ချန်ဂင်တို့စခန်း (၃၁၆)

“တိမ်ယံအတွင်းက နှင်းကျပြီ။ အာကာတံတိုင်းက မှိုင်းလို့ရီ ဟေမန်ခါမီ အထူးပဲ ချမ်းတော့သည်။” တဲ့။ ရန်ကုန်မှာ မချမ်းသေးဘူး လို့ ပြောပေမယ့် ကိုယ်တို့ဆီမှာတော့ ချမ်းနေပါပြီ။ နေဝင်တာနဲ့ အေးလာတာ။ မနက်မနက်ဆိုလည်း မီးလှုံရတယ်။ နေက မွန်းတည့်ခါနီးမှ ပွင့်တာ။ ညဘက်ဆို နှင်းစက်တွေ အိမ်ခေါင်မိုးပေါ်ကျတာ တဖျောက်ဖျောက်နဲ့ မိုးရွာနေသလား အောင့်မေ့ရတယ်။ အဝတ်တွေ မရုပ်ပဲထားရင် စိုရွှဲကုန်ရော။ တံခါးတွေ လုံအောင်ပိတ်ပြီး စောင်ထူထူနဲ့လိပ်အိပ်ရတာ နွေးနွေးထွေးထွေးနဲ့ ဇိမ်ရှိပါတယ်။ အိမ်ပြင်မှာအေးလို့ ဆိုဖီမ လည်း အခန်းထဲဝင်၊ အခင်းလေးနဲ့ပဲ အိပ်တော့တယ်။ သူတို့လည်း သူတို့သဘာဝနဲ့ ခိုလှုံရာ ရှာတတ်သားပါလေ။ မိဖြူက သူ့သမီး စူစူလေးနဲ့အတူ အိမ်ရှေ့အိမ်က မီးပုံကြားမှာ အိပ်တယ်။ မိကျားက loki နဲ့ ဆေးရုံမှာအိပ်တာ။ […]

ချန်ဂင်တို့စခန်း (၃၁၅)

ရန်ကုန်မှာရှိတဲ့ ကိုယ့်မိတ်ဆွေသူငယ်ချင်းတစ်ယောက်က သူ့သားလေးကိုခေါ်ပြီး ကိုယ့်ဆီလာနေရမလား တိုင်ပင်တဲ့အခါ ကိုယ့်မှာ တော်တော်စိတ်မကောင်းဖြစ်သွားပါတယ်။ ဖြစ်မှဖြစ်ရလေ။ သူတို့ တော်တော်ပူပန်နေရတာပဲ။ “လူပျို့မေမေ ဆန်တစ်အိပ်နဲ့ ရွှေမန်းဆိုတောင်တော်ရိပ် ပုန်းအိပ်လို့ခိုလှည့်ပါ” ဆိုတဲ့ခေတ်ကို ရောက်နေတာလား။ မိန်းကလေးတွေလက်ထဲ ပါသွားရင် ဘာအရေးလဲ။ အခုဟာက ဟိုခွေးသူတောင်းစားတွေလက်ထဲပါသွားရင် ရာဘတွေကျွေးပြီး အသေခံစစ်တိုက်ခိုင်းတော့မှာလေ။ ထော့ကျိုးထော့ကျိုးနဲ့ ကုန်းပိုးပြီး အလံဖြူထောင်ထွက်နိုင်အောင်တောင် မနည်းဆုတောင်းယူရမှာ။ ကိုယ့်သားကိုယ့်သမီးကိုယ် တယုတယပျိုးထောင်လာခဲ့တာ စစ်သားတွေအထုပ်ထမ်းဖို့ လူသားဒိုင်းကာလုပ်ဖို့တော့ မဟုတ်ပါဘူး။ သူ့လိုပဲ စစ်တပ်ဘက်မှာရောက်နေတဲ့ သူငယ်ချင်းသားသမီးတွေ လိုက်ရှာကြည့်တော့ အကုန် နိုင်ငံခြားမှာ ရောက်နေတာဗျ။ ကိုယ်တိုင်က ခုချိန်ထိ မအလမေတ္တာရိပ်အောက်မှာ ဘုရားစာလေးတွေ ရှဲပြီး မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ လုပ်နေပေမယ့် သားသမီးကျ လွတ်ရာကျွတ်ရာ ပို့ထားပြီးသားပါ။ အဖေနံမည်အတုနဲ့ အမေရိကား၊ အင်္ဂလန်ရောက်နေသူတွေတောင် နည်းတာမဟုတ်ဘူး။ ဟိုမှာ စာမေးပွဲဖြေ […]

