“ဂျွန် ဂျူလိုင်မှာ ရွာတဲ့ မိုးဖွဲလေးများ မစဲသလို ရှမ်း/ မြောက်ရဲ့စစ််က အမြဲရှိနိုင်မလား။” ရှိမှာပေါ့။ အဲ့လိုအမြဲ ရှိနေအောင် ဟိုဘက်က ဝင်ရှို့လိုက်၊ ဒီဘက်က ဝင်ရှို့လိုက် လုပ်နေတဲ့ လက်သည်တရားခံက ရှိနေတာကိုး။ တဘက်ဘက်ကနိုင်ပြီး မီးငြိမ်းသွားမှာကို မလိုလားလို့ ဘယ်ပြန်ညာပြန် ပလာတာရိုက်နေတာ။ သူ့ကြောင့် ကိုယ်တို့တော်လှန်ရေးကြီး မပြီးနိုင်မစီးနိုင် ဖြစ်နေတာဆိုပြီး စိတ်ဆိုးစိတ်နာ ဖြစ်မိတာ အမှန်ပါပဲ။ မေတ္တာတွေပို့လိုက်ရတာလည်း မပြောပါနဲ့။ လူယုတ်မာကြီးတွေ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးသွားကြပါစေပေါ့။ အဖြစ်ကတော့ အရှင်းကြီးပါပဲ။ စကစအစိုးရ ပြုတ်မကျသွားဖို့ တရုတ်က အတင်းကြီး ကျားကန်ပေးနေတယ်။ ဒါပေမယ့် ဒီအဖြစ်မျိုးဟာ သိပ်ထူးဆန်းတဲ့ ကိစ္စမှ မဟုတ်တာပဲ။ စစ်ဖြစ်နေတဲ့ နေရာတိုင်းမှာ အဲ့ဒီအတိုင်းပဲ ရှိကြတယ်။ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေဖြစ်လာဖို့ ရုရှားကပဲ ကျောထောက်နောက်ခံပေးခဲ့တယ်။ […]
Month: June 2025
ရင်ခုန်သံ မင်းနားကြပ်လေးနဲ့ နားထောင်ပါဦး
ကိုယ်တို့ခေတ်မှာတုန်းက ဆေးကျောင်းကို ၆ နှစ်ခွဲ တက်ရပြီး အလုပ်သင်ဆရာဝန် ၁ နှစ်ပြီးမှ ဆရာဝန်လုပ်ခွင့် (ဆေးကုသခွင့်) လိုင်စင် ရပါတယ်။ ဆရာဝန်လုပ်ချင်တယ်ဆိုရင် ဘယ်မှာပဲလုပ်လုပ် အလုပ်သင်ပြီးဆုံးကြောင်း completion certificate နဲ့ သူ အလုပ်သင်ဆင်းရာ ဆေးရုံက consultant တွေဆီက သူ့ရဲ့ အလုပ်သင်ကာလ တာဝန်ထမ်းဆောင်မှုနဲ့ပါတ်သက်ပြီး ကျေနပ်ဖွယ်ရာ ရှိကြောင်း ထောက်ခံစာ လိုအပ်ပါတယ်။ ဒါက ကိုယ်တို့မတိုင်ခင် ရှေးအစဉ်အဆက်က ချမှတ်ထားတဲ့ စည်းကမ်းဖြစ်ပြီး ဘယ်သူကမှလည်း စောဒက မတက်ကြပါဘူး။ လုပ်သင့်လုပ်ထိုက်တယ် လို့ ယူဆကြပါတယ်။ ကျောင်းသားဘဝမှာ လူနာကို ကိုင်တွယ်စမ်းသပ်တယ်ဆိုတာ သင်ကြားရေးလုပ်ငန်းစဉ် သက်သက်သာဖြစ်ပြီး လက်တွေ့လုပ်ဆောင်ရမယ့် ကုသရေးဆောင်ရွက်ချက်တွေက အလုပ်သင်ဆင်းမှ စပြီး ထိတွေ့ခွင့် ရတာပါ။ အလွယ်ဆုံးပြောရရင် ဆေးကျောင်းသား ဘဝမှာ […]
Dear Mom,
When a bone is broken, we have to keep it in splint so that it won’t hurt anymore till the bone is re-unite. Sometimes, we feel unbearably painful when our heart is broken. In that case, we enclose the sensitive wound to avoid further damage. Try to forget about the injury, by any kinds of […]
သို့/ အမေ
