ချန်ဂင်တို့စခန်း (၂၂၀)

အင်းတော်ကြီးဘက်မှာ တခါတလေ တစ်နေ့လုံးနေလို့မှ နေရောင်ကို မမြင်လိုက်ရတဲ့ ရက်တွေ ရှိပါတယ်။ မီးခိုးရောင်အဆင်းရှိသော နေ့ရက်များပေါ့။ “တမ်းတတတ်သည်” ထဲမှာပါတဲ့ အုံ့မှိုင်းတွေဝေ မြူသာထွေသော အရပ် ဆိုတာ ဒီရောက်မှ နားလည်သွားတယ်။ နေပျောက်မထိုးတဲ့ သစ်ရိပ်အောက်တွေဆို အမြဲပဲ စွတ်စိုအေးစိမ့်လို့နေတယ်။ မိုးတစ်ခါရွာထားရင် တစ်ပါတ်ဆယ်ရက်နဲ့ ပြန်မခြောက်ဘူး။ လျှော်ထားတဲ့အဝတ်တွေဆို ၃-၄ ရက်လောက် လှမ်းလည်း စိုထိုင်းထိုင်းနဲ့ရယ်။ ရေခိုးရေငွေ့တွေဟာ အနားဝန်းကျင်မှာ ပုံစံအမျိုးမျိုးနဲ့ ခြုံသိုင်းဝန်းရံနေတော့တယိ။ Foggy, misty, cloudy weather လို့ သူတို့ဆီမှာတော့ ခေါ်ကြမှာပေါ့။ ကိုယ့်စကားနဲ့ဆိုရင် “မှိုင်းပြာမှုန်ဝေ လေပြည်လာ ခါခါနှင်းဖွဲ” ဆိုတဲ့ ရေလားပတ်ပျိုးထဲကအတိုင်း။ နေလို့ထိုင်လို့တော့ ကောင်းပါတယ်။ အနွေးထည်လေး တနေကုန်ဝတ်၊ စောင်ထူထူလေးခြုံအိပ်၊ မီးပုံကလေးဖိုလှုံ။ ရေကိုတော့ ရေနွေးစက်ကလေး တပ်ပြီးချိုးတယ်။ […]

ချန်ဂင်တို့စခန်း (၂၁၉)

စစ်ပွဲအခြေအနေကြောင့် ဆေးရုံပိတ်ထားတယ် ဆိုပေမယ့်လည်း အရေးပေါ်လူနာတွေ လာရင်တော့ လက်ခံပြီး ကုပေးရပါတယ်။ “ဆေးရုံတင်ဖို့ လိုလောက်တဲ့လူနာပဲ လာပြပါ။ အရေးပေါ်မဟုတ်ရင် ရွာထဲက ဆေးခန်းမှာပဲ ပြပါ။” လို့ မှာထားရတာပေါ့။ အူအတက်လူနာတောင် ၂ ယောက်ရှိပြီ ခွဲပေးထားတာ။ ကြာကြာတော့မထားဘူး။ ၃ ရက်ဆို ပေးဆင်းတယ်။ “ဆေးရုံပိတ်သည်” သာ စာရေးထားတာ။ ရောက်လာပြီးမှတော့ သည်အတိုင်းပြန်မလွှတ်ပါဘူး။ ကုပေးပါတယ်။ ညရေးညတာ ဆေးရုံမှာ လူနာထားဖို့ စိတ်မချရတော့ day care center လို မနက်ခွဲ ညနေပြန် case လေးတွေ လုပ်ပေးပါတယ်။ hernia တို့ piles တို့ပေါ့။ ဒီနေ့နေ့လည် ဆရာဝန်တွေ ထမင်းစားတုန်းမှာ အသည်းအသန်လူနာတစ်ယောက် ကားတစ်စင်းနဲ့ရောက်လာတယ်။ အခြေအနေမကောင်းဘူး။ ဖုတ်လှိုက်ဖုတ်လှိုက်ရယ်။ အစာမဝင်ဘူး။ […]

ချန်ဂင်တို့စခန်း (၂၁၈)

