ချန်ဂင်တို့စခန်း (၂၉၀)

“လူဆိုတာ အမှတ်သည်းခြေ ရှိရတယ်” တဲ့။ ကိုယ်ငယ်ငယ်ကတော့ ဒီလိုပဲ သွန်သင်ဆုံးမတာ ခံခဲ့ရပါတယ်။ ဒါပေမယ့် တချို့လူတွေက အမှတ်သည်းခြေ မရှိကြပါဘူး။ အလွယ်တကူ မေ့လွယ်ပျောက်လွယ်ကြတယ်။ ထမင်းတစ်လုပ် တုတ်တစ်ချက်ဘဝမှာ နေသားကျလာပြီး ထမင်းကြမ်းခဲလေးမြင်တိုင်း အမြီးတနှန့်နှန့်နဲ့ ကိန်ကိန်မြည်အောင် အရိုက်ခံရတဲ့အဖြစ်ကို မေ့သွားကြတယ်။ စစ်ဘိနပ်အောက်မှာ အနေအစား မပျက်တဲ့သူတွေလည်း အဲ့သလို အမှတ်သည်းခြေ မရှိတဲ့ လူတန်းစားထဲမှာ ပါပါတယ်။ ဒီသုံးနှစ်ကျော်ကာလအတွင်းမှာ သူတို့တကယ်ပဲ ဘာဒုက္ခမှ မကပ်ငြိအောင် တုံးကျော်ကပ်ကျော် ပျော်နိုင်ပါးနိုင်ကြသလား။ ကိုယ်ကတော့ မပျော်နိုင်တာ တော်တော် ကြာပါပြီ။ စိတ်ထဲမှာ ဒဏ်ရာအနာတရတွေဆိုတာ မသေမချင်း မေ့ပျောက်လို့ ရနိုင်မှာ မဟုတ်ဘူး။ ဒါတောင် ကိုယ့်အိမ်ကိုယ့်မိသားစုထဲမှာ တစ်ယောက်မှ အသေအပျောက် အထိအခိုက် ရှိတာမဟုတ်။ တချို့လူတွေဆို ဘယ်လိုလုပ်မလဲ။ ပြန်မလာနိုင်သူတွေ၊ […]

ချန်ဂင်တို့စခန်း (၂၈၉)

ဒီနေ့မနက် Loki က အိပ်ယာလာမနှိုးဘူး။ ညတုန်းကလည်း ကုတင်ပေါ်တက်မလာဘူး။ သန်းခေါင်ကျော်လောက်တုန်းက ဒညင်းသီးအီးနံ့ရလို့ ပြူတင်းပေါက် ထဖွင့်ရတယ်။ ဒီကောင်တော့ အီးပေါက်ပြန်ပြီကွာ ဆိုပြီး။ မနက်လင်းမှ ကုတင်အောက် မီးထိုးကြည့်တော့ အီးပေါက်တာ မဟုတ်ဘူး။ အီးတွေပါထားတာ။ Loki က အဲ့ဒီဘေးမှာ တုံးလုံးလေး။ သူ တစ်ခါမှ အိပ်ခန်းထဲမှာ အဲ့ဒါမျိုးမလုပ်ဖူးဘူးလေ။ အိပ်များနေသလားလို့ “Loki လာ လာ” ခေါ်တော့ ခေါင်းတောင် မထောင်နိုင်ဘူး။ မျက်လုံးလေးဖွင့်ပြီး လှမ်းကြည့်နေတယ်။ “သူ့ကို ခေါ်ပါ” လို့ ပြောနေတာပဲ။ သူတို့ ၂ ကောင်မှာ Loki က လူတွေနဲ့ စကားပြောတယ်။ လူတွေပြောတဲ့စကား နားလည်တယ်။ Loki လို့ ခေါ်လိုက်ရင် ကြားတဲ့အရပ်က ကဆုန်ပေါက်ပြီး ပြေးလာတယ်။ […]

ချန်ဂင်တို့စခန်း (၂၈၈)

နေရာ ၂ နေရာခွဲပြီး ဆေးရုံ ၂ ရုံတည်ဖို့ ကြိုးစားရတဲ့အခါ ကိုယ့်မှာ တောင်ပြေးမြောက်ပြေးနဲ့ တော်တော်ကြီး ကသီလင်တ နိုင်တာတော့ အမှန်ပါပဲ။ မိုးကရွာ၊ လမ်းကပျက်၊ ဈေးရောင်းတဲ့ ဆိုင်ကယ်ကယ်ရီတွေတောင် မဝင်တစ်ရက် ဝင်တစ်ရက်နဲ့ဟာကို ကိုယ့်အဖြစ်က ဝဋ်ကြီးတယ် လို့ ဆိုရမလား မသိ။ တစ်ပါတ် ၃ ရက်လောက်တော့ ကူးချည်သန်းချည် နေရတယ်။ လူကိုယ်တိုင် မသွားရင် ဖုန်းအဆက်အသွယ်တွေက မရတော့ဘူးလေ။ မြို့ပေါ်ကလူတွေ ဖုန်းပြောချင်ရင် တောထဲတစ်နေရာက လိုင်းမိတဲ့ တောင်ကုန်းကလေးပေါ်ကို ဆိုင်ကယ်တွေနဲ့ တကူးတကလာပြီး ပြောနေကြရတယ်။ အဓိကပြဿနာကတော့ ဆေးမှာရတာပါပဲ။ အချိတ်အဆက်တွေ ပြတ်တောက်ကုန်သလို ငွေပေးငွေချေလည်း ခက်လာတယ်။ လမ်းမှာ အဖမ်းအဆီး အစစ်အဆေးလည်း များတယ်။ ဆိုးတာကတော့ လူနာတွေကလည်း များနေလို့ ဘယ်လောက်များများ […]

