တို့တောင်ယာတော – သုမောင်

မဟာဂီတ သီချင်းကြီးတွေထဲမှာ တိုင်းရင်းသားတေးသံများလည်း ပါပါတယ်။ ကရင်သြသံ၊ ဒိန်းသံ၊ ထားဝယ်သံ၊ မွန်သံ စသည်ဖြင့်ပေါ့။ ရှေးရှေးက ကခဲ့တဲ့ နောက်ပိုင်းဇာတ်တော် တွေထဲမှာလည်း ချင်းဖဝေး တို့၊ ဖိုးထောင် ဝါနု တို့၊ ကျိုက်ထီးရီုးသမိုင်းထဲက ရွှေနန်းကျင်တို့ဟာ တိုင်းရင်းသားများပါ။ ဗမာရှင်ဘုရင်တွေ ခေတ်ကတည်းက တိုင်းရင်းသားယဉ်ကျေးမှုတွေဟာလည်း ခေတ်ပြိုင်ဖွံံဖြိုးခဲ့တာပေါ့။ အဲဒီအသံများဟာ ကြားနေကျလူအဖို့ ဘယ်သီချင်းထဲ ယူသုံးသုံး၊ ဒါ ဘာသံလို့ ကွဲကွဲပြားပြားသိပါတယ်။ ဥပမာ မောင်ပေါက်ကျိုင်းလိုလူစားဆို ကရင်ဒုံးယိမ်းသံလေး။ ကရင်သြသံ ဆိုတာကတော့ “တို့တောင်ယာတော” သီချင်းအပြင် သန်းသန်းမေ ဆိုထားတဲ့ “တမိုးတမြေ” သီချင်းမှာပါ ကြားရပါလိမ့်မယ်။ မြိုင်တန်းမှောင် ဝေလေး… တို့၊ ရှို့မီးထိန်လွင်လေး..တို့ နဲ့ စပါတယ်။ မဟာဂီတမှာက မွန်ဆိုရင်လည်းမွန်သံဟာ ဟောဒီအတောတော၊ ဟောလိုအစသတ် လို့ […]

မန်ဒါလီ – မာမာအေး

မန်ဒါလီ သီချင်းကို မြို့မငြိမ်းကရေးခဲ့ပြီး လေပါတီမမြရင် က ဆိုခဲ့ပါတယ်။ အခုတင်ထားတာကတော့ ဒေါ်မာမာအေး အဆိုနဲ့ပါ။ မြန်မာ့ရုပ်သံမှာ ဒေလီမြင့်ဆိုထားတဲ့ ဓါတ်ပြားလည်း ကောင်းပါတယ်။ ဒီသီချင်းကို မမြရင်က သူ့ယောင်္ကျားနဲ့ စိတ်ဆိုးတဲ့အခါ ဆရာငြိမ်းကို အရေးခိုင်းတယ်လို့ ကြားဖူးပါတယ်။ ဒီအကြောင်းအရာမျိုးကို ရုပ်သေးမင်းသမီးကြီီး အမေပုက နန်းတော်ရှေ့ဆရာတင်ရေးတဲ့ ပြန်ပေါင်းထုပ် သီချင်းထဲမှာ ဆိုခဲ့ဖူးပါတယ်။ “၀မ်းဘဲ ဟင်္သာ ချောင်းကိုပစ်၍ မြစ်ကိုရှာ ရေသာများ၍ ငါးမတွေ့” ဆိုတဲ့ မြန်မာစကားပုံကို အခြေခံထားပေမယ့် ဆရာငြိမ်းရဲ့ ထုံးစံအတိုင်း အတွန့်ကလေးတပ်ထားပုံက ချောင်းကိုပစ် မြစ်ကို ရှာတာကမှ ငါးမတွေ့တာချင်းအတူတူ ရေများများ မြင်ချင်မြင််ရလိမ့်ဦးမယ်။ အခု ကိိုကိုမန်ဒါလီကြီး လုပ်ပေါက်က မြစ်ပြင်ကျယ်ကြီးကို ပစ်ပြီး ချောင်းထဲ ဆင်းရှာရင်တော့ ငါးမတွေ့ရုံတင် မဟုတ်ဘူး။ တော် […]

