မြိုင်

ဒေါ်မေလှမြိုင် ဆိုထားတဲ့ “မြိုင်” သီချင်းပါ။ မူရင်းအဆိုရှင်ကတော့ မြခြေကျင်းမငွေမြိုင်တဲ့။ ရွှေမန်းတင်မောင် ရဲ့ ကန့်ကူလက်လှည့်ဆရာမ ဖြစ်ပြီး အင်မတန်ဇာတ်စီးကောင်းတယ် လို့ နံမည်ကျော်ပါတယ်။ ရွှေမန်းရဲ့ ဗုဒ္ဒဝင်ဇာတ်တော်တွေမှာ သူ့ အနုပညာအမွေတွေကို တစွန်းတစ အကဲခတ်နိုင်ပါတယ်။ သူ့ခေတ်ကထုတ်တဲ့ မျက်နှာချေထုတ်ကြော်ငြာတွေမှာ မြင်ဖူးသလောက်တော့ မျက်လုံးမျက်ခုံးကောင်းကောင်း ဗမာဆန်ဆန်ချောတဲ့ အမျိုးသမီးကြီးပါ။ ဦးသုမောင်ဆိုတဲ့ ပန်းဦးပန်မယ့်သူ သီချင်းထဲက “လက်ဦီးပန်ချင် အမြန်ပင်လာခဲ့ဖို့ ကိုကို ခေါ်ချင်ပါတယ် မောင်ခေါ်ချင်ပါတယ် ..” ဆိုတာလည်း သူဆိုထားတဲ့သီချင်းပါပဲ။ ဒီသီချင်းကို နန်းတော်ရှေ့ဆရာတင် က ရေးပေးပြီး အဆိုရှင်ရဲ့ ပညာစွမ်းကို သေတ္တာမှောက်ပြမည့် ကိုယ်ရည်သွေး တေးတစ်ပုဒ်ဖြစ်ပါတယ်။ သူဆိုထားခဲ့တဲ့ `အောင်ပင်လယ် တောထဲကရွှေကျီးညို ငွေမြိုင်လာရင်ဆီးလို့ကြို`ဆိုတဲ့ သီချင်းထဲက `ဒိကနေ့ညဖြင့် လာမယ်ဆို ယုံရမှာလားအကို။ အများကပြောတဲ့ ရွှေကျီးညို […]

စိမ့်ကြီးမြိုင်ကြီး – ကိုအံ့ကြီး

ဒီတခါ ရွေးထားတဲ့ သီချင်းကတော့ အဆိုတော် ကိုအံ့ကြီး ရဲ့ “စိမ့်ကြီးမြိုင်ကြီး” မြိုင်ထ ပါ။ မန္တလေးမြို့မက ဦးဘသိန်း ရေးပါတယ်။ အရင်က ကိုအံ့ကြီးသီချင်းတွေကို ဘိုဆန်ဆန် ကြားခဲ့ဖူးသလောက် ဒီတခါတော့ ဗမာလိုလည်း ကျကျနနဆိုပြသွားတာ ကြားရပါမယ်။ အတီးက ရွာစား စိန်မောင်ကို ပါတဲ့။ ဗမာဇာတ်မင်းသားများ မြိုင်ထဆိုတဲ့အခါ ခုနှစ်သံချီပြီး လွင့်နေအောင် ဟစ်ကြတဲ့ဓလေ့ကို ဒီသီချင်းမှာ အသံပါးပါးလေးနဲ့ သာသာယာယာ ဆိုပြသွားပါတယ်။ မြို့မဆိုတာ တခါလာ ဂေါ်ဂေါ်ဂီဂီနဲ့ လေမှုတ်တူရိယာသံ သီချင်းများသာ ရေးဆိုတီးကြတယ်လို့ ပြောနေတဲ့သူတွေကိုလည်း ဘယ်လောက်ဗမာဆန်သလဲဆိုတာ ပြခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ ပန်တျာကြည်လင် နားထောင်ဖူးခဲ့ရင် ဇာတ်ဆိုနဲ့ အရပ်ဆို ဘယ်လိုကွာသလဲ သဘောပေါက်ပါလိမ့်မယ်။ ခုခေတ် ဇာတ်မင်းသားများတောင် ဒီလိုဆိုနိုင်တဲ့သူ မရှိတော့တာ […]