ချန်ဂင်တို့စခန်း (၂၈၇)

ဆိုဖီလေးက နေမကောင်းတာ လေးငါးရက် ရှိပြီ။ အစပိုင်းတော့ မျက်စိနာနေလို့ မျက်စဉ်းခပ်ခပ်ပေးနေတာ။ နောက်ရက်ကျတော့ အစာမစားတော့ဘူး။ ဓါတ်ပုံလေးတွေ၊ ဗီဒီယိုလေးတွေရိုက်ပြီး တိဆရာ နဲ့ပြရတယ်။ ကာကွယ်ဆေးတွေဘာတွေလည်း မထိုးရသေးဘူးနဲ့ တူပါတယ်။ လမ်းကြောင်းအခြေအနေကြောင့် ကိုယ်လည်း ဆေးမှာလို့ မလွယ်သေးလို့။ ခွေးပေါက်လေးတွေ မွေးပြီး ကာကွယ်ဆေး သေချာထိုးမပေးရင် သက်ဆိုးမရှည်တတ်ဘူး ဆိုတာ ရန်ကုန်မှာကတည်းက သိပါတယ်။ သူတို့မှာလည်း ရောဂါဘယတွေ ပေါတာကိုး။ ဒီခေတ်ဒီကာလဆိုးကြီးမှာ လူတွေတောင် ကာကွယ်ဆေးမရလို့ လက်မှိုင်ချနေရတဲ့အချိန် ခွေးအတွက် ရန်ကုန်က ကာကွယ်ဆေး မှာထိုးပေးရတဲ့အဖြစ်ကို ကိုယ့်ဘာသာ လိပ်ပြာမလုံတာနဲ့ မသိချင်ယောင်ဆောင်နေခဲ့တာ။ အခုလို နာဖျားလာတဲ့အခါကျတော့ စိတ်ပူရပြန်တာပေါ့လေ။ အဲ့ဒါနဲ့ပဲ မနေ့က သူ့ကို cannula တွေထိုး၊ antibiotics တွေထိုး၊ drip တွေထည့်။ လူတွေပြုစုသလိုပဲ […]

ချန်ဂင်တို့စခန်း (၂၈၆)

ကောင်းတဲ့သတင်း နဲ့ စရမယ် ဆိုရင်ဖြင့် ဒီနေ့ (၁.၈.၂၄) မှာ ချန်ဂင်ဆေးရုံ(၂) ကို ပွဲဦးထွက်ပါတယ်။ အခု ဆေးရုံ စတုန်းကလိုပဲ ဆေးဝါးစုံစုံလင်လင်နဲ့ OPD လေးက အစပြုရင်း အတွင်းလူနာတင်ဖို့၊ မွေးခန်းလေး၊ ခွဲခန်းလေး တစ်ခုချင်းစီ ချဲ့ချဲ့ယူသွားမှာပေါ့။ နို့မို့ဆို အဲ့ဒီဘက်ကလူတွေက ဆရာဝန်ရှိတဲ့၊ ဆေးရုံရှိတဲ့ဆီ လာမပြပဲ သူတို့ဆီလာကုပေးဖို့ချည့်ပဲ ကြိမ်စကြာနဲ့ ရိုက်ခေါ်သလို ခေါ်နေတာ။ လူမရောက် ဂူကျောက်ချောင် တောင်ကတုံးမှာတောင် ကိုယ့်တဲကိုယ် ထရံရိုက်ပြီး ဆေးရုံထောင်လာသေးတာ။ လျှပ်စစ်မီး၊ ကတ္တရာလမ်း ရှိတဲ့ မြို့ပေါ်မှာ ဆေးရုံထောင်ရမှာ ဘာကြောက်စရာ ရှိမှာလဲ။ ဆယ်ဇင်းတုန်းကလည်း ရွာကခေါ်လို့ ကိုယ်တွေ ရောက်လာရတာလေ။ တိုက်ပွဲအခြေအနေတွေနဲ့ နယ်မြေမအေးချမ်းတဲ့ကာလကြီးမှာ နဂိုရှိတဲ့ ဆရာဝန်တွေ၊ ဆရာမတွေလည်း ထွက်ပြေးသွားကြပြီ။ လူတွေကလည်း […]