ခွဲခွာသူအား အမှတ်တရ

ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက် ဆုံးသွားပါတယ်။ ဒေါက်တာထွဋ်ကျော်ဝင်း တဲ့။ အရမ်းကြီးခင်တဲ့အထဲမှာ မပါပါဘူး။ ကျောင်းတုန်းကတော့ မကြာခဏ ငြင်းခုန်ထေ့ငေါ့လေ့ ရှိသူချင်းပါ။ သို့သော်လည်း သူရောကိုယ်ရော တစ်ယောက်နဲ့တစ်ယောက် စိတ်မဆိုးကြပါဘူး။ အယူအဆမတူလို့ စကားနိုင်လုကြတာလေ။ အမုန်းပွားစရာ အကြောင်းမှမရှိပဲ။ အယူအဆကတော့ တူစရာ အကြောင်း မရှိပါဘူး။ ဆေးကျောင်းတစ်ကျောင်းတည်း အတူတက်ကြပေမယ့် ရောက်လာတဲ့ နောက်ခံအသိုင်းအဝိုင်းချင်းက အင်မတန် ကွာခြားပါတယ်။ ယွမ်မွမ်း လို့ အခု ကလေးတွေ ခေါ်ကြတဲ့ ဆေးတက္ကသိုလ် (၁)မှာ ကျောင်းသားတွေဟာ အုန်းနို့ကျောက်ကျော အလွှာအထပ်ကလေးတွေလို တစ်လွှာနဲ့တစ်လွှာ မရောပဲ သီးသန့်ကလေးတွေ နေကြပါတယ်။ သူက အပေါ်ဆုံးအလွှာမှာ ရှိပြီး ကိုယ်ကတော့ အောက်ဆုံးအလွှာမှာ လို့ ကိုယ့်ကိုယ်ကိုယ် ခံယူထားပါတယ်။ သူတို့က နှိမ့်ချဆက်ဆံတာ မဟုတ်သလို ကိုယ့်ဘက်က […]

ချန်ဂင်တို့စခန်း (၃၃၈)

ဇာတ်လမ်းတွဲတွေ အရမ်းရှည်လာတဲ့အခါ ဘယ်လောက်ပဲ စိတ်ဝင်စားစရာကောင်းကောင်း “နင်တို့ဟာက ပြီးကို မပြီးနိုင်တော့ပါလား။” ဆို ဆက်မကြည့်ချင်တော့ပဲ ငြီးငွေ့သွားတတ်တယ်။ ချန်ဂင်လည်း အပိုင်း ၃၀၀ ကျော်လာတော့ သိပ်စိတ်မပါတော့တာလည်း ဖြစ်တတ်ပါတယ်။ တစ်ပိုင်းချင်းရေးနေလို့သာ ဖတ်ကြည့်နေတာ။ လုံးချင်းစာအုပ်ထုတ်ရင် ဝယ်ဖတ်ကြပါ့မလား မသိဘူး။ စာအုပ်ထုတ်ဖို့ ကမ်းလှမ်းလာတဲ့သူတွေ ရှိပေမယ့်လည်း ကိုယ့်ဟာကိုယ်တောင် ဘယ်တော့ဘယ်လို ဇာတ်သိမ်းမှန်း မသိတဲ့ဟာ။ တန်းလန်းကြီး ရပ်သွားမှာစိုးလို့ မထုတ်ဖြစ်ခဲ့ဘူး။ ဇာတ်သိမ်းခန်း ဆိုတာ ဇာတ်လိုက်က game over သွားတာလည်း ဖြစ်နိုင်သလို အောင်စည်အောင်မောင်းတီးပြီး ပြည်တော်ဝင်တာလည်း ဖြစ်နိုင်တာပေါ့။ သို့သော်လည်း ကံကြမ္မာဆိုတာက ကိုယ်ထင်သလို ဖြစ်ချင်မှ ဖြစ်တာဆိုတော့ ကိုယ်တို့ရဲ့ “ချန်ဂင်တို့စခန်း” ဇာတ်သိမ်းပိုင်းကလေးကို မထင်မှတ်တဲ့ အချိုးအကွေ့နဲ့ ဇာတ်သိမ်းရပါတော့မယ်။ ဆေးရုံကို ဗုံးလာကျဲလို့ အပျက်အစီး […]

