မောင် Loki ဟာ အိမ်ထောင်သက်ကလေး ရလာတော့ ယောက်ကျားတို့ ဗီဇသဘာဝလေးတွေ ပြလာပါတယ်။ အဲ့ဒါကတော့ နေ့ခင်းဘက် နေတအားပူရင် မိန်းမဖြစ်သူကို ပလစ်ပြီး ကုတင်အောက်မှာ တစ်ကောင်တည်း ဝင်ဝင်အိပ်နေတာပါ။ နားအေးပါးအေး နေချင်တဲ့အချိန်တွေလည်း ရှိလာပြီပေါ့။ ဟုတ်လား။ အေးလေ။ သူ့မှာ အပြင်ထွက်ဖို့ လာလာခေါ်မယ့် သူငယ်ချင်းတွေဘာတွေလည်း ရှိမှ မရှိတာ။ သခင်ဆီပြန်လာချင်မှ ပတ်ချွဲနှပ်ချွဲ ခေါင်းလာလာခွေ့တတ်ပြီ။ ညအိပ်တဲ့အခါ အခန်းတံခါး လာလာပုတ်လို့ ဖွင့်ပေးလိုက်ရင် ဝင်လာအိပ်ပြီး ဖင်မပူခင် အပြင်ပြန်ထွက်ချင်တယ် လုပ်ပြန်ရော။ ဒီကောင် ဘာဖြစ်ချင်နေတာလဲ ဆိုမှ လက်စသတ်တော့ ကိုယ်တော်ချောက သူ့မိန်းမ မပါလို့ သူ့မိန်းမကိုပါ သွားအခေါ်ခိုင်းတာလေ။ အေးပါကွာ။ အိမ်ထောင်သည်ဆိုတော့ လက်ခံရင် ၂ ကောင်လုံး လက်ခံရမှာပဲဟာ။ ကလေးတွေပေါက်ရင် ကိုယ်တွေတောင် […]
Month: July 2024
ချန်ဂင်တို့စခန်း (၂၈၄)
အိမ်က Loki ကတော့ ကြင်စဦးမို့ ထမင်းမေ့ ဟင်းမေ့၊ သူ့ဆရာပါ မေ့သွားတာ တစ်ပါတ်လောက်ရှိရော့မယ်။ ဒီမနက်ကမှ ဘာစိတ်ကူးပေါက်သလဲ မသိ။ ခေါင်းကလေး လာတင်တယ်။ သူ့အချစ်တွေ အကုန်လုံး သူ့မမဆီမှာ ပုံပေးထားပြီလေ။ မျက်စိအောက်ကကို အပျောက်မခံတော့ဘူး။ အခန်းတံခါးလည်း လာလာမခေါက်တော့ဘူး။ ကောင်းပါလေ့ကွယ်။ သူတို့ဟာသူတို့ နှစ်ကောင်တည်းနေချင်တယ် ဇာတ်လမ်းတွဲရိုက်ရင်လည်း ပြီးတာပဲ။ ကလေးလေးတွေရတော့မှ ကိုယ်တို့တစ်ခါ အလုပ်ရှုပ်ပြန်ဦးမယ်။ အခုကတော့ ဆိတ်တွေ၊ နွားတွေ၊ ကြက်တွေ၊ ဘဲတွေကြားမှာ မြူးတူးပျော်ပါးလို့ နေတယ်။ နှစ်ကောင်စာဆိုတော့ အသားပိုဝယ်ရတာပေါ့လေ။ သူတို့အတွက် ဟင်းစိမ်းရိက္ခာကိုပဲ ပူပင်နေရတယ်။ နန့်မွန်းမှာ ခုထက်ထိ အခြေအနေ မကောင်းသေးလို့ ဈေးပိတ်ထားတုန်းပဲ။ ဒီဘက်ကိုလာတဲ့ကုန်စိမ်းက အဲ့ဒီက ဝင်တာကိုး။ နန့်မွန်းဈေးက ညဘက် ၂ ချက် ၃ […]
ချန်ဂင်တို့စခန်း (၂၈၃)
