ချန်ဂင်တို့စခန်း (၂၀၇)

“သည်ယုန်မြင်လို့ သည်ခြုံထွင်တယ်” တဲ့။ ဟုတ်သားပဲ။ အိမ်နောက်ဖေးမှာ အစာလာလာတောင်းတဲ့ ယုန်ကလေးမောင်ကျန် ပေါ်မလာလို့ အိမ်နောက်ကခြုံတွေထဲ ဓါးတစ်ချောင်းနဲ့ လမ်းရှင်းရှင်းပြီး ဝင်ကြည့်တယ်။ သစ်ပင်အောက်မှာ ခြုံ၊ ခြုံအောက်မှာ မြေပြောင်ပြောင်ရှင်းရှင်းလေးတွေ ရှိသားပဲ။ ဘုတ်ငှက်ကလေးတွေ သုတ်ကနဲသုတ်ကနဲ ပြေးဝင်သွားကြတာ။ တောကြက်ကလေးတွေလည်း တွေ့ဖူးတယ်။ သူတို့က ပျံတောင်ပျံတတ်သေး။ ကိုယ်တို့လည်း ရန်သူလာရင် လှစ်ကနဲ ကိုယ်ရောင်ဖျောက်နိုင်ဖို့ တမှော်ရုံတိုး တခြုံလျှိုး လုပ်ချင်လုပ်ရမှာပေါ့။ တောဆိုတာ ပုန်းလို့ခိုလို့ ကောင်းတယ်။ လေယာဉ်ပေါ်ကလည်း မရှာနိုင်သလို ဒရုံးနဲ့ ပျံလာလို့လည်း မမြင်နိုင်ဘူး။ လူတစ်ကိုယ်စာ ဝင်တိုးလို့ရမယ့် ဟာကွက်ကလေးတွေ ဘယ်နေရာမှာမဆို ရှိတယ်။ ရန်ကုန်ဘတ်စကားစီးသလို ငါးဖယ်တိုးလေး တိုးတတ်ရင် ရပြီ။ ဘယ်ဘက်ကိုသွားရင် ဘယ်ရောက်မလဲ သိဖို့ပဲ အရေးကြီးတာ။ နေလာတာ ၂ နှစ်တောင် […]

ချန်ဂင်တို့စခန်း (၂၀၆)

ယုန်ကလေးတွေ အကုန်ကုန်သွားပေမယ့် အပြင်မှာ သူ့ဘာသူနေတဲ့ တစ်ကောင်တော့ ကျန်သေးတယ်။ သူက နဂိုကတည်းက ခြံထဲမှာထားရင် မနေဘူး။ လှစ်ကနဲနေအောင် ခုန်ခုန်ထွက်တယ်။ ဒါပေမယ့် ခြံအပြင်ကနေ နှုတ်သီးချင်း လာလာတို့ပြီး စကားပြောလေ့ရှိတယ်။ အစာကျွေးနေကျ ကိုယ့်ကိုတော့ မှတ်မိသားပဲ။ တခြားသူတွေလာရင် ပြန်ပြေးတယ်။ အရင်တုန်းက အိမ်ဘေးခြုံထဲမှာနေပေမယ့် ခွေးတွေလာဆွဲပြီးနောက်ပိုင်း သူ အဲ့ဒီဘက်ကို မလာတော့ဘူး။ အိမ်နောက်ဘေးက တောတန်းလေးထဲ ပြောင်းနေတယ်။ မနက်မနက် အစာလာမတောင်းတော့လို့ မရှိတော့ဘူး ထင်နေတာ။ ခုရက်ပိုင်းကျမှ အိမ်နောက်ဘက်မှာ တွေ့တွေ့နေတယ်။ သူလာတာမြင်ရင်တော့ အစာသွားသွား ကျွေးပါတယ်။ သူက လျင်တယ်လေ။ တစိမ်းဆိုရင် အကပ်မခံဘူး။ ဟိုးခပ်ဝေးဝေးက ခွေးကိုမြင်ရင် လှစ်ကနဲ ပျောက်သွားရော။ သတိအမြဲရှိတယ်။ အဲ့ဒါကြောင့် သူတစ်ကောင်တည်း အသက်ရှင်ကျန်ရစ်တာ။ တောထဲတောင်ထဲနေတယ်ဆိုတာ သည်လိုပါပဲ။ […]

ချန်ဂင်တို့စခန်း (၂၀၅)

