ချန်ဂင်တို့စခန်း (၂၁၃)

တချို့တွေက ပြောကြတယ်။ “အခုချိန်မှာ ကြုံနေရတဲ့ ဒုက္ခတွေဟာ နောင်တစ်ချိနိကျတော့ ဟာသတွေ ဖြစ်သွားမှာပါ။” တဲ့။ ကိုယ်ကတော့ အဲ့သလို မဟုတ်ပါဘူး။ ဒုက္ခတွေ အခက်အခဲတွေနဲ့ ကြုံလာရင် မရရအောင် အနိုင်ယူကျော်လွှားရင်း အောင်မြင်သွားတဲ့တစ်နေ့ကျမှ စာထဲထည့်ရေးဦးမယ်ဆိုပြီး တေးထားတတ်ပါတယ်။ ဒီစာတစ်ပုဒ်ကို ရေးနိုင်ဖို့ ကိုယ် ဘယ်လောက်တောင် စောင့်စားခဲ့ရသလဲ ဘယ်သူမှ မသိဘူး။ ဘာအကြောင်းများပါလိမ့် လို့ အတွေးရခက်နေပါဦးမယ်။ ရှင်းရှင်းလေးပါ။ လူနာအကြောင်းပေါ့။ ဒီ ၂ နှစ်ကာလအတွင်းမှာ လူနာတွေအမျိုးမျိုး ကြုံတွေ့ခဲ့ရတာ ပြောလို့တောင် မကုန်န်ုင်ဘူး။ “အေးပါ။ အပြီးသတ်တော့လည်း နင်ကုတယ်။ ကောင်းသွားတယ်။ နင်တော်တယ်။ ဒါပဲ ရေးမှာ မဟုတ်လား။” လို့ ခနဲ့ချင်လည်း ခနဲ့ကြမှာပေါ့။ ဒါပေမယ့် ကိုယ်ပြောချင်တာ ကိုယ့်အကြောင်း မဟုတ်ပါဘူး။ လူနာတွေ […]

ချန်ဂင်တို့စခန်း (၂၁၂)

“Fly me to the Moon and let me play among the stars Let me see what spring is like on Jupiter and Mars” ကိုယ်တို့ဆီမှာ စိတ်ကူးယဉ်ကြတဲ့အခါ သက်တန့်ပေါ်မှာပဲ ကစားကြပါတယ်။ သူတို့ဆီက ကလေးတွေ စိတ်ကူးထဲမှာ ကစားရင်တော့ လကမ္ဘာပေါ်တက်ပြီး ငွေကြယ်ပွင့်ကလေးတွေနဲ့ ကစားတယ်။ အဲ့ဒီကမှ တခြား အရံဂြိုလ်လေးတွေဆီတောင် သွားလိုက်သေးတယ်။ ကြာသပတေးဂြိုလ်တို့ အင်္ဂါဂြိုလ်တို့မှာ နွေဦးရာသီကျရင် ဘယ်လိုများ နေမှာပါလိမ့်တဲ့။ သူတို့ကလေးတွေက အမြင်ကျယ်တယ် လို့ ပြောရမလားပဲ။ ကလေးတွေမှာ လွတ်လွတ်လပ်လပ် စိတ်ကူးဉာဏ်ကလေးတွေ ဖြန့်ကျက်နိုင်ဖို့ အခွင့်အရေး ရသင့်တယ် လို့ ထင်ပါတယ်။ […]

ချန်ဂင်တို့စခန်း (၂၁၁)

