ချန်ဂင်တို့စခန်း (၂၃၆)

“ကြည်အောင် မောင့်ကို ပြောမယ်နော်။ ရဟန်းဘဝကို ရနိုင်ခဲသတဲ့ ပျို့မောင်တော်။ မောင်လည်းပဲ သာသနာ့ဝန်ထမ်း သင်္ကန်းဝတ်မယ်ဆိုသော်။ ချစ်ပေမယ့်လို့ မခွဲနိုင်ပေမယ့်လို့ တရားနဲ့သာပျော်။ မဖျက်ဆီးတယ် မဂ်ခရီးတွက် ရက်အနည်းငယ် ခွင့်ပြုနိုင်မယ်တော်။” အိမ်း။ ကိုယ်တို့ မြန်မာနိုင်ငံမယ် ၂၀၂၄ ခုအတွက် ခေတ်အစားဆုံး ဆံပင်ကေကတော့ ကျော်ရဲအောင်ရဲ့ အကယ်ဒမီပွဲတက် ဖက်ရှင်ကေ ဖြစ်မလား မသိပါဘူး။ လိုအပ်ရင် ယူနီဖောင်းလေး ကောက်ချိန်းလိုက်ရုံနဲ့ လက်အုပ်ချီ ဘုရားထူးခံရဖို့ အဆင်သင့် ဖြစ်သွားတာကိုး။ အရင်ဘဝက သင်္ကန်းလှူဖူးရင် “ဧဟိ ဘိက္ခု” ခေါ်လိုက်ရုံနဲ့ ရဟန်းတန်းဖြစ်တယ်ဆိုတာ ဒါမျိုးနေမှာ။ စစ်တာမစစ်တာ နင်တို့အလုပ် မဟုတ်ဘူးလေ။ သင်္ကန်းဝတ်ထားရင် “ဖာသည်မရီး” လို့ ဆဲလည်း “တင်ပါ့ဘုရား။” လိုက်ရတယ်။ ရိုင်ဖယ်ကြီးကိုင်ပြီး တဒိုင်းဒိုင်းနဲ့ ပစ်သတ်နေလည်း နိဗ္ဗာန်ပို့တယ် […]

ချန်ဂင်တို့စခန်း (၂၃၅)

လေပြင်းမုန်တိုင်းတွေ တိုက်ခတ် လာတဲ့အခါကျရင် သစ်ကြီးဝါးကြီးတွေက အကိုင်းတွေ ကျိုးတာကျိုး၊ အမြစ်ကလဲလိုလဲ၊ လေဒဏ်မိုးဒဏ် ခံလိုက်ကြရတာ။ အုံနဲ့ကျင်းနဲ့ အစုလိုက်အစည်းလိုက်နေမှ ကြံ့ကြံ့ခံနိုင်တာ လို့ ပြောကြတာပဲ။ ပဲ့ပြားပင်လို လေယူရာတိမ်း ယိမ်းနွဲ့ပါးတွေကသာ မုန်တိုင်းစဲတဲ့အထိ မပျက်မစီး ကျန်တာ လို့လည်း သင်ခန်းစာယူတဲ့သူက ယူကြတယ်။ ဒါပေမယ့်လည်း အပွင့် အသီး အရွက် အခက်တွေက လေကြမ်းနဲ့အတူ လွင့်စင်ဝေးကွာသွားပြီး အရပ်တပါးမှာ အစေ့ထွက် အညှောင့်ပေါက်လို့ ဘဝသစ်ကို ပြန်စကြရတယ်။ လူတွေမှာလည်း အဲ့ဒီသဘောအတိုင်း ရှိပါတယ်။ နံမည်လှလှပေးရင်တော့ “Diasporas “ လို့ ခေါ်ရမှာပေါ့။ ဝေးလွင့်သွားသော သားချင်းများ လို့ ပြောတာ။ ကိုယ်တို့တိုင်းပြည်ကနေ အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံခြားမှာ ရပ်တည် အခြေချနေထိုင်သူတွေ အများကြီး ရှိတယ်လေ။ အခု […]

ချန်ဂင်တို့စခန်း (၂၃၄)