စာဆိုခံလလုံး – မာမာအေး

မြန်မာသီချင်းတော်တော်များများမှာ လမင်းအကြောင်း ဇွဲ့နွဲ့ထားတာတွေ ပြောမကုန်အောင်ရှိပါတယ်။ နေရောင်လို စွမ်းအင်မဆောင်နိုင်ပေမယ့် လရောင်က သိင်္ဂါရ ရသ ကိုတော့ပေးစွမ်းနိုင်ပါတယ်။ ဒီသီချင်းမှာတော့ တခြားသီချင်းတွေနဲ့မတူတဲ့ အဖွဲ့အနွဲ့ကို တွေ့ရမှာပါ။ ဆရာမြို့မငြိမ်း ရဲ့ လက်ရာပေကိုး။ ရှားရှားပါးပါး ကြားရခဲတဲ့ သီချင်းကောင်းလေးမို့လည်း မျှဝေတာပါ။ အဆိုကတော့ ဒေါ်မာမာအေး အဆိုပဲရှိလို့ ထပ်နေသော်ငြား အားနာနာနဲ့ တင်ပေးလိုက်ပါတယ်။ စာသားနဲ့ အဓိပ္ပါယ်ကို သေချာခံစားစေချင်ပါတယ်။ နားထောင်စမှာ နားမစွဲသေးလို့ ပျင်းစရာကြီးလို့ထင်နိုင်ပေမယ့် လေးငါးခါလောက်ကျရင် အဲဒီအသံလေးကိုက တမူထူးလို့ စွဲသွားပါလိမ့်မယ်။ ခြေဆင်းကလေးကတော့ ငယ်ငယ်က အမေချော့သိပ်ခဲ့တဲ့ ဖိုးလနတ်သား ကဗျာလေးပါ။ ဗမာမှန်ရင် အဲဒီကဗျာနဲ့ အိပ်ပျော်ခဲ့ကြတာပ။ အဲဒီကဗျာကို အဲ့လိုဆိုရမှန်း ဒီသီချင်းကြားဖူးတော့မှ သိတာပါ။ အရင်တုန်းကတော့ ညဆို လမင်းကြီးက ထိန်ထိန်သာနေတာ ကလေးတိုင်း သဘောကျကြတာကိုး။ […]

သည်းကြီးမည်းကြီး – ရီရီသန့်

မြန်မာသံသီချင်းတွေ အကြောင်းပြောတဲ့အခါ ဒေါ်ရီရီသန့် ကို ချန်ထားလို့ မရပါဘူး။ လှတောရွာ ဇာတိဖြစ်ပြီး မဟာဂီတသီချင်းကြီးတွေကို ခြေခြေမြစ်မြစ် နှံ့နှံ့စပ်စပ် တတ်ကျွမ်းပြီးမှ မြန်မာ့အသံမှာ တဟုန်ထိုး နံမည်ကျော်လာသူပါ။ သူ့ရဲ့ နံမည်ကြီးသီချင်းတွေထဲက ဒီတစ်ပုဒ်ကို ရွေးထုတ်ရတာကတော့ မြန်မာဆန်လွန်းလို့ပါ။ စကားအသုံးအနှုန်းလည်း ယဉ်ကျေးသလောက် လှတောသူပီပီ စကားတတ်ရန်ကောလို့ ဆိုရမလောက် ထိထိမိမိ ရှိပါတယ်။ ဂီတစာဆို ကိုသက်ဦးက ရေးခဲ့တဲ့ သီချင်းကလေးပါ။ ​သဘောထားတွေ အရင်လိုမဟုတ်တော့တဲ့ ချစ်သူကို အရင်ပြောခဲ့ဖူးတဲ့ စကားလေးတွေ ပြန်အစဖော်ပြီး ခနဲ့တဲ့တဲ့ ရန်ထောင်ရာမှာ ဝေါဟာရကြွယ်ယုံတင်မဟုတ်၊ ဥပမာ ဥပမေယျနဲ့ပါ မငြင်းနိုင်အောင် စွဲချက်တင်ထားပါတယ်။ ပြီးတော့ သူကပဲတပြန် စကားတွေတတ်တိုင်း လှည့်ဖျားလို့ ယုံမိရပါတယ်လို့ ဆိုပြန်ပါသေးတယ်။ ​အစကတော့ ဘယ်လောက်တောင်ချစ်လှပါတယ် ကြိုက်လှပါတယ် ဆိုခဲ့ပြီး အခုတော့ […]

