ချန်ဂင်တို့စခန်း (၂၆၆)

လောက်ကိုင်မှာတုန်းက မီးအိမ်နီလေးတွေနဲ့ ပချုပ်တန်းရောက်ရင် ကွန်မြူနစ်နိုင်ငံတွေရဲ့ ဓလေ့အတိုင်း ကုန်ဈေးနှုန်းတည်ငြိမ်အောင် ထိမ်းထားပေးလို့ ထင်ပါရဲ့ ဘယ်ဆိုင်ဝင်ဝင် ဘယ်သူ့ကို ခေါ်ခေါ် “တရေးချစ်ခွင့် ကြင်ရနိုးရှင့်” ဆိုရင် ယွမ် ၁၅၀ ပဲ ကျပါတယ်။ အိုင်ဖုန်းအသစ်ကလေးလို unboxing လုပ်ချင်တယ်ဆိုမှ ကြိုက်ဈေးတောင်းတာ။ တရုတ်ပစ္စည်း export quality ဆိုတော့ သုံးမကောင်းလို့ ပြန်လဲရင်သာ လဲရမယ်။ အမြင်ကတော့ ဖြူဖြူလှလှ ပိန်ပိန်ပါးပါး ဝယ်ချင်စရာလေးတွေပါလေ။ သို့ပါသော်လည်း ဗမာဆေးရုံရှေ့ ဘလူးဗီဒီယိုရုံတန်းကလေးမှာတော့ “မြန်မာမလေးပါရှင်။ မင်ဂယ်လာဘာရှင့်” တွေ ရှိတယ်။ သူတို့ကတော့ အပ်ဆစ်ခွိုက် လို့ တောင်းကြတယ်။ ယွမ် ၂၀ ပဲ ပေးရတာလေ။ သူလည်း ဒီပစ္စည်း ကိုယ်လည်း ဒီပစ္စည်းနဲ့ လုပ်စားတာချင်းအတူတူ မြင်တင့်တွေရဲ့ဘဝက အဲ့သလိုကို […]

ချန်ဂင်တို့စခန်း (၂၆၅)

ည ၁၁ နာရီလောက်ကြီး လေယာဉ်လာသံကြားရတယ်။ အပေါ်မှာ ဝဲနေတုန်းပဲ။ ပေါက်ကွဲတဲ့အသံတော့ မကြားရ။ မိုးတွေအုံ့ပြီး တိမ်တွေဖုံးနေသေးတာကိုး။ လေယာဉ်သံပျောက်သွားပြီး တအောင့်လောက်ကြာမှ မိုးတွေရွာလာတယ်။ ကြောက်စရာတော့ မရှိပါဘူး။ ရိုးသွားပြီ။ ၃ နှစ်လုံးလုံး ဒီလိုပဲ နေလာတဲ့ဥစ္စာ။ တခါတခါတော့လည်း ရွှီ ဆို အုန်းကနဲ ဒိုင်းကနဲ ကြားတဲ့အခါ ကြားတယ်။ လေယာဉ်မလာပဲ လက်နက်ကြီးသံပဲ ကြားတဲ့အခါလည်း ကြားတာပဲ။ စစ်ဖြစ်နေတဲ့အရပ်မှာ ဒါတွေ မထူးဆန်းဘူး။ ဒဏ်ရာရတဲ့လူနာတွေ ရောက်ချင်ရောက်လာလိမ့်မယ်။ “ရောက်လာချိန်မှာတော့ အဆင်သင့်ဖြစ်အောင် အမြဲတမ်းပဲ ခင်းကျင်းထားပါတယ်။” ပေါ့။ ရွာထဲဝင်စီး၊ ပစ္စည်းယူ၊ လူသတ်၊ မီးရှို့တာလား။ ကြုံဖူးပါတယ်။ ကြုံဖူးပါတယ်။ တစ်ခါနှစ်ခါမှ မဟုတ်တာ။ ဒီတစ်နေရာတည်းမှာလည်း မဟုတ်ဘူးလေ။ သုံးနှစ်တောင်ရှိပါပြီ ဆိုမှပဲ။ တချို့ဆို ပြန်စရာအိမ် […]

