ချန်ဂင်တို့စခန်း (၂၁၄)

မိုးလေကင်းလွတ် သီတင်းကျွတ် တဲ့အခါ လမ်းတွေပြန်ပွင့်ပြီး ဆေးရုံမှာ လူနာအပြည့် ပြန်ဖြစ်လာပါတယ်။ ခွဲလူနာကလေးကလည်း တစ်နေ့တစ်ယောက် ပုံမှန်ကလေးသွားနေတော့ သာသာယာယာ ခြေနိုင်လက်နိုင်လေးပဲ သွားနေတယ်။ ဆေး ခဏခဏ ဝယ်ရတာ တစ်ခု၊ ဆေးတွေ အများကြီး ဈေးတက်သွားတာ တစ်ခုပဲ ရုန်းရကန်ရတယ်။ လွယ်တာ မဟုတ်ဘူးလေ။ တစ်လတစ်လ ဆေးဝယ်ရတဲ့ ကုန်ကျစားရိတ်ချည့်ပဲ သိန်း ၁၀၀ လောက် ရှိတယ်။ လူနာများလေ ပိုကုန်လေပေါ့။ အလကားကုတယ် ဆိုပေမယ့်လည်း လူနာတွေဘက်က ကုန်ကျစားရိတ်လည်း မနည်းရှာပါဘူး။ ဆိုင်ကယ် နဲ့လာရင်တောင် တစ်ယောက်ကို ရှစ်သောင်း တစ်သိန်း ပြေးမလွတ်ဘူး။ ကားခတွေ စက်လှေခတွေပါရင် ဆေးရုံမရောက်ခင်ကတည်းက ၆ သိန်းလောက် ကုန်လာခဲ့ပြီ။ အဲ့ဒါ ဘာဖြစ်လို့ သိသလဲဆိုတော့ လူနာကို ဘာဆေးတွေ […]