ချန်ဂင်တို့စခန်း (၂၇၆)

မနေ့ညက လက်နက်ကြီးတွေနဲ့ နီးနီးကပ်ကပ် ပစ်ထားတော့ ရှေ့တန်းမှာ လွှတ်ထားတဲ့ ဆေးရုံအဖွဲ့တွေကို စိတ်မချပါဘူး။ အဆင်ပြေမပြေ သွားကြည့်ချင်သေးတာ။ သို့သော်လည်း ဆေးရုံပိတ်ထားတဲ့ကြားထဲက လူနာတွေကလည်း အဆက်မပြတ် လာနေတုန်း။ ဒီအရပ်မှာ ငှက်ဖျားဖြစ်စရာ လူကို မကုန်နိုင်သေးပါလား။ ဆေးတွေ ထပ်ရောက်လာလို့သာ တော်တော့တယ်။ ဒဏ်ရာရတဲ့လူနာ စုစုပေါင်း ၅ ယောက် ရောက်လာပေမယ့် အပေါ်ယံ သေးသေးမွှားမွှား ဒဏ်ရာလေးတွေမို့ ဓါတ်မှန်ရိုက်ပြီး ထုံဆေးနဲ့ အစထုတ်လိုက်ရုံပါပဲ။ အငယ်တွေ လုပ်လို့ရလို့ စိတ်ချလက်ချ ထားခဲ့ပြီး ဟိုဘက်ဆေးခန်းကို ကူးပါတယ်။ ဟိုဘက်မှာ လူနာမလာပေမယ့်လည်း စစ်ပွဲနဲ့ နီးလွန်းတော့ ကိုယ့်လူတွေရဲ့ လုံခြုံရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးကိုပဲ ဂရုစိုက်ရတယ်။ သူတို့ဆီမှာလည်း ငှက်ဖျားနဲ့မကင်း။ ဗိုက်ကြီးသည်တစ်ယောက်ကတော့ ဒီမှာမွေးလို့ရမလား ဆို လာပြတယ်။ နေ့စေ့လစေ့ကြီး။ နန့်မွန်းဆေးရုံမှာ […]

သျှင်မွေ့နွန်း နဲ့ မင်းနန္ဒာ – မောင်နေဝါ၊ ခင်ဖြူကြည်

ဝီလျံရှိတ်စပီးယား ရဲ့ ရိုမီယို နဲ့ ဂျူးလိယက် ဇာတ်လမ်းမျိုးဟာ မြန်မာမှာလည်း ရှိခဲ့ပါတယ်။ သန်လျင်ဘက်ကိုရောက်လေတိုင်း လွမ်းစေတီလေးကိုမြင်ရင် ဟိုးအရင်က သျှင်မွေ့နွန်းမင်းသမီးလေး သူ့မောင်တော်ကို လာမျှော်တဲ့ နေရာလို့ ပြောကြစမြဲပါ။ အဲဒီကကြည့်ရင် တိဂုံဆံတော်ရှင်ကြီးကိုလည်း အထင်းသား ဖူးနိုင်တာကိုး။ ရန်ကုန်မြို့ဝန်းကျင်က ငမိုးရိပ်ချောင်းတို့ သန်လျက်စွန်းတို့ဆိုတာကလည်း ဒါဟာ ဒဏ္ဍာရီသက်သက်တော့ မဟုတ်ခဲ့ဘူး လို့ သက်သေထူနေသလိုပါပဲ။ အဲဒီဇာတ်လမ်းလေးကို ဂရိတ်ဦးဖိုးစိန်ကြီး ကတဲ့အခါ ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာ ပုဆိုးတွေ တထည်ပြီးတထည်လဲရင်း ရည်းစားဆီသွားဖို့ အလှတပြင်ပြင်လုပ််နေတဲ့ ဖိုးစိန်ကြီးကို ပရိသတ်က တယ်ပွဲကျဆိုပဲ။ ချစ်သူ သမီးရည်းစားဆိုတာ ဘယ်ခေတ်မှာမဆို ဇာတ်လမ်းအထွဋ်အထိပ်မှာ ရှိခဲ့တာချည့်ပဲလေ။ အဲဒီတော့ မြန်မာမှန်ရင် သျှင်မွေ့နွန်း နဲ့ မင်းနန္ဒာ ဆိုတာ မကြားဖူးတဲ့သူ မရှိသလောက်ပဲပေါ့။ ခု ဟယ်ရီပေါ်တာ တို့ရဲ့ […]

