ကချင်မြေကိုလာတော့ …

ရန်ကုန်ကထွက်လာတာ ၅ နှစ်တောင် ကြာခဲ့ပြီမို့ ရန်ကုန်မှာ ဘာတွေဖြစ်နေသလဲ မသိတော့ပါဘူး။ YGH ကလူတွေလည်း ကိုယ့်ကို အဆက်အသွယ်ဖြတ်ထားကြတာမို့ အဲ့ဒီမှာ ဘာတွေဖြစ်နေသလဲ ကိုယ်မသိနိုင်။ ဒါပေမယ့် ၅ နှစ်လုံးလုံး ကချင်ပြည်နယ်မှာ ကျင်လည်ရတာမို့ ဒီကာလအတွင်း ဒီဘက်မှာဖြစ်တဲ့ အပြောင်းအလဲတွေကို ရေရေရာရာ သိခွင့်ရတာ အမှန်ပါပဲ။ တိုးတက်ထွန်းကားတဲ့ အပြောင်းအလဲတော့ ဘယ်ဟုတ်မလဲ။ ပျက်စီးပြုန်းတီးပြီး ဒုက္ခပင်လယ်ဝေရတဲ့ ရင်နာစရာ အဖြစ်အပျက်ဆိုးတွေပါ။ မင်းအောင်လှိုင် အာဏာသိမ်းလို့ ကောင်းစားကြီးပွါးသွားတဲ့သူဆိုတာ ကချင်ပြည်နယ်အနေနဲ့တော့ မရှိသလောက် ရှားပါတယ်။ ဆူနာမီလှိုင်းကြီးလို ရုတ်တရက်ကြီး တိုက်စားဖုံးလွှမ်းလာတဲ့ နိုင်ငံရေးပြောင်းအလဲမှာ ဘယ်သူမဆို ရှင်သန်ကျန်ရစ်နိုင်ဖိ့ အသည်းအသန် ရုန်းကန်ရတာပေါ့လေ။ ဘုန်းကြီးတွေပြောသလို ပြောရရင် ကပ်ဆေးတဲ့အချိန်မှာ ကပ်ကျော်ဖို့ ကြိုးစားနေရတယ်။ ပဲကပ်ကြော်၊ ဘယာကြော်လေးများ ဆွမ်းတော်တင်ပြီး ယတြာချေမှ […]

၅၈

“Another day in Paradise” လို့ ရေရွတ်ပြီး ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွှမ်းမိတယ် ဆိုရင် ဒီဆရာဝန်လည်း ဝင်းဦးတို့၊ နွဲ့နွဲ့မူတို့လို ခရစ်ယန်ဘာသာပြောင်းသွားပြီ လို့ ထင်နေကြဦးမယ်။ တကယ်တော့ ကိုယ့်ရဲ့ ၅၈ နှစ်မြောက် မွေးနေ့မှာ ကောင်းချီးမင်္ဂလာ အဖြာဖြာအတွက် ကျေးဇူးတင်ရမယ် ဆိုရင် ဘယ်သူ့ကို ကျေးဇူးတင်ရမှန်း မသိလို့ လွယ်လွယ်ကူကူ အဖဘုရားသခင်ကိုပဲ ကျေးဇူးတော်ချီးမွန်းရပါတယ်။ သို့သော်လည်း ကိုယ်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်သာ ဖြစ်ပါတယ်။ ကောင်းမှု၊ မကောင်းမှုနဲ့ ပါတ်သက်လာရင် ကံ၊ ကံ၏အကျိုးကိုပဲ ယုံကြည်တာ အမှန်ပါ။ “ရှေးကပြုဖူး သူ့ကျေးဇူး၊ အထူးသိတတ်စေ။” ဆိုတဲ့ မင်္ဂလာတရားတော်အရ တစုံတယောက်ကို ကျေးဇူးတင် စိတ်ကလေးဖြစ်လာရင် တွေးမိတဲ့သူတွေက အများကြီး။ ကျန်ရစ်ခဲ့ပြန်ရင်လည်း အားနာစရာကောင်း။ ကန်တော့ပလ္လင်လို […]

အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ

အခုရက်ပိုင်းမှာ ဘာကိုပဲလုပ်လုပ်၊ ငါ ဒီ့ထက်ပိုပြီး ကြိုးစားရဦးမယ် ဆိုတဲ့ အသိနဲ့ လုပ်ပါတယ်။ ရန်သူက ငြိမ်းကာနီးဆီမီးခွက်လို နောက်ဆုံးလောင်ကျွမ်းခြင်းနဲ့ မီးညွန့်တောက်နေချိန်မှာ လောင်စာနောက်တစ်ခု မစွဲစေချင်ဘူး။ ဘာအလုပ်ပဲဖြစ်ဖြစ် ကိုယ်လုပ်နိုင်တဲ့အလုပ်မှန်သမျှ မနားမနေ အင်တိုက်အားတိုက် လုပ်နေတယ်။ စာရေးတဲ့အလုပ်တစ်ခုလည်း အဲ့ဒီထဲမှာ ပါပါတယ်။ ကိုယ်ကြိုးစားပန်းစား ရေးထားတဲ့စာတစ်ပုဒ် ကွန်မန့်တောင် စုံအောင်မဖတ်ရသေးခင်မှာ နောက်တစ်ပုဒ်ကို စရေးထားနှင့်ပြီ။ ဟိုသွားသည်သွား၊ လမ်းမှာခဏနားတုန်းလေး အချိန်ရရင်ရသလို ရောက်တဲ့အစလေးဆွဲထုတ်ပြီး ရေးနေတာလည်း သိုးမွှေးဆွယ်တာထိုးတဲ့ အာဂျီးမားများလိုပဲ။ လက်ရောမျက်စိရော ထိန်းချုပ်မရတဲ့ လမ်းကြမ်းခရီးပေါ် ကားစီးနေရင်းတောင် ဦးနှောက်ကတော့ အလကားမနေပါဘူး။ ရေးစရာလေးတွေ တွေးတောနေတယ်။ ဘာဖြစ်လို့ဆိုတော့ သူတို့ဘက်မှာ ဝါဒဖြန့်၊ စိတ်ဓါတ်စစ်ဆင်ရေးသမားတွေကို နေ့စားရော၊ လခစားရော၊ ကံထရိုက်ပရောဂျက်နဲ့ပါ ငွေအားလူအား ဒလဟောသွန်ပြီး ထိုးစစ်ဆင်နေချိန်မှာ ကိုယ့်ဘက်က စာဖတ်ပရိသတ်တွေ […]

ကဗျာမဆန်တဲ့ ကဗျာ

စာရေးဆရာထဲမှာ တော်လှန်ရေးလုပ်တဲ့သူ တော်တော်ရှားပေမယ့် ကဗျာဆရာတွေထဲမှာတော့ အများကြီး ရှိပါတယ်။ ဟောတစ်ယောက် ဟောတစ်ယောက် ငြိမ်းချမ်းသွားတဲ့သူတွေတောင် မနည်းတော့ဘူး။ ကဗျာဆရာဆိုတာ စကားလုံး အသုံးအနှုံးလေးတွေကအစ နုရွညက်ညောနေပြီး သံစဉ်ကလေးတွေ စီးမျောလာအောင် တိုတိုရှင်းရှင်း ထိထိမိမိ ရေးကြရတဲ့သူတွေ ဖြစ်သော်ငြား သူတို့ဘဝတွေဖြင့် ကြမ်းတမ်းလိုက်တာ။ နည်းနည်းလေးမှကို ကဗျာမဆန်ဘူး။ ဒါပေမယ့် တော်လှန်ရေးအင်အားမှာ ကဗျာတစ်ပုဒ်က ကျည်ဆန်တစ်တောင့် မကဘူး။ လောင်ချာတစ်လက်လို အာဏာရှင်တွေဘက်မှာ ပေါက်ကွဲအား ပြင်းထန်စေတယ်။ ပျံ့နှံ့အားလည်း ကောင်းတယ်။ ကဗျာဆရာသာ သေချင်သေမယ်။ သူ့ကဗျာက သေဆုံးသွားတာ၊ ရက်လွန်သွားတာ မရှိဘူး။ လိုင်းပေါ်တင်တဲ့ TikTok တစ်ပုဒ်လို သိန်းသန်းချီပြီး ဖွာကနဲ trend ဖြစ်မသွားပေမယ့် ကဗျာချစ်တဲ့သူတွေ ရင်ထဲမှာ သေရာပါတောင် မမေ့ပျောက်တော့ဘူး။ ၈၈ တုန်းက မိန်းထဲမှာ […]