ချန်ဂင်တို့စခန်း (၃၃၇)

ဒုတိယကမ္ဘာစစ်တုန်းက မဟာမိတ်တပ်တွေ၊ ဖက်ဆစ်ဂျပန်တွေက မြန်မာပြည်ကို ဗုံးကျဲတယ်ဆိုတာ မင်းအောင်လှိုင်စစ်တပ်က ကိုယ့်တိုင်းပြည်ကိုယ် ဗုံးပြန်ကျဲတာလောက်ကို ဘယ်မီနိုင်ပါ့မလဲ။ ကမ္ဘာပေါ်မှာလည်း ကိုယ့်ပြည်သူကိုယ် ရက်ရက်စက်စက် သတ်ဖြတ်၊ လုယက်၊ မုဒိန်းကျင့်တဲ့ စစ်ဗိုလ်စစ်သားတွေဆိုတာ သူတို့ကလွဲလို့ မရှိနိုင်ဘူး။ ယုံတောင်မယုံနိုင်ကြဘူး မဟုတ်လား။ ကမ္ဘာ့စစ်သမိုင်းပြတိုက်မှာ နောင်လာနောက်သားတွေကို နမူနာလေးပြရအောင် အထောက်အထား သက်သေလေးဘာလေး မလိုချင်ဘူးလား။ ဒါမျိုးစစ်တပ်က တခြား ဘယ်နိုင်ငံမှာမှ မရှိဘူးလေ။ လားရှိုးမြို့ကို ပြန်လိုချင်လို့ တရုတ်ကြီးကို မအေပေး၊ နှမပေးပေးပြီး ကိုးကန့်တစ်ဘက်၊ ဝတစ်ဘက် ဘယ်ညာရံလျက် တရုတ်အလံတင်ပြီး မြို့ထဲဝင်ရတယ် ဆိုတဲ့အဖြစ်ဟာလည်း မြန်မာစစ်သားသတ္တိ ကမ္ဘာကသိအောင် အထုပ်ဖြည်ပြသလိုပါပဲ။ “အနှစ် ၈၀ သက်တမ်းရှိတဲ့ ကြည်းရေလေ တပ်မတော်ကြီးဟာ PDF တွေကို နိုင်အောင်မတိုက်နိုင်ပဲကိုး။” လို့ officially ဝန်ခံလိုက်ရာလည်း […]

ချန်ဂင်တို့စခန်း (၃၃၆)

ငလျင်လှုပ်အပြီး မြန်မာနိုင်ငံမှာ သိသာမြင်သာတဲ့ စစ်ရေးအပြောင်းအလဲတစ်ခုကတော့ လေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက် ၂ ဆ၊ ၃ ဆ ပိုများလာတာပါပဲ။ သူတို့မှာ ဂြိုလ်တုဓါတ်ပုံတွေ ရှိမယ်ဆို ပြန်ကြည့်လို့ရတာပဲ။ ကိုယ်တို့ဆီမှာတော့ မြေပြင်က အလောင်းဓါတ်ပုံတွေ ရှိပါတယ်။ Facebook ပေါ်တောင် တင်လို့မရဘူး။ Community Standard နဲ့ ငြိနေလို့။ ၅ နှစ်အောက်ကလေးငယ်ကလေးတွေက PDF တပ်သားမဖြစ်နိုင်ပေမယ့် ဗိုလ်ချုပ်ဇော်မဲလုံးကတော့ “သေပစေလေ။ နည်းတောင်နည်းသေးတယ်။ သူတို့က ဘာကိစ္စ အဲ့ဒီနေရာမှာနေရတာလဲ။ အဲ့ဒါ collateral damage လို့ ခေါ်တယ်။” ဆိုပြီး သူ အင်္ဂလိပ်လို ပြောတတ်ကြောင်း ကြွားပါတယ်။ မုသားရည်ဝနေလို့ ရေနံချေးရောင် သူ့မျက်ခွက်ကြီးက နာဂစ်မှာ ပေါလောမျောလာတဲ့ လူသေကောင်ကြီးနဲ့တောင် တူလာပြီ။ အပစ်အခတ်ရပ်စဲရေး လို့ […]

ချန်ဂင်တို့စခန်း (၃၃၅)

သင်္ကြန်နားနီးမှ ညဘက်ညဘက်ဆို လေတွေမိုးတွေ မစဲဘူး။ ဆေးရုံဝင်းထဲမှာ သရက်ပင်ကြီးတွေက သီးကင်းလေးတွေ ကြွေကြွေကျတာ ကောက်လို့စားလို့တောင် မနိုင်အောင်ပဲ။ မွှေးမွှေးကြွပ်ကြွပ်ကလေးတွေမို့ ငပိချက်၊ ငပိထောင်းလေးနဲ့ဆို အင်မတန် ထမင်းမြိန်ပါတယ်။ အင်းတော်ကြီးဘက်က လာတဲ့လူနာတွေက ပုဇွန်ဆိတ်ကလေးတွေ သယ်သယ်လာရင်လည်း စားလို့မကုန်လို့ နေလှမ်းသိမ်းရတယ်။ အဲ့ဒါလေးတွေနဲ့ ခရမ်းချဉ်သီးငပိချက်ချက်လည်း ကောင်းတယ်။ ချဉ်ပေါင်ကြော် ကြော်စားလည်း ကောင်းတယ်။ မရမ်းသီးလေးတွေကလည်း အစိမ်းရော အမှည့်ရော ပေါ်နေပြီမို့ ပေါ်ချိန်သီးချိန် ရာသီစာလေးတွေ စားရတာ တောစာတောင်စာပေမယ့် အရသာရှိပါတယ်။ ဒီအချိန်လေးပဲ စားရတာ မဟုတ်လား။ ဟိုဘက်ဆေးရုံမှာတော့ ကံ့ကော်ပင်ကြီးတွေ ပင်လုံးညွှတ်နေအောင်ပွင့်တာ ပင်ခြေမှာကို ဖွေးဖွေးလှုပ်နေတာပဲ။ တဝင်းလုံးလည်းမွှေးလို့။ မနက်ခင်းလေးတွေ အေးပေမယ့် မွန်းတည့်ချိန်လောက်ဆို တအားပူလာပြီ။ Loki တို့ ၂ ကောင်တောင် အဲ့ဒီချိန်ဆို ဆေးရုံမှာ […]

ချန်ဂင်တို့စခန်း (၃၃၄)

ငလျင်လှုပ်တာ တစ်ပါတ်ရှိသွားပေမယ့် aftershock wave တွေက မငြိမ်သေးဘူး။ လှုပ်စိလှုပ်စိနဲ့ နေ့တိုင်းလိုလို ငလျင်ဒဏ်ခံနေရတယ်။ ကိုယ်တို့စိတ်ထဲမှာလည်း မတည်ငြိမ်နိုင်သေးပါဘူး။ ရင်ထဲမှာ ဝမ်းနည်းနာကျည်းနေရတယ်။ ဒီကမ္ဘာကြီးဟာ နေချင်စရာ မကောင်းပါဘူး။ မင်းအောင်လှိုင် တစ်ယောက်တည်းကမှ ကောက်ကျစ်ယုတ်မာတတ်တာ မဟုတ်ဘူး။ သူ့အောက်က ဗိုလ်ချုပ်ကြီးတွေ၊ ဒုတိယဗိုလ်ချုပ်ကြီးတွေကအစ အောက်ခြေစစ်သားကလေးတွေရော၊ စစ်သားမယား၊ စစ်ဆွေစစ်မျိုးတွေပါ စကြာသွားရာ ဗိုလ်ခြေပါ ဆိုသလိုပဲ ထပ်တူထပ်မျှ ယုတ်မာနိုင်ကြတယ်။ ဒါဆို အရပ်သားတွေက လွတ်ကရောလား။ No ပါ။ သူတို့လက်အောက်မှာ ခိုင်းသမျှလုပ်နေတဲ့ ရဲတွေ၊ ထွေအုပ်တွေ၊ လဝကတွေ၊ အကုန်အတူတူပဲလေ။ ချန်မထားနဲ့ ။ ကမအဝကြီးနှင့်တကွ များစွာသောင်းပြောင်း ဆရာဝန်အပေါင်းတို့လည်း ပါတယ်။ ကုန်ရော။ အေးလေ။ အဆုံးသတ်တော့လည်း တလောကလုံး ကိုယ်ကလွဲရင် တစ်ယောက်မှ ကောင်းတဲ့သူ […]