ချန်ဂင်တို့စခန်း (၃၀၅)

လွတ်မြောက်နယ်မြေက ဆေးရုံတွေဟာ ဝင်ကစွပ်ကောင်တွေလို နဂိုရှိပြီးသား ဆေးရုံဆက်တင်ကလေးကို စွန့်ခွါထွက်ပြေးသွားတဲ့ non-CDM တွေနေရာမှာ အသာလေးဝင်အလုပ်လုပ်ကြတာမျိုးလည်း ရှိကြပါတယ်။ ဒါပေမယ့် အဲ့လိုဆေးရုံမျိုးက မလုံခြုံပါဘူး။ အမြဲတမ်း လေယာဉ်နဲ့ ဗုံးလာလာကျဲနေတာမို့ပါ။ ကိုယ်တို့ဆေးရုံကိုတော့ သူတို့ဗုံးလာကျဲဖူးကတည်းက စစ်ရေးအခြေအနေကိုကြည့်ပြီး ဖြုတ်တပ်ရွှေလျား ဆော့ကစားလို့ရတဲ့ ပါဝါရိန်းဂျား အရုပ်ကလေးတွေလို ပေါင်းလိုက်စုလိုက် ဖြန့်လိုက်ဖျောက်လိုက်နဲ့ အရှင်ထားပြီးကစားရပါတယ်။ လူနာနည်းရင် နည်းသလို လူနာများတော့လည်း များသလိုပေါ့။ အရေးကြီးတာကတော့ အကုန်လုံး အန္တရာယ်ကင်းနေဖို့ လိုပါတယ်။ တောထဲမှာသွားနေတဲ့အခါလည်း နေရတယ်။ လယ်ကွင်းပြင်မှာ သွားအိပ်တဲ့အခါလည်း အိပ်ရတယ်။ တဲထိုးပြီး ခွဲတဲ့အခါလည်း ခွဲရတယ်။ ဘယ်အရာမှ ပုံသေကားကျ မဟုတ်ဘူး။ လူတွေရော၊ ဆေးဝါးပစ္စည်းကိရိယာတွေရော ဟိုရောက်လိုက် သည်ရောက်လိုက်နဲ့ပါပဲ။ စစ်ပွဲရှိရင် ရှိတဲ့နေရာကို လူနာလိုက်ကောက်တယ်။ Base 1, Base […]

ချန်ဂင်တို့စခန်း (၃၀၄)

လက်ရှိစစ်ပွဲအခြေအနေနဲ့ သတင်းအချက်အလက်တွေကို ကိုယ့်ဆီက သတင်းပေါက်ကြားတယ် ဖြစ်မှာစိုးလို့ သူများထက်ထူး ငဦး လုပ်ပြီး ကိုယ့်စာထဲ တိတိကျကျ ထည့်ရေးလေ့မရှိပါဘူး။ ဒါပေမယ့် ကချင်သတင်းထုတ်ပြန်ရေးအဖွဲ့တွေကနေ တက်လာရင်တော့ ဒီမှာ ဘာတွေဖြစ်နေသလဲ အချိန်မဆိုင်းပဲ သိနိုင်ပါလိမ့်မယ်။ ကိုယ့်အနေနဲ့ကတော့ aware & alert အခြေအနေမှာပဲ အလုပ်လုပ်နေပါတယ်။ လိုအပ်မယ့်ပစ္စည်းပစ္စယတွေကို အကုန်လုံး အဆင်သင့်ဖြစ်နေစေဖို့ တချိန်လုံး လုံးပန်းနေရတယ်။ ဆပ်ပြာတောင် ကာဘော်လစ် နဲ့ ရွှေဝါ ပြန်သုံးရတော့မယ့်ခေတ်ကြီးမှာ တန်ဖိုးကြီးဆေးပစ္စည်းတွေ ဝယ်ရသယ်ရတဲ့အလုပ်က တကယ် မလွယ်ပါဘူး။ ဒါပေမယ့် အကုန် လိုလေသေးမရှိ ပြည့်စုံပါတယ်။ လူနာတွေကလည်း ပြည့်လျှံလန်နေတာပေါ့လေ။ ဒီခေတ်ဒီအခါကြီး အလကားကုတဲ့ဆေးရုံဆိုတာ ဘယ်နားသွားရှာလို့ ရမှာတုန်း။ ၃ နှစ်တောင် ပြည့်လုပြီ။ ခွဲလူနာစာရင်းမှာလည်း ၇၀၀ နား ကပ်လာပြီ။ […]

