ချန်ဂင်တို့စခန်း (၁၈၅)

ငယ်ငယ်တုန်းက ကျောင်းမှာသင်ခဲ့ရတဲ့စာတွေထဲမှာ ကိုယ်အညံ့ဆုံးကတော့ ပထဝီ ပါ။ ဘယ်ကိုမှ မရောက်ဖူးပဲ အရပ်ဒေသတွေအကြောင်းကို စာအုပ်ထဲပါတဲ့အတိုင်း အလွတ်ကျက်ရတာကိုး။ ကိုယ်တို့ ကြီးပြင်းခဲ့ရတဲ့ ပညာရေးကလည်း စာစီစာကုံးတောင် အလွတ်ကျက် ခိုင်းတဲ့အထိ အဖြစ်ဆိုးတယ်လေ။ ဒါပေမယ့်လည်း ကျက်ခဲ့ပါတယ်။ ဘယ်လောက်တောင် ကျက်ခဲ့သလဲ ဆို နမ္မတီး ရောက်တော့ သကြားစက် ကို လိုက်ရှာမိတယ်။ ဆားမှော် ဆိုတာကော ဘယ်နားလဲ လိုက်မေးတယ်။ နမ္မတီး နဲ့ ဆားမှော်မှာ သကြားစက် ရှိတယ်။ ဝိုင်းမော်မြို့နယ်မှာ ဝါရှောင်ဆည်ရှိတယ်။ စာအုပ်ထဲမှာသင်တယ်။ မယ်သီတာခိုးတာ ဘယ်သူလဲ။ အပြင်မှာ အဲ့ဒါကြီးတွေ အလုပ်မလုပ်တော့တာဖြင့် ကြာလှပြီ။ ကိုယ်တို့ဖြေတဲ့ စာမေးပွဲမှာတော့ အဲ့ဒါမပါရင် အမှတ်မရဘူး။ ကျက်ဆိုကျက်လိုက်။ စာကကျက်ရတာ မခက်ပါဘူး။ မြေပုံပဲ မဆွဲတတ်တာ။ ပထဝီဖြေရင် […]

ချန်ဂင်တို့စခန်း (၁၈၄)

ဒီနေ့မနက် အိပ်ယာနိုးတော့ ယုန်ကလေးတွေက ကောက်ရိုးတွေချီပြီး အသိုက်လုပ်နေတာတွေ့တယ်။ ကလေးမွေးချင်နေပြီလား မသိ။ မီးဖိုထဲက ကန်စွန်းရွက်တွေယူပြီးပြန်လာတော့ ယုန်တွေက အစားစားဖို့ စိတ်မဝင်စားပဲ ယောက်ယက်ခတ်နေကြတယ်။ ခုန အသိုက်ထဲမှာတော့ ယုန်ပေါက်ကလေးတွေ ရွစိရွစိနဲ့။ ခြောက်ကောင်တောင်။ ကျန်တဲ့ယုန်တွေက အချင်းချင်း လုံးထွေးကိုက်ခဲပြီး ဘာလို့ပတ်ပြေးနေကြမှန်း မသိဘူး။ ကလေးမွေးထားတဲ့ ယုန်မလေးနောက်ကို အတင်းလိုက်ပြီး မုန်ယိုနေကြတယ်။ အကောင်လေးတွေက ကြွက်ပေါက်ကလေးတွေလို အရေခွံကြည်ကြည် နီတာရဲကလေးမို့ သူ့အမေနဲ့လည်း ခွဲမထားချင်သေးဘူး။ ဟိုက သူ့ကလေးသူ မမှတ်မိတော့ရင် နို့မတိုက်မှာစိုးလို့။ ယုန်က နို့တိုက်သတ္တဝါ ဟုတ်သလား မဟုတ်သလားတောင် ဇဝေဇဝါရယ်။ အဲ့ဒီနောက်တော့ ခွဲလူနာ ၂ ယောက် ရှိလို့ အဲ့ဒီကောင်လေးတွေကို မေ့သွားရော။ ခွဲခန်းက ပြန်ထွက်လာတော့ ယုန်ပေါက်ကလေးတွေ သေနေပြီဗျား။ ပုရွက်ဆိတ်တောင် တက်လို့။ […]