ချန်ဂင်တို့စခန်း (၃၁၄)

အောင်ပွဲတွေက နေ့စဉ်ရှိပါတယ်။ ရခိုင်မှာလည်း ဝက်ဝက်ကွဲအောင်မြင်နေတယ်။ ကချင်မှာလည်း တအိအိ တရွေ့ရွေ့နဲ့ ရှေ့သို့သာ ဆက်ချီနေတယ်။ ဘယ်နေရာမှာမှ အနိုင်မရတဲ့ စကစတပ်တွေကို တနိုင်ငံလုံးက ဝိုင်းဆော်နေကြတယ်ဆိုတာ တကမ္ဘာလုံးက သိသလို သူတို့ကိုယ်တိုင်လည်း သိပါတယ်။ စကားနိုင်လုပြီး ငြင်းခုန်နေစရာကို မလိုတာ။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း အပြောမဟုတ်။ အလုပ်နဲ့အဖြေထွက်လာကြတော့တယ်။ ရှင်းရှင်းလေးကွယ်။ အလစ်အငိုက်ချောင်းပြီး တိုက်နေတဲ့ကိစ္စလည်း မဟုတ်ဘူး။ တရားဝင်စစ်ကြေငြာပြီး တိုက်နေမှန်းသိလျက်နဲ့ သူတို့ဘက်က စစ်စခန်းတွေ တစ်ခုပြီးတစ်ခု၊ မြို့တွေ တစ်မြို့ပြီးတစ်မြို့ အသိမ်းခံနေရတဲ့ဥစ္စာ။ ဘောမတွေရပ်ကွက်မှာဆို ဖျာတန်းကိုမီးလောင်နေတဲ့အတိုင်း။ သူများသတ်ရဖို့ဆို ဘယ်တုန်းကမှလက်မရွံ့တဲ့ကောင်တွေက သူတို့အလှည့်ရောက်တော့ သွေးတွေကိုပျက်နေရော။ ကိုယ်တို့ဘက်က မနိုင်မှာ မပူနဲ့။ နိုင်ကိုနိုင်တယ်။ ပွဲမပြီးသေးတာပဲ ရှိတယ်။ အဖြေရလဒ်က ပြန်မပြောင်းနိုင်တော့ဘူး။ ရမခ က ကျပြီးသား။ တရုတ်ကြီး ရုပ်ပျက်ဆင်းပျက် […]

ချန်ဂင်တို့စခန်း (၃၁၃)

ဆောင်းဝင်တော့ အေးလာပြီမို့ Sophie က အခန်းတံခါးလာလာခေါက်ပြီး ကုတင်ဘေးမှာ လာလာအိပ်ပါတယ်။ ကောဇောအခင်းလေးလည်းရှိ၊ အခန်းထဲမို့လို့ နွေးလည်းနွေးလို့ပါ။ Loki ကတော့ ပြန်မလာပဲ ဆေးရုံမှာပဲ အိပ်ပါတယ်။ ဟိုမှာက မိဖြူတို့ မိကျားတို့နဲ့ ဘယ်ညာရံအိပ်တော့ နွေးတယ် ထင်ပါရဲ့။ မနက် လူနာသွားသွားကြည့်တော့မှ အတင်းဖက်လျက်တက်ပြီး တကောက်ကောက်လိုက်တော့တယ်။ ထမင်းစားချိန်ဆို လိုက်ခေါ်မှလာတယ်။ ဒါတောင် သူ့ချည့်ပဲခေါ်ရင် သူ့ချစ်ချစ်တွေကို ပြန်ပြန်ပြေးခေါ်ရတာအမော။ စားတော့လည်း သူ့ဟာမတွေချည့် ဦးစားပေးတာဗျ။ ဒီကောင်ကြီးက အစားအသောက် မမက်တော့ဘူး။ ချစ်တာပဓါန ဖြစ်နေပြီ။ သူတို့မလည်း ကိုရီးယားဇာတ်လမ်းတွဲ ကျနေတာပါပဲ။ Sophie ကို ပလစ်တုန်းက ပလစ်သွားပေမယ့် တခြားကောင်တွေ လာရစ်တာကျလည်း မခံစားနိုင်ဘူး။ အတင်းကို ကိုက်လွှတ်တာ။ ငါ့ကောင်နှယ် လောဘကလည်း ကြီးပါ့။ သူ့အမြင်ကပ်လို့ […]