နေရောင်မမြင်ရတာ ၂ ရက်ရှိပြီ။ ဆိုလာတွေတောင် အားမဝင်တော့ဘူး။ မိုးကပါ စိုစိစိုစိ ရွာနေတော့ အေးလိုက်တာ။ တကိုယ်လုံး ဂွမ်းစောင်နဲ့လိပ်ပတ်ပြီး နေ့ရောညရော အိပ်နေလိုက်တယ်။ နွေးရတာလည်း အရသာရှိတာပဲကိုး။ ညနေ ၅ နာရီဆို မိုးချုပ်ပြီဆိုတော့ မီးပုံဖိုပြီး မီးလှုံကြတာပေါ့လေ။ ကန်စွန်းဥ၊ အာလူး၊ ပြောင်းဖူးလေးတွေ မီးဖုတ်စားကြတယ်။ ခေါပုတ်လည်း ကင်လို့ရပြီ။ ကောက်သစ်ပေါ်နေမှပဲဟာ။ သီချင်းထဲမှာပါတဲ့ ပဒတ်ကလေး နီကျင်ကျင် ဆိုတာလည်း တစ်ခါလာပေးဖူးတယ်။ မစားရဲလို့ မစားဘူး။ ကြက်သံပုံးကင်တို့၊ ကြက်ရွှံ့လူးမီးဖုတ်တို့လည်း စမ်းကြည့်ကြတယ်။ မီးအချိန်အဆမတတ်သေးလို့ တူးတူးသွားတယ်။ မိုးညှင်းက ဘဲကင်မှာစားရင် ၅ ကောင်ဆို ၂ နပ်လောက်တော့ စားရတယ်။ အားအားယားယား ရှိတော့ အိပ်တာစားတာကိုပဲ အင်တိုက်အားတိုက် လုပ်ဖြစ်တာပါပဲ။ မိုးတစိမ့်စိမ့်နဲ့ဆိုတော့ လမ်းလျှောက်လို့ ပြေးလို့ […]

ချန်ဂင်တို့စခန်း (၂၁၇)

“မြေကိုလျှိုးပါလို့ မိုးကိုမျှော် မိုးကိုမျှော်။ ဇော်ဂျီဆိုတာ ကျုပ်တို့ပါပဲ။” တဲ့။ ဟုတ်များနေသလားမသိ။ ကိုယ်တိ့မယ် လေယာဉ်သံကြားတာနဲ့ ဗုံးခိုကျင်း၊ ခံတုပ်ကျင်းထဲဆင်းပြီး မြေလျှိုးဝိဇ္ဇာအတတ်ကို ကျင့်ရတယ်။ ကောင်းကင်ပေါ်က ဖြတ်သွားတဲ့ လေယာဉ်ပျံကိုလည်း မျက်စောင်းတခဲခဲ မျှော်ကြည့်ရတာပေါ့လေ။ ငှက်များလို လေသေနတ်နဲ့ လေးခွနဲ့ ပစ်လို့များရရင် မြင်တိုင်းလှမ်းပစ်နေရတာနဲ့ ခုလောက်ရှိ တော်တော်လက်တည့်နေလောက်ပြီ။ ကရင်နီမှာ လောက်ကိုင်မှာ သူများတွေ ငှက်ကင်စားတော့ ကိုယ်တို့လည်း စားချင်လာတာပေါ့။ ပုစင်းတွေ လာဝဲရင်လည်း ရှိန်းဆာယာဖိုမောက်လို့ ကိုယ်ပျောက်သောအတတ်ကို ကျင့်ရပြန်တယ်။ ကိုယ်တင်ဖျောက်ရတာ မဟုတ်ဘူး။ အခုဆို ဆေးရုံပါဖျောက်ထားတယ်။ လူနာတွေရောက်လာမှ “လာကြဟေ့။ မြင်စေသတည်း။” ဆို ဆေးကုတာ။ လုပ်စရာရှိတာ လုပ်ကိုင်ပြီးတာနဲ့ ကိုယ်တွေရော လူနာရော “ပျောက်စေသတည်း။” ဆို ကိုယ်ယောင်ဖျောက်ကြတယ်။ “သီလကိုစမ်းကြမယ်လာ့ တန်းတူအောင် တန်းတူအောင်။ […]