ချန်ဂင်တို့စခန်း (၂၇၅)

မုန်တိုင်းရဲ့မျက်စိ ဆိုတာ မုန်တိုင်းအလယ်မှာ ရှိနေပြီး အလွန်တည်ငြိမ်တယ် လို့ ပြောကြတယ်။ ကိုယ်တို့လည်း အခု မုန်တိုင်းမျက်စိထဲမှာ ရောက်နေကြသလား မပြောတတ်ပါဘူး။ သစ်ရွက်ကလေးတွေတောင် မလှုပ်ခတ်ဘူး။ တည်ငြိမ်အေးဆေးလို့နေတယ်။ စစ်ပွဲရဲ့ အလယ်ပဟိုရ်ချက်မကြီးမှာ ရှိနေလျက်နဲ့လေ။ ကားတွေဆိုင်ကယ်တွေ အဝင်အထွက် ပိတ်ချလိုက်တော့ ဈေးသည်တွေတောင် မလာနိုင်တော့ဘူး။ ရိက္ခာခြောက်တွေလည်း စားရင်းနဲ့ ကုန်တော့မယ်။ ညောင်ပင်ဘက်က မွေးလူနာတစ်ယောက် လာချင်တယ် လို့ ဖုန်းဆက်သော်လည်း လုံးတုံမှာ စစ်မျက်နှာဆိုင်ထားလို့ လာမရဘူး။ မနေ့ကတော့ အူအတက်ယောင်တဲ့ PDF ကလေးတစ်ယောက် ရောက်အောင်လာလို့ ခွဲပေးထားတယ်။ ကျန်တာတော့ အထိအခိုက် မရှိပါဘူး။ အရမ်းကို တည်ငြိမ်နေတယ်။ ရွာမှာလည်း လူတောင် မရှိသလောက်ပဲလေ။ ရှိတဲ့သူကလည်း ကိုယ်တွေလို နားကလေးစွင့်လို့ အရိပ်အခြေကြည့်ပြီး နေနေကြတာ။ စစ်တိုက်မယ့်သူတွေလည်း အသံမထွက်ပဲ […]

ပဥ္ဇင်းအမ – ထား

မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ ဗုဒ္ဓဘာသာအဆုံးအမနဲ့ ကင်းတယ်လို့ မရှိပါဘူး။ အင်္ဂလိပ် မအုပ်ချုပ်ခင်က မြန်မာလူမျိုးတွေရဲ့ ပညာရေးကိုလည်း ဆရာတော် သမားတော်များကသာ ပို့ချ သင်ကြားပေးခဲ့တာပါ။ မင်းတုန်းမင်းကြီးတောင် ဘုန်းကြီးကျောင်းသားဘဝက လာခဲ့သေးတာလေ။ မြန်မာလူမျိုးများဟာ သားယောင်္ကျားလေးမွေးရင် “သာသနာ့အမွေခံ မောင်ရင်လောင်းလေး ရပဟဲ့” လို့ ၀မ်းမြောက်ကြတဲ့သူတွေပါ။ သားရှင်ပြုုဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိဘများ စုဆောင်းလေ့ရှိကြပါတယ်။ သားကိုရင်က သာသနာ့ဘောင်မှာ ပျော်လို့ “ပဥ္ဇင်းတက်မယ်” လို့ဆိုရင် မိဘများထီပေါက်သလို “တို့တော့ ပဥ္ဇင်းတကာ ပဥ္ဇင်းအမဖြစ်ရတော့မယ်။” ဆိုပြီး နှစ်ထောင်းအားရ ဖြစ်ကြရတာပေါ့။ ရဟန်းမယ်တော် ဘတော် များဟာ အနိစ္စရောက်တဲ့အခါတောင် ရွှေထီးရံခွင့်ရပေတာကိုး။ ခေတ်တွေပြောင်းလာတဲ့အခါ မောင်ရင်လောင်းလေးလည်း နွေကျောင်းပိတ်တုန်းလေးပဲ ပျော်ကြရပြီး၊ မောင်ပဥ္ဇင်းတို့လည်း ဒုလ္လဘပဲ ၀တ်နိုင်ကြပါတော့တယ်။ ဒီသီချင်းထဲမှာတော့ မကြည်အောင်က သူ့ချစ်သူ ပဥ္ဇင်းတက်ချင်တယ်ဆိုတော့ […]

