အလှပြိုင်ပွဲ – ၀င်းဦး

​ရှေးရှေးက မြန်မာဂီတစာဆိုတွေဟာ တယောက်နဲ့တယောက် ပညာသည်ချင်းမို့ လေးစားတဲ့အခါလည်းရှိ၊ ညီရင်းအကိုပမာ မရှိအတူ ရှိအတူ ဝေမျှချစ်ခင်တဲ့အခါလည်းရှိသလို၊ ကျီစားထေ့ငေါ့လို့ ခပ်ဆတ်ဆတ်ကလေး နှက်လိုက်တဲ့အခါလည်းရှိတတ်ပါတယ်။ အထူးသဖြင့်တော့ မန္တလေး ရွှေမြို့တော်ကြီးက အနုပညာသည်တွေ နဲ့ ရန်ကုန်မင်းနေပြည် က အနုပညာသည်များပါ။ သူ့အရပ် သူ့အဖွဲ့နဲ့သူ ကျော်ကြ၊တော်ကြတဲ့သူချည့်ပေမယ့် အချင်းချင်းတွေ့ရင် သူ့ဝမ်းထဲ အူဘယ်နှစ်ခွေရှိပါလိမ့်လို့ စစ်ကြောပြီးမှ တော်ပါပေတယ်၊ တော်သလောက်လည်း ကျော်ပါပေတယ် လို့ ဖွင့်ဟ ၀န်ခံပြီး လည်ပင်းဖက်ပေါင်းကြပါသတဲ့။ ဆရာနန်းတော်ရှေ့ဆရာတင်က ဇီးကွက်သီချင်းနဲ့ ကျော်ကြားလာတဲ့အခါ ဒီသူငယ် သီချင်းကြီး သီချင်းခန့်မှ တတ်ပါစ လို့ စေ့ငုကြလို့ ဆင်ကြီးဂဠုန်ချီ သီချင်းနဲ့ သူဟာ မဟာဂီတမတတ်ပါဘူး လို့ပြောနေရင်း မဟာဂီတထဲက သီချင်းတွေကို ရောသမမွှေ စပ်ဆိုသွားပါတယ်။ မတတ်လို့သာ တော်တော့ နော်။ […]

ချန်ဂင်တို့စခန်း (၂၇၉)

မနေ့ကတစ်ရက် မိုးတိတ်လို့ လမ်းကလေး ခြောက်မယ် မကြံသေးဘူး။ အခု မိုးတွေက သည်းသည်းမည်းမည်း ရွာလာပြန်ပြီ။ ရွာထဲရှိသမျှ ကုန်စုံဆိုင် တွေကလည်း ပြောင်တလင်းခါနေပြီ။ ဈေးဆိုင်ကယ်တွေမှ မဝင်နိုင်တာကိုး။ မိုးတိတ်ပြီဆိုပြီး ဒီနေ့ဝင်ချလာတဲ့ဆိုင်ကယ်တွေကလည်း မိုးနဲ့လေနဲ့ ရွှံ့နဲ့ဗွက်နဲ့ဆို အပျက်အစီးများဦးမှာ။ မထူးဆန်းဘူးလေ။ ဒါ သဘာဝပဲ။ နှစ်တိုင်းကြုံနေကျ။ တောင်ပေါ်က၊ ရပ်ဝေးက၊ cerebral malaria နဲ့ လာတဲ့လူနာတွေ ပိုများလာတယ်။ ကိုယ်တို့ဆေးရုံကလေးက သူတို့အတွက် ကူရာကယ်ရာ ဖြစ်နေတဲ့အတွက် ကျေနပ်ပါတယ်။ နည်းနည်းတော့ ပိုရုန်းရတာပေါ့။ ကိုယ့်ဝန်ကိုယ့်တာပဲ ဥစ္စာ။ ကိစ္စမရှိပါဘူး။ ကူညီထောက်ပို့တဲ့သူတွေလည်း အားလျော့မသွားဘူးဗျ။ အခက်အခဲအမျိုးမျိုးကြားက အပင်ပန်းခံပြီး ပို့ပေးကြပါတယ်။ လိုင်းပေါ်မှာ ပိုက်ဆံတွေလည်း စဝင်နေပါပြီ။ Loki လေးတောင် စတားတွေအများကြီးရှာပြီး ဒေါ်လာတွေ ထောက်ပံ့နိုင်တယ်။ သူ့ဆရာ […]

ချန်ဂင်တို့စခန်း (၂၇၈)