ဘာတွေဆက်ဖြစ်ဦးမှာလဲ။ ဘာတွေဆက်လုပ်ကြမလဲ။ အမြဲတမ်း တွေးတောမျှော်မြင် ပြင်ဆင်လေ့ရှိတဲ့သူမို့ အခုရက်ပိုင်းမှာ စဉ်းစားထားရတာကတော့ အိမ်ပြန်ကြရမယ့် အကြောင်းအရာပဲ ဖြစ်ပါတယ်။ “အခါတော်ရောက်ချိန် နီးလို့လာပေ။ ဒေါ်ဒေါ် မမ နှမတို့ရေ။” ပေါ့။ ကိုယ်တို့ အိမ်ပြန်ရင် Loki ကို ဘယ်လိုလုပ်မလဲ။ ခေါ်သွားရမယ် ထင်ပါတယ်။ ခေါ်တာက အပန်းမကြီးပါဘူး။ ရန်ကုန်မှာ သူပျော်ပါ့မလား။ တိုက်ခန်းကလေးနဲ့ သူ ဘယ်လိုနေမှာလဲ။ ခြံဝန်းကလေးနဲ့ နေနိုင်ရင်တောင် သူ့အတွက်က တစ်ပါတ်ပါတ်ပြီး ပြေးစရာ မရှိဘူး။ ပိုဆိုးတာကတော့ ရန်ကုန်မှာ အိမ်ဆိုတာ ညအိပ်ကာနီးမှ ပြန်ပြန်ရောက်တဲ့ အိပ်စရာနေရာတစ်ခုထက် မပိုတာပါပဲ။ မနက်လင်းကတည်းက သော့ခတ်ပြီး ထွက်သွားရတာလေ။ မခွဲနိုင်လို့ ခေါ်သွားဦးတော့ ဟိုရောက်ရင် အတူတူနေဖို့ မဖြစ်နိုင်ဘူး။ ဒီမှာသာ အလုပ်ရော အိမ်ရော တနေရာတည်းမို့ […]
ချန်ဂင်တို့စခန်း (၂၈၂)
တရွေ့ရွေ့ ကုန်သွားတဲ့အချိန်တွေမှာ တစိုက်မတ်မတ် အလုပ်လုပ်လာတဲ့သူတွေအတွက်တော့ ရလပ်တွေလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတာပေါ့လေ။ ဒီဘက်က တစ်မြို့ပြီးတစ်မြို့ သိမ်းယူနေပြီး သူတို့ဘက်က တစ်မြို့ပြီးတစ်မြို့ လက်လွတ်ဆုံးရှုံးရတယ် ဆိုတာလည်း ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရနိုင်တဲ့ အမှန်တရားတစ်ခုပဲ။ ဘယ်စစ်ဗိုလ်စစ်သားမဆို ကိုယ့်အသက်ကိုယ်နှမြောရင် လက်နက်ချအညံ့ခံဖို့ကလွဲရင် တခြားနည်းလမ်း မရှိတော့ဘူး လို့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားလည်း ပါးနိုင်ခဲ့ပြီ။ အရာရှိ၊ စစ်သည် နဲ့ တပ်မိသားစုတွေကို ဘေးကင်းလုံခြုံရာ ခေါ်ယူပို့ဆောင်ပေးတယ်ဆိုတဲ့ အဖြစ်အပျက်မျိုးတောင် မကြားစဖူး မကြုံစဖူး ဖြစ်နေပြီ။ မြို့ရွာတွေအပေါ်ကို လက်နက်ကြီးနဲ့ပစ်၊ လေယာဉ်နဲ့ ဗုံးကျဲတာကလွဲရင် တူတူတန်တန် စစ်တိုက်နိုင်တယ်ဆိုတာ ဘယ်မှာမှ မရှိတော့ဘူး။ ကိုယ့်အောက်ကကောင်တွေ ထွက်မပြေးအောင် သေနတ်နဲ့ချိန်ပြီးစောင့်ကြည့်နေရသလို အောက်ကလူတွေကလည်း သူတို့ကိုထားခဲ့ပြီး လစ်သွားမှာစိုးလို့ မျက်စိအောက်က အပျောက်မခံနိုင်တဲ့ဘဝ။ ဒီလို အစုတ်စားအပြတ်စား […]
ချန်ဂင်တို့စခန်း (၂၈၁)
