ချန်ဂင်တို့စခန်း (၂၂၆)

မနှစ်ကတုန်းက ဆေးတပ်သားလေးတွေကို Basic Science သွားသင်ပေးရတယ် ဆိုတာ သူတို့သင်တန်းကျောင်း ရှိတဲ့ဆီကိုသွားပြီး တနေကုန် ကျောင်းမှာစာသင်သလို သင်ရတာပါ။ ဒီနှစ်လည်း အဲ့ဒီစာတွေပြန်သင်နေရပြန်ပြီ။ ဒီတစ်ခါတော့ ကိုယ့်ဆေးရုံမှာ အလုပ်သင်လာဆင်းတဲ့ကလေးတွေကို သင်ရတာ။ ဒီမှာတော့ လက်တွေ့အလုပ်တွေကို အဓိကသင်တာပေါ့။ ဒါပေမယ့် ဆေးသင်တန်းမတက်ရသေးတဲ့သူတွေလည်း ပါလာတော့ မထူးပါဘူး။ မနှစ်ကစာတွေပဲ ပြန်သင်ရဦးတော့မယ်။ သူတို့လည်း ကိုယ့်ဆီလာ ဒုက္ခခံရတာ မောင်ပုံ မယ်ပုံအဖြစ်နဲ့ ပြန်မလွှတ်နိုင်ဘူး။ အကြီးက အငယ်ကိုသင်၊ အရင်လူက နောက်လူကိုသင်။ ပညာကို ဒီလိုပဲ လက်ဆင့်ကမ်းရင်း အလုပ်လုပ်ကြတာပေါ့။ လူနာတွေမှာ progress ရှိသလိုပဲ ဆရာဝန်၊ သူနာပြု၊ ဆေးတပ်သားတွေဘက်မှာလည်း progress ရှိရမယ်။ ပြီးတဲ့အခါ အဲ့ဒီ progress တွေကလည်း တော်လှန်ရေးအတွက်လအထောက်အကူဖြစ်ရမယ်။ မြို့ပေါ်မှာလို ပိုက်ဆံယူပြီး […]

ချန်ဂင်တို့စခန်း (၂၂၅)

ဆေးရုံက မိဆိတ်ကလေးက ဆိတ်ကလေး ၂ ကောင်မွေးတယ်။ အရင်ဆိတ်တွေကပေါက်ထားတာရောဆို ဆိတ်ဆယ်ကောင် ပြည့်တော့မှာပဲ။ မိဆိတ်တို့တစ်မြုံကတော့ ပိုင်ရှင်မရှိလို့ ဆေးရုံအပိုင် ဖြစ်သွားပြီ။ ကြက်တွေကလည်း စားဖိုဆောင်ထဲ ဝင်လိုက်ထွက်လိုက် အုလိုက်ဝပ်လိုက်နဲ့ တစ်မြုံပြီးတစ်မြုံပေါက်နေတာ ဘယ်နှစ်ကောင်မှန်းတောင် မမှတ်မိတော့ဘူး။ ဆေးရုံကကြက်မို့ တန်ဆောင်မုန်းလပြည့်တုန်းကတောင် မျက်စောင်းထိုးမခံရဘူး။ “ဆရာတို့ ကာလသားဟင်းချက်ချင် ကြက်တစ်ကောင် ပေးမယ်လေ။” ဆို လာလာပို့ကြသေး။ ကိုယ်တို့လည်း တခါတလေတော့ အိမ်ကြက်ကလေးဘာလေး ချက်စားတဲ့အခါ စားပါတယ်။ လုပ်ကိုင်ပေးမယ့်သူ ရှိရင်ပေါ့။ အခုတော့ မစားဖြစ်တာကြာလို့ ကြက်တွေများလာတာ။ ဆိတ်ကတော့ ဘေးမဲ့ပေးထားပါတယ်။ မနက်စောစောဆို မီးလှုံချင်လို့ လူတွေ မီးမမွှေးသေးခင်ကို မီးပုံဘေးမှာ လာလာစောင့်နေကြတယ်။ ခွေးတွေကလည်း တစ်သားပြီး တစ်သားပါပဲ။ ရွာထဲက လာလာယူသွားကြလို့သာ။ ကြောင်ကလည်း ၆ ကောင် ၇ […]

