုယ်ရေးတဲ့စာထဲမှာ ရသပါစေချင်သလိုပဲ ကိုယ်ကြည့်တဲ့ reels တွေထဲမှာ ရသခံစားချင်လို့ အစားအသောက်ပါတာတွေ ပိုကြည့်ဖြစ်တယ်။ မြိုင်တို့ ၊ ဂယ်လက်ဆီတို့ ကြိုက်တယ်။ ဇာတ်လမ်းတွဲကြည့်ရင်တောင် “Mr Queen” တို့၊ “Bon appetit, Your […]

တောင်ပေါ်မှာပွင့်တဲ့ ပန်းကလေးများ

“မောင်ခွေးရေ မအေးရေ အိမ်မှာကောင်းကောင်းနေ။ လေယာဉ်လာရင် ကျင်းထဲပြေး ခေါင်းငုံ့ ဒူးပိုက် ကွေး။” ဆွမ်းအုပ်နီနီလည်း အမေမရွက်နိုင်တော့ဘူး။ သပြေသီးမှည့်လည်း သားသား မကောက်နိုင်တော့ဘူး။ ခေတ်နဲ့အညီ အသစ်ဖွဲ့သီထားတဲ့ ကလေးကဗျာလေးတွေကို ဆိုလည်းဆို၊ ပြေးလည်းပြေး၊ ဝပ်လည်းဝပ်တတ်အောင် သင်ပေးနေရတယ်။ အရင်တုန်းက ကြောက်အောင်ခြောက် တဲ့ ဒေဝေါကြီးက တကယ်မလာပေမယ့်လည်း အခု သေအောင်သတ်မယ့် လေယာဉ်ကြီးက ကျောင်းခန်းထဲကိုချည့် လာလာရှာနေတာ မဟုတ်လား။ “ကလေးအသားခါးသည်။ ခွေးအသားချိုသည်။” လို့ ရေးထားလည်း ဘဘကြီးမင်းအောင်လှိုင်က “ကလေးတွေကို မှ သတ်ချင်ပါတယ်။” ဆိုလို့ ကလေးတွေခမျာ မောင်တို့မယ်တို့ ကျောင်းခန်းဝင် အပြုံးပန်းကို မဆင်နိုင်ပါဘူး။ ကျောင်းရှေ့က အသံကျယ်ကျယ် ဆိုင်ကယ်ဖြတ်မောင်းရင်တောင် ပြေးရတော့မလား လို့ ခေါင်းကလေးတွေ ထောင်ကြည့်နေရတယ်။ ဒီကလေးတွေ မသေမပျောက် ကြီးပြင်းရလို့ […]

စိနတောဝါ

၂၀၂၅ ရဲ့ တတိယလေးလပတ်မှာ မြန်မာနိုင်ငံသားတွေ ထောင်နဲ့သောင်းနဲ့ ချီပြီး သေကြေပျက်စီးကြရပါဦးမယ်။ အဲ့ဒီလို သေကြေပျက်စီးကြရတာဟာ တရုတ်အစိုးရစံနက်ကြောင့် ဖြစ်ရတာလို့ အတိအလင်း စွပ်စွဲချင်ပါတယ်။ အမြစ်ပြတ်ကာနီး စစ်အစိုးရကို လက်နက်တွေ၊ ငွေကြေးတွေပေး၊ နိုင်ငံရေးအရ အကာအကွယ်ပါပေးပြီး ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နည်းနဲ့လုပ်ဖို့ လမ်းညွှန် ပေးလိုက်တာကိုး။ ငြိမ်းချမ်းရေးအတွက် ကြားဝင်ညှိနှိုင်း ပေးဟန်ဆောင်ပြီး အရပ်သားပြည်သူထောင်ပေါင်းများစွာကို ရက်ရက်စက်စက် ချေမှုန်းနှိမ်နှင်းဖို့ စစ်အစိုးရဘက်ကနေ ပြောင်ပြောင်တင်းတင်း ရပ်တည်စွက်ဖက်တာ မဟုတ်လား။ စောင်းပါးရိပ်ခြည် ဝေ့ဝိုက် ပြောရင် ဉာဏ်မမီမှာစိုးလို့၊ နားမလည်မှာစိုးလို့ ဒဲ့ပဲ စွဲချက်တင်လိုက်တယ်နော်။ မရှင်းသေးရင် စကားပြန် ရှာဖတ်။ ဘူးကွယ် ငြင်းဆိုလို့မရလောက်အောင် သိသာ ထင်ရှားနေတာကြီးမို့ “အေး ဟုတ်တယ်။ အဲ့တော့ မင်းက ဘာလုပ်ချင်သလဲ။” လို့ လူမိုက်အထာနဲ့ စိန်ခေါ်ဖို့ပဲ […]