နှစ်ပိဿာခွဲ – တင်တင်မြ၊ ချိုပြုံး၊​ ဝင်းဦး

ဒီသီချင်းကလေးက “တကျော့နှစ်ကျော့ တေးကိုသီ” ရုပ်ရှင်ကားထဲမှာ ကိုဝင်းဦီး ပြန်လည် ဖော်ထုတ်ခဲ့တဲ့ တေးတစ်ပုဒ်ပါ။ မူရင်းကတော့ လေပါတီမမြရင်ဆိုပြီး ဆရာ မြို့မငြိမ်း ရေးတာပါ။ ရုပ်ရှင်ထဲမှာတော့ တင်တင်မြ၊ ချိုပြုံးနဲ့ ၀င်းဦးတို့က ပြန်ဆိုထားပါတယ်။ ကိုဝင်းဦးဟာ သီချင်းဟောင်း၊ သီချင်းကောင်းတွေကို ပြန်လည်ဖော်ထုတ်တဲ့နေရာမှာလည်း အင်မတန် တော်ပြီး နေရာတကျ စီမံ သုံးတတ်ပုံကိုလည်း အံ့ချီးမိပါတယ်။ ဦးသော်တာနဲ့ မအေးကြည်တို့ရဲ့ အရွှန်းဖောက်တဲ့အိုက်တင် ကိုလည်း ပြန်မြင်မိပါရဲ့။ ဘယ်အခါပြန်ကြည့်ကြည့် မရိုးတဲ့ မြန်မာတေးသံစုံ ဂန္ဓဝင်ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ အဲဒီဇာတ်ကားဟာ မြန်မာ့အသံက နံမည်ကျော် အဆိုတော်နှစ်ယောက်ကို မင်းသမီးဖြစ်အောင် တင်ပေးခဲ့ပြီး အံတီချိုပြုံးကြီးဆို ကနေ့ထိ ပိတ်ကားပေါ်မှာရော စင်ပေါ်မှာပါ တွေ့နေရဆဲပေါ့။ မြန်မာအဆိုတော်တွေထဲမှာ ဒေါ်တင်တင်မြလို အသံမျိုးကတော့ ရိုးစွဲမရှိပါဘူး။ သီချင်းမဆိုပဲ စကားအဖြစ်ပြောနေရင်တောင် […]

ချန်ဂင်တို့စခန်း (၂၇၄)

ကိုယ်တို့တတွေ သံလမ်းရိုးဘက် တက်တုန်းက သုမေဓာရှင်ရသေ့ ဇာတ်ပဲ ကခဲ့ရတာ။ အခု ကိုယ်တို့ဆရာတော် တံတားဦးက ကြွလာမှပဲ ရှင်မောဂ္ဂလန် ခိုးသား ၅၀၀ နဲ့ တိုးသလို ဘဝနတ်ထံ ပျံလွန်တော်မူရရှာတယ်။ ရင်နာပေမယ့်လည်း အဆန်းတကြယ်တော့ မဟုတ်ရှာပါဘူး။ မအလ လက်ထက်မှာ လူတကာကြုံနေကျ ရန်သူမျိုးငါးပါး အန္တရာယ်တွေပါ။ ပြီးရင် သူတို့ မဟုတ်ပါဘူး ဗြောင်လိမ်ဗြောင်ငြင်း လုပ်တာကလည်း အမြဲတမ်း လုပ်နေကျမို့ အဆန်းတကြယ် အံ့ဖွယ်သုတ မဟုတ်တော့ဘူး။ စကတည်းက မဲခိုးလို့တောင် မနိုင်တာနဲ့ သူခိုးက လူဟစ်ပြီး ဗြောင်လိမ်ဗြောင်စား အာဏာသိမ်းတဲ့ကောင်တွေ မဟုတ်လား။ အလိမ်အညာဆိုတာ တစ်ခါ အစလုပ်မိပြီးရင် မဆုံးနိုင်အောင် လိမ်ပြီးရင်း လိမ်ရင်းနဲ့ အလိမ် ပေါ်လာရတာပဲ။ ဘုန်းကြီးရဟန်း သတ်ပြီးမှ မုသာဝါဒလေး အဆစ်လိုက် […]