ချန်ဂင်တို့စခန်း (၂၆၄)

လေယာဉ်တွေက လာတော့လာတယ်။ ကိုယ်တို့ဘက်ကို မဟုတ်ဘူး။ လိုင်ဆာတဝိုက်ကို အသည်းအသန် မည်းနေပြန်ပြီ။ ဝိုင်းမော်မှာ အလဲလဲအကွဲကွဲဖြစ်နေတာကိုး။ မြစ်ကြီးနားဘက်တောင် လက်နက်ကြီးတွေ ကျကုန်ပြီ။ သို့သော်လည်း သူတို့လေကြောင်းပစ်ကူဆိုတာက ဒလန်မပါရင် ဟိုနေရာရမ်းချ ဒီနေရာရမ်းချနဲ့ ဆီကုန်ကျည်ကုန်ရုံပဲ ရှိမှာပ။ မနေ့တနေ့ကမှ ရောက်လာတဲ့ကိုယ်တောင် လွတ်အောင် ရှောင်တတ်သေးတာ။ အနှစ် ၇၀ လောက် သူတို့နဲ့ စစ်တိုက်လာတဲ့ ကချင်တွေက ပျင်းတောင်ပျင်းသေးတယ်။ စစ်ကောင်စီဟာ ဘယ်လိုပဲ ကောက်ကျစ်ယုတ်မာတဲ့နည်းလမ်းတွေသုံးသုံး တိုင်းရင်းသားပြည်နယ်တွေအားလုံးကို လက်လွှတ်ဆုံးရှုံးရတော့မယ် ဆိုတာ သေချာသထက် သေချာလာပြီ။ ဒါကြောင့်မို့ နောက်ပိုင်းပွဲတွေမှာ သူတို့သုံးတဲ့ဗျူဟာတွေက ခံစစ် ထိုးစစ်တွေထက် တိုင်းရင်းသားတွေ မညီမညွတ်နဲ့ အချင်းချင်းထချကုန်ဖို့ သွေးခွဲရန်တိုက်ပေးတာကိုပဲ သုံးတော့တယ်။ ကသောင်းကနင်းတွေဖြစ်မှ ညွန့်ဝင်းက မြင်းစီးပြီး ပြန်လာမယ်ပေါ့။ ဟုတ်စ။ သူ့အဖေကဖြင့် သေတာကြာလှပြီ။ […]

ချန်ဂင်တို့စခန်း (၂၆၃)

ဒီလိုနဲ့ပဲ စစ်ပွဲတွေတစ်ခါ ရောက်လို့လာပြန်ပါပေါ့လေ။ ကိုယ်တို့တွေလည်း လုံခြုံရာ တစ်ခါထပ်ရွှေ့ရပြန်တာပေါ့။ လူလာရင် လှစ်ကနဲ လှစ်ကနဲ ပြေးတဲ့ တောရိုင်းသတ္တဝါလေးတွေလိုပဲ ကိုယ်တို့လည်း စစ်လာရင် ဖြတ်ကနဲဖြတ်ကနဲ ဘေးလွတ်ရာရှောင်ရင်း ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြတာပေါ့ကွယ်။ ဒီလိုလုပ်နိုင်ကိုင်နိုင်အောင်ပဲ ပြုပြင်ဖွဲ့စည်းထားရတာ မဟုတ်လား။ ဆေးရုံကို ဆေးရုံလိုဆောက်ပြီး ဆရာဝန်လို ဆေးကုနေရင် စစ်သားတွေက စစ်သားပီပီ ဗုံးလာကျဲမှာပေါ့။ ကံချည့်ပဲ ကောင်းနေတာ မဟုတ်ဘူး။ ဉာဏ်လည်းကောင်းလို့ အသက်ရှင်နေသေးတာ။ ကိုယ်တို့အဖွဲ့သားတွေအားလုံး လုံခြုံတယ်။ ဘေးကင်းတယ်။ ကိုယ့်အလုပ်ကိုယ် တက်တက်ကြွကြွ လုပ်နိုင်ကိုင်နိုင်တယ်။ ကြိုက်တဲ့အချိန် လူနာလာပစေ။ အဆင်သင့်ပဲ။ စစ်သားတွေ ရှေ့တန်းမှာ နေရာယူသလိုမျိုးပဲ ကိုယ်တို့လည်း တောထဲမှာ ဖြန့်ကျက်နေရာယူထားတယ်။ စစ်မိစ္ဆာတွေကို ရင်ဆိုင်တဲ့တိုက်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရတာပေါ့။ အခုတစ်ခေါက် ဖြစ်တဲ့တိုက်ပွဲကတော့ ဆယ်ဇင်းတစ်ဘက်ကမ်း၊ မန်စိမ်းချောင်းဟိုဘက်၊ […]

