ချန်ဂင်တို့စခန်း (၁၉၅)

ညဘက်တွေမှာ မိုးအရမ်းသည်းတာ ၃ ည ရှိပြီ။ ရေတွေသွန်ချလိုက်သလို ရွာတယ်။ လျှပ်စီးတွေ အဆက်မပြတ်လက်ပြီး အုန်းအုန်းထနေအောင် မိုးကြိုးတွေပစ်တယ်။ ကိုယ့်ခေါင်မိုးပေါ်ကို ပစ်ချလိုက်သလို သိမ့်ကနဲသိမ့်ကနံ တုန်သွားတယ်။ တံတားဦးက လေယာဉ်တက်တယ် သတင်းရလို့ ကိုယ်တို့လည်း မအိပ်သေးပါဘူး။ ဒါပေသိ မိုးကြိုးက ဗုံးထက်ပိုပြင်းနေလို့ သူတို့လည်း ပစ်နိုင်မယ် မထင်ပါဘူး။ နန်ဆမ်ယန်မှာ ၄ လုံးကျဲသွားတယ် လို့ သိရတယ်။ မိုးလင်းတဲ့အခါ ကိုယ်တို့အိပ်တဲ့အိမ်အောက်မှာ ရေပြင်ကြီးမှ ဖွေးနေတာပဲ။ ရွာမြီးဘက်မှာတော့ အိမ်ဝင်းထဲ ရေတွေကြီးနေကြပြီ။ ချောင်းကလေးထဲက ရေပြင်ဟာ အမြင့်ဆုံး ကမ်းပါးစပ်ကို ထိလာပြီ။ ရေတွေက ချောင်းနဲ့အပြည့်တင် မဟုတ်ဘူး။ ဘေးဘက်ကိုပါ လျှံထွက်လာတယ်။ ခုချိန်ဆို ကားလမ်းပိုင်းတော်တော်များများ ရေမြုပ်သွားပြီ။ တောင်ပေါ်တွေမှာ မိုးရေစီးကြောင်းတွေနဲ့ မြေတွေပြိုမယ်။ ချိုင့်ဝှမ်းမြေနိမ့်က […]

ချန်ဂင်တို့စခန်း (၁၉၄)

ယုန်မလေးက နောက်တစ်သား ပေါက်ပြန်ပြီ။ ဒီတစ်ခါ ၇ ကောင်တောင်။ တစ်လတောင် မပြည့်သေးဘူး။ နောက်တစ်သားမွေးတယ်ဆိုတော့ တော်တော်မြန်တာပဲ။ ခုတစ်ခေါက်တော့ ကလေးတွေ တက်အနင်းမခံရအောင် သူတို့သားအမိတစ်မြုံကို အိပ်ခန်းထဲထည့်ပြီး nursing home လုပ်လိုက်တယ်။ အပြင်မှာနေရင် သူ့ဆီကအနံ့တွေကြောင့် နောက်က တရုံးရုံးလိုက်နေကြတာကိုး။ အတူတူထားပေမယ့် နို့တိုက်တာလည်း မတွေ့လို့ မနေနိုင်တော့ဘူး။ သူ့ကိုဖမ်းချုပ်လှဲပြီး ကလေးတွေကို တစ်ကောင်ချင်း ကြယ်သီးတပ်သလို လိုက်တပ်မှ သူလည်းငြိမ် ကလေးတွေလည်း နို့ဝတယ်။ အကောင်လေးတွေက အရေပြားပါးပါးကြည်ကြည်လေးတွေမို့ နို့ဝသွားရင် ဗိုက်ကလေး တင်းပြောင်လာရော။ အီအီးတွေ ရှူရှူးတွေလည်း ထွက်ကြတယ်။ တနေ့ ၂ ခါတော့ ယုန်နို့တိုက်တဲ့ အလုပ်ရတာပေါ့လေ။ နောက်တော့ အနံ့ပြင်းလွန်းလို့ သူတို့အမေကို အပြင်ပြန်ထုတ်ပြီး နို့တိုက်ချိန်ကျမှ အထဲခေါ်တိုက်တော့တယ်။ ကိုယ်တွေမရှိရင် သူတို့ […]