စိမ်းရောင်စို – လေပါတီမမြရင်

ပထမဦးဆုံးတစ်ပုဒ် အနေနဲ့ မန္တလေးမြို့အကြောင်းဖွဲ့နွဲ့ထားတဲ့ “စိမ်းရောင်စို” သီချင်းကို တင်ဆက်ပါ့မယ်။ မူရင်းအဆိုကတော့ လေပါတီမမြရင် ပါ။ ရေးတဲ့သူကတော့ မမြရင်ရဲ့ ပထွေးတော်သူ ဦးသာဒင် ရေးတယ်လို့ဖတ်ဖူးပါတယ်။ မူရင်းအသံနဲ့ ရလို့ တင်ပေးလိုက်ပါတယ်။ YouTube က ရထားတဲ့ ဒေါ်မာမာအေး အဆိုကိုပါ နားထောင်နိုင်ပါတယ်။ မြန်မာ့ရုပ်သံမှာတော့ နှင်းနှင်းထူး ဆိုထားတဲ့ ဓါတ်ပြားရှိပါတယ်။ အန်တီခင်စိုးဝင်း ဆိုပြထားတဲ့ စံခွေလည်း ရှိပါတယ်။ အားလုံးပဲ တမျိုးတဘာသာစီ ကောင်းကြပါတယ်။ ဒီသီချင်းရဲ့ အခရာကတော့ ဆိုင်းအသွားပါ။ မြန်မာ့ဆိုင်းဝိုင်းရဲ့ အသံစုံကို ကျကျနန ဂရုတစိုက်နားဆင်ကြည့်ရင် အင်မတန် အရသာရှိပါတယ်။ အဆိုပညာနဲ့ အသံကစားရာမှာ မာမာအေး စစ်စစ်ကိုကြားရပေမယ့် အနွဲ့အတာမှာတော့ လေပါတီ က သာသလို ထင်မိပါတယ်။ “မြစမ်းရေညို…” ဆိုတဲ့ အဆွဲအငင်၊ […]

ချန်ဂင်တို့စခန်း (၂၇၂)

ဒေါ်လာဈေး၊ ရွှေဈေး၊ အထွေထွေ ကုန်ဈေးနှုန်းတွေဟာ မင်းအောင်လှိုင် အာဏာမသိမ်းခင်ကနဲ့စာရင် အကြမ်းဖျင်းအားဖြင့် ၅ ဆလောက် တက်လာတယ်ဆိုတာ ပိုက်ဆံပေးဝယ်စားကြရတဲ့သူတိုင်း သိပါတယ်။ စာရင်းစာအုပ်အဟောင်းလေးများရှိရင် ပြန်သာကြည့်။ ဆေးရုံစဖွင့်ကာစက မနက်မနက် ဟင်းချက်စရာဝယ်တဲ့ ဈေးဖိုးဟာ တစ်ရက်ကို တစ်သောင်းလောက်ဆို လောက်ပါတယ်။ အခုတော့ ၅ သောင်းလောက်မှ လောက်တော့တယ်။ ဒါတောင် ဆန်ဖိုးဆီဖိုးမပါ။ မီးစက်နှိုးဖို့ ဒီဇယ်တစ်ပေပါ ဝယ်ရင် ပထမဦးဆုံး ဝယ်ခဲ့ရတာ ၂ သိန်း။ အခု ၁၀ သိန်း။ ကားခတွေ၊ တန်ဆာခတွေလည်း ငါးဆလောက် တက်တာပဲ။ မတက်တာက လခပဲ ရှိတာ မဟုတ်လား။ ဒီအခြေအနေ ဒီကုန်ဈေးနှုန်းနဲ့မှာ ဘယ်ဝန်ထမ်းမဆို သူ့လုပ်ခလစာက ၅ ဆလောက် လျော့နည်းသွားတဲ့သဘောရှိတယ်။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့ ဝန်ထမ်းမှန်သမျှ […]