မရောက်တာကြာပြီဖြစ်တဲ့ ရန်ကုန်မြို့ကြီးပေါ်ကို အိပ်မက်ထဲမှာ တစ်ခေါက်ပြန်ရောက်သွားပါတယ်။ တော်တော်ပြောင်းလဲသွားပြီပဲ။ ကိုယ်မရောက်ဖူးတဲ့ ဆိုင်အသစ်တွေ အများကြီး ရှိနေပြီ။ ကိုယ်မသိသေးတဲ့ Shopping Mall အသစ်ကြီးတွေလည်း လူစည်ကားလို့နေပြီ။ ဒါကြီး ဘယ်တုန်းကဖွင့်ပြီး ဘယ်သူတွေ ပိုင်တာပါလိမ့် လို့ တွေးနေတုန်း တစ်ယောက်က ဖြေတယ်။ “အဲ့ဒါ နန်းစိန်တွေ ပိုင်တာလေ။ ဒီကာလအတွင်း သူတို့ စီးပွါးဖြစ်ကြတယ်။” တဲ့။ စစ်တပ်ကလူတွေက သူတို့ပိုင်ဆိုင်မှုတွေကို အရပ်သားနံမည်ခံအောက်ကို ရွှေ့ပြောင်းကြတဲ့အခါ ဌာနဆိုင်ရာ ဝန်ထမ်းအကြီးအကဲတွေ အုပ်စုလိုက် အုပ်စုလိုက် ရင်းနှီး မြှုတ်နှံကြသတဲ့။ စစ်တပ်ရဲ့ ဦး/ပိုင် ဆိုတာ မရှိတော့ပေမယ့် လုပ်ငန်းတူရာ ကုမ္ပဏီအကြီးကြီးတွေက ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားသတဲ့။ ငါ့နှယ်နော်။ အိပ်မက်ကလည်း သိပ္ပံဝတ္ထုဆန်လိုက်တာ။ ရန်ကုန်မှာ shopping mall တွေ […]

ချန်ဂင်တို့စခန်း (၂၀၄)

ယုန်ကလေးတွေ မရှိတော့တဲ့အခါ အစာကျွေးနေကျအချိန်တိုင်း ကိုယ့်မှာ ယောင်ချာချာ ဖြစ်ရပါတယ်။ နောက်ထပ်တော့ ဘာကောင်ကိုမှ မမွေးတော့ဘူး လို့ စိတ်ကူးမိတယ်။ သို့သော် ကိုယ့်မှာ လူကလေးတွေကို ပျိုးထောင်ရဦးမယ့် အလုပ် ရှိသေးတယ်။ နှစ်ဆန်းပိုင်းတုန်းက စာသွားသင်ပေးခဲ့တဲ့ ဆေးတပ်သားကလေးတွေ အခု သင်တန်းဆင်းလာကြပြီ။ ဒီအခါမှာ လက်တွေ့ အလုပ်သင်ဆင်းဖို့ ကိုယ့်ဆေးရုံကလေးဆီ လိုက်လာကြတယ်။ တစ်ခါတည်းတော့ အကုန်မခေါ်နိုင်ဘူးလေ။ ဆယ်ယောက်တစ်စုလောက် အလှည့်ကျလာကြရင်တော့ အဆင်ပြေပါတယ်။ အဲ့လိုနဲ့ပဲ ယုန်တစ်ဒါဇင် မရှိတော့တဲ့နောက် လူတစ်ဒါဇင် ဆက်မွေးရဦးမှာပေါ့လေ။ ယုန်စာကို ကိုယ်ကကျွေးပေမယ့် လူစာကို သူတို့တပ်က ကျွေးလို့ တော်သေးတာပေါ့။ ကိုယ့်ဆေးရုံမှာလည်း လူ ၁၅ ယောက်လောက် အလုပ်လုပ်နေကြတာဆိုတော့ လူနာများလာလည်း နိုင်နိုင်နင်းနင်းပဲ ဆေးကုနိုင်ပါတယ်။ လိုအပ်သမျှ အလျဉ်မီအောင် ဖြည့်ဆည်းပေးရတာပဲ ရှိတယ်။ […]

ချန်ဂင်တို့စခန်း (၂၀၃)

ဒီနေ့တော်တော် စိတ်မကောင်းဖြစ်ရတယ်။ စိတ်လည်းတိုရတယ်။ နေ့ခင်းက ကိုယ်တို့ ခွဲခန်းဝင်နေတုန်း ခဏလေးမှာ အိမ်ဘေးက ယုန်ခြံထဲကို အကောင်တစ်ကောင်ကောင် ဝင်လာပြီး အကုန်ကိုက်သတ်သွားတယ်။ စားချင်လို့ကိုက်ရင် တစ်ကောင်ပေါ့။ အခုတော့ အကုန်သေကုန်ပြီ။ တချို့အကောင်တွေက ခြေထောက်ကလေးတွေ မရှိတော့ဘူး။ ခြံထဲမှာ ၂ ကောင်၊ ခြံပြင်မှာ ၂ ကောင် သေနေတယ်။ တစ်ကောင်တော့ အစအန ရှာမရဘူး။ ချီသွားသလား လွတ်သွားသလား မသိ။ သနားပါတယ်။ သူတို့ခမျာ ကြောက်ရှာကြမှာပဲ။ ခုရက်ပိုင်း အိမ်ဘေးမှာ ကျွဲတွေနွားတွေက တရုန်းရုန်းနဲ့ တချိန်လုံး မောင်းထုတ်နေရတာ။ အဝတ်တွေ လှမ်းထားရင် ဆပ်ပြာနံ့ရလို့ အကုန်ဆွဲစားတယ်လေ။ ညဆိုလည်း မပြန်ကြဘူး။ ရေချိုးခန်းထဲဝင်ပြီး ဆပ်ပြာရည်ဗူးတွေ ဝါးစားကြတယ်။ ဒီကောင်တွေလာရင် ရွာထဲက ခွေးတွေလည်း ပါလာတာပေါ့။ ခြံထဲဝင်ပြီး […]