ချန်ဂင်တို့စခန်း (၂၅၂)

“မှော်ရုံနယ်မြေ ချစ်ဦးရာမ” ဒုံး ဒုံး “သီတာရွှေစင် မောင်ကြီးနှမ” ဒုံး ဒုံး ဒုံး “ညီငယ်ဖော်မကွာ အတူလိုက်လာရ” “နေရာလည်းမရ မောင်လေးလက္ခဏဘဝ” ဒီသီချင်းကြားရင် ယူတို့ကတော့ ဖင်လေးလိမ်ကျစ်လိမ်ကျစ်နဲ့ ကနေတဲ့ တိုင်ရွန်ကို မြင်ယောင်မှာပေါ့။ အိုင်ကတော့ မော်လမြိုင်မှာ “ချစ်သူဝေးဝေး သွားပါနဲ့လားကွယ်” လုပ်နေရတဲ့ ဒုချုပ်ကြီးကိုပဲ မြင်ယောင်ပါတယ်။ ဟျောင့်ရေ မင်းတော့ အချွန်နဲ့ မခံရပြီ။ ဒိန်းဂျားပဲ။ တာ့ကောကြီးက ထိပ်ဆုံးက ၉ ယောက်မှာ ၅ ယောက်က ကျားဖြန့်နဲ့ ဆနွင်းမကင်းတွေ ဖြစ်နေလို့ လောက်ကိုးကောင် ဆိုပြီး သတင်းစာထဲမှာ ရေးနေတယ်။ ဆိုးတာက မကင်းတဲ့ထဲမှာ ကြင်စိုးပါပြီး ကင်းတဲ့ထဲမှာ မောင်လေးလက္ခဏကို ထည့်လိုက်တော့ “ဒါက ဘာအထာလဲ။ အနော်ရထာလား။” လို့ မေးကြည့်ပါဦး။ […]

ချန်ဂင်တို့စခန်း (၂၅၁)

ရာသီဥတုက ပူလိုက်တာ။ ဒါပေမယ့် မနက်စောစော နေမထွက်ခင်မှာတော့ ချမ်းနေတုန်းပဲ။ အဲ့ဒီအချိန်လောက်ဆို အိမ်ကကောင်ကလည်း အိပ်ယာပေါ် အတင်းတက်ပြီး ပါးလျက်နားလျက်နဲ့ နှိုးတော့တာ။ ကုတင်ခေါင်းရင်းက ပြူတင်းပေါက်လေး ဖွင့်​ပေးလိုက်ရင် ခုန်ထွက်သွားပြီး သူ့ကိစ္စသူသွားရှင်းတယ်။ ပြန်လာရင် တံခါးကို လက်နဲ့ပုတ်ပြီး ဖွင့်ခိုင်းတယ်။ သူ့အတွက် အိမ်ဆောက်ပေးထားလည်း အဲ့ဒီအိမ်မှာ မနေဘူး။ ခုတင်ဘေးမှာ အိပ်ယာပြင်ပေးထားလည်း တရေးနိုးတာနဲ့ လူဘေးမှာ တိုးဝှေ့ပြီး ဝင်အိပ်ရော။ ကြိုးချည်ထားစရာ မလိုတော့ဘူး။ လူမြင်ရင် မြင်တဲ့နေရာက ပြေးလာပြီး တကောက်ကောက်လိုက်တယ်။ အလိုလိုက်မှန်းသိလို့ ဆိုးလာပြီ။ တုတ်ကလေးပြပြပြီး ထိန်းရတယ်။ ရန်ကုန်က ကာကွယ်ဆေးတွေ ရောက်လာလို့ ထိုးပေးပြီးပြီ။ နောက်ရက်ကျရင် သံချပေးရဦးမယ်။ သူလည်းပဲ အပူဒဏ် မခံနိုင်တဲ့ထဲမှာပါတယ်။ မနက်ခင်းသာ ခုန်ပေါက်ပြေးလွှားနေတာ။ နေ့ခင်းဘက် ပူလာရင် အိမ်ထဲက […]

ချန်ဂင်တို့စခန်း (၂၅၀)

တောထဲကဆေးရုံကလေးတစ်ခုမှာ “ဘယ်ဆရာကမှ ဆက်ကုမပေးတော့ဘူး။ လက်လျော့လိုက်ပြီ။”ဆိုတဲ့ ရင်သားကင်ဆာလူနာ ၃ ယောက်တောင် ရောက်နေတယ်ဆိုတာ နည်းနည်းတော့ လွန်လွန်းသလိုပဲနော်။ ခွဲလို့ရသေးတယ်ဆိုတဲ့တစ်ယောက်ကိုတောင် ချက်ချင်းခွဲမပေးနိုင်သေးဘူး။ သွေးတိုးတွေ၊ ဆီးချိုတွေ၊နှလုံးရောဂါတွေ ရှိနေလို့ သမားတော်နဲ့ပြပြီး ဆေးအရင်ကုနေရတယ်။ ကျန်တဲ့နှစ်ယောက်ကတော့ မခွဲခင် ကင်ဆာဆေးအရင်သွင်းပြီး ကြုံ့သွားမှ ခွဲလို့ရလိမ့်မယ်။ တစ်ယောက်ကတော့ မနှစ်ကကတည်းက ခွဲပေးပြီး ကင်ဆာဆရာဝန်ဆီ လွှတ်လိုက်တာ။ မသွားပဲ အခု နောက်တစ်ဘက်ရော အရင်နေရာမှာပါ ပြန်ထွက်လာမှ “ခွဲပေးဦး။” ဆို ပြန်လာတာ။ ဆေးတွေက မှာထားတယ်လေ။ မရောက်သေးဘူး။ Lymphoma လူနာကလည်း ၂ ယောက်ရှိတယ်။ ဒါတောင် စစ်ပွဲအတွင်းမှာ တစ်ယောက်က သေသွားလို့။ တစ်ယောက်က ဆေးသွင်းနေဆဲ။ တစ်ယောက်ကတော့ ဆေးသွင်းပြီး ၁ နှစ်ခွဲအကြာမှာ ပြန်ဖြစ်လာတာ။ သိပ်တော့ ကြာတော့မယ် […]