ချန်ဂင်တို့စခန်း (၂၇၁)

ဆရာဝန်ဘဝနဲ့ နယ်တကာထွက်ရတဲ့အခါ ကိုယ့်မှာ ငှက်ဖျားနဲ့ချည်း ရင်ဆိုင်နေရတာပါပဲ။ လူနာတွေ အများကြီး လည်းကုရ၊ ကိုယ်ကိုယ်တိုင်လည်း ဖျားပေါ့။ လောက်ကိုင်မှာလည်း ငှက်ဖျားမိဖူးတယ်။ အမ်းမှာလည်း ငှက်ဖျားမိဖူးတယ်။ အခုတစ်ခေါက်တော့ အင်းတော်ကြီးငှက်ပေါ့။ အရင်တုန်းက ငှက်ဖျားစစ်ရင် blood film ဆွဲပြီး microscope နဲ့ကြည့်ရတာ။ အခုတော့ test kit လေးတွေ ပေါ်နေပြီဆိုတော့ အများကြီး လွယ်ကူသွားတယ်။ ဒါပေမယ့်လည်း ကိုယ့်မှာ သွေးစစ်လိုက်ရင် တစ်ခါမှ ပိုးမတွေ့ဖူးပါဘူး။ သို့သော် ကိုယ့်ဘာသာကိုယ်တော့ သိပ်ကို သေချာတာပါ။ ဆေးရုံမှာ လူနာထိုင်ကြည့်နေရင်း ချမ်းစိမ့်ချမ်းစိမ့်ဖြစ်လာရင် ဆရာဝန်နားနေခန်းထဲဝင်ပြီး စောင်အထူကြီးခြုံကွေးလည်း ခိုက်ခိုက်တုန်နေတာပဲ။ တအောင့်နေ တစ်ကိုယ်လုံး ချွေးတွေ ရွှဲနစ်လာပြီး ကိုင်ရိုက်ထားသလိုနာတယ်။ ၁၅ မိနစ်လောက်နေရင် ပြန်ကောင်းသွားပြီး အပြင်ထွက် လူနာဆက်ကြည့်နိုင်တယ်။ […]

ချန်ဂင်တို့စခန်း (၂၇၀)

စစ်ပွဲကာလအတွင်းမှာ ထွေထွေထူးထူး အပြောင်းအလဲ မရှိပဲ ဖြစ်ရိုးဖြစ်စဉ် နေ့တစ်နေ့ ဖြတ်သန်းရတာဟာ “No news is good news.” လို့ ပြောရမှာလား။ “တစ်ခုခုတော့ လုပ်ကြပါဦး ဟ။ ဒီလိုနဲ့ပဲ တစ်ရက်ကုန်ပြန်ဦးတော့မယ်။” ဆို စိတ်မချမ်းမသာ ဖြစ်ရမှာလား မပြောတတ်တော့ပါဘူး။ “ဘာမှမဖြစ်လည်း တစ်ခုမဟုတ်တစ်ခုတော့ ရေးကိုရေးရမှာ” ဆို ကိုယ့်အိမ်စာနဲ့ကိုယ် ခြေချုပ်မိနေတဲ့ ကိုယ့်အတွက်တော့ အဲ့ဒီ ဘာမှမဖြစ်တဲ့ အကြောင်းအရာကို စိတ်ဝင်တစား လူဖတ်ချင်အောင် စာအရှည်ကြီး ရေးရတဲ့အလုပ်က မလွယ်ပါဘူး။ ဘာမှမဖြစ်လို့ ဘာမှ မလုပ်ဘူးဆိုတာတော့ မဟုတ်သေးဘူးလေ။ တစ်ခုခုတော့ လုပ်နေရမှာ မှလား။ နုတ်စ်အဟောင်းတွေ ပြန်ရှာဖတ်တယ်။ နုတ်စ်အသစ် ရေးဖို့ စဉ်းစားတယ်။ ကိုယ့်ဘာကိုယ်တောင် မေ့တေ့တေ့ဖြစ်နေတဲ့ စာကလေးတွေဆို အသံသွင်း ဗီဒီယိုရိုက်ပြီးတော့ […]