ချန်ဂင်တို့စခန်း (၂၆၂)

ညဘက် အိပ်ယာဝင်ချိန်မှာ အိုက်ပေမယ့် သန်းခေါင်လောက်ဆို အေးလာလို့ တံခါးထပိတ်ရရော။ အရုဏ်တက်ချိန်ကျ စောင်ပြန်ရှာရတယ်။ တော်သေးတာပေါ့။ အဲကွန်းမရှိပဲ အိပ်လို့ရတာ။ မနက် ၈ နာရီ ၉ နာရီအထိတော့ သာသာယာယာပါပဲ။ မပူသေးဘူး။ ဒီလိုနဲ့ပဲ နေ့သစ်တစ်နေ့ကို စကြတာပေါ့လေ။ ဆေးရုံမှာ လူနာတွေ ရောက်လာပြီမှလား။ ငှက်ဖျားဆေးတွေ ရပြီမို့ သိပ်တော့ ပူစရာ မရှိဘူး။ ရောက်တာနဲ့ နောက်တစ်သုတ်လည်း ထပ်မှာထားပြီ။ ကျန်တာတော့ ရောက်လျားပဲ။ ရာသီဥတုပူတော့ သက်ကြီးရွယ်အိုတွေလည်း အပူပန်းပန်းကြတယ်။ တခြား ထွေထွေထူးထူး မရှိပါဘူး။ Just another day in Paradise လို့ပဲ ပြောရမယ်။ စစ်ပွဲခဏနားတုန်း။ ပြန်မစခင် မောင်းတင် ကျည်ဖြည့် အနေအထားပေါ့။ ကိုယ်တို့လည်း ဆေးဝါးရိက္ခာ ဖြည့်တင်း၊ […]

ချန်ဂင်တို့စခန်း (၂၆၁)

ကမ္ဘာဦးအစက တောရိုင်းတိရိစ္ဆာန်တွေအလယ်မှာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေ စတင်ထွန်းကားလာပြီ ဆိုတဲ့ အထောက်အထားကို ဘာနဲ့ သက်သေပြကြမလဲတဲ့။ “ဗြဟ္မာကြီးတွေဟာ ကမြင်းပြီးတော့ ခံတွင်းသွင်းလို့ စားကာမျိုသည်။” ဆိုတာ အဌကထာ ဆရာတွေက ရေးတာ။ ဘာအထောက်အထား မှ မရှိဘူး။ အာဒံရယ် ဧဝရယ် ဧဒင်ဥယျာဉ်ရယ်ဟာလည်း သမ္မာကျမ်းစာထဲမှာပဲပါတယ်။ အထောက်အထား မရှိဘူး။ သမိုင်းဆိုတာ ခိုင်လုံတဲ့အထောက်အထား မပါရင် ပါးစပ်ရာဇဝင်ထဲမှာပဲ လမ်းဆုံးတယ်။ “ယုံချင်ယုံ၊ မယုံချင်နေ” ဆိုတဲ့သဘော။ ဒါမျိုးဆို သူများနိုင်ငံက လူတွေက အာနန္ဒာဘုရားထဲမှာ “This is a statue of Boudha, built by King Kyan Sitt Thar.” ဆိုပြီး တကောက်ကေက်လိုက်ရှင်းပြတဲ့ ကလေးတွေဆီက စကားလိုပဲ သဘောထားတာ။ […]