ချန်ဂင်တို့စခန်း (၃၀၃)

သုံးရွေ့လည်မှာ သုံးပန်လှလုပ်နေရတဲ့ ဆရာချန်ဂင်ကလေးဟာ ဆေးရုံမှာကပ်ရတယ် သိပ်မရှိတော့ သိသိသာသာ စိမ်းကားပြသူကြီးကတော့ မောင် Loki ပါပဲ။ သူလည်း ကိုယ်တို့ဆီကို အတင်းခေါ်လို့တောင် ပြန်လာမအိပ်တော့ဘူး။ ထမင်းကျွေးချိန်ပါ ပြန်မလာလို့ လိုက်လိုက်ခေါ်ရတယ်။ ထုံးစံအတိုင်းပေါ့ကွယ်။ ဒီသူငယ် အဲ့သလိုမျိုး အအိပ်အစားမမှန်အောင် ဇွဲသန်စရာ ဘာအကြောင်းရှိရဦးမှာလဲ။ “သူတို့ကြောင့်ပဲ မောင်နဲ့မြနဲ့ မပစ်ပဲ နှစ်လသံသရာရှည်။ တချစ်တည်း ချစ်ရပြန်ပါသည်။” တဲ့။ သို့ပေမယ့်လည်း မောင်မင်းကြီးသားက ကမြင်းကျောပွေလီသဗျ။ တောင်ညာဒေဝီ မ Sophie အပြင်မှာ မြောက်နန်းစံတွေ အနောက်နန်းမတော်တွေ စံစားလိုတယ်။ ကိုယ့်မှာတော့ ဒင်းတို့ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားရေးအတွက် မဘသတွေဆန်ပြီး မျိုးတူဇာတ်တူ ရှာဖွေပေးစားထားသော်လည်း ယောက်ကျားတို့သဘာဝ မဖောက်ပြားပဲ မနေနိုင်ပဲကိုး။ မိဖြူတို့ မိကျားတို့က ဆေးရုံမှာပျော်တဲ့သူတွေမို့ မောင် Loki […]

ချန်ဂင်တို့စခန်း (၃၀၂)

အရင်တုန်းကရေးခဲ့တဲ့စာကလေးတွေ အမှတ်တရ ပြန်ပေါ်လာတဲ့အခါ အိမ်မပြန်နိုင်တော့ပဲ နေ့နေ့ညည အလုပ်တွေ မရပ်မနား လုပ်နေခဲ့တာ ၂၀၂၀ ခုနှစ် ကိုဗစ်စင်တာမှာ ကတည်းကပါလား လို့ ပြန်သတိရသွားတယ်။ လေးနှစ်တောင်ရှိသွားပြီနော်။ ခုထက်ထိလည်း အနားမရသေးဘူး။ အဲ့ဒီတုန်းကလည်း အရမ်းပင်ပန်းခဲ့တာပါပဲလေ။ ကိုယ့်ဘာသာကိုယ်တောင် မယုံနိုင်အောင် အလုပ်တွေနင်းကန်လုပ်နေခဲ့တာ workaholic ဖြစ်တယ်ဆိုတာထက်တောင် ပိုပါတယ်။ ဘယ်လိုတွန်းအားတွေကြောင့်များ ဒီလောက်တောင် အလုပ်ကြိုးစားနေမိသလဲ မသိပါဘူး။ စက်ရုပ်တစ်ရုပ်ဆိုရင်တောင် အဲ့လောက် အနားမပေးပဲ သုံးရင် ဂျုံးဂျုံးကျသွားလောက်ပြီ။ တကယ်ဆို ကိုယ့်အသက်အရွယ်လည်း ငယ်တော့တာ မဟုတ်ပါဘူး။ မပင်ပန်းပဲ ဘယ်နေမလဲ။ အခုဆို တကိုယ်လုံး ညောင်းညာကိုက်ခဲပြီး လှုပ်တောင်မလှုပ်ချင်တော့ပေမယ့်လည်း စိတ်ကတော့ အိပ်ချင်စိတ်မရှိတဲ့အတွက် ဝမ်းလျားလေးမှောက် ဖုန်းကလေးပေါ် လက်ညှိုးလေးတတောက်တောက်ပွတ်ရင်း စာရေးနေမိတယ်။ စာသင်ဖို့စာရိုက်ရင်တော့ Laptop နဲ့ ရိုက်ပေမယ့် ချန်ဂင်တို့စခန်းကိုတော့ […]

