အညာလွမ်းချင်း

“လေတွေမိုးတွေရွာပါလို့ ကဆုန်လပြည့်ကျော် လူပျိုလေးတွေလာပြန်တော့ ခုံဖိနပ်နဲ့ဆော်” လေတွေလာတာကတော့ ဟုတ်ပါပြီ။ အခုကိုပဲ လေတွေပြင်းလိုက်တာမှ အမိုးတွေအကာတွေကို လန်ထွက်နေရော။ လူပျိုတွေလာရင် ခုံဖိနပ်နဲ့ဆော်တာက ဘာလို့ပါလိမ့်။ မသိဘူးလေ။ ကလေးတုန်းကတော့ ဒီလိုပဲ ပါးစပ်ထဲတွေ့ကရာ ပေါက်ပန်းဈေးတွေ လျှောက်အော်ကြတာပဲဟာကို။ ကလေးပါးစပ် သဘင်သည်ပါးစပ်ဆိုတာ မုခသိုက်အဝင်အပါတဲ့။ လူပြက်ကြီးတွေ ပြက်လုံးထုတ်ရင်လည်း ကလေးတွေပါးစပ်ထဲ စွဲကျန်ရစ်ခဲ့တာပဲ။ “ကျုပ်သားကိုတဲ့စွန်ချီ။ ငှက်ပလီ ဘယ်ကိုကြွပါလိမ်ံ့။ ငှက်ဘုရားတကာ စွန်စတော်ဘယ်ရီရောင် ဘယ်ကိုကြွပါလိမ့်။ ပြန်ချပါအုန်း ဟုန်းဟုန်းဟုန်း။” ဆိုလည်း ရွာမှာ ကလေးတိုင်းဆိုတတ်တယ်။ ကိုယ်တွေငယ်ငယ်တုန်းက ဖုန်းဆိုတာလည်း မပေါ်သေးဘူး။ ဂိမ်းဆိုတာလည်း မရှိသေးဘူး။ မော်တော်ကားတောင် ထွန်စက်သံကြားရင် ရွာပြင်ကိုထွက်ကြည့်ရတာ။ ရွာမှာ ကားမမြင်ဖူးတဲ့သူတွေ တပုံကြီး။ “ဪ လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်အချိန်တွေကပေါ့နော်။” လို့ မထင်နဲ့။ […]

ရွှေမန်ကျည်းရယ် ခုနစ်စဉ်

ကိုယ်တို့ဆေးရုံကလေးဟာ လေယာဉ်ပျံတောင် ၄ ခါတိတိ ဗုံးလာကျဲပြီးပြီဆိုတော့ ဘယ်နားလေးမှာပါလိမ့် လို့ လျှို့ဝှက်ထားစရာ မလိုတော့ဘူး ထင်ပါတယ်။ အဲ့ဒီမှာလည်း ဆက်မှရှိမနေတော့တာ။ သတင်းထဲမှာလည်း ပါလာပြီးသားလေ။ “တုံပင်” လို့ ခေါ်တဲ့ ရွာကလေးအနီးမှာ ရှိပါတယ်။ ရွာထဲမှာတော့ မဟုတ်ဘူးပေါ့။ ရွာအပြင်က ရိုးလို့ခေါ်မလား၊ ခင်တန်းလို့ခေါ်မလား မသိတဲ့ ခြုံပုတ်တောတန်းကလေးထဲမှာ။ အဲ့ဒီနေရာက အရင်တုန်းက ရွာဟောင်းကလေးပါ။ စစ်ပွဲကြောင့် ရွာပျက်သွားလို့ အခုနေရာကို ရွှေ့လာကြတာ။ ကုန်းမို့မို့ကလေးက ညောင်ပင်အကြီးကြီးတွေဟာ အရင်တုန်းကရှိတဲ့ စေတီအဟောင်းကလေးတွေရဲ့ အုတ်ပုံတွေပဲ။ ကိုယ်တို့လာမနေခင်တုန်းက တဝင်းလုံးဟာ လူတစ်ရပ်လောက်မြင့်တဲ့ ဂျာမနီခြုံကြီးတွေ ဖုံးလို့နေတယ်။ ဆေးရုံတည်ကစက မြွေတွေမြွေတွေဆိုတာ ဝင်လိုက်ထွက်လိုက် တက်လိုက်ဆင်းလိုက်ပဲ။ ဒါပေမယ့် ခုချိန်ထိအောင် ဘယ်သူ့ကိုမှ မကိုက်ဖူးဘူး။ ကိုယ်တို့မလာခင်တုန်းက အဲ့ဒီအထဲမှာ လူသူမနေပါဘူး။ အိမ်အိုအိမ်ပျက်တွေ […]