လူကြမ်းတွေလဲရင် ကြိုက်လား

ခုတလော နေ့စားလော်ဘီတွေနဲ့ ကျက်သရေတုံးလွန်းလို့ Newsfeed မှာ ကြာကြာမနေဘူး။ သတင်းတွေဖတ်ပြီးရင် reel ထဲက တစ်ရာဖိုး ၃ ပုဒ် တရုတ်ဒရာမာအတိုလေးတွေ ဝင်ဝင်ကြည့်နေလိုက်တယ်။ ကောင်းလို့လည်းမဟုတ်ဘူး။ အပျင်းပြေလို့လည်း မဟုတ်ဘူး။ ဘာအန်တာတိန်းမန့်မှလည်း မပေးနိုင်ပါဘူး။ မဟုတ်ကဟုတ်ကတွေမှန်းလည်း သိတယ်။ ဒါပေမယ့် စိတ်ထဲမှာ ကျေနပ်မှုတစ်ခုကိုတော့ ရတယ်။ ဝက်ခြံဖုကြီး ညှစ်ထုတ်ပလိုက်ရသလို၊ တန်းလန်းကြီးလန်ထွက်နေတဲ့ ခြေသည်းခွံ ဆွဲခွါပစ်လိုက်ရသလို၊ နားထဲက နားဖာချေးအတုံးကြီး ကလော်ထုတ်လိုက်ရသလို၊ မကောင်းတဲ့ ဒုက္ခပေးနေတဲ့ အရာတခုခုကို ဖယ်ထုတ်ရှင်းလင်းပစ်လိုက်တဲ့ စိတ်ကျေနပ်မှုတခုတော့ ပေးတယ်လေ။ ကြည့်ချင်တဲ့ ဇာတ်လမ်းဝင်ကြည့်။ အင်မတန်မှကို ကောက်ကျစ်ယုတ်မာစွာ လူမဆန်တဲ့ မတရားမှု၊ အလိမ်အညာတစ်ခုခုနဲ့ ဇာတ်ကို အစပျိုးလိုက်တယ်။ အပိုင်း ဆယ်ပိုင်းရှိရင် ရှေ့ကကိုးပိုင်းစလုံးမှာ ဗီလိန်က ပယ်ပယ်နယ်နယ် နှိပ်စက်ပြလိမ့်မယ်။ ပါးတွေရိုက်တာရိုက်တာဆို […]

နက်ဖြန်မနက် ကျောင်းတက်မယ်

တချို့စကားတွေဟာ တစ်ကြောင်းတည်း တစ်ခွန်းတည်းပေမယ့် နောက်ခံအခြေအနေအရပ်ရပ်ကို ထင်ဟပ်သဘောပေါက်စေတာကြောင့် ပြီးပြီးပျောက်ပျောက် ပျောက်မသွားပဲ အစဉ်အဆက် ပြောစမှတ်ကြီးတွင်ကျန်ရစ်ခဲ့ပါတယ်။ နရသီဟပတေ့ရဲ့ “စောလုံ စောင့်ပါခလှည့်။” ဆိုတဲ့စကား။ ဆရာတော်ဦးဗုဒ်ရဲ့ “ဟဲ့ မယ်နု သူ့ကြွေးရှိက ဆပ်ရသည်သာ။” ဆိုတဲ့စကား။ မေရီအန်ထွာနက် ရဲ့ “ကိတ်မုန့်လေးပဲ စားကြရောပေါ့။” ဆိုတဲ့စကားတွေဟာ တစ်ခွန်းတည်း ကြားရရုံနဲ့ သမိုင်းနောက်ခံဇာတ်လမ်းတစ်ခုလုံးကို လှစ်ကနဲ လှမ်းမြင်ခွင့်ရတဲ့ ဇာတ်ဝင်ဒိုင်ယာလော့ခ်တွေပါပဲ။ အဲ့လိုစကားမျိုးကို အခုခေတ်မှာလည်း ပြောခဲ့ကြပါတယ်။ အမျိုးသားပညာရေးကော်မရှင် ဥက္ကဌဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်က ငိုသံပါကြီးနဲ့ ပြောခဲ့တာပါ။ “အိမ်က မြေးလေးတွေလည်း ကျောင်းမတက်ရတာ ကြာပါပြီဗျာ။” တဲ့။ ဦးခင်ညွန့်က ရုပ်မြင်သံကြားသတင်းထဲမှာလာရင် ကလေးချစ်တတ်တဲ့ ဘဘဗိုလ်ချုပ်ကြီးကာရိုက်တာနဲ့ အကယ်ဒမီယူနေကျပါ။ သူလာမယ်ဆိုရင် ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေကို လှလှပပ ပြင်ဆင်ဝတ်စားပြီး ပန်းစည်းဆက်ဖို့ ရှာဖွေသင်ပြထားရပါတယ်။ […]