ချန်ဂင်တို့စခန်း (၂၇၃)

စစ်ပွဲရှိတော့ အရေးပေါ်လူနာပဲ ခွဲတယ် ဆိုပေမယ့် အကြွေးတင်နေတဲ့ လူနာကြီး ၂ ယောက် ရှိပါတယ်။ အပုတ်နံ့တထောင်းထောင်းထနေတဲ့ ရင်သားကင်ဆာ တွေပါ။ နဂိုက ၃ ယောက် ရှိတာ။ တစ်ယောက်ကို ခွဲပေးလိုက်လို့ ၂ ယောက်ကျန်နေတာ။ အနာကြီးတွေက ဆိုးလွန်းလို့ ကင်ဆာဆေး အရင်ပေးပြီးမှ ခွဲမယ် ဆိုပြီး ကင်ဆာဆေးတွေ ရအောင်မှာပြီး ပေးထားတယ်။ ပထမလတုန်းကတော့ ကြုံ့သွားသား။ ဒုတိယလမှာ မထူးခြားတော့ဘူး။ နေ့တိုင်း တနေ့ ၂ ခါ ဆေးထည့်ပေးနေရတာလည်းတော်တော် ဒုက္ခများတာ။ သွေးတွေလည်းထွက်လို့ တစ်ယောက်ကဆို သွေး ၂ လုံးသွင်းယူရတယ်။ အနာတွေကလည်း ရုပ်ပျက်ဆင်းပျက်၊ အနံ့ကဆိုးဆိုတော့ သူတို့လည်း ဒုက္ခများတာပဲ။ ဆေးရုံပိတ်တော့ ရွာထဲက ဘုန်းကြီးကျောင်းမှာနေပြီး နေ့တိုင်း ဆေးလာထည့်နေကြတာ။ Terminal […]

တီးပါတီ – ဒေါ်ကြည်အောင်

ဒေါ်ကြည်အောင်ရဲ့ ”တီးပါတီ” သီချင်းကို တင်ထားပါတယ်။ ရွှေတိုင်ညွန့် က ရေးပါတယ်။ စစ်ကြိုခေတ် မြန်မာ့ဂီတလောကမှာ သူတို့နံမယ်ကို ချန်ထားလို့မရပါဘူး။ ဆရာရွှေတိုင်ညွန့် က အံတီထားရဲ့အဖေ၊ ဇော်ဝင်းထွဋ် ရဲ့ အဖိုးဖြစ်ပြီး၊ မကြည်အောင် ကတော့ အငြိမ့်မင်းသမီး ဘဝထက် ဓါတ်ပြားအဆိုတော်ဘဝမှာ အောင်လံထူခဲ့သူဖြစ်ပါတယ်။ သူ့အသံဟာ မေရှင်တို့ လေပါတီတို့လို ချိုမနေပဲ သြသြကြီးနဲ့ အသံဝါကြီးပါ။ ဒါပေမယ့် အဆိုပညာမှာတော့ ပြိုင်ဖက်ကင်းပါတယ်။ မန္တလာမြင့်တို့ မအေးမိတို့ဟာ ဒေါ်ကြည်အောင် လက်ထွက်တွေပါတဲ့။ ကိုလံဘီယာ ဓါတ်ပြားကုမ္ပဏီ ရဲ့ ပင်တိုင်အဆိုတော်လည်း ဖြစ်ပါတယ်။ သူ့ခေတ်မှာတုန်းကတော့ ဒီသီချင်းကို ဘိုသံတွေပါလို့ ကာလပေါ်လို့ သတ်မှတ်ပါတယ်။ ​တီးပါတီ ဆိုတာကတော့ ဒီကနေ့ မင်္ဂလာဆောင်တွေမှာ ဧည့်ခံလေ့ရှိတဲ့ လက်ဖက်ရည်ဝိုင်းကို ခေါ်တာပါ။ ဘိုဆန်ချင်တဲ့ ချစ်သူကို […]