စောင့်ရဦးမှာပေါ့တဲ့ ကိုယ့်လူရယ်

မနေ့က တနေကုန် နေပူနေလို့ မိုးကုန်သွားပြီ ထင်နေတာ။ မနက်စောစော အရုဏ်မတက်ခင် တဝုန်းဝုန်းသည်းလာတော့မှ မိုးကောင်းတုန်း ရွာထားပေါ့ကွာ လို့ အောင့်မေ့မိတယ်။ မိုးကုန်အောင် စောင့်နေရတဲ့ အလုပ်တချို့ ရှိတာကိုး။ စစ်ပွဲအခြေအနေတွေကလည်း မိုးကောင်းတုန်းပါပဲ။ လေယာဉ်မလာတဲ့နေ့ ဆိုတာ မရှိ။ လက်နက်ကြီး မကျတဲ့ရက် ဆိုတာလည်း မရှိ။ အဲ့ဒီကိစ္စတွေကို နေပူမိုးရွာသလောက်ပဲ သဘောထား နေထိုင် ကြတော့တယ်။ ရွာမှာလည်း မူကြိုနဲ့ လူအိုပဲ ကျန်တော့တာပါ။ သန်သန်မာမာ သန်သန်စွမ်းစွမ်းဆို လူပါမသွားတောင် ပိုက်ဆံကနင့်နေအောင် ပေးပြီး ပြန်ရွေးရတာမို့ ကိုယ့်ဘေးကိုယ် ကြည့်ရှောင်နေကြရပြီ။ မတတ်နိုင်ဘူးလေ။ ဒါလည်း သူ့ရပ်သူ့ရွာ သူ့အခါနဲ့ new normal life style ဖြစ်နေပြီ။ နှစ်ရှည်လများ ရင်ဆိုင်တွန်းလှန်ရတဲ့ challenge တွေဆို […]

စစ်ရက်ရှည်ရှည် ဖားကန့်မြေ

Loki တို့ ၂ ကောင် အိမ်ပြန်ခေါ်လာခဲ့ပြီ။ သူတို့လည်း မြူးတူးခုန်ပေါက််လို့ ပျော်နေတယ်။ ဆေးရုံက ကြောင်ကလေးတွေလည်း ပြန်ပြန်ခေါ်လာခဲ့တယ်။ သနားပါတယ်။ သူတို့လည်း ဒုက္ခရောက်ကြတယ်လေ။ လူတွေလည်း ဒုက္ခရောက်ကြတာပါပဲ။ ဆေးရုံက မရှိ။ ဆေးတွေက ဝယ်မရနဲ့။ ရွာထဲက အဲမိတို့အမေတောင် လယ်ထဲသွားရင်း ညောင်ပင်အောက် ကိုယ့်ဘာသာ ကလေးမွေးခဲ့ရသတဲ့။ ဆေးရုံက ဆေးသွားသွားသွင်းပေးနေတဲ့ တောင်ခြေကျောင်းက ဘုန်းဘုန်းကြီးလည်း ပျံလွန်တော်မူသွားပြီ။ သတ္တဝါအပေါင်းတို့၏ အကျိုးစီးပွါးကို ဖျက်စီးတဲ့စစ်သားတွေအဖို့ ဘုန်းကြီးသက်ရှည်စရာအကြောင်း မရှိပါဘူး။ သူတို့စစ်တပ်ထဲက အကြီးဆုံးအကောင် ၆ ကောင်ကို ဘောင်းဘီချွတ်ပြီး နေရာယူခိုင်းလိုက်တဲ့အတွက် ဒီဘက်ကလူတွေ ကျည်မကုန်ပဲ ရန်သူအင်အား လျှော့လိုက်နိုင်ပါတယ်။ နေရာလု၊ စားခွက်လုရင်း အချင်းချင်းကိုက်ကြရင် ဒီ့ထက်တောင် ပိုဦးမယ်။ ဟိုဘက်ရောက်ရင်လည်း ခင်ရီ နဲ့ ကိုက်ကြဦးမှာမှလား။ […]