ချန်ဂင်တို့စခန်း (၂၂၄)

“ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် အတူတူပါပဲ။” လို့ ဦးလှထွတ်က ပြောဖူးတယ်။ အဲ့ဒီသုံးခုက အတူတူမှလည်း အဓိပ္ပါယ်ရှိလိမ့်မယ် လို့ ကိုယ်ကတော့ ထင်ပါတယ်။ ဆောင်းတွင်းမှာ နှင်းပွင့်လေးတွေ မမြင်ရရင် ဘယ်မှာ အဓိပ္ပါယ် ရှိပါ့မလဲ။ ခရစ္စမတ်သစ်ပင်ကြီးကို ဝါဂွမ်းတွေကပ်ပြီး နှင်းဖုံးအောင် လုပ်ပြရတာကို လှတယ်လို့ မထင်ပါဘူး။ နှင်းဝေတဲ့ဆောင်းမနက်ခင်းတွေဟာ လှလွန်းအားကြီးလို့ တကူးတက အိပ်ယာက ထပြီး ကြည့်ယူရလောက်အောင် တန်တာ။ တောင်ပေါ်တက်သွားလိုက်ရင် တိမ်တွေကို အပေါ်စီးက မြင်ရတော့ တိမ်ပင်လယ် လို့ တင်စားကြတာပေါ့။ ဟိုးဘက်က တောင်ထိပ်စွန်းတွေကို ကျွန်းကလေးများလို မြင်ရတယ်။ တောင်ခြေက လယ်ကွင်းပြင်တွေမှာလည်း တိမ်ဆိုင်းကလေးတွေ မြေမှာဝပ်လို့ တွေ့ရတယ်။ ဆောင်း ဆိုတာ နှင်းကိုမြင်ရမှ အဓိပ္ပါယ်ပြည့်စုံလိမ့်မယ်။ ဆောင်းကော နှင်းကော ရှိရုံနဲ့လည်း […]

ချန်ဂင်တို့စခန်း (၂၂၃)

ဆောင်းတွင်းကြီးမှာ မိုးတွေရွာတာ ဒီဒေသရဲ့ ထူးခြားချက်လား မသိပါဘူး။ ချမ်းရတဲ့အထဲ စွတ်စွတ်စိုစိုနဲ့။ နေမမြင်ရတဲ့ရက်တွေမှာ ဆိုလာတွေလည်း အားမဝင်တော့ဘူး။ ထင်းပုံတောင် အမိုးအကာအောက် ထားရတယ်။ ညနေ နေဝင်ပြီဆိုတာနဲ့ အပူချိန်တွေက လျော့ကျသွားတော့တာ။ ဘယ်လိုပဲ စောင်ခြုံကွေးတယ်ပြောပြော၊ အရေးပေါ် ခွဲလူနာ ရှိရင်တော့ ချမ်းချမ်းစီးစီး ခွဲခန်းထဲဝင်ကြရတာပဲ။ ဗိုက်နာတဲ့ မွေးလူနာတစ်ယောက် ရေမွှာမပေါက်ပဲ သွေးတွေ ဒလဟောဆင်းပြီး ရောက်လာလို့ ချက်ချင်းသွေးရှာပြီး ခွဲခန်းတန်းဝင်ကြပါတယ်။ Placenta previa နဲ့ APH ရပြီး ရောက်လာတာကိုး။ ညဦးပိုင်းကတင် ruptured ovarian cyst နဲ့ တစ်ယောက် ခွဲထားသေးတာ။ ခုတလော OG လူနာတွေ အလာစိပ်နေသလိုပဲ။ တစ်ခါလာ တစ်မျိုး မရိုးရဘူး။ Normal labor တွေကိုတော့ […]

ချန်ဂင်တို့စခန်း (၂၂၂)