ဆေးရုံမှာ လူနာရှင်းသခိုက် ဧည့်သည်လည်း ရောက်နေတဲ့အခါ ကိုယ်တို့တတွေ ဆာဖျယ် လုပ်စားကြပါတယ်။ လုပ်ရတာ သိပ်လက်ဝင်တာပဲ။ ပစ္စည်းတွေစုံအောင် မှာရစုရတာလည်း လွယ်တာ မဟုတ်ဘူး။ စားလိုက်ရင်တော့ ပြိုက်ကနဲပေါ့။ လူအုပ်က တောင့်တာကိုး။ စားတဲ့လူလည်းစား ညနေပိုင်းမို့ အားကစားလုပ်တဲ့သူတွေလည်းလုပ်။ အလုပ်တွေရှုပ်နေကြတုန်း အနမ့်ပါမှာ လေယာဉ် ၂ စီးလာပြီး ဗုံးလေးလုံးချသွားပါသတဲ့။ ကိုယ့်ဆရာလေးတွေဆီ စိတ်ပူလို့ ဖုန်းဆက်ကြည့်တဲ့အခါ လေယာဉ်က ပြန်တောင်မပြန်သေးဘူး။ အပေါ်မှာ ဝဲနေတုန်း။ ကန်ဆီးဘက်ကနေ လက်နက်ကြီးတွေလည်း အဆက်မပြတ် ပစ်နေတုန်းတဲ့။ ကိုယ်တို့လည်း အသင့်အနေအထားနဲ့ ပြင်ပြင်ဆင်ဆင်လုပ်နေတုန်း မွေးလူနာတစ်ယောက် ရောက်လာပါလေရော။ လူနာက previous one scar နဲ့ ကိုယ်ဝန်စောင့်ရှောက်မှုယူနေရင်း ပျောက်သွားတာ ၂ လကျော် ရှိနေပြီ။ မနေ့ကမှ ပြန်လာပြတော့ “၃၈ […]

ချန်ဂင်တို့စခန်း (၂၁၀)

“ဗိုလ်ချုပ်ဈေး ပေါင်ချိန်စက် ပေါင်ချိန်တုန်ူး ဟောတဲ့အကြောင်းလေး အချစ်ရေးမကောင်းနိုင်ဘူး။ ဆင်ခြင်ပါ သတိပြုတဲ့။” ငယ်ငယ်တုန်းက စကော့ဈေးကိုသွားရင် အမြဲတမ်း မလုပ်မဖြစ် လုပ်တဲ့အလုပ်ကတော့ ပေါင်ချိန်စက်ကြီးမှာ ဝင်ချိန်တာပါ။ “တစ်ပါတ်နဲ့တစ်ပါတ် ကိုယ်အလေးချိန် ဘယ်လောက်များ တက်ကျသွားမှာမို့လဲ။”ဆိုပေမယ့် ကိုယ်က Body Weight ချည့်ပဲ သိချင်တာ မဟုတ်ပါဘူး။ ပေါင်ချိန်ကဒ်ကလေးမှာပါတဲ့ ဗေဒင်ကလေးလည်း ဖတ်ချင်သေးတာကိုး။ ဗေဒင်ကို တော်တော်ယုံလို့လားဆိုတော့ ယုံလို့လည်းမဟုတ် မယုံလို့လည်း မဟုတ်ပါဘူး။ အဲ့ဒါလေးတွေ ဖတ်ရတာ ပျော်လို့ပါ။ စကော့ဈေးမသွားဖြစ်ရင်လည်း မဟေသီမဂ္ဂဇင်း ငှါးဖတ်တဲ့အခါ ကိုယ့်မွေးဇာတာ ရာသီခွင်အလိုက် တစ်လစာ ဗေဒင်ဟောစာတမ်းကလေးတွေ ဖတ်ဖြစ်အောင် ဖတ်သေးတာပဲ။ အခုနောက်ပိုင်း ကြီးတောင့်ကြီးမားတောင်မှပဲ City Mart မှာ ဈေးဝယ်လို့ ငွေရှင်းကောင်တာနားရောက်ရင် စံဇာနည်ဘို ရဲ့ တစ်နှစ်စာဟောစာတမ်းစာအုပ်ကလေးတွေ ကောက်ထည့်လာတတ်သေးတယ်။ […]

ချန်ဂင်တို့စခန်း (၂၀၉)

