တချို့စာရေးဆရာကြီးတွေ ကိုယ့်အကြောင်းကိုယ် စာအရှည်ကြီးရေးတဲ့အခါဖြစ်ဖြစ်၊ တချို့ အနုပညာရှင်တွေ တရားရိပ်သာက ပြန်ထွက်လာတဲ့အခါဖြစ်ဖြစ်၊ ရေးလေ့ပြောလေ့ ရှိကြတာက သူတို့ ဉာဏ်အလင်းရခဲ့ပြီ။ သောတာပန်ဖြစ်ခဲ့ပြီ။ ရဟန္တာဖြစ်ခဲ့ပြီ။ စသည်ဖြင့်သူတို့ဘယ်လို ကျွတ်တမ်းဝင်သွားတဲ့ အကြောင်းတွေပါ။ ကိုယ့်မှာတော့ သူတို့နဲ့ ပြောင်းပြန်လို့ ပြောရမှာပါပဲ။ တသက်လုံး မယိမ်းမယိုင် ယုံကြည်သက်ဝင်လာခဲ့တဲ့ ဘာသာရေးအယူအဆတွေဟာ ကြင်စိုးတို့သားအဖတွေ သာသနာစောင့်ရှောက်တော့မှပဲ မဂ်လမ်းဖိုလ်လမ်း မနီးစပ်တဲ့အပြင် ဘုရား၊ တရား၊ သံဃာအပေါ်မှာ ယုံမှားသံသယတွေ ဝင်လာခဲ့ရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆို။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆို။ သေချာလို့လား။ ဟုတ်လို့လား။ လက်တွေ့အဖြစ်အပျက်တွေနဲ့ဆို ယုံရ ခက်ခက်နော်။ တတိုင်းတပြည်လုံး သွေးချောင်းစီး သတ်ဖြတ်နေတဲ့ စစ်ဗိုလ်တွေ အလှူကြီးပေးတဲ့အခါ ကားကျော်တက်လို့ စက်သေနတ်နဲ့ အဆွဲခံရတဲ့ ကိိုယ့်ဆရာတော်တွေကိုတောင် မေ့ပစ်ပြီး နိဗ္ဗာန်ရောက်ကြောင်း တရားကောင်းတို့ကို အနုမောဒနာပြုတော့တာပဲ။ […]
Month: November 2024
ချန်ဂင်တို့စခန်း (၃၁၁)
ဆာဂျင်ဖြစ်ပြီးတဲ့နောက် ကိုယ်ရောက်ခဲ့တဲမြို့တွေဟာ လောက်ကိုင်ရယ်၊ အမ်းရယ် ဖြစ်နေတာဟာ မိုးနတ်မင်းကြီးက တမင်သက်သက် ဖန်တီးလိုက်သလား မသိပါဘူး။ ကိုယ်ပြန်ပြောင်းလာပြီဆို အဲ့ဒီနေရာမှာ စစ်ဖြစ်တော့တာပဲ။ အခုဆို အဲ့ဒီမြို့ နှစ်မြို့စလုံး ဖွတ်ဖွတ်ညက်ညက်ကို ကျေလို့။ ကိုယ်နဲ့သိရာခင်ရာ မိတ်ဟောင်းကျွမ်းဟောင်းတွေကို ဘယ်လိုသတင်းမေးရမှန်းတောင် မသိဘူး။ ဆေးရုံကလူတွေရော ဘေးကင်းရန်ကင်းမှ ရှိပါလေစ။ သတင်းထဲမှာ တိုက်ပွဲဖြစ်တဲ့နေရာတွေကလည်း ကိုယ်သွားနေကျ ဘုန်းဘုန်းတွေရဲ့ ကျောင်းတွေချည့် ဖြစ်နေတယ်။ ငါ့ ဆရာတော်တွေ ဘယ့်နှယ်များ နေမှာပါလိမ့်။ ထမင်းစားနေကျ ရွှေပြည်ရခိုင် ဆိုင်ကလေး၊ ကန့်ကော်ပန်ဆန်း ရှမ်းခေါက်ဆွဲဆိုင်ကလေး။ ကိုတွတ်ပီရဲ့ အညာလက်ဘက်ရည်ဆိုင်ကလေး။ အားလုံးလည်း ပြေးကုန်ကြလောက်ပါပြီ။ လူငယ်လူရွယ်တွေကတော့ စစ်မပြေးရင်လည်း စုဆောင်းရေးထဲပါ၊ ပေါ်တာဆွဲတဲ့ထဲပါ နဲ့ တစ်ယောက်မှ ရှိမှာ မဟုတ်တော့ဘူး။ ရပ်တွေရွာတွေလည်းပျက်၊ ရပ်သူရွာသားတွေမှာလည်း ဆန်ကောထဲထည့်လှိမ့်တဲ့ ဆီးဖြူသီးများလို […]