စစ်ပွဲတွေက ပြည်လုံးပတ်လည် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး တီးနေလိုက်တာ နက်ဖြန်သဘက်ခါများ စကစဘက်က လက်နက်ချတော့မလားလို့ကို ထင်ရတယ်။ ဘေးအိမ်က ပေါက်ဖော်ကြီးကတောင် မုန့်ဟင်းခါး နဲ့ လက်ဘက်ရည် အော်ဒါမှာနေပြီ။ ဒီစကားခေါ်အပြောခံရတဲ့ အဖိုးကြီးနှစ်ယောက်ခမျာ အသားလွတ်ကြီး ငယ်ထိပ်အိုးမည်းသုပ်ခံလိုက်ရသလို ဖြစ်သွားမှာ အမှန်ပါပဲ။ ဒီစကား ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အဲ့ဒီစကားအတိုင်း သူတို့ သဘောမျှသည်ဖြစ်စေ၊ မမျှသည်ဖြစ်စေ။ ကြင်စိုးဘက်ကတော့ ဒီအဘိုးကြီးနှစ်ယောက်ကို မယုံကြည်ရသောသူများအဖြစ်သာ သတ်မှတ်ပါတော့မယ်။ “ဟိုဘက်ကတော့ အခုလိုပဲ ပြောလိုက်တယ်နော်။” လို့ အရင်းအတိုင်းပဲ ပြန်ပြောရင်တောင် “ဒီလူကြီး ငါ့ကို မပြောပဲ ထိန်ချန်ထားတဲ့ လျှို့ဝှက်ချက်လည်း ရှိဦးမှာပဲ။”ဆို သံသယက ဝင်နေဦးမှာ။ သံသယဆိုတာက ဝင်ပြီးသွားရင် ဖျောက်မရဘူးလေ။ ကိုယ့်အရိပ်ကိုယ်ပြန်ကြောက်နေရတော့မှာ။ သူ့လူသူ ဖြုတ်ထုတ်သတ်လုပ်ရပေါင်းလည်း မနည်းတော့ဘူး။ တာကောကြီးဟာ သံတမန်နည်းနဲ့ အဖိုးကြီးတွေကြားထဲ […]
ချန်ဂင်တို့စခန်း (၂၈၀)
ခုနေများ နှစ်ယောက်သား ဘောက်ခါးချင်သပဆိုရင် “နေမမြင် ရေပြင်လွှမ်းတဲ့ မြောက်ယဉ်စွန်းတန်းကိုပဲ ခေါ်ခေါ် ပျော်ပါမယ်။” လို့ ပြောင်းဆိုရမလား မသိဘူး။ နေရောင်လည်း မမြင်ရဘူး။ မိုးတွေချည့်ပဲ ရွာနေတာ။ ရေပြင်ဖွေးဖွေးကြီးတွေ ပြည့်လို့။ မိုးကအုံသလို ခေါင်းကလည်း အုံလို့ နေ့နေ့ညည အိပ်လို့ချည့်နေတယ်။ စားစရာရှိ ထစားတယ်။ လူနာလာ ထကြည့်တယ်။ ဆေးတွေရောက်တယ်ဆို ထွက်သယ်လိုက်တယ်။ ဆီဈေးကြီးတော့ လူနာကိစ္စမဟုတ်ရင် မီးစက်မနှိုးချင်တဲ့အတွက် လိုင်းလည်း သိပ်မသုံးဖြစ်ပါဘူး။ လူနာတွေကတော့ လာပါတယ်။ မိုးထဲလေထဲ ခဲခဲယဉ်းယဉ်း လာရတာဆိုတော့ သူတို့လည်း တော်တော် အသည်းအသန် ခံစားရမှ လာတာပါ။ စစ်ပွဲမရှိလည်းပဲ SNA တွေ လက်သရမ်းလို့ gun shot wound တွေ ရောက်လာကြတယ်။ နန့်မွန်းဘုန်းကြီးကျောင်း အဝတင် ပစ်ခံရတာ။ […]