ချန်ဂင်တို့စခန်း (၂၁၆)

ကိုယ်နေထိုင်တဲ့ အရပ်ဆီကို စစ်မက်အင်္ဂါတွေရောက်လာတယ် ဆိုတာ စိုးရိမ်ပူပန်ရမယ့်အဖြစ်၊ ထိတ်လန့်ကြောက်ရွံ့စရာ အခြေအနေလို့ လူတိုင်း ယူဆကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်တကယ် ကိုယ်တို့ဆီကို စစ်ရောက်လာတဲ့အခါ ကိုယ်အပါအဝင် ရပ်သူရွာသား တော်တော်များများက အားရဝမ်းသာနဲ့ တက်ကြွရဲရင့်နေကြတာ တော်တော် အံ့ဩစရာကောင်းပါတယ်။ “လာပစေလေ။ ဒီလိုနေ့မျိုး စောင့်နေတာ ကြာလှပေါ့။” ဆိုတဲ့စိတ်မျိုးကြီး။ ဒီတော်လှန်ရေးကြီး အောင်မြင်တယ်ဆိုတာ နိုင်ငံရေးသမားတွေ ဦးဆောင်မှုကောင်းလို့လည်း မဟုတ်ဘူး။ ပြည်ပနိုင်ငံက ငွေကြေးလက်နက် နည်းပညာအကူအညီတွေ ပေးနိုင်လို့လည်း မဟုတ်ဘူး။ “ပြည်သူတရပ်လုံးက စစ်တပ်ရဲ့ ဗိုလ်ကျစိုးမိုးမှုတွေကို ဘယ်လိုမှ လက်မခံနိုင်တော့ဘူး။” ဆိုတဲ့ စိတ်ထားသဘောထားတွေ ညီညွတ်သွားလို့သာပါ။ ဘယ်အဖွဲ့အစည်းမဆို စစ်တပ်နဲ့ စစ်တိုက်နေရင် အားပေးထောက်ခံတယ်။ စစ်တပ်ဘက်ပင်းတဲ့သူဆို သဘာဝတရားရိပ်သာတောင် မယ်သီလလောက် ဆွမ်းဆန်မရ ဖြစ်သွားမယ်။ နိုင့်ထက်စီးနင်း နဖားကြိုးထိုး၊ တံပိုးတုံးတင်၊ […]

ချန်ဂင်တို့စခန်း (၂၁၅)

“အတွေ့” ဇာတ်ကားထဲမှာ သီသီကြီး လင်ပူမိတဲ့အခါ မောင်သင်က “ရိပ်သာဝင် ပုတီးလေးဘာလေး စိတ်ပါတော့လား။ စိတ်အေးချမ်းသွားအောင်” လို့ ဆိုပါတယ်။ ဒီအခါမှာ သီသီက ငိုရင်းတန်းလန်းကနေ “ရိပ်သာလည်း သာပါစေတော့ မောင်။ ပုတီးကလည်း ဒီးပါစေတော့။ ဘယ်သူမဆို သီ့နေရာရောက်ရင် ဘယ်လိုမှ မသာနိုင် မဒီးနိုင်ကြပါဘူး မောင်ရဲ့။” လို့ ပြန်ပြောရှာပါတယ်။ အေးလေ။ ကိုယ်တို့လည်း မသာနိုင် မဒီးနိုင်တော့တာ ဟိုသတ္တဝါတွေ အာဏာသိမ်းကတည်းကပါပဲ။ သို့သော်လည်း သေချင်တဲ့သူတွေ သေချင်သလောက်သေ သာဒီးလူ လုပ်နေကျ အကောင်တွေ အကောင်မတွေကလည်း ရိုက်သတ်လို့ကို မကုန်နိုင်အောင် ပေါပါတယ်။ ဟော်တယ်တွေမှာ လူအပြည့်၊ ဘားတွေမှာ လူအပြည့်။ EDM ပွဲတွေ တစ်ပွဲပြီးတစ်ပွဲ လုပ်နေကြတာ။ ကဲ အခုတော့ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးကနေ […]