ပုံမတင်၊ စာမရေးတာ ကြာသွားရင် “ဘာများဖြစ်နေတယ် မသိဘူး။” ဆို စိုးရိမ်ပူပန်တဲ့သူတွေ ရှိမှန်းသိပါတယ်။ “ဘာထူးသေးလဲ” ဆိုပြီး မက်ဆင်ဂျာမှာ လာလာမေးတတ်တဲ့ သတင်းဌာနက သူငယ်ချင်းလည်း ရှိတယ်ဗျ။ “ဘာမှ မထူးပါဘူး” လို့ အမြဲဖြေနေကျပါ။ တိုးတက်မှုတွေရှိသော်ငြားလည်း ကိုယ်လိုချင်တဲ့ အပြောင်းအလဲမှ မရသေးတာ။ ထူးခြားတဲ့ ပြောင်းလဲမှု လို့ မဆိုနိုင်ပါဘူး။ သို့သော်လည်း အဲ့ဒီ “မထူးပါဘူး” လို့ ပြန်ဖြေနိုင်သေးတာကိုက ဖြစ်ရိုးဖြစ်စဉ်ထက် ပိုထူးခြားနေတာ။ စစ်တွေတို့၊ ဗန်းမော်တို့မှာ ရှိတဲ့ စစ်ဗိုလ်စစ်သားတွေ ကိုယ့်လို ပြန်ဖြေနိုင်မှာမှ မဟုတ်တာ။ မနေ့က၊ သည်ကနေ့ နဲ့ မနက်ဖြန် အကြားမှာ ကြီးကြီးမားမား ပြောင်းလဲသွားတာ မရှိပေမယ့် ချန်ဂင်အဟောင်းလေးတွေ ပြန်ဖတ်လိုက်ရင် အဲ့ဒီအချိန်တုန်းကနဲ့ အရမ်းကို ကွာခြားပြောင်းလဲသွားတဲ့ လက်ရှိအခြေအနေကို […]
Month: February 2025
ချန်ဂင်တို့စခန်း (၃၂၆)
စစ်ဘောင်ကျယ်လာပြီး စစ်ပွဲတွေ နေရာတကာဖြစ်လာတဲ့အခါ ဆေးရုံမှာ လာပြတဲ့ လူနာတွေကို လိပ်စာမေးရခက်လာပါတယ်။ ဘယ်သူ့ကိုမေးမေး စစ်ရှောင်စခန်းက လာတယ်ချည့် ဖြေနေကြတာကိုး။ အားမငယ်ပါနဲ့။ ဒီက ဆရာဝန်တွေလည်းပဲ စစ်ခွေးအန္တရာယ်ကို ရှောင်လာတဲ့ စစ်ရှောင်ဆရာဝန်တွေချည့်ပါ။ “နင်လည်းပဲ နင့်အိမ်ပြန်သင့်ပြီ။ ငါလည်းပဲ ငါ့အိမ်ပြန်တော့မည်။” လို့တောင် အားပေးနိုင်တဲ့ အခြေအနေ မရှိပါဘူး။ သူလည်း မရေရာ ကိုယ်လည်း မရေရာ ဘဝမျိုး။ သို့ပေမယ့် သူတို့ကလူနာ၊ ကိုယ်က ဆရာဝန်အနေအထားမှာ ကူညီနိုင်တဲ့သူဖြစ်ခွင့်ရတာ ကျေနပ်စရာပါလေ။ ခုချိန်မှာ သူတို့အတွက် primary health care service တွေ ဘယ်မှာမှ မရနိုင်တော့ဘူး။ အထူးသဖြင့် ဆင်းရဲတဲ့ စစ်ပြေး ဒုက္ခသည်တွေမှာ မမာမကျန်းဖြစ်လာတဲ့အခါ နူရာမှာ ဝဲစွဲသလို ဖြစ်တာပေါ့။ ဆေးတွေဝါးတွေ ဖမ်းဆီးပိတ်ဆို့ထားတော့ […]
ချန်ဂင်တို့စခန်း (၃၂၅)
“ဟိုဘက်အိမ်က ညတိုင်းညတိုင်း စာအကျယ်ကြီးကျက်တာ။ တက်ဆယ်တန်းကျောင်းသူကို ကျွန်တော်တို့အဖွဲ့က ချစ်စနိုးလေးနဲ့ ရေဒီယို ကမာရွတ်လို့ ပေးထားတယ်။” ကိုယ်တို့ဘေးအိမ်က မမပေထုံတန်တစ်ယောက် ပီကင်းကပြန်လာတာနဲ့ “ဆင်ဖမ်းပါ။ ကျားဖမ်းပါ။” ညံညံစာစာ အသံထွက်ပြနေတာ “ရေဒီယိုဘန်ကောက်” လို့ နံမည်ပေးရမယ့်ပုံပါပဲ။ စာရမရတော့ မသိဘူး။ လူကြားအောင် အော်နေတာတော့ အမှန်ပဲ။ သူက စာအော်ကျက်တော့ ဒီဘက်က စောချစ်သူကလည်း အော်တာပေါ့။ “ကိုယ်ခန္ဓာကြွေမှာကိုစိုး။ အိုး အိုး။ နင်းထားတဲ့ကြမ်းပြင် ကျွံသွားမလား။ မဲဆောက်လွင်ပြင် ဖြတ်ကျော်လာသူ လေညှင်းကလေး။ အိမ်ထဲကြွပါ။” ဆိုပြီး သူခေါ်ထားတဲ့သူ တစ်ယောက်မှ မပါပါဘူးတဲ့။ ကဲ ဘယ်လိုလုပ်မလဲ။ ခရု ခါးတောင်းကျိုက် ဖမ်းနေတယ် လို့ ဆိုချင်ဆိုကွယ်။ မြန်မာပြည်နယ်စပ်က ရွှေကုက္ကိုမြို့ပိစိလေးကို ဒေါ်နယ်ထွမ့် နဲ့ ရှီကျင့်ဖျင် နှစ်ယောက်ပေါင်းပြီး […]
ချန်ဂင်တို့စခန်း (၃၂၄)
ငယ်ငယ်တုန်းက အိမ်နားမှာ မီးလောင်လို့ရှိရင် သယ်စရာပိုးစရာ အထုပ်ကလေးတွေပြင်ပြီး ငုတ်တုတ်ထိုင်စောင့်နေခဲ့ဖူးတယ်။ ပြီးရင်တော့ နီးသလား ဝေးသလား။ ကိုယ့်အိမ်ကို ရောက်လာနိုင်သလား။ ဘာတွေသယ်ပြီး ဘယ်ကိုပြေးမလဲ။ စဉ်းစားတွက်ချက်ရတာပေါ့။ အခု ဆေးရုံနားမှာ စစ်ပွဲတွေ ရောက်လာပြန်ပါပြီ။ ခါတိုင်းလိုပဲ ပစ္စည်းတွေ၊ သိမ်းလိုက်၊ ထုပ်လိုက်၊ ရွှေ့လိုက်၊ ပြောင်းလိုက်။ လူတွေလည်း တစုစီ တနေရာစီ ခွဲနေပြီးမှ အလုပ်တွေ ပြန်ပေါင်းလုပ်လိုက်။ လူနာတွေလည်း ဆင်းလို့ရတဲ့လူနာ ဆင်း။ ဆင်းမရသေးရင် လုံခြုံတဲ့ နေရာရွှေ့ထားရတယ်လေ။ ကိုယ်တွေက ထွက်ပြေးပြီး သူတို့ကို ထားခဲ့လို့ ဘယ်ဖြစ်မလဲ။ အဲ့သလို အရေးထဲ အကြောင်းထဲဆို မွေးလူနာကလည်း နေ့တိုင်းကို ရှိတော့တာဗျ။ တခြားသွားလို့လည်း မရတော့ပဲကိုး။ ဆေးရုံပိတ်ထားလို့ မရတဲ့အပြင် လူနာတွေက တိုးတောင်လာသေး။ ဆေးသင်တန်းက ကလေးတွေ […]
ချန်ဂင်တို့စခန်း (၃၂၃)
လက်နက်ကြီးသံတွေက နီးနီးလာပြီး တနေကုန်လည်း အဆက်မပြတ်ကြားနေရပါတယ်။ အဲ့သလိုမျိုး ကြားနေရတာလည်း တစ်ပါတ်လောက် ရှိသွားပါပြီ။ သဘောကတော့ သူတို့ဆီမှာ လက်နက်ခဲယမ်းတွေ မကုန်နိုင်မခမ်းနိုင် ကျန်သေးတယ် ဆိုတာပေါ့။ စစ်တိုက်ရင် ကျည်ဆန်တစ်တောင့်တောင် အလဟဿ မဖြစ်အောင် ချွေချွေတာတာ တိုက်နေရတဲ့အချိန်မှာ သူတို့ဘက်မှာတော့ ၄၀ မမ တွေ၊ ၆၀ မမ တွေ ရမ်းသမ်းပစ်ခတ်လို့ မကုန်နိုင်အောင် ပေါများနေတယ် ထင်ပါရဲ့။ လေယာဉ် တစ်ခါတစ်ခါ လာရတဲ့ စားရိတ်၊ လေယာဉ်ဗုံးတစ်လုံးတစ်လုံး ကျဲချရတဲ့ ကုန်ကျငွေကလည်း တစ်နှစ်ပါတ်လုံး နေရာအနှံ့ဆိုတော့ ကိုယ်တို့ခန့်မှန်းတွက်ဆထားတာထက် အများကြီးပိုကုန်ကျမှာပဲ လို့ သဘောပေါက်ပါတယ်။ ဆေးဖိုးရုန်းနေရတဲ့ကိုယ်တောင် ဒီလောက်ဝန်လေးနေတာ အမြောက်ဆံ၊ ဗုံးဆံဖိုး ဒလဟောသုံးနိုင်အောင် ဘယ်က ပိုက်ဆံတွေများ အဲ့လောက်ရနေပါလိမ့်။ အံ့ဩစရာကြီး။ မနှစ်က ဆယ်ဇင်းမှာ […]