လူတစ်ယောက် သေသွားတဲ့ကိစ္စဟာ ရယ်စရာကောင်းမယ် ပျော်စရာကောင်းမယ် လို့ ဘယ်တုန်းကမှ မတွေးမိဖူးပါဘူး။ ဒါပေမယ့်လည်း “ဗိုလ်လေး ဗိုလ်လေး။ တောင့်ထား တောင့်ထား။ လေယာဉ်တွေ လာပြီ။ လေယာဉ်တွေ လာပြီ။” ဆိုတဲ့ အသံဖိုင်ကတော့ အပြင်မှာ လူအစစ်ကြီး ဂိပါသော်ငြား အားရပါးရ ရယ်မောရသော ဟာသကြီးပါပဲ။ အဘတို့ ဂျင်းထည့်ချက်ကလည်း သေတာတောင် အသံမထွက်နိုင်တဲ့အထိ တဆုံးတစနော်။ အောက်လက်ငယ်သားတွေကို သေတဲ့အထိ ခိုင်းစားသွားသေးတာ။ အထက်ဂျင်းချည့် စပ်တာ မဟုတ်ပါဘူး။ အောက်ဂျင်းကလည်း စပ်သေးတာပဲ။ တပ်ရင်းဆိုင်းဘုတ်ရှေ့ ဟပ်စကီးပေါ်က ဓါတ်ပုံဆင်းရိုက်ပြီး “ပြန်လည်သိမ်းပိုက်ထားပါပြီ အဘ။” တဲ့။ ဓါတ်ပုံလည်းတင်ပြီးရော အလံဖြူလေးထောင်လိုက်ရော။ အံ့ဩပ။ ဘယ်လို စစ်ဗိုလ်စစ်သားတွေလဲကွယ်။ သူတို့အဘ၊ သူတို့အဖေ၊ သူတို့ဆရာတွေ ရှက်လွန်းလို့ အခါခါ သေရလောက်အောင် ရုပ်ပျက်ဆင်းပျက် […]

ချန်ဂင်တို့စခန်း (၂၂၁)

“အပျော်ဆိုတာရယ် ငွေကုန်ခံနိုင်ရင် အကောင်းဆုံးပဲ ပွဲကြိုက်တဲ့ ခင်နှမရယ်။” တဲ့။ မြို့ပေါ်မှာတော့ ဟုတ်မှာပေါ့လေ။ ကိုယ်တို့ဆီမှာတော့ ပိုက်ဆံမပေးရတဲ့ ပျော်စရာတွေ တပုံကြီး။ ငွေကုန်ကြေးကျမရှိတဲ့ သာသာယာယာဇိမ်ခံနည်းတွေလည်း အများကြီးပါ။ အခုဆို ဆောင်းရာသီ မဟုတ်လား။ ချမ်းလာပြီ။ ဂွမ်းကပ်ထူထူလေးခင်း၊ အမွှေးပွဂွမ်းစောင်ကြီးထဲမှာ ကလီယိုပါထရာ ကော်ဇောနဲ့လိပ်သလို လိပ်ပြီး အိပ်ရတာ အင်မတန်ဇိမ်ကျတာပဲ။ ဒါတောင် ငယ်ထိပ်လွတ်ရင် အေးစက်နေလို့ သိုးမွှေးဦးထုပ်လေးဆောင်းပြီး အိပ်ရတယ်။ နွေးထွေးတဲ့အိပ်ယာလေးတစ်ခုဟာ ဆောင်းရာသီမှာ ဇိမ်ခံပစ္စည်းပဲ။ မအိပ်ချင်သေးရင် မီးပုံလေးဖိုပြီး လှုံရတာ စည်းစိမ်တစ်မျိုး။ မနက်လင်းရင်တော့ နေပူစာလှုံရတာလေးလည်း အရသာ။ ခုချိန်ဆို ခွဲခန်းဝင်ရင် အဲကွန်းတောင် ဖွင့်စရာ မလိုတော့ဘူး။ လူနာအတွက် မွေးကင်းစကလေးတွေအတွက် ရေနွေးအိပ်ကလေးတွေတောင် ပြင်ထားရသေး။ ကလေးလေးတွေလည်း ဇိမ်ခံချင်မှာပဲလေ။ ဖန်ပေါင်းချောင်လေး မရသေးပေမယ့် စပ္ကူဂျပ်ပုံးထဲမှာ […]