ချန်ဂင်တို့စခန်း (၃၁၀)
စောင့်ရတဲ့သူတွေအတွက်ဆို အချိန်တွေက ကုန်ခဲလိုက်တာတဲ့။ ကိုယ်ကတော့ ဘာကိုမှ မစောင့်ပဲ ချက်ချင်း ချက်ချင်း ထလုပ်တတ်လို့ ထင်ပါရဲ့။ အချိန်တွေက ဘယ်လိုဘယ်လို ကုန်သွားမှန်းတောင် မသိလိုက်ဘူး။ ကုန်သွားပြန်ပြီ တစ်ရက်။ ရေးဖြစ်ပြန်ပြီ နောက်တစ်ပုဒ်။ ဘာမှလည်း ထွေထွေထူးထူး ဖြစ်ပျက်ပြောင်းလဲနေတာ မရှိပေမယ့်လည်း မပျင်းမရိ ဖတ်ကြသားနော်။ ဆျာစိုးဆီ ဝင်ဝင်ဖတ်လို့ give away လည်း ပေးစရာ မရှိသလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဆက်ဆီဆယ်လ်ဖီလေးတွေလည်း တင်မထားမိပါဘူး။ အိုပဲ အိုလှပေါ့ဟာကို။ ဟိုဘက်ကလူတွေကတော့ ဒီဆရာဝန်ကို သွပ်ကမိုးယို (အနီကောင်) လို့ပဲ သဘောထားမှာပါ။ ဒီဘက်မှာလား။ ပါဝါရိန်းဂျား အနီကောင်တော့ လုပ်လိုက်။ ဘယ်သူတွေ ဘယ်လိုထင်ထင်ပါလေ။ နေ့ရှိသ၍ အပတ်တကုတ် ကြိုးစားလုပ်ကိုင်လာခဲ့သမျှဟာ ပွင့် သီး ရင့် မှည့် […]
ချန်ဂင်တို့စခန်း (၃၀၉)
ဒီရက်တွေမှာ ဘယ်လောက်ပဲ အလုပ်များတယ် ဆိုဦးတော့ လေးငါးရက်နေရင် စာတစ်ပုဒ်လောက်တော့ ထွက်အောင်ရေးပြီး တင်ဖြစ်ပါတယ်။ မရှိ ရှိတဲ့အကြောင်းအရာကို အတင်းဖြစ်ညှစ် ရေးသားနေတာတော့ မဟုတ်ဘူးပေါ့။ လတ်တလောရက်တွေမှာ ဖြစ်သမျှပျက်သမျှ ကြုံရာဆုံရာတွေကို ညဘက်အိပ်တဲ့နေရာရောက်ကာမှ ဖုန်းမရ၊ မီးမရ၊ လိုင်းမရတဲ့ဆီမှာ ဖုန်းကလေး တောက်ကာတောက်ကာ ရေးရပါတယ်။ ခုချိန်ထိအောင် ဘေးကင်းရန်ကွာ ပန်းကြာရေသို့ လန်းဖျာစေဖို့ဆိုတာ ပြည်သူအများ ပို့သသောမေတ္တာကြောင့် လို့ပဲပြောပြော၊ ဘုရားသခင် ဂုဏ်ကျေးဇူးတော်ကြောင့်လို့ပဲဆိုဆို။ တောင်းတဲ့ဆုတွေ ပြည့်ဝနေတယ် လို့ပဲ သဘောထားပါိတယ်။ ကိုယ့်နိုင်ငံ တနံတလျားမှာ လောင်မီးကျလျက် ဒရုံးတို့စက် ဖြစ်နေတယ်ဆိုတာ ကိုယ်တို့လို စောင့်ရှောက်ကုသပေးနေရတဲ့သူတွေ အသိဆုံးပါပဲ။ လေယာဉ်တွေကလည်း ညတိုင်းပဲ မဟုတ်လား။ ကိုယ်တို့တွေ လိုင်းပေါ်မှာ အချင်းချင်းတွေ့ရင် ဘယ်လောက်တောင် အလုပ်များနေသလဲ လို့ တစ်ယောက်နဲ့တစ်ယောက် မမေးမိပါဘူး။ […]