ချန်ဂင်တို့စခန်း (၁၈၃)

ငှက်ဖျားဟာ နောက်စရာတော့ မဟုတ်ဘူးနော်။ လျှော့မတွက်နဲ့။ လတဝက်ကျိုးရုံရှိသေး လူ ၅၀ လောက် ပေါ့စတစ်ထွက်နေပြီ။ ပိုးမတွေ့လည်း ချမ်းတုန်တဲ့ တက်ဖျားကျဖျားဆို ငှက်ဖျားအဖြစ်နဲ့ပဲ ကုရတာပဲ။ clinical malaria ပေါ့။ ၁၅ ရက်အတွင်းမှာ လူ ၇၀ လောက် ငှက်ဖျားဖြစ်နေတယ်ဆိုတာ တော်တော်များတာပဲ။ ဒါတောင် ကိုယ့်ဆေးရုံက မြို့ထဲရွာထဲက ဆေးရုံ မဟုတ်ဘူး။ တောထဲတောင်ထဲက ဆေးရုံ။ ရွာမှာရှိတဲ့ လူဦးရေနဲ့ဆို မများလွန်းဘူးလား။ စာသင်ကျောင်းက ကလေးတွေ ၁၇ ယောက်ပါတယ်။ တခုခုတော့ လုပ်ဦးမှ။ အခုလောလောဆယ်တော့ ပေးစရာ ငှက်ဖျားဆေးလည်း ကုန်ပြီ။ ဒိတ်မကောင်းတဲ့ဟာတွေပဲ ကျန်တော့တယ်။ စစ်စရာ test kits တွေလည်း ပြတ်တော့မယ်။ နောက်ထပ် မှာထားတာတွေက မရောက်သေးဘူး။ အမှန်ကတော့ […]

ချန်ဂင်တို့စခန်း (၁၈၂)

အိမ်ဘေးမှာ မွေးထားတဲ့ ယုန်ကလေး ၆ ကောင်မှာ ဧည့်သည်ယုန်သူငယ်လေးက ယုန်ခြံထဲမှာ မပျော်ပိုက်ဘူး။ ခုန်ထွက်သွားတာ နှစ်ခါရှိပြီ။ အဝေးကြီးတော့ မသွား။ အိမ်ဘေးခြုံပုတ်တွေထဲတင်နေပြီး အထဲကအကောင်တွေကို ခြံပြင်က လာလာချောင်းတယ်။ အစာကျွေးရင် သူ့အတွက်ပါ အပြင်မှာ ချချကျွေးထားရတယ်။ လာစားတယ်။ သို့သော် လူလာရင် ခြုံထဲဝင်ပြေးတယ်။ ဟိုအကောင်တွေလို မတ်တတ်ရပ်ပြီး လူဆီမှာ အစာလာမတောင်းဘူး။ ခြင်းတောင်းလေးနဲ့ထောင်ဖမ်းပြီး ခြံထဲပြန်ထည့်လည်း နောက်နေ့ သူ့ဘာသူ ပြန်ထွက်သွားတာပဲ။ မနေ့ကတော့ သူအစားငမ်းနေတုန်း ရုတ်တရက်ဖမ်းထားလိုက်တော့ အော်လိုက်တာ ငယ်သံကိုပါရော။ ခြံထဲမှာလည်း ငြိမ်ငြိမ်မနေ။ ပတ်ပြေးနေတယ်။ ပြီး မျက်စိရှေ့တင် သူ့ဘာသာ ခုန်ထွက်သွားပြန်ရော။ ကိုင်း ရှိပစေတော့။ သူ့ဘာသာ လွတ်လွတ်လပ် နေပါစေ။ အစာတော့ လာစားနေသားပဲဟာ။ ဒီမှာ တနေ့တနေ့ ယုန်စာချည့်ပဲ […]

ချန်ဂင်တို့စခန်း (၁၈၁)