လိုင်ဆာက စစ်ရှောင်စခန်းမှာ စစ်ဘေးဒုက္ခသည်တွေကို ညသန်းခေါင်အချိန်ကြီး လေယာဉ်နဲ့ ဗုံးလာကျဲပြီးတဲ့နောက်မှာ ကိုယ်တို့လည်း လေကြောင်းအန္တရာယ်အတွက် သတိဝီရိယနဲ့ နေကြရပါတယ်။ မာရ်နတ်ဆိုးကြီးတောင် မြန်မာစစ်သားတွေလောက် မကောက်ကျစ် မယုတ်မာနိုင်တော့တဲ့ ကာလမှာ သူတို့တိုင်းပြည် လူလာဖြစ်ရတော့ ဘယ်တတ်နိုင်မှာလဲ။ မြန်မြန်သေတော့လည်း မြန်မြန်ဝဋ်ကျွတ်တာပေါ့။ ဒီကောင်တွေနဲ့ တခေတ်တည်း တနိုင်ငံတည်း လူလာဖြစ်ရတာတောင် အသည်းနာလှပြီ။ ငါတို့ကို ကုန်အောင်ရှင်းနိုင်ရင်ရှင်းပေါ့။ မရှင်းနိုင်လို့ကတော့ သိတယ်မှလား။ လေကုန်တယ်။ မပြောတော့ဘူး။ “အရမ်းကိုပေါက်ကွဲနေပါလား။ ဒေါသူပုန်ထနေပါလား။” လို့ မထင်ပါနဲ့။ ဒါ ပထမဆုံးမှ မဟုတ်တာ။ နောက်ဆုံးလည်း မဟုတ်မှန်း သိတယ်။ အဲ့ဒါကြောင့် ဘယ့်နှယ်မှ ထူးမခံစားရဘူး။ ကိုယ်လုပ်စရာရှိတဲ့အလုပ် ပြတ်အောင်လုပ်ရုံပဲ ရှိတယ်။ ပြောရမယ်ဆိုရင် ဒီတော်လှန်ရေးအလုပ်ကို ချစ်ခြင်းမုန်းခြင်း ကင်းကင်းနဲ့ကိုလုပ်နေတာ။ အလွန်အမင်း စွန့်ခြင်းကြီးငါးလီနဲ့လည်း လုပ်တယ်။ အဲ့ဒီ […]

ချန်ဂင်တို့စခန်း (၂၀၈)

“ငွေလဝန်း အစဉ်အမြဲမသာပါဘူး။ စမ်းရေတိုင်း မအေးဘူး။ ပန်းကလေးတွေများဟာလည်း အမြဲမမွှေးဘူး။ မထူးဆန်းဘူး။” တဲ့။ ဆရာစိုးလည်း ထာဝစဉ် မပျော်နိုင်ပါဘူး။ သူများကို မိုတီပေးပေးနေတဲ့သူမို့ ကိုယ့်ကိုယ်ကိုယ် ပေါ့စတစ်ဗိုက်ကလေးနဲ့ မောင်းနှင်ပြီး အမြဲတမ်း ပျော်ရွှင်ကြည်နူး တစ်တီတူး ဖြစ်နေလိမ့်မယ် ထင်လို့လား။ ဆရာစိုးမှာလည်း စိတ်ညစ်တဲ့အချိန်၊ စိတ်ဓါတ်ကျတဲ့အချိန်၊ စိတ်ဆင်းရဲတဲ့ အချိန်တွေ ရှိတာပါပဲ။ ကံကြမ္မာဆိုတာက ချိုတလှည့် ခါးတလှည့်တဲ့။ ဘယ်တတ်နိုင်မလဲ။ တခါတရံမှာ ခါးသည်းလည်း ကျော်ဖြတ်လိုက်ပေါ့နော့။ သူ စိတ်ညစ်တာကလည်း သီချင်းတွေ ကုန်တော့မယ်။ မတတ်နိုင်ဘူးလေ။ နားထဲမှာ ကြားနေတာကိုး။ ပါးစပ်ကတော့ မဆိုနိုင်တာ ကြာလှပါပြီ။ တောကားတောင်ကား နောက်ခံနဲ့ စခန်းချ မြိုင်ထ နှစ်ပါးသွားလေး ကတယ်ဆိုတာ ဇာတ်ခုံပေါ်မှာပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ဒီမှာတော့ အချစ်ဟာ ကြိုခင်းထားတဲ့ […]