ချန်ဂင်တို့စခန်း (၁၉၃)

တခါတခါတော့လည်း ဘဝက ရယ်စရာကောင်းပါတယ်။ အခုဆို နေရင်းထိုင်ရင်း ရေသန့်ပုလင်းတွေနဲ့ နေထိုင်ရသော ဘဝ ဖြစ်သွားတယ်။ ရောက်လေရာအရပ်မှာ ရေသန့်ပုလင်းလေး တကိုင်ကိုင်နဲ့ “ကျွန်တော်ကတော့ ရေပဲ။” ဆို စွမ်းဇာနည် လုပ်ပြနေရတယ်။ သောက်ပြီးသား ရေသန့်ဗူးခွံတွေလည်း လွှင့်မပစ်နိုင်ပဲ အခန်းထဲသိမ်းထားရသေး။ ရှူရှူးပေါက်ရင် အဲ့ထဲပဲပေါက်ရတာလေ။ တော်နေကြာ ကျောက်က ဂလောက် ဆို ထွက်ကျလာမလား၊ ဖလွတ် ဆိုပြုတ်ကျလာမလား မှ မသိတာ။ လာတာတော့ လာတော့မယ်။ နာတာက ခါးကနေ ခါးစောင်း၊ ခါးစောင်းကနေ ပေါင်ခြံအထက်နားလောက်ဆီ ရောက်လာပြီ။ အမြဲနာနေတာတော့ မဟုတ်ပါဘူး။ ရံဖန်ရံခါလောက်သာပါ။ ဆေးထိုးဆေးသောက်လိုက်ရင် ပျောက်သွားရော။ ကိုယ့်ဆရာသမားများက ကုသမှုအကြံဉာဏ်များ ပေးကြသလို စာဖတ်သူမိတ်ဆွေများဆီကလည်း ကိုယ်တွေ့ဆေးနည်းမျိုးစုံ ဝေငှကြပါတယ်။ ဆေးတွေဝါးတွေလည်း ပို့ပေးကြတယ်ဗျ။ တော်တော်များများလည်း ဒီမှာ […]

ချန်ဂင်တို့စခန်း (၁၉၂)

“ကြက်မရီး ဂုစိုက်” လို့ လူတကာက ပြောတဲ့အတိုင်း ကိုယ်လည်းပဲ အတတ်နိုင်ဆုံး ဂရုစိုက်ပါတယ်။ တဆေးရုံလုံး ကိုဗစ်တွေဖြစ်တုန်းကလည်း ကိုယ်မဖြစ်ခဲ့ဘူး။ ငှက်ဖျားတွေ တစ်ယောက်ပြီးတစ်ယောက် ဖြစ်တဲ့ထဲလည်း ကိုယ်မပါခဲ့ဘူး။ ဒေါင်ဒေါင်မြည်တဲ့အစားထဲကပါ လို့ ကိုယ်ကိုယ်ကိုယ် ထင်မိသေးတယ်။ ဒါပေမယ့်လည်း “အဟံ ငါသည် ဗျာဓိဓမ္မော နာခြင်း တရားသဘော ရှိသည် အံမှီ ဖြစ်၏။ တဿဓမ္မဿ ထိုနာခြင်းသဘောတရားမှ အနတိနော မလွန်မြောက်နိုင်။” လို့ ဆိုတယ် မဟုတ်လား။ ကိုယ်လည်းပဲ သွေးနဲ့ကိုယ် သားနဲ့ကိုယ် ဆိုတော့ ခန္ဓာရှိရင် ဝေဒနာ ရှိရတာပ။ သူများဝမ်းနာတွေကိုတောင် ခွဲခြမ်းစိတ်ဖြာပြီး ကုသပေးနေတဲ့သူ တစ်ယောက်မို့ ကိုယ့်ဝမ်းနာလည်း ကိုယ်သာ အသိဆုံးပါ။ ဒီတစ်ခေါက် ခါးနာတာက ခါတိုင်းလို တနေကုန်ခွဲပြီး အလုပ်ပင်ပန်းရင် နောက်ကျောထဲက […]