အခုရက်ပိုင်း ဆေးခန်းမှာ စည်ကားနေတာကတော့ ငှက်ဖျားပါ။ စစ်လိုက်ရင် တစ်နေ့ သုံးလေးယောက်လောက် ပိုးတွေ့နေပါတယ်။ မတွေ့လည်း သူတို့အဖျားက ငှက်ဖျားဆေးပေးမှ သက်သာတယ်။ ဆေးရုံက ဆရာလေးတွေတောင် ငှက်ဖျားပိုးတွေ့လို့ ဆေးသောက်နေရပြီ။ ဆေးရုံမှာရှိတဲ့ ငှက်ဖျားဆေးတွေလည်း ကုန်သွားလို့ ထပ်မှာနေရပြီ။ မနှစ်ကတုန်းက ငှက်ဖျားလူနာ ဒီလောက် မရှိပေမယ့် ဒီနှစ်​တော့ outbreak ဖြစ်တယ် ပြောရမလိုပဲ။ ကိုယ်ကိုယ်တိုင်တောင် ဘယ်နေ့ဖြစ်မလဲ မသိနိုင်ဘူး။ ညနေညနေဆို ခြင်တွေ တအားပေါလာပြီ။ မြန်မာပြည်မှာ အလုပ်လုပ်တဲ့ ဆရာဝန်တစ်ယောက်အနေနဲ့ ငှက်ဖျားဆိုတာ ကြောက်စရာ လို့တော့ မမြင်ပါဘူး။ ငှက်ဖျားနဲ့သေတဲ့ လေပါတီမမြရင်တောင် အနှစ် ၁၀၀ ပြည့် အငြိမ့်ပွဲလုပ်တာ ၁၀ နှစ်လောက် ရှိနေပြီ။ ကျုပ်တို့ဆီ ခုထက်ထိ ငှက်ဖျားကို နိုင်အောင် မကုနိုင်သေးဘူး။ […]

ချန်ဂင်တို့စခန်း (၁၈၀)

မိုးတွင်းစာ စုတယ်ဆိုတာ တော်တော်ပင်ပန်းတဲ့ အလုပ်မှန်း ကလေးဘဝကတည်းက သိပါတယ်။ ကိုယ်တို့အိမ်က မင်္ဂလာဆောင်ဖိတ်စာရိုက်တဲ့ စာပုံနှိပ်စက် ဆိုတော့ ဝါတွင်းတစ်တွင်းလုံး အလုပ်ပါးတယ်လေ။ မိုးတွင်းစာ မစုလို့ မရဘူး။ ဆရာဝန်အလုပ်လုပ်တော့ အချိန်တန် လခလေး သူ့ဟာသူဝင်နေလို့ လောက်တာမလောက်တာ အပထား။ သည်နွေမိုးဆောင်း ပြောင်းသော်လည်း ကိုယ့်အပူမပါတာ။ အခု ဒီဘက်မှာ မိုးတွင်းစာ စုနေတယ် ဆိုတာက ကိုယ့်အတွက် မဟုတ်ပါဘူး။ လူနာတွေအတွက်ပါ။ ကားလမ်းပိတ်လို့ ပစ္စည်းတွေသယ်မရရင် ဘာနဲ့ဆေးကုမှာတုန်း။ လက်ဆေးဆပ်ပြာတောင် ဂါလံပုံးနဲ့ ဝယ်မလောက်လို့ ကိုယ့်ဘာကိုယ်စပ်သုံးနေရတဲ့ဟာကို။ ကိုယ်တို့ဆေးရုံရဲ့ တစ်လတစ်လ ဆေးဝယ်ရတဲ့ ကုန်ကျစားရိတ်ဟာ သိန်း လေးငါးဆယ်ထက်တော့မနည်းပါဘူး။ ဒီကလူနာတွေက “မြို့တက်ပြီး ဒီဆေးလေးဝယ်ပေးပါ။ ဆေးရုံမှာ မရှိတဲ့ဟာမို့ပါ။” လို့ စာရွက်ကလေးနဲ့ ရေးပြီး ဆိုင်ကယ်ကယ်ရီနဲ့ လွှတ်ရင် […]