ချန်ဂင်တို့စခန်း (၃၀၈)
အမေရိကားမှာ ဒေါ်နွယ်ထွမ့်ကြီးတစ်ယောက် ဘုန်းမီးနေလ အာသောက ဖြစ်နေပြီဆိုတော့ ပူတင်ကြီး နဲ့ ကျင့်ဖျင်ကြီးတို့ က “ရိုက်လိုက်ပါဦး ရိုက်လိုက်ပါဦး” လုပ်နေမလား မသိပါဘူး။ သူတို့ရဲ့ မယားပါသားလေး မိအောင်လှိုင် ကတော့ “NUG ကို မူရီးကားက ဒေါ်လာတွေ ဆက်ထောက်ပံ့မှာ မဟုတ်တော့ဘူး။” ဆိုပြီး ကျွမ်းဆယ်ပါတ်လောက် လှိမ့်ထိုးနေတယ်။ အောင်မယ် အဲ့ကောင်က ဆရာကြီးအထာနဲ့ တာ့ကောတို့ကို ကွန်မန်းတွေ ပေးနေတာဗျား။ “နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်ထားတယ်ဆို။ ကောင်းတယ်။ ကောင်းတယ်။ ဒီလိုပဲ ဆက်ပိတ်ထားစမ်းပါ။” ဆိုပြီး ထောက်ခံဆွေးနွေးလေသတဲ့။ သူ ဖောရှောလုပ်နေကျ တပ်မတော် အထည်ချုပ်စက်ရုံမှာ မိန့်ခွန်းချွေတယ်များ မှတ်နေသလားကွယ်။ ဟိုဘက်က ဆက်ပိတ်ထားပြန်ရင်လည်း “တွေ့လား။ ငါပြောရင် တစ်ခွန်းရယ်။” ဆိုပြီး အမှတ်ယူလေဦးမယ်။ သူ့တိုက်ရည်ခိုက်ရည် ကွပ်ကဲမှုနဲ့ […]
ချန်ဂင်တို့စခန်း (၃၀၇)
ခုရက်ပိုင်း ကိုယ်တို့ တော်တော်ပင်ပန်းကြပါတယ်။ မိုးလင်းမိုးချုပ် အိုတီဝင်နေကြတာကိုး။ ဆရာအော်သိုရောက်တဲ့အခါ အရိုးလူနာတွေ သူ့ဆီလွှဲစရာ မလိုတော့ပဲ ဒီမှာတင် ခွဲလို့ရသွားတယ်။ ဒဏ်ရာရရချင်းမှာ ကိုယ်တို့က အရေးပေါ်ကုသမှုနဲ့ အသက်ကိုကယ်ထားနိုင်ပေမယ့် ခြေတွေလက်တွေ အကောင်းအတိုင်းပြန်ဖြစ်ဖို့ သူတို့ရဲ့ဘဝကို ဆရာအော်သို ကယ်တင်မှ ရမယ်။ သူ့ကျွမ်းကျင်မှုနဲ့သူပေါ့လေ။ ရှေ့တန်းက ကလေးတွေက First aid treatment နဲ့ ကိုယ့်ဆီကို အသက်နဲ့ရောက်အောင်ပို့တယ်။ ကိုယ်တို့က အဖိတ်အစင် မရှိအောင် အရေးပေါ် ခွဲစိတ်ကုသပေးထားတယ်။ ဆရာအော်သိုလာတော့ သူတို့ခြေထောက်တွေ လက်တွေ အကောင်းတိုင်း ပြန်ဆက်အောင် စတီးချောင်းတွေနဲ့ ငြမ်းဆင်တယ်။ လုပ်ပေးနိုင်သ၍ အတိုင်းအတာအားလုံး လိုလေသေးမရှိအောင် လုပ်ပေးထားတယ်။ သူတို့လည်း ကိုယ်တို့အတွက် အသက်ပါ သေချင်သေပစေ၊ စစ်တိုက်ပေးနေတာ မဟုတ်လား။ တော်လှန်ရေးကြီး ဒီခရီးအထိ အောင်မြင်လာရဖို့ […]