ချန်ဂင်တို့စခန်း (၃၀၁)

တခါတခါတော့လည်း စဉ်းစားကြည့်မိတယ်။ “စစ်တပ်က အရပ်သားပြည်သူတွေအပေါ်ကို စစ်မြေပြင်မဟုတ်ပဲ လေယာဉ်နဲ့ ဗုံးလာကျဲနေပါတယ်။” လို့ ကိုယ်တွေ့မျက်မြင်တွေ အဲ့သလောက် အပ်ကြောင်းထပ်အောင် ရေးနေတာတောင် ဘယ်သူကမှ သောက်ရေးသောက်ဖက် မလုပ်ကြပါလား လို့ ခံစားမိတယ်။ ပါးစပ်ကလေးနဲ့ စိုးရိမ်နေပြီး တားဆီးပေးမယ့်သူ မရှိဘူး။ ကြာတော့ ရေးရမယ့်လူတောင် “ဒါ ငါတို့ဆီက နေ့တိုင်းဖြစ်နေကျ ကိစ္စတစ်ခုပါလေ။” ဆို မရေးချင်တော့ဘူး။ ဒါပေမယ့် ရေးရပါဦးမယ်။ မနေ့က မနက် ၂ နာရီလောက်ကြီး တန့်ဆည်က စစ်ရှောင်စခန်း စာသင်ကျောင်းထဲကို drop bombs ၄ လုံး၊ ဆေးရုံက လူနာဆောင်ပေါ်ကို drop bombs ၂ လုံး ချသွားပါတယ်တဲ့။ အထိအခိုက်အသေအပျောက်ကတော့ အမျိုးသမီးတွေ၊ ကလေးငယ်တွေပဲပေါ့။ သူတို့ကို ဒလန်က သတင်းပေးတဲ့ […]

ချန်ဂင်တို့စခန်း (၃၀၀)

ချင်းမိုင်မှာ ရေတွေကြီးနေတယ် လို့ သိလိုက်ရတော့ ကိုယ်တို့ဆီမှာလည်း မိုးမကုန်လောက်သေးဘူး လို့ တွက်ဆမိပါတယ်။ တကယ်လည်း မိုးတွေရွာနေတာ ရက်ဆက် ရက်ခြားလောက် ဆိုတော့ စာသင်သွားရတာ တော်တော် ဒုက္ခရောက်တယ်။ မိုးသိပ်သည်းနေရင်တော့ မသွားပဲ နေလိုက်ပေမယ့် ကိုယ်သွားမယ့်အချိန်မှာ တိတ်နေရင်၊ ဒါမှမဟုတ် ဖွဲဖွဲကလေးပဲ ရွာနေရင် ကြိုးစားပြီးတော့ သွားတယ်။ တလမ်းလုံး ဗွက်ထဲမှာ ရုန်းသွားရတာမို့ ၂ နာရီလောက်ကြာပါတယ်။ ဘိနပ်တွေလည်း ပြတ်တာပေါ့။ မပြတ်လည်း ကျွတ်ပြီး ချောင်းထဲမှာ ရေစီးနဲ့ မျောပါသွားလို့ မနည်းလိုက်ဆယ်ရတယ်။ ရေစီးက တော်တော်သန်နေပြီလေ။ လူချင်းလက်တွဲပြီး ကူးယူရတယ်။ ကိုယ်ကိုယ်တိုင်က အားကြိုးမာန်တက် သွားပြမှ အငယ်တွေကလည်း တက်တက်ကြွကြွ လိုက်လုပ်မယ်လေ။ နို့မို့ဆို “ခိုင်းရက်လိုက်တာ။” ဆိုပြီး မျက်ရည်ပေါက်ပေါက် ကျမယ့်ခရီးပဲ။ ပိုက်ဆံရဖို့ […]