ကိုယ်တို့ငယ်ငယ်တုန်းကတော့ ဆန်ဆိုတာ သမဆိုင်က ဝယ်ရတဲ့ဟာမို့လို့ ခဲ သလဲ ဖွဲ ဆန်ကွဲ မစင်ဘူး။ ထမင်းချက်ခါနီးတိုင်း ဆန်မဆေးခင် ဆန်ကောလေးတစ်ချပ်နဲ့ ပျာတီးသန့်စင်ပြီး စပါးလုံးကောက်ရတယ်။ ဆန်တွေကို ဆန်ကောထဲထည့်ပြီး လေးငါးချက်လောက်မွှေ့ ၊ ဗျပ်ကနဲဗျပ်ကနဲ ခါထုတ်လိုက်ရင် စပါးလုံးကသပ်သပ်၊ ဆန်ကွဲကသပ်သပ်၊ ခဲလုံးကသပ်သပ်၊ သူ့ဟာနဲ့သူ တူရာတူရာ စုသွားပြီး မလိုချင်တာကို ကောက်ယူလွှင့်ပစ်လိုက်ရုံပဲ။ ဆန်ကျိုးဆန်ကွဲတွေဆိုလည်း ဆန်ကောင်းနဲ့ တူတူရောမချက်ပဲ ဆန်ပြုတ်ပြုတ်ဖို့၊ ခွေးစာဝက်စာကျိုဖို့လောက်သာ ထားတယ်။ ဟော အခု ခွေးပစ်တဲ့တုတ်က အာဏာထသိမ်းလိုက်တဲ့ ၃ နှစ်ကာလမှာလည်း ဆန်ကောဝိုင်းဆန်ပျာလိုက်သည့်အလား တူရာတူရာတွေစုသွားကြတာပါပဲ။ ကိုယ်တွေက ကိုယ်တွေသပ်သပ်၊ ဟိုခွေးသူတောင်းစားတွေက ခွေးသူတောင်းစားသပ်သပ် ဖြစ်သွားတာ မြင်တယ်မှလား။ ဒီဘက်မှာ ရှိနေတာ ဘယ်လိုလူတွေလဲ၊ ဟိုဘက်မှာ အမြီးနန့်နေတာ ဘာကောင်တွေလဲ။ သိသိသာသာကို […]

ချန်ဂင်တို့စခန်း (၂၃၃)

ဦးအောင်ဒင်က မမြဝင်းကို တောထဲဖမ်းခေါ်သွားတဲ့အခါ သူ့ခမျာ “တစ်နေ့တစ်နေ့နဲ့ တရွေ့ရွေ့ အချိန်တွေကုန်ပြီ” ဆို ငိုမဲ့မဲ့လေး သီချင်းဆိုရင်း လွမ်းနေတာ “ဆယ့်နှစ်လရာသီ” ပါတဲ့။ ကိုယ်တို့များဖြင့် တောထဲမှာ ဆေးရုံထောင်ထားတာတောင် ၂၆ လ ရှိနေပြီ။ မင်းမခယောက်ကျား လုပ်နေလျက်နဲ့ ပြည်တော်မပြန်နိုင်တဲ့ ဘဝ။ ဘယ်သူ့ကိုမှလည်း “မေ့ကာနေသလား ရက်စက်လေအား။” အပြစ်မတင်ပါဘူး။ ဘယ်သူမှ မခိုင်းပဲ ကိုယ့်အသိနဲ့ကိုယ် လုပ်နေတာမို့ မသိနိုင် မလုပ်နိုင် နေနိုင်လွန်းတဲ့သူတွေကို ကြေးနှိုင်းတွက်ကပ်နေစရာ အကြောင်းမရှိ။ သူတို့လုပ်တာ သူတို့သမိုင်း ကိုယ်လုပ်တာ ကိုယ့်သမိုင်း။ သူတို့ကလည်း “ဒီကောင်တွေ အ လို့ တောထဲရောက်နေတာ။” လို့ ထင်ကြမှာပဲ။ ကိုယ်တို့ကလည်း အဲ့ဒီလူတွေ လည်ပုံလည်နည်းမျိုးကို ရွံလွန်းလို့။ သူတိူ့မပါတာနဲ့ပဲ တော်လှန်ရေးကြီးက နှောင့်နှေးသွားစရာလား။ ”ကိုကိုကယ်ရင် […]