ချန်ဂင်တို့စခန်း (၂၆၀)

အောက်ပြည်အောက်ရွာမှာ မိုးသက်လေပြင်းတွေတောင် တိုက်ခတ်နေပြီ လို့ ပြောသံကြားတယ်။ ဒီမှာလည်း ၂ ရက်တစ်ခါ၊ ၃ ရက်တစ်ခါလောက် မိုးရွာပါတယ်။ လေပြင်းပြင်းတိုက်ပေမယ့် မုန်တိုင်းတော့ မဟုတ်သေးဘူး။ မုန်တိုင်းတွေက မြန်မာပြည်မြောက်ဖျားကို ရောက်ရင် အားပျော့သွားပြီး မိုးချည့်ပဲ သည်းသည်းမည်းမည်း ရွာတတ်တာမျိုးပါ။ ဒီကရေတွေနဲ့မှ ဧရာဝတီအဖြစ် တပြည်လုံးကို ဖြတ်သန်းစီးဆင်းရမှာ မဟုတ်လား။ ရွာပါစေလေ။ ကိုယ်တွေလည်း အေးအေးချမ်းချမ်း နေရတာပေါ့။ ကိုယ့်နေရာက အင်းတော်ကြီးကန်ရဲ့ သဘာဝပတ်ဝန်းကျင် နဲ့ ဇီဝစက်ဝန်းထဲမှာ ပါတာဆိုတော့ သူ့ eco system ကြီး မပျက်စီးပဲ ဖြစ်စဉ်ဖြစ်မြဲ ဖြစ်နေကျသော သဘာဝတရားကြီးအတိုင်း သမားရိုးကျ ရှိနေတာ ကောင်းပါတယ်။ ရွှေတွေကျောက်တွေ မတရားသဖြင့်တူးလွန်းလို့ မြေဆီလွှာတွေ အထက်အောက် ကျွမ်းသဒ္ဒါလန်ကုန်တာတောင် အင်မတန် နှမျောဖို့ကောင်းတာ။ ဒီလိုဆိုရင် […]

ချန်ဂင်တို့စခန်း (၂၅၉)

မိုးတွေ အုံ့လိုက်ရွာလိုက်နဲ့ လေးငါးရက် ရှိတဲ့အခါ ရာသီဥတုကလည်း ချက်ချင်းပြောင်းသွားပါတယ်။ အနွေးထည်တွေ ဘာတွေတောင် ပြန်ထုတ်ဝတ်ယူရတယ်။ ဆိုလာတွေ အားပြန်မပြည့်တော့ဘူး။ ရုတ်တရက်ကြီး မိုးတွင်းရောက်သွားသလိုပါပဲ။ ဟိုးအရင်နှစ်ကလည်း သင်္ကြန်ပြီးတာနဲ့ ဝါဝင်တဲ့အထိ တောက်လျှောက် မိုးတွေရွာဖူးတာမို့ အခုလည်း ဘယ်ပြောနိုင်ပါ့မလဲ။ ခြင်တွေပေါလာလို့ ငှက်ဖျားလူနာတွေ တက်လာတာနဲ့ ဆေးတွေပဲ တွင်တွင်မှာနေရတယ်။ မနှစ်ကတုန်းကလိုဆို ကြောက်စရာကြီးရယ်။ ရွာထဲကို ဗုံးလာကျဲတော့ ရွာသားတွေက လယ်တောထဲကို ထွက်ပြေးပြီး ပုန်းအိပ်ကြရတယ်။ အဲ့ဒီမှာ ခြင်ကိုက်တော့ အခု တစ်ရွာလုံး ကလေးလူကြီးမကျန် ငှက်ဖျားမိလာကြရော။ ဆေးရုံက လူတွေပါ ဖျားကြတယ် ပိုးတွေ့တယ်လေ။ မှာထားတဲ့ဆေးတွေ ရောက်မလာသေးတော့ စိတ်ထဲမှာ နေလို့မဖြောင့်ဘူး။ ခြေဆုံးခေါင်းဆုံး Daily dressing ထည့်ရတဲ့ လူနာတွေလည်း များသမို့ ဂွမ်းတွေပတ်တီးတွေတောင် မှာလို့မလောက်အောင် […]

ချန်ဂင်တို့စခန်း (၂၅၈)

ဆယ်ဇင်းစစ်ပွဲက ပြီးသွားပါပြီ။ စကစတွေက ၁၁၆ တပ်ရင်းရော ရဲစခန်းရော စွန့်ခွါသွားခဲ့ပြီ။ သူ့အနားဝန်းကျင်မှာ စစ်ကောင်စီစခန်းဆိုလို့ အင်းတော်ကြီးက လုံးတုံဂိတ်မှာတစ်ခု၊ ဟိုဘက်မှာဆိုရင် ဖားကန့်က တပ်တွေပဲ ရှိတော့မယ်။ ဒါပေမယ့်လည်း ကိုယ်ခန့်မှန်းထားသလို လူနာတွေက ဆက်ပြီး လာနေတယ်။ ထူးဆန်းတာကတော့ နောက်ဆုံးရောက်လာတဲ့ လူနာ နှစ်ယောက်ဟာ အရင်က ရောက်နေကျ ဗုံးဆံမှန်လူနာတွေနဲ့ မတူတာပါပဲ။ မတူတာမှ တော်တော့ကို မတူတာပါ။ ၃၀.၄.၂၀၂၄ ည ၈ နာရီခွဲလောက်မှာ drop bomb မှန်တဲ့ လူနာတစ်ယောက် လာပါတယ်။ ဒဏ်ရာက နောက်ကျောဘက် လက်ပြင်ရိုး ၂ ခုကြားမှာ။ အဝင်အထွက် ၂ ပေါက်လို့ ထင်တာပဲ။ လိပ်ပြာပုံရှိတယ်။ အထဲကို ဗုံးဆံဝင်သွားသလား သိချင်လို့ ရင်ဘတ်ဓါတ်မှန်ရိုက်တယ်။ ဘာမှမရှိဘူး။ […]