မိုးတိတ်သွားပေမယ့် ရေကျဖို့က တစ်ရက်နှစ်ရက် စောင့်ရပါဦးမယ်။ ချောင်းရေတွေက တိုးနေသေးတာကိုး။ ထင်တဲ့အတိုင်းပဲ ချင်းတွင်းမြစ်ရေ တိုးလာလို့ ဟုမ္မလင်းမှာတောင် ရေကြီးရေလျှံမယ် သတိပေးချက် ထုတ်ထားတယ်။ ချောင်းရေတိုးရုံတင်မဟုတ်ဘူး။ ကမ်းပါးတွေပါ ပြိုလိုက်လာလို့ သွားနေကျတောလမ်းကလေးတွေတောင် ဆက်သွားလို့ မရတော့ပါဘူး။ ဆေးတွေပစ္စည်းတွေ လိုက်စစ်ပြီး အလေအလွင့် အပျက်အစီး မရှိအောင် လိုက်သိမ်းရင်း အဆက်မပြတ်လာနေတဲ့ ငှက်ဖျားလူနာတွေကို ဆက်ကုရပါတယ်။ အင်းတော်ကြီးပတ်ပတ်လည်တဝိုက်မှာလည်း ငှက်ဖျားက ကပ်ရောဂါများလို outbreak ဖြစ်လို့ ကိုယ့်ဆီက ဆေးဝါးအကူအညီများ လာတောင်းကြပါတယ်။ ကတ္တရာလမ်းပေါ်ကနေ တောထဲဗွက်ထဲက ဆေးရုံကို ဆေးလှမ်းတောင်းရတဲ့အဖြစ်ပါ။ ကိုယ့်ဆီမှာတောင် မလုံမလောက်နဲ့ဥစ္စာ။ သူတို့ကို ဘယ်လိုပြန်မျှရမှာတုန်း။ ဒီမှာ ဆေးတွေရဖို့ ကိုယ်က ပါးစပ်ကလေးစိုက်ပြီး လှမ်းအော်တောင်းထားတာ မဟုတ်ပါဘူး။ ဒီနေ့ဆို မိုးထဲလေထဲ ဗွက်တောထဲမှာ ကိုယ်တိုင် အဲ့ဒီကတ္တရာလမ်းပေါ် […]

ရွှေမန်းမေ – ခင်ယုမေ

ဒီတခါတော့ သီချင်းမြူးမြူးလေး ရွေးထားပါတယ်။ ရွှေမန်းမေ တဲ့။ ဆရာရွှေပြည်အေးရဲ့ လက်ရာ အံတီမေ ရဲ့ ငယ်မူငယ်သွေး အသံလေးကြားရပါမယ်။ ချိုပြုံး တို့ ခင်ယုမေ တို့ ဆိုတာ ရေဒီယိုမှာ တော်တော် နံမည်ကျော်ပြီးမှ ရုပ်ရှင်မင်းသမီး ဖြစ်လာကြတာပါ။ ချောလိုက်ကြတာလည်း မှုန်လို့။ အဲဒီခေတ်က ဖက်ရှင် တပတ်လျှိုထုံးလေးမှာ ပန်းပွင့် ကြီးကြီးတွေပန်လို့။ အင်မတန် ယဉ်ပါပေတယ်။ မင်းသမီးမဖြစ်ခင် အဆိုတော်ဘဝက ဓါတ်ပုံတွေက ပိုလှနေသယောင် ရှိပါတယ်။ ငယ်ငယ်နုနုလေးတွေကိုး။ ဆယ်ကျော်သက်အရွယ်နဲ့ နိုင်ငံကျော်အဆိုတော် ဖြစ်ခဲ့သူတွေပါ။ ဒါပေမယ့်လည်း အဲ့ဒီသီချင်းရဲ့ မူရင်းအဆိုရှင်က ဒေါ်မာမာအေး ဖြစ်ပြီး ရုပ်ရှင်သီချင်းအဖြစ် ဆိုခဲ့တာလို့ အန်တီမာမာအေးကိုယ်တိုင် ပြောပြဖူးပါတယ်။ အရင်တုန်းက အဲ့သလိုပါပဲ။ “မောင့်အချစ်မြားစူး” သီချင်းကလည်း ဒေါ်မာမာအေး အရင်ဆိုတာ မဟုတ်ပဲ […]

ချန်ဂင်တို့စခန်း (၂၇၇)

ဒီမနက် မိုးတွေရွာနေတယ်။ သည်းလိုက်ဖွဲလိုက်နဲ့ တိတ်ကိုမတိတ်ဘူး။ ရွာမှာပေါ့လေ။ ဝါပဲဝင်တော့မယ့်ဥစ္စာ။ အအေးပိုင်းက သတ္တဝါများလို ဆောင်းခိုတဲ့ အလေ့မရှိပေမယ့်လည်း ကိုယ့်အရပ်ကိုယ့်ဒေသနဲ့ကတော့ မိုးခိုရတာပေါ့။ လမ်းတွေရေမြုတ် ရွှံ့နူးပြီး ဗွက်အိုင်ကြီးတွေ ဖြစ်နေလို့ ဝင်ထွက်သွားလာလို့ မရတော့ပဲ အိမ်တွင်းအောင်းနေရတယ်။ လူနာတွေကတော့ ရောက်အောင်လာကြသားဗျ။ မနေ့က သေနတ်မှန်တဲ့လူနာဆို ဖြည်းဖြည်းချင်းလမ်းလျှောက်လာရလို့ ၆ ရက်တောင် ကြာသတဲ့။ ဒဏ်ရာက အနံ့တွေတောင် ထွက်နေပြီ။ ဒီအတိုင်း ၆ ရက်နေလို့မှ မသေရင် ကိုယ့်ဆီရောက်ပြီးမှတော့ သေလို့မဖြစ်သေးဘူး။ နောက်ဘက် လက်ပြင်က တေ့ပစ်လိုက်တဲ့ဒဏ်ရာဟာ ပုခုံးအထက်နားဆီကို တိုးလျှိုပေါက် ပွင့်ထွက်လာတယ်။ သေပြီဆိုပြီး ပစ်ထားခဲ့ရာက မသေလို့ ကိုယ့်ဆီရောက်လာတာ။ ဒီလအတွင်း ကိုယ့်ဆေးရုံမှာ အသေအပျောက် မရှိပါဘူး။ ငှက်ဖျားလူနာ ၄၀၀ နီးပါး၊ OPD လူနာ […]