အရိုးကျိုးတဲ့ လူနာတွေဆိုရင် သူတို့ ဒဏ်ရာကလေးတွေ လှုပ်ရှားထိခိုက်မိတဲ့အခါ နာမှာကြင်မှာစိုးလို့ လုံလုံခြုံခြုံကလေး ကြပ်ထုပ်စည်း၊ ငြိမ်နေအောင် သိုင်းပိုးပေးထားရတယ်လေ။ အရိုးလေးတွေ ပြန်မဆက်မချင်းပေါ့။ တခါတခါကျတော့ စိတ်မှာရတဲ့ အတွင်းဒဏ်ရာတွေဟာလည်း အရိုးတွေအသည်းတွေ မွမွကြေမတတ် မခံမရပ်နိုင်အောင် နာကြင်ကြေကွဲရပါတယ် အမေ။ အနာမကျက်မချင်း အဲ့ဒီအကြောင်းကို အစမဖော်ပဲ၊ မစဉ်းစားပဲ တခြားကို အာရုံလွှဲထားလိုက်မှသာ ဘဝရဲ့ ပစ္စုပ္ပန်ရှင်သန်ခြင်းကို ပြန်ရတယ်။ အဲ့လိုမှ မေ့မထားရင် ဘာအလုပ်မှ မလုပ်နိုင်တော့ပဲ အရှိုက်ကိုအထိုးခံရတဲ့ လက်ဝှေ့သမားများလို ပြန်ထနိုင်ဖို့ တော်တော်ကြိုးစားယူရတာ။ ဆရာဝန်ဆိုပေမယ့်လည်း စစ်ထွက်ယောက်ကျားများလို ရန်သူကို ရင်ဆိုင်အနိုင်တိုက်နေတဲ့ ကျွန်တော်တို့ဘဝထဲမှာလည်း အထိအရှမခံနိုင်လို့ ရင်မှာသိုဝှက်ထားရတဲ့ ခံစားချက်တစ်ခု ရှိပါတယ်။ တွေးမိတိုင်း နာကြင်ပါတယ်။ simple hurt မဟုတ်ပါဘူး။ grievous hurt ပါ။ အမေ့ကို […]
နံမည်လေး ဘယ်လိုပါလဲ မသိသလို မေးတယ်
ကိုယ်တို့ငယ်ငယ်တုန်းက မဂ္ဂဇင်းစာအုပ်တွေထဲမှာ မင်အမည်းကြီးနဲ့ဖြစ်ဖြစ်၊ ငွေရောင်မင်တွေနဲ့ဖြစ်ဖြစ် မမြင်ရအောင် ပိတ်ထားတဲ့စာတွေ ရှိပါတယ်။ တခါတခါမှာ စာရွက်လိုက် ဆုတ်ပစ်တာတွေလည်း ရှိတယ်။ စာရွက်နှစ်ရွက်ကို ကော်သုတ်ပြီး ကပ်ပလိုက်တာလည်း ရှိတယ်။ အဲ့ဒါ ဘာလုပ်တာလဲ ဆိုတော့ ဆင်ဆာဖြတ်တာတဲ့။ ဆင်ဆာက အစကတည်းက မဖြတ်ဘူးလား ဆိုတော့ ဖြတ်ပါတယ်။ ဒါပေမယ့် စာအုပ်ထွက်ပြီးကာမှ နောက်ကလိုက်ပြီး ထပ်တိုးဖြတ်တဲ့ဟာတွေကျတော့ ရိုက်ပြီးသား စာအုပ်တွေ လွှင့်မပစ်နိုင်လို့ ခုနကလိုပဲ မမြင်အောင် လိုက်ကွယ်ရပါတယ်။ အဲ့လိုမဟုတ်ရင် ဆိုင်မှာတင်ပြီးသား စာအုပ်တွေတောင် လိုက်သိမ်းတာကိုး။ ကိုယ့်ဆီက မဂ္ဂဇင်း မပြောနဲ့။ နိုင်ငံခြားကလာတဲ့ Time တို့ Newsweek တို့တောင် တခါတရံမှာ အဖုံးတွေ ဆုတ်ဖြဲပြီးမှ သွင်းခွင့်ပြုတယ်။ မြန်မာနိုင်ငံဟာ ဆင်ဆာနဲ့ပါတ်သက်ရင် တော်တော် တင်းကြပ်တာပဲ လို့ […]
ယုံချင်ယုံ မယုံချင်နေ တကယ့်အဖြစ်အပျက်ပါ ဘုရားစူးစေ့
ကိုယ်တို့ဆေးရုံစဖွင့်ဖို့လာစဉ်အခါက လူ ၅ ယောက်နဲ့ စပါတယ်။ ကိုယ်အပါအဝင် ဆရာဝန် ၃ ယောက်၊ ဆရာမ တစ်ယောက် နဲ့ အင်ဂျင်နီယာ တစ်ယောက်ပါ။ နောက်တော့ ဆယ်ဇင်း ကိုဗစ်စင်တာမှာတုန်းက လုပ်အားပေးတဲ့ ဗော်လံတီယာ ဆရာမလေး ၂ ယောက်လည်း လိုက်လာပါတယ်။ ရောက်ကာစ ဆေးရုံတည်ဖို့ ကြိုးစားကာစဆိုတော့ ကိုယ်တို့မှာ ယောက်ကျားလေး အလုပ်သမားတစ်ယောက်လည်း လိုချင်တာပေါ့လေ။ ရွာထဲက ဆေးရုံမှာ အလုပ်လုပ်ချင်တဲ့သူ မရှိဘူးလား လို့ မေးတဲ့အခါ ကလေးတစ်ယောက်တော့ ရောက်လာပါတယ်။ နံမည်က ထွန်းရွှေ တဲ့။ အသားဖြူဖြူ အသက်က ၁၆ နှစ်တောင် မပြည့်သေးပါဘူး။ စကားပြောရင်တောင် ကိုယ်တို့နဲ့ တိုက်ရိုက် မပြောရဲဘူး။ သူနဲ့ပါလာတဲ့ အဖော်တစ်ယောက်ကို ပုဏ္ဏားတိုင်လုပ်ပြီး ပြောပါတယ်။ သူ […]