ချန်ဂင်တို့စခန်း(၁၉၁)

ဟိုတစ်ရက်က ကိုဗစ်လူနာတွေကို သီးခြားခွဲထားပြီး ၅ ရက်လောက်ကြာတဲ့အထိ နောက်ထပ် လူနာအသစ် မတွေ့တဲ့အခါ “တော်ပါသေးရဲ့။ စောစောစီးစီး သိလိုက်ပေလို့။” ဆို စိတ်အေးလက်အေး ခွဲလူနာတွေ ရက်ချိန်းပြန်ပေးဖို့ လုပ်ပါတယ်။ ဒါပေမယ့် ဒီမနက် ထီးချိုင့်ဘက်က တက်လာတဲ့ ကလေးမလေးမှာ ထပ်တွေ့တော့ သူတို့နေတဲ့ တန်းလျားလေးကို lock down ချ။ အတူနေတဲ့သူတွေ swab ယူ quarantine လုပ် အလုပ်ရှုပ်ရပြန်ရော။ ငှက်ဖျားလူနာကလည်း တဖွဲဖွဲ တဖျောက်ဖျောက်တော့ လာနေတုန်းပါ။ တရွာလုံးလည်း သူ့အိမ်ကိုယ့်အိမ် အနာအဖျားကို မလွတ်ကြဘူး။ ကိုဗစ်စင်တာဖွင့်တုန်းက “ဒီတသက် ကုန်အောင် သုံးနိုင်ဖွယ်ရာ မရှိ။” လို့ ထင်ထားတဲ့ အကိုက်အခဲပျောက်ထိုးဆေး တောင်ပုံရာပုံကြီးဟာ ကုန်သွားလို့ အသည်းအသန်ကို ထပ်မှာရပါရောလား။ ဒါကြောင့်လည်း ဒီအရပ်မှာ […]

ချန်ဂင်တို့စခန်း (၁၉၀)

ကပ်တွေကျော်အောင် ပဲကပ်ကြော် လုပ်စားပေါင်းလည်း များပါပြီ။ ဘေးဘယာတွေကျော်အောင် ဘယာကြော်လည်း လုပ်စားခဲ့ပြီးပြီ။ ဒါပေမယ့်လည်း မကုန်သေးဘူးဗျ။ ဒီနေ့မနက် ချောင်းဆိုး၊ လည်ချောင်းနာ၊ အသံဝင်နေတဲ့ အမျိုးသမီးတစ်ယောက်ကို နှာခေါင်းတို့ပတ်ယူလိုက်တာ ကိုရိုနာဗိုင်းရပ်စ် ရှိတယ် လို့ အဖြေတန်းထွက်လာတယ်။ အဲ့ဒါမှ ဒုက္ခ။ မယ်မင်းကြီးမ က တန့်ဆည်က ပြန်လာတာ မကြာသေးဘူး လို့ ပြောတယ်။ အဲ့ဒီဘက်က ပါလာတာ နေမှာပဲ။ ဒီရွာမှာ ရှိမှ မရှိသေးတာ။ ကိုင်း အခု ရှိသွားပြီဗျ။ လုပ်ကြပါဦး။ “ခင်ခင်ရယ်။ ဘယ်ရွာမှာ နေတာကို သိချင်စမ်းပါတယ်။” ဆို လိုက်ဖို့သာပ။ သူတို့ဘက်က စစ်ဘေးရှောင်ရင်း ဒီရွာရောက်နေတာ တစ်နှစ်လောက်တောင် ရှိတော့မယ်တဲ့။ ရွာ ခဏပြန်သွားပြီး လည်ချောင်းကွဲမတတ် ချောင်းဆိုးနေတာ ၂ ရက်လောက်ပဲ […]