ချန်ဂင်တို့စခန်း (၂၉၉)

“မိုးမြင့်ဝဠာဗွေဦးမှာ တိမ်တိုက်တွေကြား ပြေးသွားရွေ့လျား ဖိုးရွှေလရယ်သာ ငွေကြယ်လေးများ ဝင်းလက်ကြည်စွာ တစ်ခုသောညဉ့်ယံမှာ….” ဘာတွေမျှော်လင့်နေတာလဲ။ လေယာဉ်လာပြီ။ ကျင်းထဲဆင်းရမှာ မဟုတ်လား။ ကြောက်တဲ့စိတ် တစက်မှ မရှိပေမယ့် ရန်ဘေးကင်းအောင် တိမ်းရှောင်တတ်တဲ့စရိုက်နဲ့ ကိုယ့်ကိုယ်ကိုယ်တော့ အန္တရာယ်ကင်းအောင် နေရမှာပဲ။ စစ်တိုက်တယ်ဆိုတာ သူသေကိုယ်ရှင်ဖြစ်ဖို့လိုတဲ့ ဥစ္စာကိုး။ ကိုယ်တွေက PDF တွေကို ဆေးကုတဲ့၊ စာသင်တဲ့ဆေးရုံမို့ ကိုယ်တို့ဆီကို လေယာဉ်ပျံနဲ့ ဗုံးလာကျဲချင်တယ်ဆို လာခဲ့စမ်းပါ။ ကိုယ့်ဘာသာ လွတ်အောင်ရှောင်မှာပေါ့။ စစ်သား စစ်သားချင်း မဟုတ်တောင် ယောက်ကျားယောက်ကျားချင်းပဲ။ ဘာတွေ သွေးကြောင်စရာ လိုမလဲ။ ဒါပေမယ့် ဘာမှမဆိုင်တဲ့ ကလေးငယ်လေးတွေရှိရာ စာသင်ကျောင်းထဲကိုတော့ ဗုံးလိုက် မချသင့်ပါဘူး။ အောက်တန်းကျလိုက်တာ။ ယောက်ကျားလည်း မပီသ။ စစ်သားလည်း မပီသ။ ကလေးတွေ သက်ကြီးရွယ်အိုတွေဆို သတ်ပစ်မယ်။ မိန်းကလေးတွေဆို […]